#သေတ္တာထဲက_ဘဝအပိုင်းအစများ
------------------------------------------------
------------------------------------------------
တခါတုန်းက အရမ်းအောင်မြင်ခဲ့တဲ့
သူဌေးကြီးတယောက်ရှိတယ်။သူအိပ်တဲ့
ခုတင်အောက်မှာ သေတ္တာကြီးတလုံး
ရှိပါတယ်။သေတ္တာဆိုတာ အဝတ်အစားတွေ၊
အသုံးအဆောင်တွေ ထည့်တာဆိုပေမဲ့
သူဌေးကြီးရဲ့ သေတ္တာထဲမှာတော့ အဲဒီအရာတွေ
မရှိပါဘူး။တနေ့မှာတော့ သူရဲ့သမီးဟာ
ခုတင်အောက်က သေတ္တာကြီးကို
တွေ့သွားပြီး သူ့အဖေကို မေးပါတော့တယ်။
သူဌေးကြီးတယောက်ရှိတယ်။သူအိပ်တဲ့
ခုတင်အောက်မှာ သေတ္တာကြီးတလုံး
ရှိပါတယ်။သေတ္တာဆိုတာ အဝတ်အစားတွေ၊
အသုံးအဆောင်တွေ ထည့်တာဆိုပေမဲ့
သူဌေးကြီးရဲ့ သေတ္တာထဲမှာတော့ အဲဒီအရာတွေ
မရှိပါဘူး။တနေ့မှာတော့ သူရဲ့သမီးဟာ
ခုတင်အောက်က သေတ္တာကြီးကို
တွေ့သွားပြီး သူ့အဖေကို မေးပါတော့တယ်။
` ဖေဖေ ဒီခုတင်အောက်က သေတ္တာကြီးထဲမှာ
ဘာတွေထည့်ထားတာလဲ။ '
ဘာတွေထည့်ထားတာလဲ။ '
` ဘာမှ မဟုတ်ပါဘူး သမီးရဲ့၊ စာရွက်အပိုင်းအစတွေပါ။
` ဟင် ဖေဖေ ကလည်း စာရွက်တွေကိုများ
သေတ္တာနဲ့ ထည့်ထားရတယ်လို့ '
သေတ္တာနဲ့ ထည့်ထားရတယ်လို့ '
` စာရွက်တွေ ဆိုပေမဲ့ နယ်နယ်ရရမဟုတ်ဘူး
သမီးရဲ့၊ စာရွက်တခုချင်း စီမှာ ဖေဖေ့ ဘဝကို
ရောင်ပြန်ဟပ်နေတဲ့ စာကြောင်းတိုတွေပါတယ်။
အဲဒီစာရွက်တွေအကြောင်း ဖေဖေရှင်းပြပမယ်'
သမီးရဲ့၊ စာရွက်တခုချင်း စီမှာ ဖေဖေ့ ဘဝကို
ရောင်ပြန်ဟပ်နေတဲ့ စာကြောင်းတိုတွေပါတယ်။
အဲဒီစာရွက်တွေအကြောင်း ဖေဖေရှင်းပြပမယ်'
အဲလိုနဲ့ သူဌေးကြီးဟာ သေတ္တာကြီးကို
ခုတင်အောက်က ဆွဲထုတ်၊လှပ်လိုက်တဲ့အချိန်မှာ
သူပြောထားတဲ့အတိုင်း
စာရွက်အပိုင်းအစ တော်တော်များများကို တွေ့ရပါတယ်။
ခုတင်အောက်က ဆွဲထုတ်၊လှပ်လိုက်တဲ့အချိန်မှာ
သူပြောထားတဲ့အတိုင်း
စာရွက်အပိုင်းအစ တော်တော်များများကို တွေ့ရပါတယ်။
`အဲဒီထဲက သမီးကြိုက်တဲ့ စာရွက် သုံး ရွက်ကို
ရွေးယူလိုက်ပါ'
သမီးလည်း သူ့ဖအေ ပြောတဲ့အတိုင်း
စာရွက် သုံးရွက် ကို ရွေးယူလိုက်ပါတယ်။
ရွေးယူလိုက်ပါ'
သမီးလည်း သူ့ဖအေ ပြောတဲ့အတိုင်း
စာရွက် သုံးရွက် ကို ရွေးယူလိုက်ပါတယ်။
ပထမဆုံး စာရွက် -လစာကောင်းတဲ့
အလုပ်တခုမှ အထုတ်ခံရ၊ရက်ပိုင်းအတွင်း
မွေးသမိခင် အနိစ္စရောက်၊ဘာလုပ်လို့ ဘာ
ကိုင်ရမှန်းမသိ၊အခန်းထဲမှာ ကိုယ့်ကိုယ်ကို
သတ်သေဖို့ စဉ်းစားခဲ့၊လောကကြီးကို
နာကျည်း စိတ်ကုန် ။
အလုပ်တခုမှ အထုတ်ခံရ၊ရက်ပိုင်းအတွင်း
မွေးသမိခင် အနိစ္စရောက်၊ဘာလုပ်လို့ ဘာ
ကိုင်ရမှန်းမသိ၊အခန်းထဲမှာ ကိုယ့်ကိုယ်ကို
သတ်သေဖို့ စဉ်းစားခဲ့၊လောကကြီးကို
နာကျည်း စိတ်ကုန် ။
အဲဒီစာကို သမီးက ဖတ်ပြပြီး သူဌေးကြီးက
ရှင်းပြပါတယ်။စာကိုရေးခဲ့တာကတော့
ဖေဖေ့အသက် ၃၀ ဝန်းကျင်မှာပါ။
ဖေဖေ့ကို မနာလိုတဲ့ အတိုက်အခံတွေရဲ့
ချောက်တွန်းမှုကြောင့် ကုမ္ပဏီက အလုပ်ထုတ်လိုက်တယ်။ရက်ပိုင်းအတွင်းမှာလည်း
အမေက ဆုံးသွားတယ်လေ။
ရှင်းပြပါတယ်။စာကိုရေးခဲ့တာကတော့
ဖေဖေ့အသက် ၃၀ ဝန်းကျင်မှာပါ။
ဖေဖေ့ကို မနာလိုတဲ့ အတိုက်အခံတွေရဲ့
ချောက်တွန်းမှုကြောင့် ကုမ္ပဏီက အလုပ်ထုတ်လိုက်တယ်။ရက်ပိုင်းအတွင်းမှာလည်း
အမေက ဆုံးသွားတယ်လေ။
ဘဝရဲ့ အဆိုးရွားဆုံး
အချိန်တွေ ကို ဖေဖေဖြတ်သန်းခဲ့ရတာပါ။
ကိုယ့်ကိုယ်ကို သတ်သေမယ်လို့တောင်
စဉ်းစားခဲ့ပါသေးတယ်။ဒါပေမဲ့ အဲဒီစာကို ရေးပီး
သေတ္တာထဲ ထည့်ပြီးနောက်ပိုင်းမှာ ကိုယ့်ကိုယ်ကို
လူသစ်တယောက်လို ခံစားလာရတယ်၊အားသစ်တွေ ဝင်လာတယ်။ဖေဖေ့မှာ ရှိတဲ့
စိတ်ညစ်စရာတွေကို စာနဲ့ရေးပြီး လွှင့်ပစ်လိုက်တဲသဘောပေါ့။အဲဒီစာကို
ခုချိန်မှာ ဖတ်မိတော့ အဲဒီတုန်းက သတ်မသေ
ခဲ့မိတာ တော်တော် ကံကောင်းတယ်ဆိုရမယ်။

စကားအဆုံးမှာတော့ သူဌေးကြီးရဲ့
နှုတ်ခမ်းမှာ လေးနက်တဲ့ အပြုံးတခုကို
တွေ့လိုက်ရပါတယ်။လောကဓံကို အံတုနိုင်ခဲ့
သော အောင်မြင်သူတယောက်ရဲ့ အပြုံး
ဆိုရင်လည်း မမှားနိုင်ပါဘူး။
နှုတ်ခမ်းမှာ လေးနက်တဲ့ အပြုံးတခုကို
တွေ့လိုက်ရပါတယ်။လောကဓံကို အံတုနိုင်ခဲ့
သော အောင်မြင်သူတယောက်ရဲ့ အပြုံး
ဆိုရင်လည်း မမှားနိုင်ပါဘူး။
ဒုတိယမြောက်စာရွက် - ရည်းစားဦးက ထားခဲ့
ပြီး နောက်တယောက် တွဲသွား၊လောကကြီးတခုလုံး အမှောင်ဖုံးသွား၊ကျောင်း
ပြေးပီး လေလွင့်၊စာကို စိတ်မဝင်စားတော့၊အတွေး
တွေထဲမှာ နစ်မွန်းပီး မျက်ရည်များကျ၊ နောက်တခါ
မချစ်ချင်တော့ ။
ပြီး နောက်တယောက် တွဲသွား၊လောကကြီးတခုလုံး အမှောင်ဖုံးသွား၊ကျောင်း
ပြေးပီး လေလွင့်၊စာကို စိတ်မဝင်စားတော့၊အတွေး
တွေထဲမှာ နစ်မွန်းပီး မျက်ရည်များကျ၊ နောက်တခါ
မချစ်ချင်တော့ ။
` သမီးက အဲဒီစာရွက်ကိုမှ ရွေးယူရတယ်လို့'
သူဌေးကြီးက ရယ်မောရင်း ပြောလိုက်ပါတယ်။
သူဌေးကြီးက ရယ်မောရင်း ပြောလိုက်ပါတယ်။
အဲတုန်းက ဖေဖေ ကျောင်းသားဘဝမှာပါ။
လူငယ်သဘာဝ ကိုယ်ချစ်တဲ့သူကို
ရည်းစားစကားပြောပီး ချစ်သူတွေ ဖြစ်ခဲ့တာပေါ့။
ချစ်သူဘဝမှာလည်း ပျော်ရွှင်ခဲ့ရပါတယ်။ဒါပေမဲ့
အဲဒီပျော်ရွှင်မှုက တာရှည်မခံခဲ့ပါဘူး။သူ ဖေဖေ့ကို
အပြစ်အမျိုးမျိုးရှာပြီး ဖြတ်သွားတယ်လေ။နောက်တနေ့ ကျောင်းရောက်တော့ တခြား
တယောက်နဲ့ စကားတွေပြောပြီး ကြည်နူးနေတာ
ကို တွေ့ခဲ့ရတယ်၊

ဖေဖေ့ရဲ့ နှလုံးသားတခုလုံး
ပွင့်ထွက်သွားမတတ် ခံစားခဲ့ရတယ်၊ရှက်လည်း
ရှက်မိသလို အဲဒီမိန်းကလေးကို လည်း
နာကျည်းမိတယ်၊ကျောင်းကို ပုံမှန်မသွားတော့
ပဲ အပြင်မှာ အလေလိုက် နေခဲ့တာပေါ့၊
အဲလိုနဲ့ ကျောင်းက အထုတ်ခံခဲ့ရတယ်၊
ကိုယ်လုပ်နေတာတွေ မှားမှန်းသိပီး ဒီစာကို
ရေးခဲ့တာပါ။အဲဒီနောက်မှာတော့ ဘဝကို
အစကပြန်စပြီး အောင်မြင်လာခဲ့တာပဲ။

` ဒါဆို ဖေဖေ ဘွဲ့မရတာ အဲဒီ မိန်းကလေးကြောင့်ပေါ့'
` ဖေဖေတော့ အဲလို မထင်ဘူး၊လူတိုင်းမှာ
ရွေးချယ်ခွင့် ကိုယ်စီ ရှိကြပါတယ်။ကိုယ်က
ဘယ်လောက်ပဲ ချစ်ချစ် ကိုယ့်ကို ပြန်မချစ်တာမျိုး
ကြုံရနိုင်ပါတယ်။လူဆိုတာ ချစ်ရဲတဲ့သတ္တိရှိသလို
စွန့်လွှတ်ရဲတဲ့ သတ္တိလဲ ရှိရမယ်လေ။အဲဒီအကြောင်းကို ခုချိန်မှာစဉ်းစားမိတော့
တော်တော်ရယ်ဖို့ ကောင်းသလိုပဲ။

ရည်းစားက
ဖြတ်သွားတာနဲ့ ဘဝတခုလုံး ပျက်သွားပြီ
ထင်ခဲ့တာလေ၊တကယ်တော့ အချစ်ဆိုတာ
ဘဝရဲ့ အစိတ်အပိုင်း နည်းနည်းလေးမှာပဲ
ပါဝင်တာပါ။ဘဝတခုလုံးထဲကို ဆွဲသွင်းမိခဲ့
တဲ့ ဖေဖေပဲ မှားယွင်းခဲ့တာပါ။အဲဒီ မိန်းကလေးကို
ခုချိန်မှာတွေ့ရင် ပြုံးပြဖို့ ဝန်မလေးပါဘူး။
သူကြောင့်ပဲ ဖေဖေ့ နှလုံးသားက
ရင့်ကျက်လာခဲ့တာလေ။အရာအားလုံးအတွက်
သူ့ကို ကျေးဇူးတင်ပါတယ်။

တတိယမြောက်စာရွက် - ငွေနောက်ကိုသာ
သဲကြီးမဲကြီးလိုက်ခဲ့၊ ဘဝရဲ့ အလှတရားတွေကို
ရှာဖွေခဲ့ခြင်းမရှိ။
သဲကြီးမဲကြီးလိုက်ခဲ့၊ ဘဝရဲ့ အလှတရားတွေကို
ရှာဖွေခဲ့ခြင်းမရှိ။
အဲဒီစာကတော့ ဖေဖေ နောင်တရခဲ့တဲ့စာဆိုရင်
မမှားပါဘူး။ဘဝရဲ့ အချိန်တော်တော်များများကို
ငွေအကြောင်းပဲ တွေးခဲ့မိတယ်။ရှာလို့ရတဲ့
ငွေတွေကိုလည်း ကိုယ့်စားဝတ်နေရေးအတွက်
ပဲ သုံးခဲ့တယ်။အဲဒီတုန်းက ဖေဖေဟာ တိရစ္ဆာန်
တကောင်နဲ့ ဘာမှ မခြားပါဘူး။
မမှားပါဘူး။ဘဝရဲ့ အချိန်တော်တော်များများကို
ငွေအကြောင်းပဲ တွေးခဲ့မိတယ်။ရှာလို့ရတဲ့
ငွေတွေကိုလည်း ကိုယ့်စားဝတ်နေရေးအတွက်
ပဲ သုံးခဲ့တယ်။အဲဒီတုန်းက ဖေဖေဟာ တိရစ္ဆာန်
တကောင်နဲ့ ဘာမှ မခြားပါဘူး။
ကိုယ့်အတွက်
ကိုယ်သာကြည့်ပီး တခြားသူတွေကို ကူညီဖို့ မေ့လျော့ခဲ့တယ်။ငွေတွေအများကြီးကို ရှာပီး
ဘာလုပ်ရမှန်း မသိခဲ့ဘူး။ငွေရှာတယ်ဆိုတာ
ငွေမရှာတတ်လို့ ဆင်းရဲနေတဲ့သူတွေကို
ပြန်လည်မျှ ဝေပေးဖို့ပဲ ဖြစ်သင့်တယ်။ခုနောက်ပိုင်း
မှာတော့ ဖေဖေ အားလုံးကို ကူညီနေပါတယ်။

ဆင်းရဲတဲ့သူတွေ၊ပညာမသင်နိုင်တဲ့ကလေးငယ်
တွေ၊သက်ကြီးရွယ်အိုတွေ ကို ထောက်ပံ့နိုင်ဖို့
အဓိကထား ငွေရှာနေတယ်။အဲဒီရည်ရွယ်ချက်
ကြောင့်ပဲ တဖြည်းဖြည်းနဲ့အောင်မြင်လာတယ်လို့
ဆိုနိုင်တယ်။တကယ့်လူဆိုတာ ကိုယ့်မှာရှိတဲ့
အရာတွေကို မရှိတဲ့သူဆီ ခွဲဝေပေးချင်တဲ့
စိတ်ရှိရတယ်။

` သမီး နားလည်ပီ၊ဒီသေတ္တာထဲက စာတွေဟာ
ဖေဖေ စိတ်ညစ်နေတုန်းရေးပီး ထည့်ခဲ့တဲ့ စာတွေမလား၊အဲဒီစာတွေကို ထည့်ပြီးနောက်ပိုင်းမှာ
ဖေဖေဟာ စိတ်သစ်လူသစ် ဖြစ်လာပြီး
အမှန်တွေကို ရွေးချယ် လုပ်နိုင်လာတယ်။
မှားယွင်းနေတဲ့ ခံစားချက်တွေကို စာနဲ့
ရေးပြီးစိတ်ထဲက ထုတ်ပစ်လိုက်တယ်။စာရွက်
တွေ အရေအတွက်ရဆိုရင် ဖေဖေ့ဘဝမှာ
စိတ်ညစ်စရာတွေ အများကြီး ရှိခဲ့ပုံပဲ။

ဒီထဲက စာရွက်တွေကို မီးရှို့ ပစ်လိုက်ပီး
သေတ္တာကို သမီးကို ပေးပါ။သမီးလည်း
ဖေဖေ့လို စိတ်ညစ်တဲ့ အချိန်တိုင်း စာတွေ
ရေးပီး ထည့်ထားမယ်။ဒါမှ နောင်တချိန်မှာ
သမီးနဲ့ ပတ်သက်တဲ့ သူတချို့ကို စာတွေ
ထုတ်ပြပီး ပညာပေးလို့ရတာပေါ့။
သေတ္တာကို သမီးကို ပေးပါ။သမီးလည်း
ဖေဖေ့လို စိတ်ညစ်တဲ့ အချိန်တိုင်း စာတွေ
ရေးပီး ထည့်ထားမယ်။ဒါမှ နောင်တချိန်မှာ
သမီးနဲ့ ပတ်သက်တဲ့ သူတချို့ကို စာတွေ
ထုတ်ပြပီး ပညာပေးလို့ရတာပေါ့။
`ဟုတ်ပါပြီ၊ သမီးသဘောပါ။ခုချိန်မှာတော့
ဖေဖေ့မှာ စိတ်ဆင်းရဲစရာ မရှိတော့ပါဘူး။
ဘဝကို ကျေနပ်စွာ ဖြတ်သန်းခဲ့ပြီးပါပြီ။
ဒီသေတ္တာကို သမီးယူလိုက်ပါ။
ဖေဖေ့မှာ စိတ်ဆင်းရဲစရာ မရှိတော့ပါဘူး။
ဘဝကို ကျေနပ်စွာ ဖြတ်သန်းခဲ့ပြီးပါပြီ။
ဒီသေတ္တာကို သမီးယူလိုက်ပါ။
အဲဒီနောက်မှာတော့ နှယောက်စလုံးဟာ
ရင့်ကျက်တဲ့ အပြုံးကိုယ်စီနဲ့ ပြုံးလိုက်ကြပါတယ်။
အဖေလိုပဲ သမီးက စိတ်ညစ်စရာတွေကို
မေ့ပျောက်ပြီး ဘဝမှာအောင်ပွဲဆင်နိုင်မလား
ဆိုတာကတော့ သူ့အပေါ်မှာပဲ မူတည်ပါတော့တယ်။
ရင့်ကျက်တဲ့ အပြုံးကိုယ်စီနဲ့ ပြုံးလိုက်ကြပါတယ်။
အဖေလိုပဲ သမီးက စိတ်ညစ်စရာတွေကို
မေ့ပျောက်ပြီး ဘဝမှာအောင်ပွဲဆင်နိုင်မလား
ဆိုတာကတော့ သူ့အပေါ်မှာပဲ မူတည်ပါတော့တယ်။
သူဌေးကြီးလိုပဲ လူတိုင်းမှာ စိတ်ပျက်စရာ
တွေ ရှိခဲ့ဖူးပါတယ်။ဒါပေမဲ့ လူတချို့ကတော့
တချိန်က ခံစားချက်တွေကို မေ့ပျောက်နိုင်ခြင်း
မရှိကြပါဘူး။ဘဝမှာ တချို့အရာတွေက လုံးဝ
အရေးမပါဘူးဆိုတာ လူတိုင်းမသိကြပါဘူး။
တွေ ရှိခဲ့ဖူးပါတယ်။ဒါပေမဲ့ လူတချို့ကတော့
တချိန်က ခံစားချက်တွေကို မေ့ပျောက်နိုင်ခြင်း
မရှိကြပါဘူး။ဘဝမှာ တချို့အရာတွေက လုံးဝ
အရေးမပါဘူးဆိုတာ လူတိုင်းမသိကြပါဘူး။
လဲကျတိုင်း ပြန်ထဖို့ စိတ်မကူးပဲ လဲကျတဲ့
အကြောင်းကို ပြန်တွေးပီး စိတ်ညစ်နေလို့ကတော့
သင့်ဘဝက အဲဒီနေရာမှာတင် အဆုံးသတ်သွား
ပါပြီ။ခုချိန်က စပီး သင့်မှာရှိတဲ့ စိတ်ညစ်စရာတွေကို
ရေးပြီး ပုံး တခုခုထဲကို ထည့်ထားလိုက်ပါ။တချိန်ကျရင် အဲဒီစာတွေက ဘာမှ အဓိပ္ပါယ်မရှိဘူးဆိုတာ တွေ့ရပါလိမ့်မယ်။

ကြိုးစားပါ။သင့်အတွက် ဘာမှ မလိုအပ်ဘူးဆို
ရင်တောင်မှ သင့်ပတ်ဝန်းကျင်က လူတွေဟာ
အကူအညီတွေ လိုအပ်နေပါတယ်။
ရင်တောင်မှ သင့်ပတ်ဝန်းကျင်က လူတွေဟာ
အကူအညီတွေ လိုအပ်နေပါတယ်။
စွန့်လွှတ်ပါ။တချို့အရာတွေကို သင်ပိုင်ဆိုင်ခွင့်မရှိပါဘူး။
ချစ်ပါ။သင်ချစ်တဲ့သူတွေအတွက် အတတ်နိုင်ဆုံး ပျော်ရွှင်အောင်
လုပ်ပေးလိုက်ပါ။
လုပ်ပေးလိုက်ပါ။
ပြီးရင် အားလုံးကိုမေ့လိုက်ပါ။
ဘဝမှာ နောက်ဆံတင်းစရာ တခုမှမရှိပါဘူး။
#Creditt_ဓူဝံကြယ်
ဘဝမှာ နောက်ဆံတင်းစရာ တခုမှမရှိပါဘူး။
#Creditt_ဓူဝံကြယ်

No comments:
Post a Comment