Copyright
Saturday, December 16, 2017
မင်းတို့အချစ်​ ကျရှုံးပါ​စေ
မကြာခင်​လာ​တော့မယ့်​ ဗယ်​လင်​တိုင်း​​ဒေး​နေ့အတွက်​ဖြစ်
သည်​။ ​ယောက်ျား​ကောင်းတို့၏ ထားအပ်​​သော ကိုယ်​ကျင့်
သိက္ခာတရား မိန်းမ​ကောင်းတို့ လိုက်​နာအပ်​​စောင့်​စည်းအပ်
သော သိက္ခာတရားတို့ကို ​တွေးရင်းဖတ်​ကြည့်​ပါ​လေ။
ဆရာကြီး​မောင်​သာချို၏ ​ဆောင်းပါးဖြစ်​ပါသည်​။ စာနည်း
နည်းများပါသည်​။ ဖတ်​ဖြစ်​​အောင်​ ဖတ်​ကြည့်​​စေချင်​ပါသည်​။ကျွန်​​တော်​က​တော့ ကျွန်​​တော့်​က​လေးများကို
စာဖတ်​ပြ၍ ခံစား​လိုက်​​နာ​စေပြီး ဖြစ်​ပါသည်​။
 ခမ်းနားကြီးကျယ်​​သော အချစ်​စိတ်​တို့ ဆိတ်​သုန်းပြီ
တစ်
 ကဗျာချစ်​သူတစ်​​ယောက်​အ​နေနှင့်​ ကဗျာ​ဟောင်း၊ကဗျာ
သစ်​ခွဲခြား​လေ့မရှိဘဲ လက်​လှမ်းမှီရာ ကဗျာက​လေးများကို
ဖတ်​ရှုခံစား​လေ့ရှိပါသည်​။ကျွန်​​တော်​ကြိုက်​သည့်​ ကဗျာအ
မျိုးအစားထဲမှာက အိုင်​ချင်းကဗျာက​လေးများ ပါဝင်​ပါသည်​။ အိုင်​ချင်းဆိုမှဖြင့်​ အမျိုးသမီးကဗျာဆရာမ ​တောင်​တွင်းသူရှင်​ငြိမ်းမယ်​လည်း ပါဝင်​​ပေမ​ပေါ့။
 မြန်​မာစာ​ပေနှင့်​ပတ်​သက်​၍ ​ပြော​ရေးဆိုခွင့်​ရှိသူ ပညာရှင်​များက ကင်း နှင့်​ ညှင်း ဟု​ခေါင်းစဉ်​တပ်​ထား​သော အိုင်​ချင်းက​လေးတစ်​ပုဒ်​ကို ယခုရက်​များအတွင်းပြန်​ဖတ်​ဖြစ်​ပါသည်​။တောင်​တွင်းရှင်​ငြိမ်းမယ်​၏ လက်​ရာပင်​ဖြစ်​ပါ၏။
 ကဗျာကို အစအဆုံးမ​ဖော်​ပြ​တော့ဘဲ လိုအပ်​ရာအပိုင်းကို
ကောက်​နုတ်​၍​ဆွေး​နွေးလိုပါသည်​။
              ညိုလဲ့ငယ်​မှ ​ကြော့ရှင်း
               ညှင်းကိုဘယ်​က
               ပွားသလဲ​တော်
                ညိုလဲ့ငယ်​မှ ​ကြော့ရှင်း
               ညှင်းကို မယ်​က
               ပွားသတဲ့။
               ညဉ့်​ကို​ပေးသည်
              ညှင်း​သေးငယ်​မှ ပြဲ့ပြဲ့
              အမယ်​မင်းငယ်​နှင့်
              မြင်းငယ်​​နေသည်
              အိမ်​​ခြေဝင်းနှင့်
               ​ရွှေတွင်းသူငယ်
               ကုန်​မ​ပေးသည်
               ကြွင်း​သေးငဲ့​လေ
ကျွန်​​တော်​ ​ဆွေး​နွေးလိုသည့်​ ကဗျာ​ကောက်​နုတ်​ချက်​ပင်
ဖြစ်​သည်​။
ရှင်းပါသည်​။ အချစ်​အ​ကြောင်းကိုဖွဲ့သည့်​ အိုင်​ချင်းက​လေး
ချစ်​သူ​မောင်​၏ လည်​ပင်းတွင်​ ညှင်းများ​ပေါက်​​နေသတဲ့။
ထိုညှင်းများသည်​ သူ့ ချစ်​သူမိန်းမပျို၏ လည်​ပင်းက​နေ
ကူးလာ​သော ညှင်းများဖြစ်​ပါ​လေသတဲ့။ထိုညှင်းများ တစ်
ဦးထံမှ တစ်​​ယောက်​ဆီသို့ ကူးလာသည်​မှာ ​နေ့တွင်​မဟုတ်​ဘဲ ညတွင်​ ဖြစ်​ပါ​လေသတဲ့။ ခြံနှင့်​ဝင်းနှင့်​ မြင်းနှင့်​ဆင်​နှင့်
နေထိုင်​သူ ​တောင်​တွင်းသူ မိန်းမပျိုက ညှင်းကို အကုန်​ကူး
သည်​အထိ ချစ်​သူ​မောင်​နှင့်​ ရင်းရင်းနှီးနှီး ကျွမ်းကျွမ်းဝင်​ဝင်​ မ​နေဘဲ ညှင်းမကူးသည့်​​နေရာ ကြွင်းကျန်​ရစ်​သည့်​ ​နေ
ရာများလည်း ရှိ​သေးပါ​ကြောင်း ဖွဲ့ဆိုထားသည့်​ ကဗျာပင်
ဖြစ်​သည်​။
ညှင်းကူးသည်​ဆိုကတည်းက ဖိုနှင့်​မ ရင်းရင်းနှီးနှီး​နေထိုင်
ကြပုံ ​ပေါ်လွင်​ပြီးဖြစ်​ပါသည်​။ ညတွင်​ ညှင်းကူးသည်​ဟု
ဆိုပြန်​​တော့ လူငယ်​တို့ ဘာသာဘာဝ ညအခါ ချိန်းဆို​တွေ့
ဆုံကြ​ကြောင်း ဆိုလိုရင်း ဖြစ်​​နေပါပြီ။ ညှင်းက အကုန်​မကူး​သေးဘဲ ကြွင်း​သေးသည်​ဟု ဆို​သောအခါ သူ့ကိုယ်​သူ
အဆုံးအစွန်​အထိ အ​ရောက်​မခံဘဲ ထိန်းသိမ်းနိုင်​စွမ်းရှိသူ
ကျေးလက်​မိန်းမပျို က​လေးတစ်​ဦးအဖြစ်​ ကျက်​သ​ရေရှိ၍
သွားပါ​တော့သည်​။
အခု ညှင်း​တွေ ဘယ်​လို ကူး​နေကြပါလိမ့်​။
နှစ်
  ယခု မြန်​မာလူငယ်​​တွေကြားတွင်​ ​တော်​​တော်​​လေး​ခေတ်
စား​နေသည့်​ ဗယ်​လင်​တိုင်း​ဒေး ​ခေါ် ချစ်​သူများ​နေ့ကမူ
ကြက်​သီးထစရာများနှင့်​ အပြည့်​ဖြစ်​ပါသည်​။
   တည်​ခိုခန်းပိုင်​ရှင်​၊ ဟိုတယ်​ပိုင်​ရှင်​တို့၏ ​ပြောဆိုချက်​များ
အရ ထိုရက်​ ​ဖေ​ဖော်​ဝါရီ ၁၄ ရက်​​နေ့တွင်​ အခန်းများအ
လွတ်​မရှိ​အောင်​ ပြည့်​လျှံ​ဖောင်းကန်​ ကုန်​ကြပါ​လေသတဲ့။
ချစ်​သူစုံတွဲ အသီးသီးတို့က မိမိတို့ ငှါးရမ်းထားကြသည့်
အခန်းများထဲ၌ ချစ်​သူများ​နေ့ကို လွတ်​လွတ်​လပ်​လပ်​ကြီး
ကျင်းပဆင်​နွှဲပီးကြသည်​နှင့်​ သမိုင်း​ပေးတာဝန်​တစ်​ရပ်​ကို
ထမ်း​ဆောင်​၍ ပြီးကြသူများပမာ ပြန်​လည်​၍ ထွက်​ခွာသွားကြပါ​လေသတဲ့။
သြော်​ ....ညှင်း​တွေ အကုန်​ကူးကြပြီ ထင်​ပါရဲ့။
   သတင်းစာကို ​ကောက်​လှန်​ကြည့်​မိ​သောအခါ အမျိုးသား
ဆေးဝါးဥပ​ဒေ ပုဒ်​မ ၁၈ အရ ဖမ်းမိ​သော​ဆေးဝါးတို့က
ကြောက်​မခန်းလိလိဖြစ်​ပါသည်​။
  ပိတုန်းတံဆိပ်​တဲ့။ကျားမင်းတံဆိပ်​တဲ့။Max man တံဆိပ်​တဲ့။ New playboy တံဆိပ်​တဲ့။ Xtra force တံဆိပ်​တဲ့။
Scelepra တံဆိပ်​တဲ့။ကာမဆန္ဒထကြွ​ပေါက်​ကွဲ လှိုင်​ဆူပွင့်​ထွက်​ ​ဆေးဝါးများဟုဆိုပါလား။
  လူ့ အဖွဲ့အစည်းတွင်​ ထိုထို​သော​ဆေးဝါးများက ထိုး​ဖောက်​ဝင်​​ရောက်​ ​နေရာယူလာကြ​သောအခါ ဗယ်​လင်​တိုင်း​ဒေ​ရောဂါတက်​​နေသူ ​တောင်​မ​ရောက်​ ​မြောက်​မ​ရောက်
လူငယ်​များအဖို့ အမှားက ခံတွင်းဝ အကျယ်​ကြီး ဟကာ
စောင့်​​နေခဲ့သည်​မှာ သိပ်​​တော့အံသြစရာ မဟုတ်​ပါ​လေ။
သုံး
ဥာဏ်​နှင့်​ပညာနည်းသူ မြန်​မာနိုင်​ငံအဖို့ ပြုန်းသွား​သောအရာ​တွေက အများအပြားပဲ ဖြစ်​ပါသည်​။ ​တောပြုန်း၊​တောင်​ပြုန်း၊ မြစ်​ပြုန်း၊ ​ချောင်းပြုန်း၊ ကန်​ပြုန်း၊ ​ကျောင်း
ပြုန်း၊စပါးပြုန်း၊ ငါးပြုန်း၊ ​မြေ​ပေါ်​မြေ​အောက်​တိုးလျို​ပေါက်​​အောင်​ ပြုန်းခဲ့​လေ​သောအခါ စိတ်​​နေစိတ်​ထားများ
ပါ ပြုန်းကုန်​ခဲ့သည်​များက ​ကြေကွဲစရာပဲဖြစ်​ပါသည်​။
 ထိုအထဲမှာ ချစ်​ခြင်း​မေတ္တာ ပါပါသည်​။ ကျွန်​​တော်​တို့ဆီ
မှာ ချစ်​ခြင်း​မေတ္တာလည်း ပြုန်းသွားပါပြီ။
တက္ကသိုလ်​ဘုန်းနိုင်​၏ သူငယ်​ချင်းလို့ပဲ ဆက်​၍​ခေါ်မည်​ခိုင်
ကို ဖတ်​ကာ ခိုင်​နှင့်​​မောင်​တို့၏ နှစ်​လွှာ​ပေါင်းမှ တစ်​ရွက်
မည်​​လေ​သော စွယ်​​တော်​ရွက်​က​လေးများကို စွဲငိသွားရာက
စာအုပ်​ကြား၌ စွယ်​​တော်​ရွက်​က​လေးများခူးပြီး ညှပ်​ထားကြသည့်​ ကျွန်​​တော်​တို့​ခေတ်​က လူငယ်​ဘဝကို အခု
ခေတ်​လူငယ်​​တွေ နားလည်​နိုင်​ကြပါ့မလားမသိ။
မောင်​​မောင်​ညွှန့်​ သီဆိုကာ ဂီတနက်​သန်​ကို​စောညိန်း ​ရေးဖွဲ့
ခဲ့သည့်​ စံပယ်​သီချင်းကိုနား​ထောင်​ကာ ဖြူစင်​လွန်းသည့်
ချစ်​သူကို စံပယ်​ဟူ​သော နာမည်​​ပေးလို​ပါ​ကြောင်း အဖွဲ့အနွဲ့
လေး​တွေ​ပေါ်မှာ အခုလူငယ်​​တွေ ခံစားနိုင်​ကြပါ့မလားမသိ။
ဆရာမင်းသုဝဏ်​က သူ၏နှင်းဆီပွင့်​ကဗျာထဲတွင်​ ချစ်​သူ
အမှာပါးလိုက်​သည့်​ ချစ်​သူကို ခ​ရေဖူး​လေး​တွေခူးကာ ယူ
ဆောင်​လာသည့်​အခိုက်​ နှင်းဆီပန်းပန်​ထားသည့်​ ချစ်​သူကို
ကြည့်​ကာ တင့်​တယ်​ပြီးကျက်​သ​ရေ ရှိလှပါ​ပေတယ်​ဟု
သုံးသပ်​သည့်​ ချစ်​ခံ​ခေသည့်​ လုလင်​ကို အခုလူငယ်​​တွေ
ဘယ်​လိုများ မှတ်​ချက်​ချကြ​လေမလဲမသိ။
လေး
ခမ်းနားကြီးကျယ်​​သော အချစ်​စိတ်​တို့ ဆိတ်​သုဉ်းပြုန်းတီးရာ ဤ​နေရာ၌ ဆရာ​မောင်​သာနိုး ဘာသာပြန်​ဆိုခဲ့
သော ရုရှားကဗျာဆရာ အ​ကျော်​အ​မော်​ မာယာ​ကော့ဖ်​စကီး ၏ ​ဘောင်းဘီဝတ်​မိုးတိမ်​ ထဲက စာသားတစ်​ချို့ကို
ကျွန်​​တော်​သတိရပါသည်​။
    ကဗျာထဲ၌ အခန်း​လေးခန်းပါဝင်​ရာ
    မင်းတို့အချစ်​ ကျဆုံးပါ​စေ
     မင်းတို့အနုပညာ ကျဆုံးပါ​စေ
     မင်းတို့နိုင်​ငံ​ရေး ကျဆုံးပါ​စေ
     မင်းတို့ဘာသာ​ရေး ကျဆုံးပါ​စေ စသည်​ဖြင့်​ ဖြစ်​ပါသည်​။
   အခု ကျွန်​​တော်​က ထိုအခန်း​လေးခန်းထဲက တစ်​ခန်း၏
ခေါင်းစဉ်​ကို သ​ဘောကျကာ ပဲ့တင်​ထပ်​လိုခြင်း ဖြစ်​ပါသည်​။
   မင်းတို့ အချစ်​ ကျဆုံးပါ​စေ
   မင်းတို့အချစ်​ ကျဆုံးပါ​စေ .....စသည်​ဖြင့်
No comments:
Post a Comment