Copyright

Wednesday, December 20, 2017

ဂျက်​မား ​ပြောစကား

🕯ဂျက်ခ်မားက ပြောတာပါ။
🖥“ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ ကလေးတွေကို ပြောလိုက်ပါ..။ ကမ္ဘာကြီးဟာ နေ့စဉ် ပြောင်းလဲ နေတာပါ။ ဘယ်သူကမှ ဘယ်သူ့ကိုမှ စောင့်နေမှာ မဟုတ်ဘူး ..။
📍ဓါတ်မီးခြစ် တီထွင်ခဲ့ အပြီးမှာ
ယမ်းမီးခြစ်ဟာ တဖြည်းဖြည်း
မှေးမှိန်သွားခဲ့တယ်..။
📍ဂဏန်းပေါင်းစက် တီထွင်ခဲ့ အပြီးမှာ
ပေသီး တွက်နည်းဟာ တဖြည်းဖြည်း မှေးမှိန်သွား ခဲ့တယ် ..။
📍ဒစ်ဂျစ်တယ် ကင်မရာတွေ
ပေါ်လာခဲ့တဲ့နောက်
ဖလင်ကင်မရာတွေ  မှေးမှိန်သွား ခဲ့တယ်..။
📍တိုက်ရိုက်ရောင်းစနစ်..
အင်တာနက်က တဆင့်  ရောင်းတဲ့ စနစ် ပေါ်လာပြီးတဲ့နောက်  ရိုးရာ ဈေးကွက် ရှာဖွေနည်းတွေ မှေးမှိန်သွား ခဲ့တယ်..။
📍4G စမတ်ဖုန်း ကို မိတ်ဆက်ပြီးတဲ့ နောက်မှာ ကွန်ပြူတာကို ဖွင့်ဖို့တောင် မလိုတော့ဘူး..။
📍WeChat နဲ့ WhatsApp တွေ
ဖွံ့ဖြိုးလာတဲ့ အခါမှာတော့ အစဉ်အလာ နည်းနဲ့  Text Message ပို့တာတွေ
အရင်လောက် ခေတ် မစားတော့ဘူး..။
💣 ဘယ်သူက ဘယ်သူ့စီးပွားကို
သိမ်းပိုက်သွားလို့ ဆိုပြီး
အပြစ်တင် မနေကြပါစို့နဲ့တော့..။
🎖ဒါဟာ အပြောင်းအလဲကြောင့်သာ ဖြစ်ပါတယ်..။
🙎လူတွေဟာ အပြောင်းအလဲကို လက်ခံ လွယ်လာတယ်..။ ပိုပြီး လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲနိုင်လာတယ်..။ အတွေးသစ် အကြံသစ်တွေကို လက်ခံ လာကြတယ်..။”
🕵တစ်စုံတစ်ယောက်က ဂျက်ခ်မားကို
“ခင်ဗျားရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်က ဘာလဲ”
လို့ မေးတဲ့အခါ
“သိပ်ကို ရိုးရှင်းပါတယ်..။ ခင်ဗျားတို့ စောင့်ကြည့်နေတဲ့ အချိန်မှာ ကျွန်တော်က လုပ်နေပါပြီ”…။
🎖ဒါကြောင့်မို့ ပြောင်းပါ..။
🎄အချိန်နဲ့အမျှပြောင်းနေတဲ့ ကမ္ဘာကြီးထဲမှာ မပြောင်းပဲ နေလိုက်ရင် ကျန်ရစ်ခဲ့ လိမ့်မယ်..။ ကိုယ့် အချိန်အတွင်းမှာ ကိုယ် စိုက်တာလေးပဲ ကိုယ် ရိတ်သိမ်းရ မှာပါ..။

🖋အသောက်မက်နေရင် အရက်သမားပဲ ဖြစ်မှာပေါ့..။
🖋အချိန်ရှိသမျှ အပြစ်ချည်းပဲ တင်နေရင်လဲ အပြစ်ဖွဲ့တတ်သူပဲ ဖြစ်လာမှာပေါ့..။
🖋ကိုယ့် ကိုယ်ကို လှပဖို့အတွက် အချိန် သုံးစွဲခဲ့ရင်လဲ လှပတဲ့ လူငယ်
လုံမငယ်လေးတွေ ဖြစ်လာ မှာပေါ့..။
🖋ကျန်းမာရေးအတွက် အချိန် သုံးခဲ့ရင် ကျန်းမာတဲ့ ဘဝကိုပိုင်ဆိုင်နိုင်မှာပေါ့.။
🖋တစ်စုံတစ်ခုကို သေသေချာချာ ရွေးချယ်ခဲ့ရင်လဲ အဓိပ္ပါယ်ရှိသူ ဖြစ်လာမှာပါ..။
🖋သင်ယူရာမှာ အချိန်သုံးစွဲခဲ့ရင်လဲ
ပညာရှိ ဖြစ်လာမှာပါ..။

🖋မိသားစုအတွက် အချိန်ကို သုံးခဲ့မယ် ဆိုရင်လဲ သာယာစိုပြေတဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်မှာပါ..။
🚘🚘🚘🚘🚘
#ကားချစ်သူ
Credit》》
Dr. Pacapol Anuria
ကောင်းလွန်း (Myanmar translation)
Khaingmin soe

တက္ကသိုလ်​ဘုန်းနိုင်

ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်တော်တော်
များများက သာမန်စာကြည့်တိုက်တွေမှာ မထား
ရှိကြတာ များပါတယ် ၊ တန်ဖိုးမဲ့ အကျိုးမရှိလို့
တော့ မဟုတ်ပါဘူး ၊ တန်ဖိုးရှိလွန်းလို့ပါ ။
ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာဖတ်ပရိတ်များ
အတွက် ဆရာ့ရဲ့စာအုပ်လင့်များကို ပြန်လည်
မျှဝေပေးလိုက်ပါတယ် ။
တက္ကသိုလ်ဘုန်းနိုင် ရေးသားပြုစု ထုတ်ဝေခဲ့သော စာအုပ်များ
၁။ ကမ္ဘာကုန်ကျယ်သရွေ့ဝယ်(ပ) - ၁၉၆၆ ခုနှစ်
၂။ ကမ္ဘာကုန်ကျယ်သရွေ့ဝယ်(ဒု) - ၁၉၆၆ ခုနှစ်
၃။ ကမ္ဘာကုန်ကျယ်သရွေ့ဝယ်(တ) - ၁၉၆၆ ခုနှစ်
၎။ ကိုယ့်ဘဝ ငွေလမင်း - ၁၉၇၁ ခုနှစ်
၅။ ချစ်သောဤကမ္ဘာ(ပ) - ၁၉၆၄ ခုနှစ်
၆။ စွန့်ခွာရသည့်နွေညများ - ၁၉၈၀ ပြည့်နှစ်
၇။ စိမ်းနေဦးမည့် ကျွန်တော့်မြေ - ၁၉၆၃ ခုနှစ်
၈။ ညနက်နက်မှာ လထွက်ခြင်း - ၁၉၇၈ ခုနှစ်
၉။ ညီမလေးရယ် စိုးရိမ်မိတယ် - ၁၉၅၉ ခုနှစ်
၁၀။ တစ်ပြည်သူမရွှေထား - ၁၉၇၁ ခုနှစ်
၁၁။ တန်ခူးလေနှင့် လျောတော့သည် - ၁၉၇၆ ခုနှစ်
၁၂။ တိမ်ညိုအလွင့် လအမြင့် - ၁၉၇၀ ပြည့်နှစ်
၁၃။ နှင်းငွေ့တစ်ထောင် မိုးတစ်မှောင့် - ၁၉၇၂ ခုနှစ်
၁၄။ နွယ်ဦးမွန်မို့ ချစ်ထွဋ်တင်သည် - ၁၉၅၃ ခုနှစ်
၁၅။ နွေကန္တာဦး - ၁၉၆၈ ခုနှစ်
၁၆။ ပိတောက်နှင့်တော့ မတူပါလေ - ၁၉၆၂ ခုနှစ်
၁၇။ ပိတောက်ပွင့်ဆဲ လသာဆဲဝယ် - ၁၉၇၄ ခုနှစ်
၁၈။ ပျောက်သောအပြုံး - ၁၉၆၃ ခုနှစ်
၁၉။ ပြန်လည်တင်ပြသည် - ၁၉၆၅ ခုနှစ်
၂၀။ မိုးညအိပ်မက်မြူ - ၁၉၆၂ ခုနှစ်
၂၁။ မိုးတွေရွာမှဖြင့်ကွယ် - ၁၉၈၄ ခုနှစ်
၂၂။ မိုးပန်းနှင့်မြေပွင့် - ၁၉၆၃ ခုနှစ်
၂၃။ မုန်းရစ်လေဦး - ၁၉၆၅ ခုနှစ်
၂၄။ မောင့်ဘဝညအလားကွယ် - ၁၉၆၃ ခုနှစ်
၂၅။ မေတ္တာများနှင့် စိန်ပန်းနီနီ - ၁၉၈၁ ခုနှစ်
၂၆။ လွမ်း - ၁၉၆၂ ခုနှစ်
၂၇။ လွမ်းတေးမဆုံးစေနှင့် စောသခင် - ၁၉၆၅ ခုနှစ်
၂၈။ လွမ်းပါလေရစ် သည်သောင်ငွေဦး - ၁၉၇၁ ခုနှစ်
၂၉။ ဝသန်လေချိန်မှန်ကူး - ၁၉၆၉ ခုနှစ်
၃၀။ ဝတ္ထုတိုပေါင်းချုပ် (၁) - ၁၉၆၉ ခုနှစ်
၃၁။ ဝတ္ထုတိုပေါင်းချုပ် (၂) - ၁၉၆၉ ခုနှစ်
၃၂။ ဝတ္ထုတိုပေါင်းချုပ် (၃) - ၁၉၆၉ ခုနှစ်
၃၃။ သာ၍ ဝေးရာဆီကိုပါ - ၁၉၇၅ ခုနှစ်
၃၄။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် - ၁၉၆၄ ခုနှစ်
၃၅။ သူ့ကျွန်မခံပြီ - ၁၉၅၉ ခုနှစ်
၃၆။ ဦးကြီးဘထိုက် (သို့) မိုးနှင့်မြေကိုအောင်နိုင်သူ - ၁၉၇၈ ခုနှစ်
၃၇။ ဤမြေမှသည် - ၁၉၆၃ ခုနှစ်
[နှစ်ဆယ်ရာစု မြန်မာစာရေးဆရာများနှင့် စာစုစာရင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပထမတွဲ၊ စာ-၉၇]
တက္ကသိုလ်ဘုန်းနိုင်စာအုပ်များ
နေရာစုံမှရလာပါသည်
You can download the files here:
ရှားလော့ဒေဝီ ဘာသာပြန် ကဗျာများ.pdf
https://yadi.sk/i/wAEA1wB9gAmyn
ချစ်သော ဤကမ္ဘာ.pdf
https://yadi.sk/i/9lAsld7AgAmyt
စိမ်းနေဦးမည့်ကျွန်တော့်မြေ.pdf
https://yadi.sk/i/JP0njTcHgAmyv
ညနက်နက်မှာ လထွက်ခြင်း.pdf
https://yadi.sk/i/Cua3Piu5pS2Sm
ညီမလေးရယ် စိုးရိမ်မိတယ်.pdf
https://yadi.sk/i/LktjYD13gAmyx
တက္ကသိုလ်ဘုန်းနိုင် - သူ့ကျွန်မခံပြီ.pdf
https://yadi.sk/i/W65nqAgZpS2T4
တန်ခူးလေနှင့် လျောတော့သည်.pdf
https://yadi.sk/i/tLqPDR7bgAmz9
တိမ်ညိုအလွင့် လအမြင့် ၁.pdf
https://yadi.sk/i/sSxofBSFgAmzB
တိမ်ညိုအလွင့် လအမြင့် ၂.pdf
https://yadi.sk/i/4pjhrj4lgAmzH
ပညာရဲ့ သဘော.pdf
https://yadi.sk/i/YZfvHUchgAmzK
ပန်ဒိုရာအိုးပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်.pdf
https://yadi.sk/i/JOx8LzBepS2Tv
ပိတောက်နှင့်ကြိုပါမည် မာရီယာ.pdf
https://yadi.sk/i/RdSrC5v1gAmzX
မိုးညအိပ်မက်မြူ.pdf
https://yadi.sk/i/j_lCEg-EgAmzw
မိုးတွေရွာမှဖြင့် လျှင်ကွယ်.pdf
https://yadi.sk/i/fo1erzeggAn22
မျက်ရည်လောကများ၏ ဟိုမှာဖက်.pdf
https://yadi.sk/i/RBE3xnJggAn2C
လွမ်း.pdf
https://yadi.sk/i/GZzAD15RgAn2N
လွမ်းပါလေရစ်..သည်းသောင်ငွေဦး.pdf
https://yadi.sk/i/MrDMvl2sgAn2U
လွမ်းတေးမဆုံးစေနှင့် စောသခင် .pdf
https://yadi.sk/i/wgDQao3DgAn2Y
ဝသန်လေ ချိန်မှန်ကူး.pdf
https://yadi.sk/i/pIOhP2kPgAn2a
သူ့ ကျွန်မခံပြီ com...pdf
https://yadi.sk/i/neB-DMhugAn2i
သူငယ်ချင်း လို့ပဲ ဆက်၍ခေါ်မည်ခိုင်.pdf
https://yadi.sk/i/kcp-hERmgAn2k
အိုင်ကျူ မည်မျှပုံ၍ ယုံရမည်နည်း.pdf
https://yadi.sk/i/4zBpcN0XpS2Vt
ခေါမသမိုင်းရိပ်ပြဂန္တဝင်ဇာတ်ဆန်းများ.pdf
https://yadi.sk/i/hPSzQumXpS2W9
မောင့်ဘဝ ညအလားကွယ်.pdf
https://yadi.sk/i/wMykP3JhgAn2p
မြေခရွက်ဝါ.pdf
https://yadi.sk/i/zeAPDUwqgAn2t
နွေကန္တာဦး.pdf
https://yadi.sk/i/Q_T-Mq2EgAn2v
နှင်းငွေ့၁ထောင့် မိုး၁မှောင့်.pdf
https://yadi.sk/i/lrawkmjRgAn33
============
#တက္ကသိုလ်ဘုန်းနိုင် (၃၀) အုပ်
#လောလောဆယ်အကုန်ပါပဲခဗျာ
ညနက်နက်မှာ လထွက်ခြင်း
သူငယ်ချင်းလိုပဲ ဆက်၍ ခေါ်မည် ခိုင်
ညီမလေးရယ် စိုးရိမ်မိတယ်
တစ်ပြည်သူ မရွှေထား
တန်ခူးလေ နှင့် လျောတော့သည်
တက္ကသိုလ်ဘုန်းနိုင်
တိမ်ညို အလွင့် လ အမြင့် အပိုင်း ( ၁)
တိမ်ညို အလွင့် လ အမြင့် အပိုင်း ( ၂ )
နွေကန္တာဦး
နှင်းငွေ့ တစ်ထောင့် မိုးတစ်မှောင့်
ပညာရဲ့ သဘော
မိုးည အိမ်မက်မြူ
မိုးတွေရွာမှဖြင့်လျှင်ကွယ်
မောင့်ဘဝ ညအလားကွယ်
မျက်ရည်လောကများ၏ ဟိုမှာဘက် ( ၁)
မျက်ရည်လောကများ၏ ဟိုမှာဘက် ( ၂ )
မြေခရွက်ဝါ
ရှားလော့ဒေဝီ နှင့် ဘာသာပြန်ကဗျာများ
လွမ်း
လွမ်းတေးမဆုံးစေနှင့် စောသခင်
ဝသန်လေ ချိန်မှန်ကူး
ဤမြေမှသည်
အိုင်ကျူ မည်မျှပုံ၍ ယုံရမည်နည်း
ခေါမသမိုင်းရိပ်ပြ ဂန္တဝင်ဇာတ်ဆန်းများ
https://m.facebook.com/download/367045446684402/_ခ_မသမ__င__ရ_ပ__ပ%20ဂ__၀င_ဇ_တ_ဆန__မ___.pdf?refid=18&ref=stream&notif_t=group_activity&_ft_ိ
စိမ်းနေဦးမည့် ကျွန်တော့်မြေ
လွမ်းပါလေရစ် သည်သောင်နွေဦး
ပန်ဒိုရာအိုးပွင့်ပြီး ဟားပီးဇ်တို့ ပြန်လာချိန်
( 2 . 2 MB )
http://lm.facebook.com/l.php?u=http%3A%2F%2Fwww.mediafire.com%2Fdownload%2Fbripgp1urd2t643%2Fတက္ကသိုလ်_ဘုန်းနိုင်_-_ပန်ဒိုရာအိုးပွင့်ပြီး_ဟားပီးဇ်တို_့ပျံလာချိန်.pdf&h=zAQGFvmWa&enc=AZMR0GNOGBM-b9HBDbtkLxnkYnfxfGeTOkXGvBXBoO9fdklp7ynsVElC_vY4DEFsjG5ON61ULdKuv6j0QaMmxYztzqgRoPoLqJI-nulIDwjYYTSnGDmQEi2u1bGnNXiyqlY&s=1
တက္ကသိုလ်ဘုန်းနိုင်
ကမ္ဘာကုန်ကျယ်ကုန်သရွေ့ဝယ်
http://lm.facebook.com/l.php?u=http%3A%2F%2Fwww.mediafire.com%2Fdownload%2Fcxf1bpgrpjnrpf7%2Fတက္ကသိုလ်ဘုန်းနိုင်_-_ကမ္ဘာကုန်ကျယ်သရွေ့ဝယ်.pdf&h=mAQEcw-TF&enc=AZO8nFqRzu6cp-6oz0BXezWjwToYUEE3ivFNhjPx5wdinzEJZYm1R0JIqW8zc3anRN0BZBOtf-2J41d0WKbznrgI8t9TcElkHrgpYef5jFZU2Nd0oiiBk1_-tZMTlJdzqVv6Z2H7qtde3zrx-LyQRLXa&s=1
ချစ်သောဤကမ္ဘာ
https://m.facebook.com/l.php?u=https%3A%2F%2Fyadi.sk%2Fi%2F9lAsld7AgAmyt&h=aAQEtcKIS&enc=AZN00_tq0n7a8tbENR9MOnx-R7cwhQdvXuOiQQJIJrldoI0gReauXLhcGbEZN4J7PDA&s=1
Or
http://lm.facebook.com/l.php?u=http%3A%2F%2Fwww.mediafire.com%2Fdownload%2F00pjc20uf7ro610%2Fတက္ကသိုလ်ဘုန်းနိုင်_-_ချစ်သောဤကမ္ဘာ.pdf&h=6AQGZ6wj1&enc=AZPJDYUPPZAhMqQqsQ5z-kxskGCAeFep88nT_-SkNbG_NEX9ZezFAqNUsqAXCACpmaIX9WmW3f1XJVdpA4Nv4E4Khx9ueBRyklbB6sdemtSPNkOfq5MQYzV3TaFCCL9tUhO_cXCAllJdUy_pKr8CHvsQ&s=1
ပိတောက်နှင့်ကြို ပါမည် မာရီယာ

မူရင်းတင်သူအား ခရက်ဒက် ပေးပါသည်

Monday, December 18, 2017

လမ်းထိပ်ကုန်စုံဆိုင်က အဘိုးပြောတဲ့ အချစ်

လမ်းထိပ်ကုန်စုံဆိုင်က အဘိုးပြောတဲ့ အချစ်

"အဘွား ဒါဘယ်လောက်လဲခင်ဗျ"
"တစ်ထုပ်ကို သုံးရာပါ သားရေ"
"ဟုတ်ကဲ့ ကျနော် ဒါဆို သုံးထုပ် ယူပါ့မယ်ခင်ဗျ"
ပိုက်ဆံအိတ်ကို ဖွင့်ပြီး တစ်ထောင်တန်တစ်ရွက်ကို
ထုတ်ပေးလိုက်တဲ့အခါ အဘွားက သူ့ဝှီးချဲလေးကို
ကိုယ်တိုင်တွန်းလို့ ပိုက်ဆံကို လာယူပြီး
တစ်ရာ ပြန်အမ်းပါတယ်။

ဟုတ်ပါတယ်၊ အဘွားက လမ်းမလျှောက်နိုင်ဘဲ
ဝှီးချဲပေါ်ရောက်နေတာ တော်တော်ကြာနေပါပြီ။
လေဖြတ်သွားတာလို့ သိရပါတယ်။
"အိတ်ထဲထည့်ပေးလိုက်မယ်လေ သားရဲ့"
"ရတယ် အဘွား၊ နေပါ့စေတော့၊ ဒီအတိုင်းပဲ
ယူသွားလိုက်ပါတော့မယ်"

"အေး အေး"
"သြော် ဒါနဲ့ အဘိုးရော၊ ဒီနေ့ မတွေ့မိပါလား"
"ဆေးသွားဝယ်နေတာလေ၊ ခဏနေ ပြန်လာတော့မှာပါ"
ဟုတ်ပါတယ်၊ ခါတိုင်းဆိုရင် ဈေးဝယ်တွေ လာတဲ့အခါ
အဘိုးကပဲ ဒိုင်ခံထိုင်ရောင်းနေကျလေ။

အဘွားကတော့ ဘေးကနေ ဝှီးချဲလေးနဲ့ ထိုင်နေရုံပေါ့။
ဈေးဝယ်တွေ လာတဲ့အခါ ဈေးအတူတူရောင်းပြီး
ဈေးဝယ်တွေ မရှိတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်
အဖော်လုပ်ရင်း စကားပြောလိုက်ကြ၊ ရယ်လိုက်ကြ၊
တခါတလေ ပုတီးလေးစိပ်၊ ဘုရားစာလေးရွတ်နဲ့
သူတို့ဘဝလေးက နှစ်ယောက်တည်းနဲ့ကို
အိုကေမှာ စိုပြေနေကြတာပါ။

သားတစ်ယောက်ရှိပေမယ့် သူ့အိမ်ထောင်နဲ့သူ
အဝေးမှာတဲ့။
တစ်ရက်ကများဆို အဘိုးတို့ဆိုင်မှာ ကြက်ဥသွားဝယ်တော့
ဆိုင်ကြီးက ဖွင့်လျက်နဲ့ အဘိုးရော၊ အဘွားရောကို
မတွေ့မိပါဘူး။

ဒါနဲ့ ဘယ်များရောက်နေကြပါလိမ့်ဆိုပြီး အနောက်ထဲ
တချက် ဝင်ကြည့်တော့မှ အသံကြားရာကို ကြည့်မိတယ်။
အမယ် အဘိုးက အဘွားကို စိမ်ပြေနပြေကို
ရေချိုးပေးနေတာခင်ဗျ။

လက်ကလေးကို မြှောက်လိုက်၊ ရေပတ်ဝတ်လေးနဲ့ တိုက်လိုက်၊
တဘက်လေးနဲ့ သုတ်လိုက်နဲ့ တော်တော့ကို ကြင်ကြင်နာနာနဲ့ပါ။
"သားရေ လိုချင်တာယူပြီး ပိုက်ဆံသာ တင်သွားလိုက်တော့၊
မဟုတ်လည်း နောက်နေ့မှပေး" တဲ့။

ဟော လုပ်ပြီ၊ ဒီအဘိုးနဲ့ အဘွား ရိုဆန်နေလိုက်ကြတာဆိုတာ
ပိုက်ဆံကိုတောင် ဂရုမစိုက်ကြတော့ပါလားနော်။
တခါတလေကျတော့လည်း သူတို့က ဆိုင်ဖွင့်ထားတဲ့
အိမ်ရှေ့ဘက်ခြမ်းမှာ ထိုင်လို့ ဈေးဝယ်စောင့်ရင်း အဘိုးက
အဘွားကို ထမင်းကျွေးနေတာခင်ဗျ။

အဘွားက သူ့ပေါင်ပေါ်မှာ ထမင်းပန်းကန်လေးတင်လို့
အဘိုးက ဘေးကနေ ဟင်းလေးတွေ ထည့်ပေးလို့
ရေနွေးကြမ်းလေး မှုတ်ပေးလို့။

သြော် မြန်မာပြည်ရဲ့ ရိုမီယိုနဲ့ ဂျူလိယက်ပါလားနော်။
ဒီလိုနဲ့ နေရင်း တစ်ရက်ကျတော့ ဇာတ်လိုက်ကျော်အဘိုးကို
မုန့်ဟင်းခါးဆိုင်မှာ သွားတွေ့တယ်ခင်ဗျ။

ကိုယ်ကလည်း အိမ်က ဝယ်ခိုင်းလို့ မုန့်ဟင်းခါးထွက်ဝယ်၊
အဘိုးကလည်း ထုံးစံအတိုင်း သူ့မဟေသီ ချင်ခြင်းတပ်လို့
မုန့်ဟင်းခါး လာဝယ်ပေါ့။

နှစ်ယောက်သား ပါဆယ်ကို အတူရပ်စောင့်နေတုန်း
ကျနော်က အဘိုးကို စကားစပါတယ်။
"ကျနော်လေ အဘိုးနဲ့ အဘွားကို တစ်ယောက်နဲ့
တစ်ယောက် ဒီနေ့အထိ အရမ်းဂရုစိုက်ပြီး
ချစ်နေကြတာကို တကယ်လေးစားတယ်ဗျာ၊
အားလည်းကျတယ်"

ဒီတော့ အဘိုးက သူ့မုန့်ဟင်းခါးပါဆယ်ကို အာရုံစိုက်ရင်း
ပြောပါတယ်။

"အချစ်တစ်ခုတည်းနဲ့တော့ ဘယ်လုံလောက်မလဲ၊
မေတ္တာတရားလည်း လိုသေးတာပေါ့၊ စာတွေထဲကလို
ဆိုရင်တော့ ၁၅၀၀ အပြင်ကို ၅၂၈ မေတ္တာဓာတ်ကိုပါ
ထပ်ဆောင်းပေးရတာမျိုးပေါ့ကွယ်"

ကျနော်က အဘိုးပြောတဲ့ အဓိပ္ပာယ်ကို ကျေနပ်သွားရင်း
ကြည်နူးမိနေတုန်းမှာပဲ အဘိုးက ပါဆယ်ထုပ်ကို ဆွဲလို့
လှည့်ထွက်ခါနီးမှာ ဥပမာလေးတစ်ခုနဲ့ ပြောသွားပါသေးတယ်။

"နှစ်ယောက်အတူလျှောက်ရမယ့် ဘဝခရီးလမ်းကို
မျက်စိထဲမှာ ရထားလမ်းကြီးလို့ မြင်ယောင်ကြည့်လိုက်၊
အဲ့ဒီနေရာမှာ အချစ်ဆိုတာ ရထားစက်ခေါင်းကြီးပေါ့၊

ဒါပေမဲ့ လမ်းပေါ်မှာ စက်ခေါင်းကြီးကိုပဲ ဒီအတိုင်း
မောင်းသွားရင်တော့ ဘာအဓိပ္ပာယ်မှ မရှိဘူးပေါ့၊
သူ့အနောက်မှာ ခရီးသည်တင်တဲ့ တွဲတွေ၊ ကုန်တွဲတွေ
အစီအရီပါလာမှ ခရီးတစ်ခုဟာ ပြည့်စုံမယ်လေ၊

ဆိုလိုတာက အချစ်ဆိုတိုင်းလည်း သူ့ချည်းပဲမရဘူး၊
သံယောဇဉ်တွေ၊ မေတ္တာတရားတွေ၊ လေးစားမှုတွေ၊
ကိုယ်ချင်းစာမှုတွေ၊ နားလည်မှုတွေ၊ ဆင်ခြင်တုံတရားတွေ၊
ဒါတွေ တွဲပါလာမှ အချစ်တစ်ခုဆိုတာ အဓိပ္ပာယ်ရှိတာ၊
ခိုင်မြဲတာပေါ့ကွယ်၊ မဟုတ်ဘူးလား"

မုန့်ဟင်ခါးပါဆယ်ထုပ်လေးကို ဆွဲရင်း လှည့်ထွက်သွားတဲ့
အဘိုးရဲ့ခြေလှမ်းတွေက ခါတိုင်းထက်ကို ပိုသွက်နေသလိုပါပဲ။
ဟုတ်မှာပေါ့လေ၊ ဒီအချိန်လောက်ဆို အဘွားလုပ်သူခင်ဗျာ
ဗိုက်ဆာနေရှာရောပေါ့။

Wai Phyo Maung

အိုဘယ့်​ မန်​​နေဂျာ

အဟောင်းကိုပစ်၊ အသစ်ကိုချစ်ပါ အိုဘယ့်မန်နေဂျာ
==================================

ရေးသူ  -  ကိုဝေ (မော်ကျွန်း)

'၂၀၁၀' ကာလများဆီသို့ စိတ်ဖြင့် ခြေဆန့်ကြည့်ရင် ဝမ်းနည်းဖွယ်ရာ ငလျင်ဟာ ကမ္ဘာ့ အဆိုးရွားဆုံး သဘာဝ ဘေးအန္တရာယ် ၂၅ ခုစာရင်းမှာ ပါခဲ့တဲ့ Haiti ငလျင်ကြီးအကြောင်း ကို ကျွန်တော်တို့ မှတ်မှတ်ရရရှိကြမှာပါ။ အဲဒီအချိန်မှာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ဖေ့စ် ဘွတ်ခ်အသုံးပြုသူများစွာဟာ Haiti ငလျင်နဲ့ သက်ဆိုင်တဲ့အကြောင်းကို သူ့တို့ရဲ့ ဖေ့စ်ဘွတ်ခ် ပေါ်မှာ တင်ကြတဲ့နှုန်းဟာ တစ်မိနစ်ကို Status  ပေါင်း ၁၅၀ဝ ကျော်အထိ ရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာလည်း ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်မှာ လှုပ်ခတ် ခဲ့တဲ့ ပုဂံ ငလျင်ရဲ့ပုံရိပ်တွေကို ကျွန်တော်တို့တစ်တွေ နာရီပိုင်းအတွင်း တွေ့သိခံစားခဲ့ကြတဲ့ အချိန်တွေကို စာဖတ်သူတို့ အားလုံးမှတ်မှတ်ရရ ရှိနေဦးမယ်ထင်ပါတယ်။

ဒါဟာ ကျွန်တော်တို့တစ်တွေ မြန်နှုန်းမြင့် ကမ္ဘာကြီးမှာ သေချာပေါက်ရောက်ရှိ နေပြီဆိုတာ ကို ပြနေတဲ့ တိကျခိုင်မာတဲ့ သက်သေတွေလို့ ဆိုနိုင်ပါတယ်။ မြန် နှုန်းမြင့် ကမ္ဘာကြီးရဲ့ ဝိသေသတစ်ခုက ဘာဖြစ်လာသလဲလို့ တစ်စုံတစ်ဦးကများ မေးခွန်းထုတ်လာမယ်ဆိုရင် ကျွန်တော် မဆိုင်းမတွဖြေမိမှာဟာ အသစ်ကြိုက်သော ကမ္ဘာကြီး ဖြစ်လာပါတယ်လို့ပဲ ဖြစ်ပါတယ်။ အိုင်ဒီယာသစ်တွေနဲ့ ပေါင်းစပ်နိုင်မှ ရှင်သန်နိုင်စွမ်းရှိတဲ့ စီမံခန့် ခွဲမှုပတ် ဝန်း ကျင်ထဲကို ကျွန်တော်တို့ ရောက် နေပါပြီ။ ဆိုရှယ်မီဒီယာလောကမှာ ထိပ်ဆုံးက ရပ်တည် နေတဲ့ Facebook ရဲ့ အောင်မြင်မှုဟာ စီမံခန့်ခွဲ သူတွေရဲ့ တီထွင်ဆန်းသစ်တဲ့ အိုင်ဒီယာ ပေါက်ကွဲမှုက ရလာတဲ့ အရည်အသွေးကြောင့်လို့ ဆိုပါတယ်။  Facebook ကို စတင် တည်ထောင်သူလည်း ဖြစ်၊ အမှုဆောင်အရာရှိချုပ်အဖြစ်လည်း တာဝန်ယူထားတဲ့ မာ့ခ်ဇူကာဘတ်က "ပုံမှန် လုပ်ရိုးလုပ်စဉ်တွေကို အကောင်းဆုံး လုပ်နေတာတွေကနေ သွေဖည်ထွက်ပြီး အသစ်တွေကို မကြောက်မရွံ့ ဖန်တီးရဲတဲ့ စီမံခန့်ခွဲသူ တွေကို လိုချင် တယ်လို့" ဆိုပါတယ်။

Facebook ဟာ ၂၀၁၇ ခုနှစ် တီထွင်ဆန်းသစ်နိုင်မှု အရှိဆုံးလုပ်ငန်း  အခု ၅၀ ထဲမှာ နံပါတ် ၆ နေရာကနေ ရပ်တည် နေပါတယ်။ ၂၀၁၀ ပြည့်နှစ်ကဆိုရင် နံပါတ် ၁ နေရာမှာပင် ရပ်တည်ခဲ့ပါတယ်။ ဒီလိုရပ်တည်နိုင်တာဟာ Facebook ရဲ့စီမံခန့်ခွဲရေးအဖွဲ့က တွန့် ဆုတ်ခြင်းမရှိဘဲ အသစ်တွေကို ဖန်တီးရဲတဲ့ဓလေ့ကို မွေးမြူခဲ့လို့လို့ ဆိုပါတယ်။ စီးပွားရေး အရ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာတောင် ဖေ့စ်ဘွတ်ခ်ဟာ သူ့ရဲ့ အင်ဂျင် နီယာအဖွဲ့ကို အင်အားဖြည့်တင်းမှုတွေနဲ့ အိုင်ဒီယာသစ်တွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ထပ်လုပ်ခဲ့ပါတယ်။ စီးပွားရေး လုပ်ငန်းတစ်ခု ဖွံ့ဖြိုးလာတာဟာ စတင်တည်ထောင် သူရဲ့ ဟဒယကြောင့်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုနဲ့ အနာဂတ်ကိုကဗျာစပ် နိုင်စွမ်းရှိတဲ့ စီမံခန့်ခွဲသူတွေရဲ့ ပေါင်းစုအင်အားဟာ ယင်းစီးပွားရေးလုပ်ငန်းကို နောက်ထပ် အဆင့်တစ်ခုဆီကို ရောက်စေပါတယ်။  နိုင်ငံတကာ စီးပွားရေးကော်ပိုရေး ရှင်းကြီးတစ်ခု ဖြစ်တဲ့ Honeywell  ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ လောရင့်ကဆိုပါတယ်။  စီးပွားရေးလောကမှာ ‘Revel Thinking’ ဘောင်မဲ့ တွေးတောသူတွေများများလိုတယ် လို့ဆိုပါတယ်။ အထူး သဖြင့် အခုလိုမြန်နှုန်းမြင့် ပြောင်းလဲမှုတွေ မြန်ဆန်တဲ့အချိန်မှာ အဲဒီလိုလူတွေ ရှိဖို့လိုတယ် လို့ဆိုပါတယ်။

အထူးသဖြင့် အဖွဲ့အစည်းရဲ့ စီမံ ခန့်ခွဲ့မှုနေရာတစ်ခုမှာ တာဝန်ထမ်းဆောင် နေသူတွေ အနေနဲ့ မြန်နှုန်းမြင့် ကမ္ဘာထဲမှာ Linear Thinking သက်သက်နဲ့ သွားလို့ မရနိုင်ပါဘူး။ Linear Thinking ကို မျဉ်း ဖြောင့်တွေးခေါ်မှုလို့လည်း ဆိုကြပါတယ်။ အဖြောင့်စဉ်းစားခြင်း၊ စီကာစဉ်ကာ စဉ်းစား ခြင်းလို့လည်း ဆိုပါတယ်။ အရွေ့တွေမြန်တဲ့ ကာလမှာ Non-linear Thinking ဟာလည်း အရေးကြီးပါတယ်။ ဆန်းသစ် တီထွင်မှုလို့ပြောရင် မျက်လုံးထဲမှာ ဖျတ်ခနဲ ပေါ်လာနိုင်တာဟာ နည်းပညာနဲ့သက်ဆိုင်တဲ့ နယ်ပယ်တွေပါ။ ဒါပေမဲ့ ဆန်းသစ် တီထွင်ခြင်း၊ အသစ်ဖန်တီးခြင်းဟာ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေ၊ အဖွဲ့အတွင်းက စီမံခန့်ခွဲမှု ပုံစံတွေ၊ ထုတ်လုပ်မှု ပုံစံပြောင်းလဲမှု၊ အဖွဲ့အစည်းရဲ့နှုန်းစံ ပြောင်းလဲမှုတွေ များစွာဖြစ်နိုင်ပါတယ်။ ဆိုလိုချင်တာက နည်းပညာမှာမှ မဟုတ်ပါဘူး။ စီမံခန့်ခွဲသူ တစ်ဦး ဖော်ဆောင် လိုက်တဲ့ စီမံမှုနှုန်း စံသစ်တွေဟာလည်း အဖွဲ့အစည်းရဲ့ဖွံ့ဖြိုးမှု၊ ရှင်သန်မှု အပြောင်းအလဲတွေကို ဖန်တီးနိုင်ပါတယ်။ အပြောင်းအလဲမရှိရင် စီးပွားရေးလုပ်ငန်းစု၊ အဖွဲ့အစည်း တစ်ခုကလည်း ကာလရှည်ကြာ ရှင်သန်ရပ်တည်နိုင် စွမ်းမရှိပါဘူး။ ဆိုပါစို့ တစ်ချိန်ကမြင်းရထားလုံးထုတ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းစုဟာ ယနေ့ကမ္ဘာမှာတော့ ပုံပြင် ထဲမှာ ကျန်ခဲ့ပါပြီ။

ယနေ့ကမ္ဘာမှာ အဖွဲ့အစည်းတိုင်းဟာ အပြောင်းအလဲကို ဆန့်ကျင်ပြီး ရပ်ခံနေလို့မရပါဘူး။ နိုင်ငံရေး ဖြစ်စဉ်တွေမှာဆိုလည်း ယေဘုယျသဘောနဲ့ ကြည့်ရင် အရင်းရှင်စနစ်၊ ဆိုရှယ် လစ်စနစ်၊ ဒီမိုကရေစီစနစ် စသဖြင့် ပြောင်းလဲလာတာကိုတွေ့ရမှာပါ။ အပြောင်းအလဲမှာ လိုက်မလာနိုင်သူတွေဟာ အထီးကျန်တွေအဖြစ်နဲ့ ကျရှုံးသွားကြပါတယ်။ အဟောင်းကို ဖက်တွယ်ထားတယ်ဆိုတာ ရှေးဟောင်းပစ္စည်းပဲ တန်ဖိုးတက်တာပါ။ စီမံခန့်ခွဲရေးနယ်ပယ် မှာတော့ ခေတ်မမီတော့တဲ့ စီမံခန့်ခွဲရေးပုံစံတစ်ခုဟာ တန်ဖိုးမဲ့ပါတယ်။ လိပ်ပြာလေး တစ် ကောင်ရဲ့ တောင်ပံခတ်သံလေး တစ်ခုဟာ မုန်တိုင်းကြီးတစ်ခု ဖြစ်လာနိုင်တယ်ဆိုတဲ့ Butterfly Effect Theory လေးတစ်ခုလိုပါပဲ။ ယနေ့ပင့်ကူအိမ် လူမှုအဖွဲ့အစည်းထဲက စီးပွားရေး အဖွဲ့အစည်း တွေကို ကိုင်တွယ်နေသူတွေအနေနဲ့ အပြောင်းအလဲကို ရင်ဆိုင်ရဲဖို့ အသင့်ပြင်ထားရပါမယ်။ ၂၀ဝ၈ ခုနှစ်ကဖြစ်ခဲ့တဲ့ အမေရိကန်ရဲ့ အိမ်ရာဈေးကွက်ပြိုလဲမှုနဲ့ စတင်ခဲ့တဲ့ ငွေကြေးကပ်ဆိုက်မှုဟာ တစ်ကမ္ဘာလုံးကို ရိုက်ခတ်ခဲ့ပါတယ်။ ဒီတော့ ကမ္ဘာ့ တစ်နေရာက ကောင်းတဲ့ ပြောင်းလဲခြင်းဖြစ်စေ၊ ဆိုးတဲ့ပြောင်းလဲခြင်းဖြစ်စေ စာဖတ်သူ တို့ရဲ့ စီမံခန့်ခွဲရေး ဖြစ်စဉ်ပေါ်မှာ တစ်နည်းတစ်ဖုံ ရိုက်ခတ်လာနိုင်ပါတယ်။ သိပ်မကြာ ခင်က ဆိုရှယ်မီဒီယာမှာ ပျံ့နှံလာတဲ့ Nokia Company အကြောင်း လေး ဖတ်လိုက်ရ ပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့ နည်းပညာရပ်ဝန်းမှာ Nokia  ဟာတိမ်မြုပ်ခဲ့ပါတယ်။ Nokia  ရဲ့ CEO  CEO Rajeev Suri က နောက်ဆုံးမိန့်ခွန်းမှာ ဆိုပါတယ်။ " We didn’t do anything wrong, but somehow we fall". လို့ဆိုပါတယ်။ "ငါတို့ ဘာအမှားတွေမှ မလုပ်ပါဘူး၊ ဒါပေမဲ့ ငါတို့လဲပြိုခဲ့တယ်" လို့ဆိုပါတယ်။ ဒါဟာ မြန်နှုန်းမြင့်ကမ္ဘာထဲမှာ အပြောင်းအလဲတွေဟာ မဖြစ်မနေလိုတယ်ဆိုတာကို ပြခဲ့တဲ့အကောင်းဆုံးသော သက်သေ လို့ဆိုနိုင်ပါတယ်။ အသစ်တီထွင်ရေးဟာ သေရေးရှင်ရေးလို့ ဆိုနိုင်ပါတယ်။

Apple ဟာ သူ့ရဲ့ ipod နဲ့ iTunes ကို ဖန်တီးမှုဟာ ဂီတဈေးကွက်ကြီးတစ်ခုလုံးပေါ်ကို အပြောင်းအလဲတွေ ယူဆောင်လာခဲ့သလို Apple ဟာလည်း အောင် မြင်မှုတွေနဲ့ ထပ်မံ အရောင်လက်ခဲ့ပါတယ်။ ၂၀ဝ၈ ခုနှစ်ငွေကြေးအကျပ်တည်းကာလနဲ့ Credit Market ပြိုလဲချိန် GM အနေနဲ့ သူ့ရဲ့စီးပွားရေးလုပ်ငန်း ကိုကျားကန်ဖို့ ဝန်ထမ်းရာပေါင်းများစွာကို လျှော့ချခဲ့တဲ့ကာလ မှာ GM စက်ရုံတွေနားမှာ တည်ရှိတဲ့ Hallmark Store တွေရဲ့ဝင်ငွေ ဟာ ၂၀ဝ၀ ပြည့်နှစ်က ၇၈၀,ဝ၀ဝ ကနေ လေးသိန်းခန့်အထိ ကိုးနှစ်တာကာလအတွင်းမှာ ထိုးကျသွားခဲ့ပါတယ်။ ယင်းနောက်မှာတော့ Hallmark ရဲ့ပိုင်ရှင်ဖြစ်တဲ့ John Greer ဟာ ယင်းလုပ်ငန်းတွေကို ရပ်နားခဲ့ပါတယ်။ သူကဆိုပါတယ်။ "တကယ်လို့သာ အနာဂတ်ကို ကြိုတင် တွေးဆဖို့ သူသာ အချိန်နည်းနည်းပိုပေးခဲ့မယ်ဆိုရင် သူ့ရဲ့လုပ်ငန်းတွေကို ကျဆုံး ချိန် မတိုင်မီမှာ နေရာသစ်တွေကို ရွှေ့ပြောင်းနိုင်ခဲ့မှာပါ" တဲ့။ ဒါဟာ အပြောင်းအလဲကို လွဲချော်ခဲ့သူနဲ့ အပြောင်းအလဲကို ဖန်တီးခဲ့သူရဲ့ဆန့်ကျင်ဘက်ဇာတ်လမ်း လေးနှစ်ခုလည်း ဖြစ်ပါတယ်။ သာမန်အားဖြင့် စီးပွားရေး လုပ်ငန်းအများစုဟာ ငွေကြေးအရ အလေအလွင့် နည်းအောင် ထိန်းချုပ်ဖို့အတွက် လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်လေ့ရှိပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ ဆောင်ရွက်ချက် တစ်ခုဖြစ်သလို အသစ်တီထွင်ရေးဟာလည်း ယနေ့ စီးပွားရေး လောကရဲ့ အရေးပါတဲ့ ဟဒယပါ။

၂၀ဝ၉ ခုနှစ်၊ ဇန်နဝါရီလမှာပြုလုပ် ခဲ့တဲ့ အာရှ၊ မြောက်အမေရိက၊ ဥရောပ၊ လက်တင် အမေရိက စီးပွားရေးလုပ်ငန်း အမှုဆောင်တွေပါဝင်တဲ့ စစ်တမ်းတစ်ခုမှာ 'ကာလရှည် အောင်မြင်မှုကို ထိန်းထားနိုင်ဖို့ ဆိုရင် ကုန်ကျစရိတ်တွေကိုလျှော့ချတာထက် အသစ် တီထွင်မှုက ပိုအရေးပါတယ်လို့ ၇၆ ရာခိုင်နှုန်းသောအမှု ဆောင်တွေက ဖြေခဲ့ပါတယ်။ ဒါဟာ ဘာကို မီးမောင်းထိုးပြနေ သလဲဆိုရင် စီမံခန့်ခွဲသူတွေဟာ မိမိရဲ့စီမံ ခန့်ခွဲရေး နယ်ပယ်မှာ ပိုမိုကောင်းမွန်တဲ့ ခန့်ခွဲမှုပုံစံအသစ်တွေ ရှာဖွေဖော်ထုတ်ဖန်တီးရေးကို အားသွန် ခွန်စိုက် လုပ်ဆောင်ရမယ်ဆို တာကို မီးမောင်းထိုးပြနေတဲ့ အချက်ဖြစ်ပါတယ်။
 စာဖတ်သူတို့အနေနဲ့ လုပ်ငန်းတွေကို အကောင်းဆုံး ရပ်တည်နိုင်ဖို့နဲ့ဆင့်ကဲ ပြောင်းလဲ အောင်မြင်မှု တွေကို ယူဆောင်နိုင်ဖို့ အဟောင်းတွေကိုပစ်ပြီး အသစ်တွေကို ချစ်ပါလို့ ဆိုချင်ပါတယ်။

#MyanmarB2BManagementMagazine,November2017

လက်​​ဆောင်

""""လက်ဆောင်"""

အလုပ်ဆိုတာ တွေးနေရုံနဲ့ မပြီးဘူး သူငယ်ချင့်း့
စတင်လုပ်ဆောင်နိုင်ဖို့က အရေးကြီးတယ့့်
ပေါက်တူးတစ်လက် ရှေ့မှာချပြီး မြေကြီးကို ဘယ်က စတူးမယ်
တွေးနေရုံနဲ့ အလိုလိုနေရင်း မြေကြီးဟာ မွမလာဘူ့း့

အလုပ်တိုင်းမှာတော့ တွေးတောဆင်ခြင်ခြင်း ပါရတယ့့်
အကောင်းဆုံးပြုလုပ်ကြပေမယ့် တစ်ချို့အဆိုးဆုံးဖြစ်သွားတတ်တယ့်

ရေအိုးတစ်အိုး ဘယ်လိုလုပ်ရတာလည်း စဉ်းစားတာထက့့်
ရေအိုးလုပ်တဲ့နေရာမှာ စတင်လေ့လာတာ ပိုအဆင်ပြေတယ် သူငယ်ချင့်း့

လူတစ်ယောက်မှာ သူ့ကိုယ်သူမမြင်နိုင်တဲ့ စွမ်းအားတွေရှိတယ်
စိတ်ကြောင့် ချုပ်နှောင်ခံထားရတဲ့ စွမ်းအားတချို့ပေါ့

ဥပမာ - သားပေါက်ထားတဲ့ ခွေးမတစ်ကောင်ဟာ သူ့သားသမီးကို ထိခိုက်လာရင် ခွေးမပြောနဲ့ ကျားလာဆွဲလည်း ပြန်ကိုက်မှာပဲ့ဒါဟာ ကြောက်စိတ်မရှိဘူးလားဆိုတော့ ရှိတယ့့်သားသမီးဆိုတဲ့ ဇောကြောင့် ရှိရင်းစွဲကြောက်စိတ်ကို ဖုံးလွှမ်းသွားတာ့

လူမှာလည်း ဒါလုပ်မှ ရမှာပါဆိုရင် လုပ်ဖြစ်သွားတယ့်

တချို့လူတွေဟာ ထိန်းချုပ်မူကြောင့် အောင်မြင်မူဟာထိုက်သင့်သလောက် မအောင်မြင်ကြဘူ့း့

ကိုယ်ဘယ်လောက်လုပ်နိုင်စွမ်း ရှိလဲဆိုတာကို ကန့်သတ်ထားကြလို့ပဲ သူငယ်ချင့်း့

မဖြစ်နိုင်ပါဘူးဆိုတဲ့ အတွေးစိတ်ရှိနေရင် အစထဲက မလုပ်နဲ့
မလုပ်ခင်ထဲက ယုံကြည်မူ ပျက်ပြားနေတာဟာ ကိုယ့်ကိုယ်ကို စော်ကားနေတာနဲ့ အတူတူပဲ သူငယ်ချင့်း့

သူတစ်ပါးကို မယုံကြည်ရင်နေ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မူရှိအောင်,ကိုယ့်ကိုယ်ကို လေးစားမူရှိအောင်
ကြိုးစားပါ သူငယ်ချင့်း့

credit ,ဘာမထီဘွား ( အတွေးစာစုလေးများ )

ပဋ္ဌာန်း သချာင်္ကိန်းဂဏန်းများ

ပဋ္ဌာန်းကျမ်း စသည်တို့၌ ပါဠိသချာင်္တို့ကို
 မြန်မာဂဏန်းတို့ဖြင့် ပြခြင်း

၁-ဧက
၂-ဒွိ၊ ဒွာ၊ ဒွေ၊ ဗာ
၃- တိ
၎-စတု
၅-ပဉ္စ
၆-ဆ
၇-သတ္တ
၈-အဋ္ဌ
၉-နဝ
၁၀-ဒသ
၁၁-ဧကာဒသ
၁၂-ဒွါဒသ
၁၃-တေရသ
၁၄-စတုဒ္ဒသ(စုဒ္ဒသ)
၁၅-ပန္နရသ
၁၆-သောဠသ
၁၇-သတ္တရသ
၁၈-အဋ္ဌာရသ
၁၉-ဧကူန၀ီသ
၂၀-၀ီသ
၂၁-ဧက၀ီသ
၂၂-ဒွါဝီသ(ဗာဝီသ)
၂၃-တေ၀ီသ
၂၄-စတုဝီသ
၂၅-ပဉ္စ၀ီသ
၂၆-ဆ၀ီသ(ဆဗ္ဗီသ)
၂၇-သတ္တ၀ီသ
၂၈-အဋ္ဌ၀ီသ
၂၉-ဧကူနတိံသ
၃၀- တိံသ
၃၁-ဧကတ္တိံသ
၃၂- ဒွတ္တိံသ(ဗာတ္တိံသ)
၃၃-တေတ္တိံသ
၃၄-စတုတ္တိံသ
၃၅-ပဉ္စတိံသ
၃၆-ဆတ္တိံသ
၃၇-သတ္တိံသ
၃၈-အဋ္ဌတ္တိံသ
၃၉-ဧကူနစတ္တာလီသ
၄၀-စတ္တာလီသ
၄၁-ဧကစတ္တာလီသ
၄၂-ဒွေစတ္တာလီသ
၄၃-တေစတ္တာလီသ
၄၄-စတုစတ္တာလီသ
၄၅-ပဉ္စစတ္တာလီသ
၄၆-ဆစတ္တာလီသ
၄၇-သတ္တစတ္တာလီသ
၄၈-အဋ္ဌစတ္တာလီသ
၄၉-ဧကူနပညာသ
၅၀-ပညာသ
၅၁-ဧက ပညာသ
၅၂-ဒွေ ပညာသ
၅၃-တေ ပညာသ
၅၄-စတု ပညာသ
၅၅-ပဉ္စ ပညာသ
၅၆-ဆ ပညာသ
၅၇-သတ္တ ပညာသ
၅၈-အဋ္ဌ ပညာသ
၅၉-ဧကူနသဋ္ဌိ
၆၀-ဧကသဋ္ဌိ
၆၂-ဒွါသဋ္ဌိ
၆၃-တေသဋ္ဌိ
၆၄-စတုသဋ္ဌိ
၆၅-ပဉ္စသဋ္ဌိ
၆၆-ဆသဋ္ဌိ
၆၇-သတ္တသဋ္ဌိ
၆၈-အဋ္ဌသဋ္ဌိ
၆၉-ဧကူနသတ္တတိ
၇၀-သတ္တတိ
၇၁-ဧကသတ္တတိ
၇၂-ဒွါသတ္တတိ
၇၃-တိ သတ္တတိ
၇၄-စတု သတ္တတိ
၇၅-ပဉ္စ သတ္တတိ
၇၆-ဆသတ္တတိ
၇၇-သတ္တ သတ္တတိ
၇၈-အဋ္ဌ သတ္တတိ
၇၉-ဧကူနသီတိ
၈၀-အသီတိ
၈၁-ဧကာသီတိ
၈၂-ဒွါသီတိ
၈၃-တေသီတိ
၈၄-စတုရာသီတိ
၈၅-ပဉ္စအသီတိ
၈၆-ဆအသီတိ
၈၇--သတ္တအသီတိ
၈၈-အဋ္ဌအသီတိ
၈၉-ဧကူန န၀ုတိ
၉၀- န၀ုတိ
၉၁-ဧက န၀ုတိ
၉၂-ဒွေ န၀ုတိ
၉၃-တေ န၀ုတိ
၉၄-စတု န၀ုတိ
၉၅-ပဉ္စ န၀ုတိ
၉၆-ဆ န၀ုတိ
၉၇-သတ္တ န၀ုတိ
၉၈-အဋ္ဌန၀ုတိ
၉၉-ဧကူနသတ
--------------
၁-ဧက(တစ်)
၁၀-ဒသ(တစ်ဆယ်)
၁၀၀-သတ(တစ်ရာ)
၁,၀၀၀-သဟဿ(တစ်ထောင်)
၁၀,၀၀၀-ဒသ သဟဿ(တစ်သောင်း)
၁၀၀,၀၀၀-သတ သဟဿ(တစ်သိန်း)
၁,၀၀၀,၀၀၀-သဟဿ သဟဿ(တစ်သန်း)
၁၀,၀၀၀,၀၀၀-ကောဋီ (တစ်ကုဋေ)
-------------------------------
၁၂၅ပုဒ် = ပဉ္စ၀ီသာဓိကေဟိ ပဒသတေဟိ = ပဉ္စ၀ီသာ,ဓိကေ,သတ
ပဉ္စ၀ီသာ=၂၅
ဓိကေ=ပိုလွန်သော
ပဒ-ပုဒ်
ဧကူန-တစ်ခုယုတ်လျော့သော
အဓိက-ပိုလွန်သော

စောသဇင်(မန္တလေး)

မြန်​မာစာ​​ပေ ဆင်းရဲပုံ -- ​မောင်​သာနိုး

မြန်မာစာ ဆင်းရဲကြပုံများ
===============
ရေးသူ- မောင်သာနိုး
ကိုလိုနီခေတ်က မြန်မာအချို့ဟာ သူတို့ မြန်မာစာညံ့ပါ
တယ် ဆိုတာကိုပဲ    အသားယူစရာလို့ အောက်မေ့ပြီး
"ကိုယ်တို့ကတော့ မြန်မာစာ ဆင်းရဲတယ်" လို့ ကြွေး
ကြော်လေ့ ရှိကြတယ်။ မြန်မာစာဆင်းရဲတယ် ဆိုတော့
အင်္ဂလိပ်စာတော့ ချမ်းသာသလိုလို။ တကယ်က သေ
သေချာချာ ဆန်းစစ်ကြည့်ရင် သူပြောနေတဲ့ အင်္ဂလိပ်
စကားကလည်း ဘိုကြက်ချေး အင်းဂလစ်၊ ဖွတ်ကျား
အင်္ဂလိပ်စကား။ ကနေ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံမှာ
တော့ ဒီလို အခြောက်တိုက် လေလုံးထွားတတ်သူ မ
ရှိသလောက် ရှားသွားပါပြီ။ ဒါပေမယ့် ပါးစပ်က မြန်
မာစာညံ့ပါတယ်လို့ ထုတ်မပြောပေမယ့် လက်တွေ့
ညံ့ပြနေသူတွေကတော့ ရှိနေတယ်။ ရှိသမှ ရိုးရိုးသာ
မန် အရပ်သားထဲမှာ မဟုတ်၊ အနုပညာစာပေနယ်ထဲ
မှာ   ၀င်ဆန့်နေပြီး မြန်မာစာညံ့ပြနေတာ။   အဓိက
ဆက်သွယ်ရေးမဏ္ဍိုင်အဖြစ် မြန်မာစာ၊ မြန်မာစကား
သုံးနေသူ ဖြစ်ပါလျက် မြန်မာစာ ဟုတ္တိပတ္တိမတတ်တာ။
တေးဂီတသမားဆိုတာ   ဘာသာစကားကို သုံးရသူပဲ
ဖြစ်တယ်။ ခေတ်ပေါ်ဘာသာစကားကို သူလိုငါလိုပြော
တတ်၊ ရေးတတ်တဲ့အပြင်၊ အနုပညာသမားဆိုမှတော့
ဂန္ထ၀င်စာပေကိုလည်း အထိုက်အလျောက် ကျွမ်းဝင်ဖို့
လိုပေလိမ့်မယ်။ သီချင်းကြီး၊ သီချင်းခန့်ဆိုတာတွေကို
လေ့လာဖူးကာ ပျို့၊ ရတု၊ ဂန္ထ၀င်ကဗျာများကိုလည်း ထဲ
ထဲဝင်ဝင် ရှိသင့်တယ်။ အခုတော့ ရှေးဟောင်း ဂန္ထ၀င်
ဆိုတာ မပြောနဲ့ ၊ လွန်ခဲ့တဲ့ အနှစ် ၃-၄၀ က ကာလ
ပေါ်တေးကိုတောင်နားဝေးနေသူတွေ တွေ့နေရတယ်။
နန်းတော်ရှေ့ဆရာတင်ဆိုတာ   ခေတ်ဟောင်း တေး
ရေးဆရာများထဲမှာ အရပ်သုံး ခေတ်ပေါ်စကားကို အ
လွယ်ဆုံး သုံးနှုန်းရေးဖွဲ့တတ်သူပါ။ ဒါတောင် သူ့ရဲ့
"လက်ရေတပြင်တည်း" ကို ရွှေဥာဏ်တော်စူးပြီး
"လက်ရေတပြင်စီး" ရယ်လို့ လုပ်လိုသူ ပေါ်ခဲ့ဖူးသေး
တယ်။ ဒေါင်းလန်းကြီးနဲ့ စားကြတယ်ဆိုတော့ ထမင်း
ကို နှိုက်တဲ့ လက်အသီးသီးက ဟင်းရည်တွေဟာ
တပြင်တည်း စီးဆင်းနေတယ်ပေါ့လေ။ နောက်မှ
ဒီလိုမဟုတ်ရပါဘူး။ "လက်ရည်တပြင်တည်း" ဆို
တာ "တစိတ်တည်း တ၀မ်းတည်း" လို့ ဆိုလိုတာ
ဖြစ်တယ်လို့ ၀ိုင်းရေးကြ ထောက်ပြတော့မှ "လက်
ရည်တပြင်တည်း" ဖြစ်လာတော့တာ။ ဒါတောင်
"မင်းဂံဘုတ်" သီချင်းထဲက တောသူမလေး ခေါင်း
ပေါ်တင်လိုက်တာဟာ "ရှန်တဘက်" မဟုတ်ပါဘူး။
"ရှာတဘက်" ပါလို့ အဲဒီခေတ်ကို ကောင်းကောင်းမီ
လိုက်သူ လူထုဒေါ်အမာက ရှင်းပြပေမယ့် ခုထက်
ထိ ဒီသီချင်းဆိုသူတိုင်းက "ရှန်တဘက်" နေတုန်းပဲ။
မြို့မငြိမ်းကျတော့ နန်းတော်ရှေ့ထက် ခေတ်စကားကို
ခေတ်စကားကို ထူးထူးခြားခြားလေးဖြစ်အောင် ကွန့်
ပြီး သုံးတတ်သူဖြစ်တယ်။ သူ့တေးစာသားနဲ့လဲတွေ့
ရော၊ ခေတ်ဂီတပညာရှင်ကြီးတွေ ခြောက်ပါးမှောက်
ကုန် တော့တာပါပဲ။ (အယ်ဒီတာခင်ဗျာ။ ။ ငါးပါးမက
မှောက်ကုန်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်) ဒါကို
ဆရာရဲ့ "ပျို့မှာတမ်း" သီချင်းလေးကို ပြန် ဆို ကကြ
သံကြားတိုင်း ခံစားမိတယ်။
ပထမ မေဆွိ။ မနေ့တနေ့က ရီရီသန့်။ သီဆိုသူတွေ
ကိုတော့ အပြစ်မတင်လိုပါဘူး။ သူတို့ကို သင်ကြားပြ
သပေးလိုက်တဲ့ ဆရာသမားများက ညွှန်ပြသလို သူ့
ခမျာ များ ဆိုကြရတာ ဖြစ်မှာပေါ့။
လုပ်ပုံက "စားစား သွားသွား- နေ နေ၊ မောင့်အပေါ်
ဗွေမယူပေါင်ရှင်" တဲ့လေ။ အရေးအမှတ်မှားပြီး ဒီလို
ဖြစ်သွားရသလား၊ လူတတ်လုပ်ပြီး တမင်ပြင်သလား
တော့ မသိဘူး။ ကြည့်ရတာ "မောင့်အပူပွေသူ" ဆို
တဲ့ မြန်မာစကားအသုံးကို ဥာဏ်မမီလိုက်တာနဲ့ ထင်
ရာကြဲလိုက်ကြပုံပါပဲ။
"အပူပွေ" တယ်ဆိုတာ "ဗျာပွေ" တယ်နဲ့ အတူတူပါပဲ။
မိန်းကလေးက မောင့်အတွက် ပူပန်ရတဲ့ အပူတွေ
ပွေနေသူပါ၊ ဗျာပွေရသူပါလို့ ပြောနေတာ ဖြစ်တယ်။
စားလေရာ သွားလေရာ နေလေရာ သူ့မှာ မောင့်အ
တွက် ဗျာပါပွေရတယ်လို့ ဆိုလိုတယ်။ မောင်ဘယ်
သွားသွား၊ ဘယ်စားစား၊ ဘယ်မှာနေနေ၊ ဗွေမယူပါ
ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။
တနေ့က   ဆရာငြိမ်းရဲ့ "မပြီးသေးသော ပန်းချီကား"
သီချင်းကို ဆိုသွားကြတာတွေ ကြားလိုက်ရ ပြန်တယ်။
ဆရာငြိမ်းရေးရင်းက "ချစ်သူဟာလဲ မလှမ်းမကမ်းမှာ
ရောက်နှင့်တဲ့ကာမြင်" ရယ်လို့ ဖြစ်တယ်။
ဒါကို "ရောက်နှင့်ခဲ့တာမြင်" လို့    လုပ်သွားကြလေရဲ့။
သူ့ခမျာများ "တဲ့ကာ" မြန်မာစကားအသုံးကို မကြားဘူး
ရှာကြဘဲကိုး။ "သွားတဲ့ကာ၊ လာတဲ့ကာ" ဆိုတဲ့ အသုံး
အနှုန်း မြန်မာစကားမှာ ရှိပါတယ်။ သူ့နေရာနဲ့ သူ့
အဓိပ္ပါယ်နဲ့သူ ထိမိတဲ့ အသုံးအနှုန်းကလေး ဖြစ်တယ်။
ဒါနဲ့ "ခဲ့တာ" အစားဝင်လို့ မရပါဘူး။
မြန်မာစကားမှာ "လေသွေးတယ်" ဆိုတာ တော်တော်
ရိုးပါတယ်။ နှင်းဆီ အဖူး အငုံလေးတွေကို လေသွေး
လိုက်တော့ ဟိုယိမ်းဒီယိမ်းနဲ့ လုပ်လီလုပ်လဲ့ ဖြစ်နေတာ
ကို ခေတ်ဟောင်း တေးရေးပညာရှင်က "သွေးကာချီ
ဖူးပွင့်ငုံဝေစီ" လို့ လှလှပပလေး ဖွဲ့နွဲ့ထားပါတယ်။
ဒါကို ခေတ်ပြန်ဆိုသူက "ပွေ့ကာချီ ပွေ့ကာချီ ဖူးပွင့်ငုံ
ဝေစီ" လုပ်ပစ်လိုက်တော့ ပျက်ရော။ ရုန့်ရင်းကြမ်း
တမ်းလိုက်တဲ့ ဖြစ်ခြင်း။ မိန်းမပျိုကလေးရဲ့ ကိုယ်လုံး
လေးကို ရာဂုမ္မတ္တကြီးတဦးက ပွေ့ချီသွားတာကို မြင်
လိုက်ရတော့တယ်။
သက်ရှိ ခေတ်ဟောင်း  တေးရေးဆရာတဦးကတော့
ရုပ်မြင်သံကြားတွေ့ဆုံခန်းမှာ သူ့သီချင်းစာသားကို
မှားဆိုတဲ့အတွက် ဒုက္ခရောက်ရပုံကို ညည်းတွားရှာ
တာကို ကြားလိုက်ရဖူးတယ်။
သူ့ရေးရင်းက "ရှမ်းမလေးတွေ အချောရယ် ပေါတယ်"
လို့ရေးတာ၊ ချောမောလှပတဲ့ ရှမ်းမလေးတွေ ပေါများ
ပါတယ်ပေါ့။ ဒါကို "ရှမ်းမလေးတွေ ချောတယ် ပေါတယ်"
လုပ်ပစ်လိုက်တော့ သွားရော၊ ရှမ်းမလေးတွေဟာ ချော
လဲ ချောတယ်၊ ပေါလဲ ပေါတယ်လို့ ဖြစ်သွားလေတော့
တာပ။
နိုင်ငံကျော် သင်္ကြန်သီချင်းတပုဒ်မှာ စာသားက "မြနန္ဒာ
ရေညိုညို ရစ်ကာသန်းတဲ့ ရွှေမန်းတောင်ရိပ်" ရယ်လို့
ဖြစ်ပါတယ်။ ကိုအံ့ကြီး သီဆို အသံသွင်းထားရမှာလည်း
အဲဒီအတိုင်းပဲ ကြားနိုင်ပါတယ်။ ဒါကို နောက်ပါက် အ
ဆိုတော်တဦးက "မြလေးလေးနန္ဒာ ရေညိုညို ရစ်ကာ
သန်းတော့" ရယ်လို့ ဖျက်ဆီးပစ်လိုက်တယ်။ "မြနန္ဒာ"
ကို "မြလေးလေးနန္ဒာ" လုပ်ပစ်တာက ရှိရင်းစွဲ စာသား
နဲ့တင် စည်းဝါးကိုက်အောင် မဆိုနိုင်ရှာလို့ - လို့ နား
လည်ရတယ်။ "ရစ်ကာသန်းတဲ့" ကို "ရစ်ကာသန်းတော့"
လုပ်လိုက်တာကတော့ မြန်မာစကားကို မတတ်တာပါပဲ။
ရှေးအတိတ်တဘောင်က "အသက်ကလေးရယ်တဲ့ ရှည်
စေလို၊ မြနန္ဒာရေညိုသန်းတဲ့ (တယ်) မန်းတောင်ရိပ်ခို"
ရယ်လို့ ရှိတယ်။ ဒါကို သီချင်းထဲမှာ သုံးထားတာပဲ ဖြစ်
တယ်။ "ရေညိုသန်းတော့ မန်းတောင်ရိပ်ခို" ဆိုတော့
ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။ "ရေညိုသန်းသောအခါ
မန်းတောင်ရိပ်ခို" ဆိုတာ စကား အဆက်အစပ်ကို မ
ရှိတော့ဘူး။
ပါရမီရှင်ကဖွဲ့သီရေးစပ်ထားတဲ့တေးဂီတများဟာ တိုင်း
ပြည်ရဲ့ အနုပညာရတနာများပဲ ဖြစ်တယ်။ နောင်လာ
နောက်သားများက တရိုတသေ ထိန်းသိမ်းကြရဖို့ တာ
ဝန်ရှိတယ်။ ကိုယ် စာပေဗဟုသုတ ခေါင်းပါးတိုင်း
လျှောက်ပြီး ဖျက်ဆီးပစ်နေဖို့ မကောင်းဘူး။ အနုပညာ
သမားရယ်လို့ လုပ်ချင်မှတော့ လေ့လာရမှာပေါ့။ စီး
ဝါးတတ်ကျွမ်းအောင် လေ့ကျင့်ရသလို တေးထဲမှာ
သုံးထားတဲ့ ဘာသာစကားကိုလဲ နှိုက်နှိုက်ချွတ်ချွတ်
လေ့လာအပ်တယ်။ ခေတ်ဟောင်းအဆိုတော်ကြီး
ဒေါ်မေရှင်က တွေ့ဆုံခန်းတခုမှာ "သီချင်းစာသား
တွေကိုတော့ ဖျက်မပစ်ကြပါနဲ့လို့ တောင်းပန်ချင်
တယ်ကွယ်" လို့ ပြောတာကို မှတ်သားလိုက်ဖူးတယ်။
ဒါ တာဝန်သိ အနုပညာသည်တဦးရဲ့ ရင်ဖွင့်သံပါပဲ။
သီချင်းဆိုတယ်ဆိုရာမှာ စကားသံပီဖို့လည်း အရေး
ကြီးတယ်။ ကနေ့ခေတ် လူငယ်များ မပီကလာ ဆို
ကြတာကို ပြောကြရေးကြ လှပါပြီ။ သီချင်းကလေး
မဟုတ်၊ သီချင်းကြီးဆိုရာမှာ စကားမပီတဲ့အတွက်
စိတ်ပျက်မိကြောင်း ကျွန်တော်လည်း ရေးဖူးပြီ။
"လျှပ်ပန်းခွေနွဲ့" ကို သီဆိုသွားသူတဦးက "ဘ၀ဂ်
စောင်းအောင်" ကို "ဘ၀ဂ်ဆောင်းအောင်" လို့ ဆို
သွားတဲ့အကြောင်းပါ။ "စ" သံ နဲ့ "ဆ" သံကို မပီဘဲ
ပြောကြဆိုကြတာ ရန်ကုန်မှာ ခေတ်စားနေပေမယ့်
သီချင်းဆိုရာမှာ ပရိသတ်ရှေ့မှာတော့ ပီအောင် ကြိုး
စားဖို့ ကောင်းတယ်။ ရုပ်မြင်သံကြား ကြော်ငြာတခု
မှာ "ဝေဒနာ" ကို "ဝေသနာ" လို့ ပြောသွားတာ။
"စောင်းတန်း" ကို "ဇောင်းတန်း" လို့ ဖတ်သွားတာ
ကို (အမှန်က "စောင်းဒန်း") လဲ ကြားလိုက်ရသေး။
ကြော်ငြာတခုမှာတော့ ရေးပေးသူက ကာရန်ယူပြီး
ရေးပေးလိုက်ပုံ ရပါတယ်။ ဖတ်တဲ့သူက မဖတ်တတ်
တော့ ကိုးရိုးကားရား ဖြစ်သွားရော။ "မြန်မာပြည်
တ၀န်း နာမည်ဆန်း" တဲ့။ (ဖြစ်သင့်တာက "မြန်မာ
ပြည်တ၀န်း နံမည်ဆန်း")။ စာအတိုင်း ဖတ်နေစရာ
မလိုပါဘူး။ "ရေးတာက အမှန် ဖတ်တာက အသံ"
ဆိုထားတာပဲ။ "နံမည်" လို့ဖတ်မှ "မြန်မာပြည်" နဲ့
ကာရန် ညီမှာပေါ့။
အပျင်းပြေ နားထောင်ကြည့်မိရင်း ပြုံးမိတဲ့ ကြော်ငြာ
တခုကတော့ "လိပ်ခေါင်းရောဂါရှိလိုက်တာ" တဲ့။
ဘယ်မြန်မာလူမျိုးကမှ အဲဒီလို မအော်ဘူး။ "အမလေး
မြန်မာစကား မပြောတတ်လိုက်တာ၊ ကယ်ပါဦး" လို့
ပဲ ပြန်အော်ဖို့ ကောင်းတယ်။
"ကျင်းပလိမ့်မှာဖြစ်ကြောင်း"၊ "သွားရောက်လိမ့်မှာ
ဖြစ်ကြောင်း" တဲ့။ မြန်မာစကားမှာ "လိမ့်" နဲ့ "မှာ"
တွဲသုံးတာ ရှိကို မရှိဘူး။ ဒီလူတွေ ဒီအသုံးအနှုန်း
ကို ဘယ်ကများ ကောက်ရထားပါလိမ့်လို့သာ အံ့
သြမိ ရတော့တယ်။
ကြားသိရသမျှ မြန်မာစာ မြန်မာစကား ဆင်းရဲကြ
ပုံတွေထဲက သိသာရုံ အကျဉ်းမျှ တင်ပြလိုက်ရတာ
ဖြစ်ပါကြောင်း။
မောင်သာနိုး။
[မြင့်မြတ်သူ စာအုပ်တိုက်က ထုတ်ဝေတဲ့ မောင်သာနိုး
ရဲ့ မြန်မာစကားနဲ့စာပေ စာအုပ်၊ ၂၀၀၁ ခုနှစ်၊ မေလ၊
ပထမအကြိမ်ပုံနှိပ်ခြင်းမှ ကူးယူဖော်ပြပါတယ်။]

လမင်းတရာ စာပေဆက်ဆံရေးကနေ ကူးယူဖေါ်ပြတယ်။

Sunday, December 17, 2017

Irrfan_Khan

#Irrfan_Khan (ကမ္ဘာ့အကောင်းဆုံးသမိုင်းဝင်ရုပ်ရှင်များ
ထဲမှအိန္ဒိယသားတစ်ဦး (သို့ ) Hollywoodရုပ်ရှင်နယ်ပယ်
မှာအအောင်မြင်ဆုံးအာရှတိုက်သားဇာတ်ပို့ တစ်ဦး)
………………………………………………………………………
.
.
.
.
       "သင်လိုချင်တဲ့ဘဝဟာ သင်မလိုချင်တဲ့
အရာတွေနဲ့ စတင်လိမ့်မယ်။ "

                                   Irrfan Khan

           ၁၉၆၇ခုနှစ် ဇန်နဝါရီလ ၇ရက်နေ့ ။

အနောက်အိန္ဒိယခြမ်းမှာရှိတဲ့Rajasthanဆိုတဲ့
ပြည်နယ်ထဲက ရွာတစ်ရွာမှာမွေးဖွားမူတစ်ခုစတင်
ခဲ့တယ်။ ရာဘာနဲ့ တာရာဘီးကုန်ကြမ်းတွေလုပ်
တဲ့မိသားစုက ဒီကလေးကိုမွေးဖွားခဲ့တဲ့အတွက်
သိပ်တော့ချို့ တဲ့လှတယ်မဟုတ်ဘူး။သာမာန်အ
နေအစားပြေလည်တဲ့လူလတ်တန်းစားမိသားစုက
မွေးဖွားခဲ့တဲ့ ဒီကလေးကိုSahabzade Irfan
Ali Khanလို့ နာမည်ပေးခဲ့ကြတယ်။သူဟာမူဆ
လင်မိသားစုကပေါက်ဖွားခဲ့ပေမယ့် တမိပေါက်တ
ယောက်ထွန်းဆိုသလို စုန်းပြူးပါ။ကျောင်းစနေအ
ရွယ်မှာတင်ဘာကြောင့်မှန်းမသိ အသားငါးမစား
တော့ပဲ အသီးအရွက်သာစားဖို့ စတင်ခဲ့ပါတယ်။ဒါ
နဲ့ တင်မပြီးပဲ ဒီကလေးဟာမူလတန်းအရွယ်မှာ
တင်ပြည်နယ်ရဲ့ အလုပ်သမားလစာတိုးမြှင့်ရေး
ဆန္ဒပြပွဲ Khajuriyaရွာမှာမြေယာသိမ်းမူကိုဆန္ဒ
ပြပွဲတွေမှာလိုက်ပါအော်ခဲ့လို့ ဖခင်ဖြစ်သူရဲ့ရိုက်
ခြင်းကိုမကြာခဏခံခဲ့ရတယ်။ ဖခင်ကသားဖြစ်သူ
စုန်းပြူးကိုလိမ္မာစေဖို့ ကျောင်းပြောင်းခဲ့တဲ့အထိ
လုပ်ဖူးသလို ဘယ်လိုပဲဆုံးမမအဖေတဲ့သားတစ်
လကြီးတတ်တဲ့ ဒီကလေးဟာ အလယ်တန်းအ
ရွယ်မှာတော့ နိုင်ငံရေးသရော်စာတွေအထိရေးပြီး
မဂ္ဂဇင်းထံ စာတိုက်မှတဆင့် ၇ကြိမ်ထိပို့ ခဲ့ဖူး
တယ်။ ဒါကြောင့်လည်းကျောင်းမှခေါ်ယူဆုံးမခြင်း
ကိုခံခဲ့တဲ့အထိဖြစ်လာခဲ့ပါတယ်။ သူ့ ဇကပေါ့သေး
သေးတော့မဟုတ်ဘူး ဒီလိုတွေဆိုးတတ်ပေမယ့်
စာအရမ်းတော်တဲ့အပြင် အသက်၁၇နှစ်မှာတင်
နယူးဒေလီကNational School of Drama ကိုတက်ရောက်ဖို့ ပညာသင်ဆုပေးအပ်ခြင်းကိုခံ
ခဲ့ရပါတယ်။NSOD မှာတက်ရတဲ့အချိန်ကာလ
ဟာ သူ့ ကိုမီးလောင်ရာလေပင့်လုပ်ပေးလိုက်
တာလို့ ပဲဆိုရမယ်။ အသက်၁၈နှစ်မှာဇာတ်လမ်း
ဇာတ်ညွှန်းရေးနိုင်တဲ့အထိထူးချွန်လာသလို သူ
ရေးတဲ့ဇာတ်လမ်းတွေကို မွန်ဘိုင်းကထုတ်လုပ်
ရေးတစ်ခုထံ အကြိမ်၂၀ထက်မနည်းပို့ ခဲ့ဖူးပေ
မယ့် တကြိမ်မှအကြောင်းပြန်ခြင်းမခံခဲ့ရဖူးပါဘူး။
သူဆိုတာကတော့ တခြားလူမဟုတ်ဘူး။အိန္ဒိယ
ကနေ Hollywoodရုပ်ရှင်လောကထိသွားပြီး
ကမ္ဘာကျော်ရုပ်ရှင်များစွာမှာ ပါဝင်လာမယ့် အိန္ဒိ
ယအစိုးရကပေးအပ်တဲ့ Honourဆုကိုရလာ
မယ့် Bollywoodကနေ Hollywoodရုပ်ရှင်
လောက၂ခုလုံးမှာ တမူကွဲပြားနေတဲ့သရုပ်ဆောင်
မူတွေနဲ့ ကမ္ဘာကျော်သရုပ်ဆောင်တစ်ဦးဖြစ်လာ
မယ့် Bollywoodရဲ့အနုပညာကြေးမြင့်သရုပ်
ဆောင်တွေထဲကတစ်ဦးဖြစ်လာမယ့် Irrfan
Khan ကြီးပါပဲ။

                 " တန်ဖိုးမရှိတဲ့လူတန်းစားတွေဟာ
ကိုယ်ဆက်လက်ရပ်တည်နိုင်ဖို့ ပဲအသက်ရှင်ကြ
တယ်။ တန်ဖိုးရှိတဲ့လူတန်းစားတွေကတော့ လူ
အများစုအတွက်အသက်ရှင်ကြတယ်။ "

                               Irrfan Khan

         Irrfan Khanအနုပညာလောကထဲကိုစ
ဝင်လာတော့ အသက်က၁၈နှစ်သာရှိပါသေး
တယ်။ ဝင်လာပုံဟာလည်းတခြားမင်းသားတွေလို
တော့မဟုတ်ခဲ့ဘူး။ နယူးဒေလီကနေ မွန်ဘိုင်းကို
တက်လာပြီး ရုပ်ရှင်Studioတစ်ခုထဲနေခွင့်ရဖို့ 
ခွင့်တောင်းပြီး ရုပ်ရှင်လောကဆိုတဲ့အထုအ
ထောင်းများလှတဲ့နယ်ပယ်ထဲစတင်ဝင်ရောက်ခဲ့ပါ
တယ်။ရုပ်သံseries companyတစ်ခုကဖွဲ့ 
စည်းတဲ့အရံသရုပ်ဆောင်အဖွဲ့ မှာစပါပြီး သူ့ ရဲ့ရုပ်
ရှင်မင်းသားဆိုတဲ့အိမ်မက်ကိုစတင်ရုန်းကန်လာ
ခဲ့တယ်။ယနေ့ ခေတ်အိန္ဒိယမှာမင်းသားဖြစ်ဖို့ အ
ရေးဟာသိပ်လွယ်ကူလှတယ်တော့မဟုတ်ဘူး။အ
ရေအတွက်အရအိန္ဒိယသရုပ်ဆောင်နယ်ပယ်ဟာ
ပေါပေါလောလောမထွက်လာတော့သလို ငွေရှိလို့
မင်းသားထလုပ်တဲ့လူတန်းစားဟာလည်းကိုယ့်စ
ရိတ်နဲ့ ကိုယ်အချိန်တန်ရင်ချောင်ကပ်သွားမယ့်
ခိုင်မာတဲ့ Film Industryတစ်ခုဖြစ်နေပါပြီ။
လက်ရှိအိန္ဒိယရုပ်ရှင်နယ်ပယ်ထဲကBollywood
ရုပ်ရှင်လောက ။ Bollywoodဟာအနောက်
ကမ္ဘာခြမ်းကိုဦးညွှတ်စရာမလိုပဲ သီးသန့် ရပ်တည်
နိုင်တဲ့နယ်ပယ်တစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့တာကြာ
ပါပြီ။ ဒီလိုတွေမဖြစ်လာခင်လွန်ခဲ့တဲ့နှစ်၃၀က
Irrfan Khanဆိုတဲ့လူငယ်တစ်ယောက်မင်း
သားဖြစ်ချင်လွန်းလို့ ရရာနေရာကပါပြီး အိန္ဒိယ
ဇာတ်လမ်းတွဲတစ်ချို့ မှာစတင်ပါဝင်ခဲ့ပါတယ်။
Irrfan Khanကိုဘယ်မှာစသိကြလဲမေးရင်
Life Of Pi, Slumdog Millionaire နဲ့ ဒီ
ဖက်ခေတ်လိုကာလကရုပ်ရှင်တွေသာအများစုက
မြင်ကြလိမ့်မယ်။ ဒါပေမယ့် Irrfan Khanဟာသူ
ပမထဆုံးရုပ်ရှင်ကားဆိုတာကြီးမှာစပါရတဲ့ကာလ
မှာတင်မထင်ထားစရာတွေကိုလုပ်ပြခဲ့ပြီးသူဖြစ်ပါ
တယ်။ ၃နှစ်ကျော်လောက် ရုပ်သံဇာတ်လမ်းတွဲ
တွေမှာတိုင်ပတ်နေတုန်း ရုပ်ရှင်ကားတစ်ကားမှာ
မထင်မရှားနေရာကပါဝင်ခွင့်ရခဲ့တယ်။Irrfan
Khanပထမဆုံး ရုပ်ရှင်နယ်ပယ်ထဲစပါရတဲ့ကား
Salaam Bombayဟာ ၁၉၈၈ခုနှစ်လိုကာလ
မှာတောင်ကမ္ဘာသိအိန္ဒိယကားတစ်ကားဖြစ်ခဲ့ပါ
တယ်။ Salaam Bombayရုပ်ရှင်ဟာအိန္ဒိယ
အာရှကပေးတဲ့ဆုတွေတင်မကပဲ Oscarနဲ့ 
ရွှေကမ္ဘာလုံးဆုတွေပါရယူခဲ့တဲ့ ကမ္ဘာ့အကောင်း
ဆုံးရုပ်ရှင်ကား၁၀၀၀ထဲ ထိပ်ဆုံး၁၀၀စာရင်းမှာ
ချိတ်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ချီးဘူးကားဆို
တာနဲ့ ငယ်ငယ်ကဗီဒီယိုရုံမှာပြေးကြည့်ရတဲ့ကား
ပေါ့။ ဒါတင်မကပါဘူးSalaam Bombayဟာ
အိန္ဒိယရဲ့အထင်ကရရုပ်ရှင်တွေဖြစ်တဲ့ PK
3Idiots MyNameIsKhan တို့ လိုကမ္ဘာသိ
ရုပ်ရှင်တွေတောင်စံချိန်မတင်နိုင်တဲ့ ကမ္ဘာ့ရုပ်ရှင်
ပွဲတော်တွေမှာအကြိမ်ရေအများဆုံးပြသခံရတဲ့
ရုပ်ရှင်အဖြစ်သမိုင်းထင်ရှားလှသလို ဒီရုပ်ရှင်
ကြောင့်အိန္ဒိယက ပညာမသင်ရတဲ့ကျေးရွာ၂၀၀
ကျော်မှာ စာသင်ကျောင်းတွေဖြစ်လာဖို့ အထိနိုင်
ငံတကာကထောက်ပံ့မူတွေရရှိခဲ့ပါတယ်။အာရှ
မှာဒီလိုစံချိန်တွေတင်ထားခဲ့တဲ့ကားဟာလက်ချိုး
ရေလို့ ရပေမယ့်Salaam Bombayလောက်
၂၀ရာစုကုန်မှာ ဂယက်ထခဲ့တဲ့အိန္ဒိယရုပ်ရှင်မရှိခဲ့
ပါဘူး။ Irrfan Khan ဟာအသက်၂၀အရွယ်မှာ
တင်ဒီလိုကမ္ဘာ့အထင်ကရရုပ်ရှင်မှာပါခဲ့ဖူးသူဖြစ်ပါ
တယ်။

         " ပညာမသင်ရတဲ့လူတွေထက် ပညာတတ်
တွေက ကမ္ဘာကြီးကိုပိုဒုက္ခပေးတတ်ကြတယ်။ "

                                     Irrfan Khan

         ၁၉၈၈ခုနှစ်ကစပြီး ရုပ်ရှင်လောကထဲဇာတ်
ပို့ ဇာတ်ရံအနေနဲ့ စဝင်လာခဲ့တဲ့ Irrfan Khan
ဟာ ၂၀၀၀ပြည့်နှစ်နောက်ပိုင်းမှာတော့ခေါင်း
ဆောင်မင်းသားတစ်ဦးဖြစ်လာခဲ့ပါတယ်။Irrfan
Khan ရဲ့ရုပ်ရှင်တွေကတခြား အိန္ဒိယကားတွေနဲ့ 
စာရင်အနည်းငယ်ကွဲနေတတ်တယ်။ခင်ဗျားဟာ
Bollywoodမူနဲ့ ရုပ်ရှင်တွေကိုသာနှစ်သက်သူ
ဖြစ်ပြီး တခြားဂျပန် British ပြင်သစ်ပုံစံရုပ်ရှင်
တွေကိုကြိုက်နှစ်သက်လေ့မရှိသူဆို ထိုနိုင်ကရုပ်
ရှင်တွေကခင်ဗျားအတွက်ပျင်းစရာဖြစ်နေပါလိမ့်
မယ်။ဒီသဘောပါပဲ Irrfan Khanရဲ့သရုပ်ဆောင်
မူနဲ့ dialoguesအပြောအဆိုဟာအိန္ဒိယမူနဲ့ အ
နည်းငယ်ကွာဟနေတတ်ပါတယ်။Irrfan Khan
လို့ ဆိုတာနဲ့ ပြောစရာရုပ်ရှင်တွေကတော့အများ
ကြီးပေါ့။ ဒါပေမယ့်ကျွန်တော်ကြည့်ဖူးတဲ့Irrfan
Khanရဲ့ရုပ်ရှင်တချို့ အကြောင်းသာပြန်ဖောက်
သည်ချပါရစေ။

#Slumdog_Millionaire
……………………………………

          ၂၀၀၈ခုနှစ်မှာရုံတင်ပြသခဲ့တဲ့Slumdog
Millionaireရုပ်ရှင်ဟာ အိန္ဒိယရုပ်ရှင်သမိုင်းမှာ
အထင်ကရရုပ်ရှင်ဖြစ်စေခဲ့ပါတယ်။စတင်ရွေးချယ်
မူမှာဒါရိုက်တာနဲ့ ထုတ်လုပ်သူတွေရဲ့အစောပိုင်း
ရွေးချယ်မူတွေအပေါ်ဝေဖန်မူများစွာရှိခဲ့ပါတယ်။
ငယ်ဘဝသရုပ်ဖော်မူတွေမှာ ဇာတ်ရံကလေးတွေ
အဖြစ် မွန်ဘိုင်းရဲ့အလေအလွင့်ကလေးတချို့ကို
ခေါ်ယူအသုံးပြုခဲ့မှူဘာသာရေးပဋိပက္ခplotတွေ
မှာတကယ့်အိမ်ယာမဲ့တချို့ ကိုအသုံးပြုခဲ့မှူနဲ့ ရိုက်
ကွင်းတချို့ ကိုလည်းကျူးကျော်လိုနေရာတွေမှာ
ရိုက်ခဲ့မှူတို့ကြောင့်ဒါရိုက်တာအပေါ်ဝေဖန်မူတွေ
ရှိခဲ့ပါတယ်။ငွေကြေးအရဒေါ်လာ၁၅သန်းသာအ
အကုန်ကျခံရိုက်ကူးခဲ့ပြီး ရိုက်ကူးချိန်ကာလအား
လုံးမှာDev Patelဟာသူ့အခန်းမပါလည်းရိုက်
ကွင်းကိုလာဖို့ဒါရိုက်တာကခိုင်းစေခဲ့ပါတယ်။ဗြိ
တိသျှဒါရိုက်တာဖြစ်တဲ့Danny Boyleရဲ့လုပ်
ဆောင်ချက်တွေကရိုက်ကူးနေစဉ်နားမလည်ခဲ့ကြ
ပေမယ့် ရုံတင်လာချိန်မှာတော့ဒီကားဟာထင်
ထားတာထက်အဆများစွာအောင်မြင်ခဲ့ပါတယ်။
ဂျမယ်လ်ရဲ့အကိုဖြစ်သူစလင်းရဲ့ငယ်ဘဝနေရာမှာ
ပါဝင်ခဲ့တဲ့ပီနားဆိုတဲ့ကလေးဟာရိုက်ကူးနေစဉ်
မတော်တဆsettingပြိုကျမူကြောင့်လက်ကျိုးခဲ့
ရသလိုPatelကိုယ်တိုင်လည်းတစ်ရက်၅နာရီမျှ
သာအိပ်ချိန်ရှိခဲ့ပါတယ်။အကျိုးဆက်ကတော့
Slumdog Millionaireဟာအမေရိကန်ဒေါ်
လာ၃၇၇သန်း၉သိန်းကျော်ရခဲ့သလို Oscarဆု
တွေအပြင် ဆုပေါင်းများစွာပါရရှိခဲ့ပါတယ်။ငွေ
ကြေးများများသုံးမှကမ္ဘာကျော်ရုပ်ရှင်ဖြစ်မယ်ဆို
တဲ့ယူဆချက်ရှိလျှင်Slumdog Millionaire
ကိုစံနယူနာယူသင့်ပါတယ်။Slumdog
Millionaireဟာအိန္ဒိယရဲ့အကောင်းဆုံးလူနေ
မူစရိုက်ချပြခဲ့မူရုပ်ရှင် ဘာသာရေး လူမျိုးရေး ပ
ညာရေး နဲ့ messageများစွာကိုချပြနိုင်ခဲ့တဲ့အ
တွက်ရော ငွေအရင်းနည်းနည်းနဲ့အမြတ်အများ
ဆုံးရယူခဲ့တဲ့ကားအဖြစ်ပါနာမည်ကြီးခဲ့ပါတယ်။ဒါ့
အပြင်Slumdog Millionaireဟာကမ္ဘာ့အ
ကောင်းဆုံးရုပ်ရှင်ကား၁၀၀၀စာရင်းမှာပါဝင်ခဲ့သ
လိုအိန္ဒိယရုပ်ရှင်သမိုင်းမှာအကောင်းဆုံးကား၁၀
ကားစာရင်းဝင်ခဲ့ပါတယ်။ဒီကားကြောင့်မွေဘိုင်း
အိမ်ယာမဲ့နဲ့ အလေအလွင့်ကလေးတွေရဲ့ဘဝရပ်
တည်မူကိုပေါ်လွင်ခဲ့ရပြီး အိန္ဒိယလွှတ်တော်မှာ
၂၀၀၉ခုနှစ်မွန်ဘိုင်းအမတ်အဆိုတင်သွင်းရာမှာ
လည်းSlumdog Millionaireရုပ်ရှင်ထဲကက
လေးသူငယ်တွေဘဝရပ်တည်မူထပ်ပိုဆိုးကြောင်း
ထည့်သွင်းထောက်ပြခဲ့ပါတယ်။Slumdog
MillionaireဟာGolden Globes၄ဆုရတဲ့
အိန္ဒိယရုပ်ရှင်ကားအဖြစ်လည်းသမိုင်းဝင်ခဲ့ပါ
တယ်။ အိန္ဒိယရဲ့Mozartဖြစ်တဲ့AR Rahman
ကြီးဟာလည်းဒီကားမှာMusic Directorအဖြစ်
ပါဝင်ခဲ့ပြီးJaihoသီချင်းနဲ့Oscarဆုကိုရခဲ့ပါ
တယ်။Slumdog Millionaireရုပ်ရှင်ဟာအ
ရင်းအရဒေါ်လာ၁၅သန်းသာကုန်ကျခဲ့ပေမယ့်
အမြတ်ငွေဟာဒေါ်လာ၃၇၇သန်း၉သိန်းကျော်ရခဲ့
ပါတယ်။နည်းပညာရော ငွေကြေးအရပါကြီးကြီး
မားမားမလုပ်ပြထားတဲ့အပြင် ပါဝင်တဲ့အဓိကသ
ရုပ်ဆောင်လူငယ်တွေဟာလည်းနာမည်ကြီးသ
ရုပ်ဆောင်တွေမဟုတ်ခဲ့ပါဘူး။ ထူးခြားမူကတော့
Slumdog Millionaireမှာ Irffan Khan
ဟာ ရဲနေရာကပါဝင်ပြီး ဇာတ်ပို့ အဖြစ်အပြည့်အ
ဝပါဝင်အားဖြည့်ခဲ့တာပါပဲ။ Slumdog မှာကျွန်
တော်အကြိုက်နှစ်သက်ဆုံးနေရာက စလင်းရယ်
Host လုပ်တဲ့Anil Kapoorရယ် ရဲမှူးလုပ်တဲ့
Irrfan Khan နေရာတို့ ရယ်ပါပဲ။

       "ရွေးချယ်မူတွေအများကြီးရှိတဲ့ကမ္ဘာကြီးမှာ
ခင်ဗျားရဲ့ရည်မှန်းချက်ကို ရွေးချယ်ဖို့ ဘာကြောင့်
ကြောက်ရွံနေရတာလဲ။ ?"

                                   Irrfan Khan

            ဒီလိုကမ္ဘာ့ရုပ်ရှင်လောကမှာအထင်ကရ
ဖြစ်စေခဲ့တဲ့ရုပ်ရှင်ကားတွေမှာIrrfan Khanကို
ဘာကြောင့်ရွေးကြသလဲဆိုတဲ့အချက်တွေကစဉ်း
စားစရာဖြစ်နေလိမ့်မယ်။ အိန္ဒိယမှာIrrfan
Khanလို အာရှ British Hollywoodရုပ်ရှင်
နဲ့ အံကျတဲ့သရုပ်ဆောင်မရှိလို့ ပါပဲ။ဥပမာတစ်ခု
အနေနဲ့ Bollywoodကနာမည်ရဇာတ်ပို့ တစ်ဦး
ကို Amazing Spider-ManလိုSuperhero
ရုပ်ရှင်ကားမှာဇာတ်ပို့ အဖြစ်သုံးရင်ဘာတွေဖြစ်
လာမလဲ။ Bollywoodဟာ ဂျပန်လိုပဲသူတို့ မူ
ကိုသာအရိုးစွဲသွားနေတတ်တဲ့ ဓလေ့ဟာယခုထိ
ရှိနေဆဲပါ။ဒီအချက်ဟာ သူ့ ပြည်တွင်းပရိတ်သတ်
ကိုသာဈေးကွက်ဦးစားပေးတည်တဲ့အတွက်ပြသ
နာမရှိပေမယ့် နိုင်ငံတကာမူတွေအရတော့အံဝင်
ဖို့ အနည်းငယ်ကွဲလွဲနေကြဆဲဖြစ်ပါတယ်။ဒီအ
ချက်ကြောင့်လည်း Irrfan Khanအပေါ်ဝေဖန်မူ
တွေရှိကြသလို Hollywood နဲ့ Bollywood
ကြား ခွပြီးနေတဲ့ Irrfan Khanဟာအိန္ဒိယမှာ
တော့ Khan ၃ Khanနဲ့တောင်မတူညီတဲ့လမ်း
နဲ့ ရပ်တည်နေသူတစ်ဦးလည်းဖြစ်လာခဲ့ပါတယ်။
 Amazing Spider-Manမှာ Irrfan Khan
ဟာဇာတ်ပို့ နေရာကပါဝင်ခွင့်ရခဲ့တယ်။ ၂၀၁၂ခု
နှစ်ဟာ Irrfan Khanရဲ့နှစ်လို့ တောင်ပြောရမှာ
ပါပဲ။ Amazing Spiderအတွက်ရိုက်ရက်အ
ပြီး ၂ရက်သာနားခဲ့ရကာ ရုပ်ရှင်ကားတစ်ကားအ
တွက်ပြင်ဆင်ဖို့ ဒါရိုက်တာကစတင်ပြောကြားခဲ့
တယ်။ ဒီကားဟာလည်း ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာ
အကောင်းဆုံးရုပ်ရှင်ကား ၁၀၀၀ထဲထိပ်တန်းlist
ကနေပါဝင်ထားတဲ့ Life of Pi ရုပ်ရှင်ကားကြီး
ပါပဲ။

#Life_of_Pi
……………………

 "Faith is a house with many rooms."

               
                           ရုပ်ရှင်ဆိုတာအပျင်းပြေရုံ
ဖျော်ဖြေမူရရုံသက်သက် အချိန်ကုန်ခံကြည့်ရတဲ့
အနုပညာမဟုတ်မှန်း  သက်သေပြနိုင်တဲ့ရုပ်ရှင်
ကားများစွာရှိပါတယ်။ခင်ဗျားဟာ တစ်ပတ်နေလို့ 
စာအုပ်တစ်အုပ်တောင်သေချာကျနစွာဖတ်လေ့
ဖတ်ကျင့်မရှိသူဆိုရင်တောင် သီချင်း၁ပုဒ်ရုပ်ရှင်
၁ကားကြည့်ဖို့ အတွက်တော့စာဖတ်ခြင်းလောက်
လေးလံနေတတ်မယ်မထင်ဘူး။Tom Hanks
ရဲ့Forrest Gump , Cast Away, Bigတို့ ကို
ကြည့်ဖူးရာက ရုပ်ရှင်ဆိုတာကိုတန်ဖိုးထားတတ်
လာခဲ့တယ်။Salaam Bombay, Life Of Pi,
Slumdog Millionaire တို့ လိုကားတွေကြည့်
ဖူးရာက အိန္ဒိယကအနုပညာသမားတွေကိုတအံ့
တသြဖြစ်ခဲ့ရတယ်။ Life Of Piဟာreviewအ
နေနဲ့ ရေးဖို့ အတော်လေးလံတဲ့တာဝန်ကြီးရုပ်ရှင်
တစ်ကားပါပဲ။ဘာကြောင့်လဲဆို သင့်ရဲ့နားလည်
နိုင်စွမ်းနဲ့ တခြားသူရဲ့တွေးမြင်နိုင်စွမ်းဟာLife Of
Piလိုရုပ်ရှင်မှာ သဟဇာတအပြည့်အဝဖြစ်ဖို့ ခက်
ခဲလွန်းလှပါတယ်။ ဒါကြောင့်လည်းဒီLife Of
Pi ကိုကျွန်တော်နားလည်သလောက်ခပ်ပေါပေါ
အမြင်နဲ့သာပြန်ရေးလိုက်ပါတယ်။

             ၁၆နှစ်အရွယ်ကောင်လေးတစ်ယောက်
ရယ်မြင်းကျားတောခွေး လူဝံမ ကျားစတဲ့တိရစ္ဆာန်
၎ကောင်ရယ် လှေတစ်စင်းရယ် ပစိဖတ်သမုဒ္ဒရာ
ရယ်ပေါ့။ Life Of Piမှာ Piဆိုတဲ့ကောင်လေး
ဟာ သမုဒ္ဒရာထဲ မသေအောင်၂၂၇ရက်လုံးကြိုး
စားရှင်သန်ခဲ့ရမူအပေါ် ၂မျိုးပြန်ပြောပြခဲ့တယ်။
ဒါဟာလက်ရှိလူ့ ဘောင်အသိုင်းအဝိုင်းမှာရှိတဲ့
ပါးစပ်နဲ့ သာဝေဖန်ပိုင်းခြားတတ်သူတွေရယ်
အတွေးအမြင်နဲ့ အလုပ်လုပ်တတ်သူတွေရယ်ကွဲ
ပြားနေမူ၂ပိုင်းကိုထောက်ပြခဲ့မူပါပဲ။Piရဲ့ပထမ
ဇာတ်လမ်းမှာ………မြင်းကျားကိုတောခွေးကစား
ခဲ့သလို တောခွေးနဲ့ တိုက်ခိုက်တဲ့လူဝံမဟာလည်း
သေဆုံးသွားခဲ့ရတယ်။နောက်ဆုံးမှာအင်အားအ
ကြီးဆုံးကျားက တောခွေးကိုစားပစ်ခဲ့တယ်။Pi
နဲ့ ကျားသာကျန်တော့ချိန် လောကသဘာဝအရ
ကျားဟာ Piကိုစားမှာပါပဲ။ ဒါပေမယ့်Piဟာသူ
သတ်စားမခံရအောင် ကျားနဲ့ဘယ်လိုဆက်ခရီးခဲ့
သလဲ? ……………………
…………………ဖွံ့ ဖြိုးဆဲနိုင်ငံတွေမှာ အာဏာနဲ့ ငွေ
ဟာလူတွေရဲ့အင်အားဖြစ်လာခဲ့တယ်။အာဏာကို
ပိုင်တဲ့သူဟာလည်းအာဏာနဲ့ ငွေကြေးရဖို့ လုပ်
တတ်ကြသလို ငွေကြေးကိုပိုင်ဆိုင်ထားသူတွေက
လည်း အာဏာရှိသူနဲ့ ပေါင်းပြီးပိုကြွယ်ဝအောင်
လုပ်လာတတ်ကြတယ်။ ခင်ဗျားဟာ သာမာန်
လယ်သမားတစ်ဦး(ခြေကျိုးနေတဲ့မြင်းကျား)ဖြစ်
ပြီး ခရိုနီတစ်ယောက်ဟာ(တောခွေး)ခင်ဗျားထ
မင်းစားဖို့ နေ့စဉ်လုပ်နေရတဲ့လယ်ကိုသိမ်းလိုက်
တယ်။ဒီတော့ခင်ဗျားဟာ ရဲဒါမှမဟုတ် သက်ဆိုင်
ရာအာဏာပိုင်တစ်ခုခု(လူဝံမ)ကိုတိုင်မယ်။ဒါပေ
မယ့်ခင်ဗျားဟာသက်သေပြစရာအထောက်အ
ထားရော သူတို့ ကိုရင်ဆိုင်ဖို့ အင်အားပါမရှိတဲ့အ
တွက်သူတို့ လုပ်သမျှလည်စင်းခံလိုက်ရမှာပါပဲ။ဒါ
တွေကိုမတရားဘူးထင်လည်း ငြိမ်ခံကြရဦးမယ်။
ဘာကြောင့်လည်းဆို နိုင်ငံခေါင်းဆောင်တွေဖြစ်
တဲ့ (ကျား)တွေကအင်အားအကြီးဆုံးဖြစ်နေလို့ ပါ
ပဲ။ ဒီကျားကိုအသိဥာဏ် အတွေးအခေါ်နဲ့ ရင်ဆိုင်
ဦးချိုး ဖို့ Piဆိုတဲ့ ပြိုင်ဖက်ရဲ့လုပ်ရပ်တွေစောင့်
ကြည့်ရပါမယ်။ Pi ရဲ့ဖြစ်တည်မူ အသက်ရှင်ဖို့ 
နည်းမျိုးစုံနဲ့ ရုန်းကန်ကြိုးစားမူ လောကဓံကဘယ်
လိုလာလာရင်ဆိုင်ရဲမူ လွယ်လွယ်နဲ့ အရှုံးမပေး
တတ်မူ တွေဟာ ကျားရှိလို့ ပါ။ Life Of Piမှာ
Parker ဆိုတဲ့ ပေါင်၄၀၀ကျော်ကျားကြီးကိုသာ
ဖယ်လိုက်ရင် Piဟာသမုဒ္ဒရာထဲ ၂၂၇ရက်မဟုတ်
ပဲ ၂၇ရက်နဲ့ တင်သေခဲ့မှာပါ။

" God ; I give myself to you. I'm your
vessel.Whatever comes, I want to
know, show me"

               Life Of Piရုပ်ရှင်ဟာဘာတွေကိုချ
ပြထားလဲမေးရင် လူ့ ဘောင်လောကမှာဖြစ်ပျက်
လာတဲ့ လိုရာစွဲကိုင်အတ္တတွေကိုအမြင်၃မျိုးကနေ
ချပြထားတယ်လို့ ယူဆမိတယ်။ဒါကျွန်တော့်အ
မြင်ပါ။ အထက်ပါ dialoguesဟာLife Of Pi
ထဲကပါ။ ဘာသာရေးဖက်တော့အမြင်တွေလိုရာစွဲ
ကြမှာဖြစ်တဲ့အတွက်မရေးလိုဘူး။ အခက်အခဲဆို
တာ ဘဝရှင်သန်နေထိုင်မူအတွက်မရှိမဖြစ်လို
အပ်တဲ့အရာတွေပါ။ ဒါပေမယ့်အခက်အခဲတွေကြုံ
လာတိုင်း လူတွေကဘုရားတွေကိုတမ်းတပြီးပြေ
လည်ဖို့ ဆုတောင်းကြတယ်။တချို့ ကလည်းဘဝ
မှာအခက်အခဲနည်းနည်းနဲ့နေထိုင်ချင်လို့ ကောင်း
မူတွေလုပ်ပြီး အခက်အခဲတွေမရှိဖို့ ဘုရားထံရည်
စူးပြီးဆုတောင်းတတ်ကြတယ်။ ဒါဆိုရင်တစ်ခု
လောက်မေးချင်တယ်။ ? ………

*ဘုရားဆိုတာအခက်အခဲဖြစ်မှသတိရသင့်တဲ့
 သူလား?
*ဘုရားဆိုတာ လူသားတွေရဲ့အခက်အခဲတွေပြေ
 လည်ဖို့ ဖြေရှင်းပေးတဲ့သူလား?
*အလှူအတန်းနဲ့ ကူညီမူတွေဟာ
 စာနာခြင်းနဲ့ မေတ္တာထားခြင်းတွေဟာ
 ကိုယ်ပြေလည်ဖို့ ရည်စူးပြီးလုပ်ရတဲ့
 အရာတွေလား?
*အခက်အခဲကြုံတိုင်း ဘုရားဆီသွားပြေလည်ဖို့ 
 ဆုတောင်းနေတာ ဘုရားဟာသင့်ထံဘာတွေ
 များအကြွေးရှိခဲ့ဖူး သင်ကဘုရားကိုဘာတွေများ
 ပြေလည်အောင်ကူညီခဲ့ဖူးလို့ လဲ?

  "မင်းဗုဒ္ဓဘာသာမဟုတ်ဘူးလား"တို့ ခပ်ပိန်းပိန်း
ဘာသာမဲ့အတွေးအခေါ်တွေပါလို့ ပြောလည်းရပါ
တယ်။ဒါဆုတောင်းခြင်းကိုအယုံအကြည်မရှိတဲ့
ကျွန်တော့်အမြင်သက်သက်ပါ။ကျွန်တော်ရခိုင်ဗုဒ္ဓ
စစ်စစ်ပါ။ Life Of Piမှာတချို့ ရှူထောင့်တွေဟာ
ဘာသာရေးဖက်ကများစွာထောက်ပြထားခဲ့တယ်။
အိန္ဒိယမှာ ဘာသာကြီး၃ခုနဲ့ ပတ်ချာလည်ရိုက်နေ
ခဲ့တာကြာပါပြီ။Life Of Piရဲ့မူရင်းစာရေးဆရာ
ကနေဒါလူမျိုးYann Martelဟာစာအုပ်၁အုပ်
ထဲနဲ့ ရူထောင့်၃ခုကိုရိုက်ချပစ်ခဲ့တာပါ။

        Pi ပြောတဲ့နောက်ထပ်ဇာတ်တစ်ခုမှာသူ
ရယ် သူ့ အမေရယ် ထမင်းချက်ရယ် သင်္ဘောလုပ်
သားတစ်ဦးရယ်ပါ။ ဇာတ်၂ခုလုံးဟာဖြစ်စဉ်တစ်ခု
တည်းပေါ်အခြေခံပြောသွားတာဖြစ်ပေမယ့်တွေး
စရာတွေတပုံတပင်ပေးထားခဲ့တယ်။ဆန်းကြယ်
ခြင်းနဲ့ ရုန်းကန်လွတ်မြောက်ခြင်းမှာ လူတွေက
ရုန်းကန်လွတ်မြောက်ခြင်းကိုယုတ္တိဖြစ်စဉ်လို့ ထင်
တတ်ကြတယ်။ဒါဆိုရင် ဆန်းကြယ်ခြင်းကရော။
ကမ္ဘာကြီးဟာဆန်းကြယ်ခြင်းတွေအတောမသတ်
အောင်ရှိတဲ့ အစိုင်အခဲကြီးပါ။ဆန်းကြယ်ခြင်းတွေ
ကိုအယုံအကြည်မရှိရင် ဘာကြောင့်ဆုတောင်း
ခြင်းတွေကိုအလုပ်တစ်ခုလိုလုပ်နေကြသေးလဲ?
Yann Martelဟာ ဘာသာပေါင်းစုံကိုကိုးကွယ်
ခဲ့ပြီး ဘာသာရေးအမြင်မှာအမြဲခွကျတတ်တဲ့စာ
ရေးဆရာပါ။ ဘယ်လောက်ထိခွကျလဲဆို သူ့ အ
သက်၂၁နှစ်မှာရေးတဲ့GodService လိုEssay
တိုမှာ ဘုရားရှင်ကိုသူ့ အဖေဟာအိမ်သစ်ကိုမခေါ်
လာပဲ အိမ်ဟောင်းဈေးကြီးပေးရာမှာ ရောင်းစားခဲ့
တယ်လို့ တောင်ရေးခဲ့ဖူးသူပါ။ကျွန်တော်တို့ ဟာ
ဘုရားတွေကိုသာကိုးကွယ်နေကြပေမယ့် ဘုရား
တွေနှစ်သက်တဲ့အရာတိုင်းကိုလိုက်လုပ်ဖို့ တော့
မသိကျိုးကျွန်ပြုတတ်ကြသူတွေပါ။Life Of Pi
ရုပ်ရှင်အကြောင်းကိုရေးရင်အရမ်းရှုပ်ထွေးလွန်း
ပါတယ်။ အယူအဆကွဲလွဲနိုင်သလို မြင်ချင်သလို
မြင်နိုင်ပါတယ်။ တချို့ ကသစ်ကိုင်းကိုအရင်မြင်
တတ်ကြပေမယ့် တချို့ ကတော့သစ်ရွက်တွေကို
အရင်မြင်တတ်ကြမှာပါ။ တချို့ ကတော့နားနေတဲ့
ငှက်ကိုမြင်ချင်မြင်ကြလိမ့်မယ်။ဒါဟာ"မင်းဘာမြင်
လဲ"လို့ သစ်ပင်တစ်ပင်ကိုလက်ညှိုးထိုးမေးရင်
တောင်အမြင်မတူကြမယ့် လူတွေရဲ့သဘာဝဖြစ်
နေလို့ ပါပဲ။

       " မင်းရဲ့ရူးသွပ်မူဟာ ဘာမဆိုဖြစ်နိုင်ပေမယ့်
မင်းရဲ့မိုက်မဲမူကတော့ ကျရှုံးမူကိုသာဖြစ်နိုင်လိမ့်
မယ်။ "

                                      Irrfan Khan

          Life Of Pi မှာ Irrfan Khanဟာ
Piရဲ့ အရွယ်အပိုင်းအခြားတွေထဲကတစ်ခုအဖြစ်
သရုပ်ဆောင်ခဲ့ပါတယ်။ Life Of Piဘာကြောင့်
Oscar ၄ဆုရလဲ ဘာကြောင့်ဆုတွေတသီကြီးရ
ခဲ့လည်း ဘာကြောင့်ကမ္ဘာ့အကောင်းဆုံးရုပ်ရှင်
ကားတွေထဲကတစ်ကားအဖြစ်သမိုင်းဝင်ခဲ့လည်း
ကို ကြည့်ဖူးသူတိုင်းသိကြမှာပါ။၂၀၁၅ခုနှစ်ကပြ
သခဲ့တဲ့ ဒေါ်လာသန်း ၁၆၇၀ကျော်ထိကမ္ဘာ့ရုပ်
ရှင်သမိုင်းရဲ့ စတုတ္ထမြောက်ဝင်ငွေအမြင့်ဆုံးရုပ်
ရှင်ဖြစ်တဲ့Jurassic Worldမှာလည်းIrrfan
Khanဟာ Jurassic Worldကျွန်းကြီးရဲ့CEO
အဖြစ် ဇာတ်လမ်းထဲကဗီလိန်သန္ဓေမျိုးစပ်ဒိုင်နို
ဆောကြီးကိုဖန်တီးဖို့ စတင်ခိုင်းစေခဲ့သူအဖြစ်ပါ
ဝင်သရုပ်ဆောင်ခဲ့ပါတယ်။Jurassic Worldလို
ွှရုပ်ရှင်မှာဒီလောက်ခိုင်မာတဲ့ဇာတ်ကောင်နေရာရ
ဖို့ သိပ်လွယ်လှတယ်မဟုတ်ပါဘူး။ Jurassic
Worldထဲ Irrfan Khanပါမယ်ဆိုတော့မထင်မ
ရှားနေရာကလို့ ပဲထင်ခဲ့တယ်။ဒါပေမယ့်Irrfan
Khanရဲ့နေရာဟာJurassic Worldမှာချန်
ထားလို့ မရတဲ့နေရာတစ်ခုပါပဲ။Jurassic
Worldဟာ စပြတဲ့ပထမအပတ်မှာတင်ဒေါ်လာ
သန်း၅၀၀ကျော်ရပြီးသန်း၁၅၀ကျော်သာရင်းတဲ့
ပမာဏထက်ကျော်လွန်ကာရရှိခဲ့တဲ့ရုပ်ရှင်ဖြစ်ပါ
တယ်။ထူးခြားမူကတော့Irrfan Khanဟာကမ္ဘာ့
ဝင်ငွေအမြင့်ဆုံးရုပ်ရှင်၅ကားစာရင်းမှာပါတဲ့တစ်
ဦးတည်းသော အိန္ဒိယသရုပ်ဆောင်ဖြစ်သလို
၂၀၁၅ရဲ့အနုပညာကြေးအရဆုံးအိန္ဒိယမင်းသား
တစ်ကားတည်းနဲ့ မှတ်တမ်းဝင်ထားခဲ့သူဖြစ်ပါ
တယ်။

       "ပုံသွင်းထားတဲ့စီးပွားရေးဆန်ဆန် ရုပ်ရှင်
လုပ်ကွက်တွေမှာ ကျွန်တော်ဘယ်တော့မှသဟ
ဇာတမဖြစ်ဘူး။ "

                                  Irrfan Khan

            ၂၀၁၆ခုနှစ်မှာတော့ Irrfan Khanဟာ
Hollywoodရဲ့ထိပ်တန်းရုပ်ရှင်ကြီးတွေဖြစ်တဲ့
Jungle Bookမှာလည်းပါဝင်ခဲ့သလို ကမ္ဘာ့အ
ထင်ကရမင်းသားကြီး Tom Hanksရဲ့အမိုက်
စားရုပ်ရှင်Inferno မှာလည်းပါဝင်ခဲ့ပါတယ်။မင်း
သားကြီးTom Hanksရဲ့အနှစ်သက်ဆုံးအာရှ
သရုပ်ဆောင်တစ်ဦးလို့ ချီးကျူးခြင်းခံခဲ့ရသလို
Infernoအပြီးမှာ Irrfan Khanဟာနိုင်ငံတ
ကာရုပ်ရှင်နယ်ပယ်ကိုအဝင်ဆန့် နိုင်ဆုံးအိန္ဒိယ
သရုပ်ဆောင်တစ်ဦးအဖြစ်mediaတွေကဖော်ပြ
ခဲ့ပါတယ်။ ဒီလိုနိုင်ငံတကာကထိပ်တန်းရုပ်ရှင်
တွေမှာကျင်လည်လာတဲ့Irrfan Khanဟာအိန္ဒိ
ယရဲ့ ထိပ်ဆုံးမင်းသားတွေဖြစ်တဲ့Khan၃Khan
ကတောင် လေးစားချီးကျူးခြင်းကိုခံရတဲ့မင်းသား
ဖြစ်သလို ဝေဖန်မူများစွာကိုလည်းကိုယ့်နိုင်ငံပ
ရိတ်သတ်နဲ့ mediaတချို့ ဆီကခံခဲ့ရပါတယ်။
၂၀၁၆ခုနှစ်ထဲမှာပဲ Irrfan Khanကိုယ်တိုင်
ထုတ်လုပ်သူတွေထဲပါဝင်ပြီး သူကိုယ်တိုင်သရုပ်
ဆောင်ခဲ့တဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်တစ်ကားထွက်ခဲ့ပါ
တယ်။ ဒီရုပ်ရှင်ဟာ အိန္ဒိယပြည်သူတွေတင်မကပဲ
ကမ္ဘာ့နိုင်ငံတချို့ ကဖြစ်ပျက်နေမူတွေကိုမီးမောင်း
ထိုးပြခဲ့သလားတောင်ထက်ရပါတယ်။

       "နိုင်ငံသားတွေထက် နိုင်ငံ့ခေါင်းဆောင်တွေ
နဲ့ အကျင့်ပျက်ချစားမူတွေဟာပိုအင်အားကြီးနေ
တယ်။ဒါဟာ နိုင်ငံတစ်နိုင်ငံရဲ့အကြီးမားဆုံးကပ်
ဆိုးပါပဲ။ "

                               Irrfan Khan

#Madaari
………………

                အကျင့်ပျက်ချစားမူတွေ ဝန်ကြီးတွေရဲ့
ကိုယ်ကျိုးရှာဗီဇတွေ နိုင်ငံခေါင်းဆောင်တွေရဲ့မ
တရားမူတွေ အစိုးရဝန်ထမ်းအလွှာအသီးသီးမှာ
ခေါင်းပုံဖြတ်ယုတ်မာနေမူတွေကြောင့် သာမာန်
ပြည်သူတွေအကြီးအကျယ်ဒုက္ခရောက်နေမူကို
Madaari ရုပ်ရှင်ကထောက်ပြခဲ့ပါတယ်။သား
သေဆုံးမူကို ရင်ကွဲခံပြီးခံစားခဲ့ရတဲ့ဖခင်တစ်ဦး။
သူကသာမာန်ပြည်သူပေမယ့် တာဝန်မဲ့လွန်းတဲ့
အစိုးရရဲ့လုပ်ရပ်ကြောင့် ဝန်ကြီးသားကိုပြန်ပေး
ဆွဲတဲ့ တရားခံဖြစ်ခဲ့ရတယ်။အစိုးရတာဝန်ရှိသူ
တွေလာဘ်စားမူနဲ့ ပြည်နယ်တံတားဆောက်လုပ်
မူမှာEngrတွေလုပ်စားဖြတ်စားမူက တံတားပြို
ကျစေခဲ့တယ်။ဒီအကျိုးဆက်ကသာမာန်ပြည်သူ
ဖခင်တစ်ဦးရဲ့သားသေဆုံးဖို့ အထိဖြစ်စေခဲ့တယ်။
(တကယ့်ဖြစ်ရပ်မှန်မှာတော့ Nirmal Kumar
ကိုsniperတွေနဲ့ ပစ်သတ်ခိုင်းစေခဲ့ပြီး လူထုဆူ
ပူမူကိုအာရုံလျော့အောင်လုပ်ခဲ့ပါတယ်။)ဒီရုပ်ရှင်
ကိုကြည့်ဖူးသူတိုင်း အစကနေအဆုံးထိဆွဲခေါ်
သွားတဲ့ ဇာတ်လမ်းဇာတ်ညွှန်းရဲ့ပညာသားပါမူ
ဖခင်နေရာက Irrfan Khanရဲ့သရုပ်ဆောင်မူအံ့
သြစရာကောင်းမူ နိုင်ငံရဲ့ဖြစ်ပျက်နေမူတွေကိုမီး
မောင်းထိုးပြရဲမူ စတာတွေမြင်ခဲ့ကြမှာဖြစ်ပါတယ်။
Madaari ဟာရူပီ သန်း၂၈၀ကျော်ရရှိခဲ့ပြီး
Irrfan Khanဟာ ဘာကြောင့်အိန္ဒိယမင်းသား
အများစုနဲ့ ကွဲထွက်နေလဲဆိုတဲ့အချက်ကိုသိသာ
စေခဲ့ပါတယ်။

    " အသက်ရှင်ရပ်တည်ဖို့ ခင်ဗျားရည်မှန်းချက်
ဟာခိုင်လုံတဲ့အကြောင်းပြချက်ဖြစ်နေသ၍
ခင်ဗျား မကျရှုံးသေးဘူး။  "

                            Irrfan Khan

       
#Talvar
……………

                  ပြီးခဲ့တဲ့လပိုင်းက တသက်တကျွန်း
ပြစ်ဒဏ်ကနေလွတ်ငြိမ်းချမ်းသာခွင့်ရသွားပြီဖြစ်
တဲ့ လင်မယား၂ယောက်သတင်းကိုmediaတွေ
မှာတက်လာခဲ့တယ်။ကိုယ့်အမျိုးကိုယ့်အသိလည်း
မဟုတ်ပဲ ဒင်းတို့ လွတ်ပြီဆိုတာသိရတော့ပျော်ခဲ့
မိတယ်။အမူရဲ့ ပြစ်ချက်က ၁၃နှစ်အရွယ်ကိုယ့်သ
မီးကို မိဘ၂ပါးကသတ်ဖြတ်မူတဲ့ …
.
.
.
.

  မေလ ၁၆ရက်နေ့ ၂၀၀၈ခုနှစ် Noida ;India
.
.
.               ၁၃နှစ်အရွယ်Delhi Public အခြေ
ခံပညာကျောင်းက ကျောင်းသူလေးတစ်ဦးဟာ
သူ့ အိပ်ယာပေါ်မှာအသတ်ခံခဲ့ရတယ်။သမီးဖြစ်
သူရဲ့အလောင်းကို စမြင်ခဲ့သူတွေက သွားဆရာ
ဝန်ဖခင်နဲ့ ဇနီးဖြစ်သူ။ ချက်ချင်းဆိုသလိုမိခင်ရဲ့
အော်သံကြောင့် အိမ်ဖော်မပါမြင်သွားခဲ့တယ်။ဒီအ
မူကိုရဲကစစ်ချိန်မှာ အသတ်ခံရချိန်နာရီပိုင်းမှာမရှိ
သူက အိမ်ကအလုပ်သမားKhempal။ဒီတော့
မြန်မာနိုင်ငံရဲတပ်ဖွဲ့ လိုပဲ တရားခံဖြစ်နိုင်မူ%အများ
ဆုံးက Khempalပဲဆိုပြီးကောက်ချက်ချလိုက်
ကြတယ်။ဒါပေမယ့်Khempalရဲ့အလောင်းကို
ထိုအိမ်မှာပဲတွေ့ ခဲ့ကြတယ်။Autopsy ဆေးစာ
ထွက်လာတော့ ကလေးမလေးရောKhempalပါ
သေဆုံးချိန်ဟာသိပ်မကွာကြဘူး။ ဒီတော့ရဲတွေ
က တရားခံပေါ်ရင်ပြီးရောဆိုတဲ့ဗီဇနဲ့ အလောင်း
ကိုအရင်ဆုံးမြင်တဲ့ မိဘ၂ပါးကို လူသတ်မားတွေ
ဆိုပြီးစွဲချက်တင်လိုက်ပါတော့တယ်။CIDကအရာ
ရှိတွေတောင်ဒီCase ကိုဖော်ထုတ်ခဲ့ပေမယ့်ဘာ
မှအဖြစ်မရှိခဲ့ပဲ မိဘ၂ပါးလုံးကိုတရားရုံးကတစ်
သက်တစ်ကျွန်းချခဲ့ပါတယ်။

Talvar နဲ့ 
Murder on the Orient Express
………………………………………………………

       Murder on the Orient Expressဟာ
ဆယ်စုနှစ်များစွာရုပ်ရှင်သမိုင်းမှာ မူခင်းစုံထောက်
ဂန္တဝင်ရုပ်ရှင်ကြီးအနေနဲ့ရောAgathaChristie
ကိုအမှတ်ရစေတဲ့ အထင်ကရဝတ္ထုများထဲမှတစ်
အုပ်အနေနဲ့ ပါ ကမ္ဘာ့အနုပညာသမိုင်းမှာထင်ရှား
ခဲ့တဲ့ရုပ်ရှင်နဲ့ ဝတ္ထုဖြစ်ပါတယ်။ မကြာသေးခင်က
ပဲ ၄ကြိမ်မြောက်အနေနဲ့ Remakeပြန်လာတဲ့
Johnny Deppကြီးတောင်ဇာတ်ပို့ အနေနဲ့ ပါ
ပြီး ပြသခဲ့ပါတယ်။ ဒီဝတ္ထုနဲ့ ရုပ်ရှင်အကြောင်းကို
ပြောရရင် အေးချမ်းသာယာစွာနေတဲ့ဗိုလ်မှူးကြီး
တစ်ဦးရဲ့မိသားစုထံကံဆိုးမူတွေကျရောက်လာမူ
နဲ့ စတင်ခဲ့ပြီး ပြန်ပေးသမားတွေကသမီးဖြစ်သူကို
သတ်သွားခဲ့ရာကဇာတ်လမ်းကိုတစ်ဆင့်ချင်းစခဲ့
ပါတယ်။၁၉၇၄ခုနှစ်ကရိုက်ခဲ့တဲ့Murder on
the Orient Expressရုပ်ရှင်ကိုတော့ကျွန်
တော့်အနေနဲ့ အားအရဆုံးပါပဲ။ အိမ်ဖော်မလေး
ကိုကြံရာပါလို့ စွပ်စွဲ အိမ်ဖော်မလေးကလည်း
သတ်သေသွား အမူရဲ့အသွားအလာကိုအစရှာမ
ရ တရားခံကိုသိဖို့ လမ်းစပျောက်ရာကအမှူပိတ်
ခဲ့ရတယ်။ဒီပြသနာတွေဖြစ်ပြီး ၅နှစ်အကြာမှာ
အစ္စတန်ဘူလ် ကနေ လန်ဒန်ကိုပြေးဆွဲတဲ့
Orient Express ရထားပေါ်မှာဇာတ်ရဲ့ဒုတိယ
အချိုးကိုစတင်လာခဲ့ပါတော့တယ်။Orient
Expressဟာသာမာန်ရထားမဟုတ်ပါဘူး။VIP
တွဲဟာ အင်္ဂလန်မင်းမျိုးမင်းနွယ် စစ်မှူထမ်းအ
ကြီးအကဲ မီလျံနာသူဌေး အထင်ကရပုဂ္ဂိုလ်တွေ
ပဲစီးခွင့်ရှိတဲ့ အတွဲပါတဲ့ရထားဖြစ်ပါတယ်။ဒီရထား
ပေါ်မှာပါလာသူကတော့ ခက်ခဲနက်နဲတဲ့အမှူ
တွေ ဖြေရှင်းမရတဲ့အမှူတွေကိုလိုက်ရာမှာနာ
မည်ကြီးလှတဲ့ စုံထောက်ကြီး Hercule Poirot
ပါပဲ။ Hercule Poirot နဲ့ Dining Room
မှာဆုံတာကသူဌေးကြီးSamuel Ratchett။
သူဌေးကြီးSamuel Ratchett ကစုံထောက်
ကြီးကိုလမ်းခရီးမှာ သက်တော်စောင့်အဖြစ်ငှား
ဖို့ ဒေါ်လာတစ်သောင်းခွဲနဲ့ ငှားတယ်။စုံထောက်
ကြီးက သူ့ အလုပ်မဟုတ်တဲ့အတွက်ငွေရလည်း
မလုပ်ခဲ့ဘူး။ ဇာတ်ရဲ့နောက်အချိုးဖြစ်လာတာက
တော့ နောက်တစ်နေ့မနက်မှာသူဌေးကြီးကအ
သတ်ခံခဲ့ရတာပါပဲ။ဓားဒဏ်ရာ၁၂နဲ့အသက်ခံရ
တဲ့သူဌေးကြီးအသတ်ခံရတဲ့အမှူကို စုံထောက်
ကြီးကလိုက်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။တရားခံလို့
ယူဆနိုင်တာ ရထားတွဲမှာ ၁၂ဦးရှိတယ်။ထို၁၂
ဦးလုံးကလည်း ဘယ်သူကတရားခံဆိုတာကိုသိ
ဖို့ မလွယ်လှဘူး။ စုံထောက်ကြီးက ရဲတွေဒီအမှူ
အတွက်ဝင်လာမရှုပ်ခင် တရားခံကိုဖော်ထုတ်ရ
တော့ပါတယ်။ဒါပေမယ့် ဇာတ်ကိုပြောင်းလဲစေ
တာက ဒီလူသတ်မှူဟာ လွန်ခဲ့တဲ့၅နှစ်ကဗိုလ်
မှူးကြီးသမီးပြန်ပေးဆွဲအသတ်ခံရမှူနဲ့ စပ်ဆက်
နေခဲ့တာပါပဲ။ ဒါကယခင်ကကမ္ဘာကျော်ခဲ့တဲ့
Murder on the Orient Expressရုပ်ရှင်
အကြောင်းပါပဲ။

         ဒါကကြုံကြိုက်လို့ အကြောင်းအရာ၂ခုစပ်
ဆက်မိတာကိုပြောခြင်းပါ။Talvar တနည်းအား
ဖြင့် 2008 Noida Double Murderတို့ 
Ajay ကြီးရဲ့ Drishyamတို့ ဆိုတာကျွန်တော်အ
ကြွေရဆုံး တွေးစရာလေးတွေရတဲ့ရုပ်ရှင်တွေပါ။
တကယ့်အပြင်က မိဘ၂ယောက်ကတော့တ
လောကပဲကွင်းလုံးကျွတ်လွတ်ခဲ့ပါပြီ။ဒီလိုအယူခံ
ဝင်မူနိုင်ခြင်းဟာ Talvarရုပ်ရှင်ရဲ့ဂယက်တွေက
လည်းတထောင့်တနေရာပေါ့။Talvarထဲလည်း
အိန္ဒိယရဲအသိုင်းအဝိုင်းကို အသေလှော်ထားတာ
တွေမြင်ခဲ့ကြမှာပေါ့။ မြန်မာက ၄လောင်းပြိုင်တို့ 
၅လောင်းပြိုင်တို့ ကိုလည်း ခုလိုရုပ်ရှင်ရိုက်ပြစေ
ချင်တယ်။ပြသနာ မြန်မာမှာSocialပိုင်းတို့ 
Politicalပိုင်းတို့ ကခေါင်းရှောင်နေကြဆဲပါ။ဥပ
မာ- အရင်အစိုးရခေတ်ကဖြစ်ခဲ့တဲ့၅လောင်းပြိုင်
ကိုရုပ်ရှင်ရိုက်ဖို့ သွေးလန့် စရာနောက်ကွယ်က
ထောက်ထားတဲ့သေနတ်တွေကိုကြောက်ရသလို
ဦးထင်ကျော်လက်ထပ် ဖြစ်ပျက်ခဲ့တဲ့အမှူတချို့ 
ကိုလည်းရိုက်ပြဖို့ က မြန်မာအစိုးရဟာသိပ်အထိ
အရှခံနိုင်သေးတဲ့ဝါမဟုတ်သေးဘူး။ Talvarရုပ်
ရှင်ရဲ့အကျိုးဆက်က ဘာပြန်ရသလဲဆိုအိန္ဒိယ
မူခင်းဥပဒေ ၃ချက်ကိုပြန်လည်ပြင်ဆင်ခဲ့ရသလို
ပြည်သူတွေကြား ဒီမိဘ၂ဦးကိုလွတ်ဖို့ ထကြွမူ
တွေဖြစ်ခဲ့ပါတယ်။Talvar ထဲ IPSအဖြစ်
Irrfan Khanကသရုပ်ဆောင်ခဲ့တယ်။ရုပ်ရှင်မှာ
တော့အပြောင်းအလဲနည်းနည်းလုပ်ထားတယ်။
ဒါကလည်းပြသနာတော့မရှိဘူး။ တကယ့်အပြင်
ကဖြစ်ရပ်ကိုအတိအကျရိုက်ပြသွားနိုင်ခဲ့တယ်။
၂၀၁၅ခုနှစ်မှာTalvarက အတော်ပေါက်ခဲ့သလို
ဂျပန်ရုပ်ရှင်ပွဲတော်မှာတောင် မှတ်တမ်းတင်ခံရတဲ့
ဖြစ်ရပ်မှန်အာရှရုပ်ရှင်ကားအဖြစ် သမိုင်းဝင်ထား
ခဲ့ပါတယ်။

        " လူတွေဟာ ဥပုသ်စောင့်တဲ့အလုပ်ထက်
ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်သင့်တယ်။"

                               Irrfan Khan

#Hindi_Medium
…………………………

            မိဘဆိုတာ ဘယ်လောက်ဆင်းရဲရဲကိုယ့်
သားသမီးကို ပညာတတ်ကြီးဖြစ်စေချင်တယ်
သူများသားသမီးတွေလိုလူတန်းစေ့နေနိုင်အောင်
ထားချင်ကြတယ်။ ကိုယ်သာငါးပိရည်နဲ့ စားမယ်
သားသမီးကို မဆလာအုပ်ထားတဲ့ကြက်သားတုံး
လေးနဲ့ ထမင်းစားနေတာမြင်ချင်ကြတယ်။မိဘဆို
တာကမ္ဘာပေါ်မှာ အလကားပေးနေတဲ့သားသမီး
တွေရဲ့ဈေးသည်တွေပါ။ ဒါဟာမိဘတွေရဲ့သင်ပေး
စရာမလိုပဲတတ်ကျွမ်းတဲ့ မေတ္တာတရားအစစ်တွေ
ပါပဲ။Hindi Mediumရုပ်ရှင်ဟာဒီလိုမိဘတွေ
အကြောင်းကိုအခြေယူပြီး အိန္ဒိယရဲ့ပညာရေးစနစ်
မှာသောက်တလွဲဖြစ်နေတဲ့အရာတွေ လူတန်းစား
ကွာဟမူကြား ပညာရေးကိုငွေကြေးနဲ့ ပိုင်းခြားနေ
မူတွေ သူဌေးသားသမီးနဲ့ လက်လုပ်လက်စားမိ
ဘရဲ့သားသမီးကြား ကွာဟနေတဲ့ပညာရေးစနစ်
တွေကိုကျကျနနချပြထားတဲ့ရုပ်ရှင်ကားပါပဲ။ဒီနှစ်
ထဲမှထွက်လာတဲ့ရုပ်ရှင်ဆိုတော့ ပြောမနေတော့
ဘူး။Irrfan Khanဟာဘာကြောင့်ကမ္ဘာကျော်ရ
သလဲ Hollywood ရော Bollywoodမှာပါ
ဘာကြောင့်နာမည်ကြီးရသလဲကို ဒီကားမှာလည်း
လုပ်ပြသွားခဲ့တယ်။Irrfan Khanရဲ့ရုပ်ရှင်တွေ
အကြောင်းကိုပြောရင်တော့ပေရှည်လွန်းပါတယ်။
နောက်ပြီး အထက်မှာပြောသွားတဲ့ရုပ်ရှင်ကား
တွေအကြောင်းဟာ လိုရင်းတိုရှင်းပါ။ကျွန်တော်
ရုပ်ရှင်reviewအနေနဲ့ ရေးတာမဟုတ်တဲ့အ
တွက် အပေါ်ယံပဲရေးသွားခဲ့တာပါ။တစ်ကားချင်း
ကို ကျကျနနပေရှည်ရင်တော့ပိုမိုက်မှာပေါ့လေ။
သိပ်မကျေနပ်တာကတော့Hindi Mediumလို
ရုပ်ရှင်ကိုဘာကြောင့်ဆုစာရင်းကနေပယ်လိုက်
တာလဲဆိုတာပါပဲ။

                Irrfan Khanရုပ်ရှင်တွေဟာအိန္ဒိယ
အတွက်တော့ ဂုဏ်ယူစရာပါပဲ။D-Dayတို့ The
Lunchbox တို့ လက်တလောPadmavatiနဲ့
အကြီးအကျယ်ဂယက်ထနေတဲ့ Ranveer
Singh ပါတဲ့ကား Gunday(ခိုးဆိုးလုနှိုက်ကြီး)
 တို့ လိုအမိုက်စားရုပ်ရှင်တွေကိုတော့ ဘာမှကို
ပေမရှည်ခဲ့ဘူး။အကြောင်းကတော့လိုရင်းတိုရှင်း
ရေးလို့ မရတဲ့Irrfan Khanပါဝင်တဲ့ရုပ်ရှင်တွေ
ဖြစ်နေလို့ ပါ။လက်ရှိမှာ Irrfan Khanဟာအိန္ဒိ
ယရဲ့အထင်ကရရုပ်ရှင်ဆုကြီးတွေအပြင် နိုင်ငံတ
ကာရုပ်ရှင်ဆုတွေပါရရှိထားတဲ့ မင်းသားတစ်ဦး
ဖြစ်လာခဲ့သလို အိန္ဒိယအစိုးရကပေးအပ်တဲ့နိုင်ငံ
ရဲ့ဂုဏ်ထူးဆောင်HonourဆုPadma Shri
ကိုလည်းပေးအပ်ခံထားရသူဖြစ်ပါတယ်။ထူးခြား
မူကတော့ Irrfan Khanဟာအိန္ဒိယရုပ်ရှင်သ
မိုင်းမှာ Hollywoodရုပ်ရှင်နယ်ပယ်ကိုခြေချနိုင်
တဲ့မင်းသားဖြစ်ခဲ့သလို ကမ္ဘာ့အကောင်းဆုံးရုပ်
ရှင်ကားတွေမှာပါဝင်ထားတဲ့ အိန္ဒိယရဲ့တစ်ဦး
တည်းသော မင်းသားဖြစ်ပါတယ်။ဒါတင်မကပါ
ဘူး Irrfan Khanဟာအာရှရုပ်ရှင်နယ်ပယ်မှာ
လည်းကမ္ဘာ့ထိပ်တန်းရုပ်ရှင်၁၀၀ listမှာအများ
ဆုံးပါဝင်ထားတဲ့ No.1 Supporting Actor
အဖြစ်သမိုင်းဝင်ထားပါတယ်။ဒီ့ထက်ထူးခြားတာ
က Irrfan Khanဟာ Hollywoodရုပ်ရှင်ကား
၉ကားမှာပါဝင်ဖို့ စာချုပ်ချုပ်ထားတဲ့တစ်ဦးတည်း
သော အိန္ဒိယသရုပ်ဆောင်လည်းဖြစ်ပါတယ်။မ
သေမချင်းလည်း Hollywoodရဲ့နာမည်ကြီးကား
တွေမှာမြင်ရဦးမယ့် အဘပါပဲ။ဒါ့အပြင်သူ့ မွေးရပ်
ဇာတိRajasthanပြည်နယ်ရဲ့ကိုယ်စားလှယ်အ
ဖြစ်ပေးအပ်ခြင်းခံထားရသူဖြစ်ပြီး အိန္ဒိယရုပ်ရှင်
သံတမန်အဖြစ် အင်္ဂလန်Film Industryကပေး
အပ်ခြင်းခံထားရသူဖြစ်ပါတယ်။၂၀၁၅ခုနှစ်က
LEGO Gameတွေအတွက်ပါဝင်ပေးခဲ့မူက
လည်းဒေါ်လာအတော်ခိုင်ခဲ့သလို Irrfan Khan
ရုပ်ရှင်တွေဟာ Ratingကြောက်စရာကောင်း
လောက်အောင်တခြားနာမည်ကြီးမင်းသားရုပ်ရှင်
တွေထက်သာတတ်တာကလည်းသူ့ ရဲ့သြဇာတစ
်ခုပါပဲ။ဂျိုလီလိုကမ္ဘာကျော်မင်းသမီးနဲ့ A Mighty
Heart မှာတွဲဖက်သရုပ်ဆောင်ခဲ့သလို Tom
Hanksလိုမင်းသားကြီးရဲ့ Infernoမှာလည်းပါ
ဝင်ခဲ့တဲ့ Irrfan Khanဟာလက်ရှိမှာ အိန္ဒိယနဲ့ 
Hollywoodရုပ်ရှင်ကားပေါင်း၇၀ကျော်မှာပါဝင်
ထားတဲ့အထင်ကရမင်းသားတစ်ဦးဖြစ်ပါတယ်။

      " ဘာသာရေးမှာ ကောင်းခြင်းဆိုးခြင်းမရှိဘူး။
လူတွေကသာ ဘာသာရေးရဲ့နောက်ဆက်တွဲဝါဒ
တွေကို ပုံဖော်တတ်ကြတာပါ။ "

                                  Irrfan Khan

              Life Of Pi မှာဒေါ်လာ၎သန်း၁သိန်း
Jurassic Worldမှာဒေါ်လာ၅သန်း Inferno
မှာဒေါ်လာ၎သန်းခွဲ Amazing Spiderman
နဲ့ Hollywoodရုပ်ရှင်တွေကရတဲ့အနုပညာ
ကြေးစုစုပေါင်း ဒေါ်လာသန်း၃၀နီးပါးရခဲ့တဲ့
Irrfan Khanဟာအိန္ဒိယအတွက်တော့ကမ္ဘာကို
ကျကျနနထိုးဖောက်သွားနိုင်ခဲ့တဲ့ သရုပ်ဆောင်
တစ်ဦးဖြစ်ခဲ့ပါပြီ။ လက်ရှိမှာHollywoodနဲ့ 
Bollywood ရုပ်ရှင်နယ်ပယ်အပြင် ၂၀၂၀မှာ
ပြသဖို့ ရှိနေတဲ့Blade Village(ブレイドビ
レッジ)ဂျပန်ရုပ်ရှင်မှာလည်းပါဝင်ဖို့ သတင်း
တွေကြီးနေခဲ့ပါပြီသူကမင်းသားရုပ်မဟုတ်ဘူး
ဗလမတောင့်ဘူး ရုပ်မချောဘူး ဒါပေမယ့်သူ့ ရဲ့
စိတ်ဓာတ်နဲ့ အနုပညာကတော့ကမ္ဘာကျော်ဖြစ်ဖို့ 
အကြောင်းပြချက်မရှိခဲ့ပါဘူး။

Ref; Irrfan Khan (The Hollywood Reporter)
       Irrfan Khan (Twitter)

                                          ထက်ဝန


















Saturday, December 16, 2017

ကားဝယ်​​တော့မယ်​ဆိုရင်

ကားတစ်​စီးဝယ်​​တော့မယ်​ဆိုရင်​ ဘာ​တွေ ကြည့်ရမလဲ။
💸💸💸💸💸
⃣ မကျွမ်းကျင်​​သေးတဲ့သူ​တွေ အတွက်​ အ​ခြေခံ​လေး​တွေပါ။ ကားနားလည်​တဲ့သူကိုလည်း​ ခေါ်သွားရင်း ကိုယ်​လည်း ဒါ​လေး​တွေစစ်​ကြည့်​ပါ။
⃣ ကားမှာအ​ရေးအကြီးဆုံးက အရှုပ်​အရှင်းကင်းပြီး လိုင်​စင်​ပါတဲ့ကားဖြစ်​ဖို့ပါ။
အုံနာဘုတ်​ ဝှီးတပ်​ မှန်​ / မမှန်
ချက်​စီ (Chassis) ​ဘောင်​ နှင့်​ မိန်းပလိတ်​ပြား ဖြတ်​ဆက်​လုပ်​ထားလား ဆိုတာ ​သေချာ​အောင်​ ကညနရုံးမှာ ကားမဝယ်​ခင်​ သွားစစ်​ပါ။ မှတ်​ပုံတင်​ပြပြီး တရားဝင်​စစ်​တာ ​ငွေငါး​ထောင်​​ပေးရပါတယ်​။ ကားမှာ အလိမ်​​တွေပါရင်​​တော့ ကားသိမ်းခံရပြီး လူပါအမှုဖြစ်​မှာပါ။
ဒါက​တော့ ကားကိုကြည့်​ပြီး အားလုံးကြိုက်​လို့ ​ဈေးပါတည့်​ပြီးမှ final အ​နေနှင့်​ လုပ်​ရမှာပါ။
⃣ ကားတစ်​စီးဝယ်​ဖို့ သွားကြည့်​ရင်
☑ ၁။ အင်​ဂျင်​ခန်း ကြည့်​မယ်​ ။
ကားရဲ့အရိုးအစစ်​လို့​ခေါ်တဲ့ အဓိက တန်း​တွေ Frame ​တွေကြည့်​ပါမယ်​။
ရေတိုင်​ကီတန်း​တွေ ဘေး​ဘောင်​​တွေ ​ရှော့ဘား​ဘောင်​​တွေ ​သေသပ်​ရမယ်​။
အင်​ဂျင်​ ဂီယာ​ဘောက်​စ်​ အားလုံးကြည့်​​ကောင်း​ နေရမယ်​။
အင်​ဂျင်​ခန်းက​ အော်​​ဆေးဖြစ်​ရမယ်​။
Original Spot​ တွေ ချိတ်​​တွေဖြစ်​ရမယ်​ ။
ဘောနပ်​​အောက်​က ​ချိတ်​​တွေ​ ​ဆေး​တွေ မှန်​​ရမယ်​။
(Original ဟုတ်​မဟုတ်​သိရန်​ နားလည်​တဲ့သူလိုပါသည်​)
☑ ၂။ စက်​နှိုးမယ်​ ။ AC ဖွင့်​မယ်​။
အင်​ဂျင်​သံနား​ထောင်​မည်​။ အသံ​ကောင်းလား ငြိမ်​လား။ လီဗာ​ဖြေး​ဖြေးနင်းကြည့်​မယ်​ RPM တက်​တာမှန်​လား။
AC ​အေးလားကြည့်​မယ်​ ။
ပါဝင်​တဲ့ စနစ်​​တွေအလုပ်​လုပ်​လား စမ်းမယ်
( ဥပမာ Auto  Swing  )
အင်​ဂျင်​ဝိုင်​တိုင်းတဲ့အတံကို ဆွဲကြည့်​မယ်​။
အင်​ဂျင်​ဝို​င်​ထည့်​တဲ့အဖုံး ဖွင့်​ကြည့်​မယ်​။ အင်​ဂျင်​ဝိုင်​ ဂျိုး​တွေရှိ​နေမယ်​ဆို အင်​ဂျင်​ cleaning လုပ်​ရမှာ။
☑ ၃။ ကားတစ်​စီးလုံး ပတ်​လည်​ ​အော်​​ဆေးလား လိုက်​ကြည့်​မယ်​။ တံခါး​တွေဖွင့်​ပြီး တံခါး​ဘောင်​​တွေ အချိုးတွေ အရိုးအစစ်​​တွေ သပ်​ရပ်​လား ကြည့်​မယ်​။ ​အော်​​ဆေးလားသိဖို့က ခက်​ပါသည်​။ သို့​သော်​ ​ဆေးသားအ​ရောင်​လွဲတာ မညီတာ ​လှိုင်းေ​တွလိုမျိုး ဖြစ်​​နေတာ ​အရိုးအစစ်​ ​တွေမညီတာ​တွေက ​သေချာကြည့်​ရင်​ မြင်​ရပါသည်​။ ကားတစ်​စီးလုံးမှာ ချိတ်​​တွေ spot ​တွေရှိပါတယ်​။ အဲဒါ​တွေက ထိခိုက်​မိရင်​ ​အော်​အတိုင်း ပြန်​လုပ်​ဖို့မလွယ်​ပါဘူး။ တစ်​ခုခုကို သံသယရှိတယ်​ဆိုရင်
ဘယ်​ဘက်​နဲ့ညာဘက်​ တစ်​ဖက်​နဲ့တစ်​ဖက်​ တူလားကြည့်​ပါ။ ​တံခါး​တွေဆေးပြန်​မှုတ်​ထားတယ်​ထင်​ရင်​ ​ခေါက်​ကြည့်​ပါ။ သံပြားအသံလား ပတ်​တီး အသံလား နား​ထောင်​ပါ။
☑ ၄။ ​နောက်​ဖုံးဖွင့်​မယ်​။ ချိတ်​​တွေမှန်​ရမယ်​။ အတွင်းခန်း​​ အော်​ဆေးဖြစ်​ရမယ်​။
☑ ၅။ ​အောက်​ပိုင်းကြည့်​မယ်​။ သံ​ချေးအ​ဆွေးရှိလား။
ဖရိန်​​တွေ​တန်း​တွေ ကြည့်​​ကောင်းလား။ ​ကွိုင်​စပရိန်​​တွေ ရှော့ဘား​တွေကြည့်​မယ်​။
☑ ၆။ မီးလုံး​တွေ original အမှန်​​တွေလား။ မှန်​​တွေလိုက်​စစ်​မယ်​ ။ ​အော်​မှန်​​တွေလား ။ ပြန်​ထည့်​လား။ မှန်​တံဆိပ်​​တွေ ပြန်​ရိုက်​ထားတဲ့ဟာ​တွေလား။ မှန်​​ဘေးလိုင်​နာ​တွေ ​သေသပ်​လား။ မှန်​အကွဲ အက်​ရာရှိလား။
☑ ၇။ အတွင်းခန်းကြည့်​မယ်​။ စီလင်​  ဒက်​ရှ်​ဘုတ်​  ထိုင်​ခုံ ​ဘေးကာဗာ​တွေ အ​ခြေအ​နေ။ စတီရာရင်​ ဂီယာ အမှန်​လား။ ကားမှာပါတာ​တွေ အကုန်​စစ်​ ( TV  ထိုင်​ခုံ​မော်​တာ seat-heater  seat-memory TRC  ECO )
☑ ၈။ Original Alloy လား။ ပြန်​ထည့်​လား။
တာယာ​တွေ​ကောင်း​သေးလား။ လဲရ​တော့မလား။
☑ ၉။ Model Year ကို internet မှာစစ်​ပါ။
https://jpcenter.ru/month
ကား color code ကိုမှန်​လား google မှာရှာပြီးစစ်​ပါ။
( တစ်​စီးလုံး အ​ရောင်​​ပြောင်း​တွေရှိတတ်​လို့ )
ပြောထားတဲ့ ကား Grade ပြည့်​လား။
Grade change ထားလား။
( ဥပမာ Wish 2003 XS ဆိုပြီး အ​နောက်​ဘရိတ်​က Drum ဖြစ်​​နေတာမျိုး )
☑ ၁၀။ ခွင့်​ပြုတယ်​ဆို ကားစမ်း​မောင်းကြည့်​မယ်​။ AC ဖွင့်​ထားမယ်​။ အင်​ဂျင်​အသံ ​အောက်​ပိုင်းအသံ နား​ထောင်​မယ်​။ ချိုင့်​အ​သေး​လေး​တွေကျရင်​ ဘယ်​လိုလဲ။ ​​ရှော့ဘား​တွေ ဘွတ်​​တွေ​ကောင်းလား။ ဘရိတ်​​ကောင်းလား စမ်းမယ်​။ ​မော်​ဒယ်​မြင့်​ကားဆို ကိုယ့်​အသိ workshop မှာ computer ထိုးစစ်​မယ်​ ( ဥပမာ Honda Civic hybrid မှာ IMA error လိုမျိုးရှိမှာ​ကြောက်​ရင်​ )
🇲🇲 ကားများသည်​ brand new ကားများမဟုတ်​လို့ အနည်းအများ ပြစ်​ချက်​ရှိမှာပါ။ ​ဈေး​ပေါ်မူတည်​ပြီး ဝယ်​သင့်​ မဝယ်​သင့်​ဆုံးဖြတ်​ပါ။ အချို့လူများသည်​ ကားအားလုံး​ကောင်း​ပြီး​ ဈေးတန်​သော်​လည်း ဘန်​ဘာ တွင်​​အဆင်းရာများရှိ၍ မကြိုက်​ဟု​ပြောသည်​။ ထို့​နောက်​ အ​ရှေ့​ရော အ​နောက်​ပါ တိုက်​ထားပြီး ​ဆေး body ပြန်​လုပ်​ထား​သောကားကို စင်းလုံး​ချောထင်​၍ ဝယ်​သွားသည်​ကို ကြားဖူးသည်​။
kilo 120000 ကားကို ကီလိုများသည်​ဟု မဝယ်​ဘဲ kilo 180000 ကို ကီလို 70000 ​ပြောင်းထား​သော ကားကိုဝယ်​သည်​။ ကီလိုအနည်းအများ အ​ရေးကြီး​ သော်​လည်း အင်​ဂျင်​ ဂီယာ​ဘောက်​စ်​ ​အောက်​ပိုင်း  ပို​ကောင်းတဲ့ကားကို ယူရပါမည်​။
ကီလိုနည်းပြီး ကား​ကောင်းရင်​​တော့ အကောင်းဆုံး​ ပေါ့။
🇲🇲 သိသ​လောက်​ မှတ်​သ​လောက်​ ​​လေး​တွေတင်​​ပေးလိုက်​ပါသည်​။ ကျန်​ခဲ့တာ​တွေလည်းရှိမှာပါ​။
ကားဝယ်​သူတိုင်း ကား​ကောင်းရကြပါ​စေ။
🚘🚘🚘🚘🚘

Credit》》
Yan Naing

ကြိုက်​တဲ့ပုဒ်​မနဲ့ ဖမ်ေ​တော့ ( ​နေဝင်းမြင့်​)

ဆရာ​နေဝင့်​မြင့်​ရဲ့  :)
    ကြိုက်တဲ့ ပြစ်မှုနဲု့သာ ဖမ်းပေတော့ . . .တဲ့
********************

ရွာသား  နာမည်ကကြွက်သိုး

သူကြီးအိမ်မှာ ရေလေးခပ် ထင်းလေးခွဲ ပိုက်ဆံမယူရှာဘူး
တစ်နှစ်လောက်ကြာတော့သူကြီးကတော်ကသနား
သူကြီးကိုပြော မောင်ကြွက်သိုးလေးဆယ်အိမ်ခေါင်းခန့်လိုက်ပါတော်တဲ့ ဟဲ့ နင့်ကောင်က စာမှမတတ်တာ

ရှင်ကလည်း  စာမတတ်ပဲ အုပ်ချုပ်နေတဲ့သူတွေတစ်ပုံကြီး

ကဲခန့်ပါမယ်ကွာ။

ကြွက်သိုးကို ဆယ်အိမ်ခေါင်းခေါ်ခန့်
သူကြီးခန့်တာတော့ဟုတ်ပါပြီ  ကျုပ်မှာကော်လာကတုံး
မရှိဘူး
သူကြီးက  အင်္ကျီ အဟောင်းလေးခေါ်ပေး
ကြွက်သိုးက မြောက်ကြွကြွ
ပထမဆုံးဘုံဆိုင်သွား အရက်လေးကစ်
မူးပြီးငိုက်စိုက်ငိုက်စိုက်
ခွေးတွေကဟောင်တော့

ဘာမှတ်နေလည်း ဆယ်အိမ်ခေါင်းကွ ဖမ်းချုပ်လိုက်ရမလား
ခွေးတွေနဲ့စရန်ဖြစ်

မဖြစ်သေးပါဘူး  ဆယ်အိမ်ခေါင်း  training  ဘယ်လို
ဆင်းရမလည်း

ရွာမြောက်ဖျားက  ငါ့အမေနဲ့နှမအိမ်သွားမယ်
ညသန်းကောင် ကြွက်သိုး အမေ့အိမ်ရောက်သွား

ထရံလေးပုတ်နှိုး
မအေကြီးက  ဖွင့်ပေးရှာတယ်

ငါ့သားကြွက်သိုးပါလား
ဘာကြွက်သိုးလည်း ဆယ်အိမ်ခေါင်းမင်းဗျ ခင်ဗျားဝတ္တရား

နှောက်ယှက်မှု နဲ့ အရေးယူလိုက်ရမလား

ဒါနဲ့နေပါဦး ခင်ဗျားကျုပ်မြင်ဘူးပါတယ်

ငါ  နင့်အမေ  ဒေါ်ခလေ
သြော်  ဒေါ်ခ ဒါနဲ့ ဒီအိမ်မှာ လူဘယ်နှစ်ယောက်နေလည်း

ခက်ပါပြီ  ငါနဲ့မင်းနှမ မိကောက်  နှစ်ယောက်ပေါ့ဟဲ့

မရှည်နဲ့ လိုရင်းဖြေ  ခင်ဗျားယောက်ကျားနာမည်ဘယ်သူလည်း

ဟဲ့ နင့်အဖေ  ကိုကောက်လေ

ခုဘယ်မှာလည်း

သေတာ  နှစ်နှစ်ဆယ်ရှိပြီလေ  မင်းကိုယ်တိုင် သင်းချိုင်း
ထမ်းချတာ
သေတာ သေချာရဲ့လား

မင်းကိုယ်တိုင်သင်းချိုင်းကုန်းထမ်းချတာပါဆို

ခင်ဗျားကျုပ်ကို စဏ္ဌာလပြောတာလား  ဟိုခြင်ထောင်ထဲကဘယ်သူလည်း

မင်းညီမ  မိကောက်လေ
သူကတဖအေလား

ဒီကောင်ခက်တော့ခက်နေပြီ

ကဲသန်းခေါင်စာရင်းသာပြ

(သန်းခေါင်စာရင်းလေးကြည့်)

ဒေါ်ခ  လက်ဝဲပါးမှဲ့ရှိ မှန်းဟိုဘက်လှည့်စမ်း

ဟုတ်ပြီ  အလုပ်အကိုင်က မှီခို ဆိုပါလား
အေးလေ  မင်းအဖေရှိတုန်းက  ငါက  မှီခိုပေါ့

အင်းခင်ဗျားတို့လိုမှီခိုတွေများနေလို့ တိုင်းပြည်မတိုးတက်တာ

ခုဘာလုပ်စားလည်း

သက်ကယ်ပစ်စားတယ် မလောက်မင  ပါတော်
ဘာတုန်းခင်ဗျားက  အစိုးရ အသုံးမကျဘူးပြောချင်တာလား

အမယ်လေးတော် အစိုးရဆိုတာများ ခေါင်းထဲရှိပါဘူးတော်
ဘာ  အစိုးရကို နှစ်ပြားမတန်ဘူးပြောချင်တာလား

ငါ့ကို အမှု ကြီးအောင်မလုပ်ပါနဲ့

ခင်ဗျား တောနဲ့အဆက်အသွယ်ရှိလား

ရှိတာပေါ့ဟဲ့ သက်ကယ်ပစ်စားပါတယ်ဆိုမှ တောနဲ့

အဆက်အသွယ်ရှိတာပေါ့
ကျုပ်ပြောတာ  သူပုန်နဲ့ဆက်သွယ်တာပြောတာ

ဟဲ့ငါကြားတာတော့  အစိုးရသာ သူပုန်နဲ့ဆက်သွယ်
ရတယ်လို့ကြားတာဘဲ
ဘာလည်းခင်ဗျားက  အစိုးရနဲ့သူပုန်လက်ဝါးခြင်း
ရိုက်ထားတယ်ပြောချင်တာလား။

ကဲ  မင်း  ငါ့ကို  ကြိုက်တဲ့အမှု နဲ့သာ  ဖမ်းပေတော့

သေခြင်းဆိုးရေ....တဲ့။

ကြွက်သိုး  အမေကတောင်စိတ်မရှည်တော့ဘူး။
 

    Cd//  Aung Ko Ko