#Irrfan_Khan (ကမ္ဘာ့အကောင်းဆုံးသမိုင်းဝင်ရုပ်ရှင်များ
ထဲမှအိန္ဒိယသားတစ်ဦး (သို့ ) Hollywoodရုပ်ရှင်နယ်ပယ်
မှာအအောင်မြင်ဆုံးအာရှတိုက်သားဇာတ်ပို့ တစ်ဦး)
………………………………………………………………………
.
.
.
.
"သင်လိုချင်တဲ့ဘဝဟာ သင်မလိုချင်တဲ့
အရာတွေနဲ့ စတင်လိမ့်မယ်။ "
Irrfan Khan
၁၉၆၇ခုနှစ် ဇန်နဝါရီလ ၇ရက်နေ့ ။
အနောက်အိန္ဒိယခြမ်းမှာရှိတဲ့Rajasthanဆိုတဲ့
ပြည်နယ်ထဲက ရွာတစ်ရွာမှာမွေးဖွားမူတစ်ခုစတင်
ခဲ့တယ်။ ရာဘာနဲ့ တာရာဘီးကုန်ကြမ်းတွေလုပ်
တဲ့မိသားစုက ဒီကလေးကိုမွေးဖွားခဲ့တဲ့အတွက်
သိပ်တော့ချို့ တဲ့လှတယ်မဟုတ်ဘူး။သာမာန်အ
နေအစားပြေလည်တဲ့လူလတ်တန်းစားမိသားစုက
မွေးဖွားခဲ့တဲ့ ဒီကလေးကိုSahabzade Irfan
Ali Khanလို့ နာမည်ပေးခဲ့ကြတယ်။သူဟာမူဆ
လင်မိသားစုကပေါက်ဖွားခဲ့ပေမယ့် တမိပေါက်တ
ယောက်ထွန်းဆိုသလို စုန်းပြူးပါ။ကျောင်းစနေအ
ရွယ်မှာတင်ဘာကြောင့်မှန်းမသိ အသားငါးမစား
တော့ပဲ အသီးအရွက်သာစားဖို့ စတင်ခဲ့ပါတယ်။ဒါ
နဲ့ တင်မပြီးပဲ ဒီကလေးဟာမူလတန်းအရွယ်မှာ
တင်ပြည်နယ်ရဲ့ အလုပ်သမားလစာတိုးမြှင့်ရေး
ဆန္ဒပြပွဲ Khajuriyaရွာမှာမြေယာသိမ်းမူကိုဆန္ဒ
ပြပွဲတွေမှာလိုက်ပါအော်ခဲ့လို့ ဖခင်ဖြစ်သူရဲ့ရိုက်
ခြင်းကိုမကြာခဏခံခဲ့ရတယ်။ ဖခင်ကသားဖြစ်သူ
စုန်းပြူးကိုလိမ္မာစေဖို့ ကျောင်းပြောင်းခဲ့တဲ့အထိ
လုပ်ဖူးသလို ဘယ်လိုပဲဆုံးမမအဖေတဲ့သားတစ်
လကြီးတတ်တဲ့ ဒီကလေးဟာ အလယ်တန်းအ
ရွယ်မှာတော့ နိုင်ငံရေးသရော်စာတွေအထိရေးပြီး
မဂ္ဂဇင်းထံ စာတိုက်မှတဆင့် ၇ကြိမ်ထိပို့ ခဲ့ဖူး
တယ်။ ဒါကြောင့်လည်းကျောင်းမှခေါ်ယူဆုံးမခြင်း
ကိုခံခဲ့တဲ့အထိဖြစ်လာခဲ့ပါတယ်။ သူ့ ဇကပေါ့သေး
သေးတော့မဟုတ်ဘူး ဒီလိုတွေဆိုးတတ်ပေမယ့်
စာအရမ်းတော်တဲ့အပြင် အသက်၁၇နှစ်မှာတင်
နယူးဒေလီကNational School of Drama ကိုတက်ရောက်ဖို့ ပညာသင်ဆုပေးအပ်ခြင်းကိုခံ
ခဲ့ရပါတယ်။NSOD မှာတက်ရတဲ့အချိန်ကာလ
ဟာ သူ့ ကိုမီးလောင်ရာလေပင့်လုပ်ပေးလိုက်
တာလို့ ပဲဆိုရမယ်။ အသက်၁၈နှစ်မှာဇာတ်လမ်း
ဇာတ်ညွှန်းရေးနိုင်တဲ့အထိထူးချွန်လာသလို သူ
ရေးတဲ့ဇာတ်လမ်းတွေကို မွန်ဘိုင်းကထုတ်လုပ်
ရေးတစ်ခုထံ အကြိမ်၂၀ထက်မနည်းပို့ ခဲ့ဖူးပေ
မယ့် တကြိမ်မှအကြောင်းပြန်ခြင်းမခံခဲ့ရဖူးပါဘူး။
သူဆိုတာကတော့ တခြားလူမဟုတ်ဘူး။အိန္ဒိယ
ကနေ Hollywoodရုပ်ရှင်လောကထိသွားပြီး
ကမ္ဘာကျော်ရုပ်ရှင်များစွာမှာ ပါဝင်လာမယ့် အိန္ဒိ
ယအစိုးရကပေးအပ်တဲ့ Honourဆုကိုရလာ
မယ့် Bollywoodကနေ Hollywoodရုပ်ရှင်
လောက၂ခုလုံးမှာ တမူကွဲပြားနေတဲ့သရုပ်ဆောင်
မူတွေနဲ့ ကမ္ဘာကျော်သရုပ်ဆောင်တစ်ဦးဖြစ်လာ
မယ့် Bollywoodရဲ့အနုပညာကြေးမြင့်သရုပ်
ဆောင်တွေထဲကတစ်ဦးဖြစ်လာမယ့် Irrfan
Khan ကြီးပါပဲ။
" တန်ဖိုးမရှိတဲ့လူတန်းစားတွေဟာ
ကိုယ်ဆက်လက်ရပ်တည်နိုင်ဖို့ ပဲအသက်ရှင်ကြ
တယ်။ တန်ဖိုးရှိတဲ့လူတန်းစားတွေကတော့ လူ
အများစုအတွက်အသက်ရှင်ကြတယ်။ "
Irrfan Khan
Irrfan Khanအနုပညာလောကထဲကိုစ
ဝင်လာတော့ အသက်က၁၈နှစ်သာရှိပါသေး
တယ်။ ဝင်လာပုံဟာလည်းတခြားမင်းသားတွေလို
တော့မဟုတ်ခဲ့ဘူး။ နယူးဒေလီကနေ မွန်ဘိုင်းကို
တက်လာပြီး ရုပ်ရှင်Studioတစ်ခုထဲနေခွင့်ရဖို့ 
ခွင့်တောင်းပြီး ရုပ်ရှင်လောကဆိုတဲ့အထုအ
ထောင်းများလှတဲ့နယ်ပယ်ထဲစတင်ဝင်ရောက်ခဲ့ပါ
တယ်။ရုပ်သံseries companyတစ်ခုကဖွဲ့ 
စည်းတဲ့အရံသရုပ်ဆောင်အဖွဲ့ မှာစပါပြီး သူ့ ရဲ့ရုပ်
ရှင်မင်းသားဆိုတဲ့အိမ်မက်ကိုစတင်ရုန်းကန်လာ
ခဲ့တယ်။ယနေ့ ခေတ်အိန္ဒိယမှာမင်းသားဖြစ်ဖို့ အ
ရေးဟာသိပ်လွယ်ကူလှတယ်တော့မဟုတ်ဘူး။အ
ရေအတွက်အရအိန္ဒိယသရုပ်ဆောင်နယ်ပယ်ဟာ
ပေါပေါလောလောမထွက်လာတော့သလို ငွေရှိလို့
မင်းသားထလုပ်တဲ့လူတန်းစားဟာလည်းကိုယ့်စ
ရိတ်နဲ့ ကိုယ်အချိန်တန်ရင်ချောင်ကပ်သွားမယ့်
ခိုင်မာတဲ့ Film Industryတစ်ခုဖြစ်နေပါပြီ။
လက်ရှိအိန္ဒိယရုပ်ရှင်နယ်ပယ်ထဲကBollywood
ရုပ်ရှင်လောက ။ Bollywoodဟာအနောက်
ကမ္ဘာခြမ်းကိုဦးညွှတ်စရာမလိုပဲ သီးသန့် ရပ်တည်
နိုင်တဲ့နယ်ပယ်တစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့တာကြာ
ပါပြီ။ ဒီလိုတွေမဖြစ်လာခင်လွန်ခဲ့တဲ့နှစ်၃၀က
Irrfan Khanဆိုတဲ့လူငယ်တစ်ယောက်မင်း
သားဖြစ်ချင်လွန်းလို့ ရရာနေရာကပါပြီး အိန္ဒိယ
ဇာတ်လမ်းတွဲတစ်ချို့ မှာစတင်ပါဝင်ခဲ့ပါတယ်။
Irrfan Khanကိုဘယ်မှာစသိကြလဲမေးရင်
Life Of Pi, Slumdog Millionaire နဲ့ ဒီ
ဖက်ခေတ်လိုကာလကရုပ်ရှင်တွေသာအများစုက
မြင်ကြလိမ့်မယ်။ ဒါပေမယ့် Irrfan Khanဟာသူ
ပမထဆုံးရုပ်ရှင်ကားဆိုတာကြီးမှာစပါရတဲ့ကာလ
မှာတင်မထင်ထားစရာတွေကိုလုပ်ပြခဲ့ပြီးသူဖြစ်ပါ
တယ်။ ၃နှစ်ကျော်လောက် ရုပ်သံဇာတ်လမ်းတွဲ
တွေမှာတိုင်ပတ်နေတုန်း ရုပ်ရှင်ကားတစ်ကားမှာ
မထင်မရှားနေရာကပါဝင်ခွင့်ရခဲ့တယ်။Irrfan
Khanပထမဆုံး ရုပ်ရှင်နယ်ပယ်ထဲစပါရတဲ့ကား
Salaam Bombayဟာ ၁၉၈၈ခုနှစ်လိုကာလ
မှာတောင်ကမ္ဘာသိအိန္ဒိယကားတစ်ကားဖြစ်ခဲ့ပါ
တယ်။ Salaam Bombayရုပ်ရှင်ဟာအိန္ဒိယ
အာရှကပေးတဲ့ဆုတွေတင်မကပဲ Oscarနဲ့ 
ရွှေကမ္ဘာလုံးဆုတွေပါရယူခဲ့တဲ့ ကမ္ဘာ့အကောင်း
ဆုံးရုပ်ရှင်ကား၁၀၀၀ထဲ ထိပ်ဆုံး၁၀၀စာရင်းမှာ
ချိတ်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ချီးဘူးကားဆို
တာနဲ့ ငယ်ငယ်ကဗီဒီယိုရုံမှာပြေးကြည့်ရတဲ့ကား
ပေါ့။ ဒါတင်မကပါဘူးSalaam Bombayဟာ
အိန္ဒိယရဲ့အထင်ကရရုပ်ရှင်တွေဖြစ်တဲ့ PK
3Idiots MyNameIsKhan တို့ လိုကမ္ဘာသိ
ရုပ်ရှင်တွေတောင်စံချိန်မတင်နိုင်တဲ့ ကမ္ဘာ့ရုပ်ရှင်
ပွဲတော်တွေမှာအကြိမ်ရေအများဆုံးပြသခံရတဲ့
ရုပ်ရှင်အဖြစ်သမိုင်းထင်ရှားလှသလို ဒီရုပ်ရှင်
ကြောင့်အိန္ဒိယက ပညာမသင်ရတဲ့ကျေးရွာ၂၀၀
ကျော်မှာ စာသင်ကျောင်းတွေဖြစ်လာဖို့ အထိနိုင်
ငံတကာကထောက်ပံ့မူတွေရရှိခဲ့ပါတယ်။အာရှ
မှာဒီလိုစံချိန်တွေတင်ထားခဲ့တဲ့ကားဟာလက်ချိုး
ရေလို့ ရပေမယ့်Salaam Bombayလောက်
၂၀ရာစုကုန်မှာ ဂယက်ထခဲ့တဲ့အိန္ဒိယရုပ်ရှင်မရှိခဲ့
ပါဘူး။ Irrfan Khan ဟာအသက်၂၀အရွယ်မှာ
တင်ဒီလိုကမ္ဘာ့အထင်ကရရုပ်ရှင်မှာပါခဲ့ဖူးသူဖြစ်ပါ
တယ်။
" ပညာမသင်ရတဲ့လူတွေထက် ပညာတတ်
တွေက ကမ္ဘာကြီးကိုပိုဒုက္ခပေးတတ်ကြတယ်။ "
Irrfan Khan
၁၉၈၈ခုနှစ်ကစပြီး ရုပ်ရှင်လောကထဲဇာတ်
ပို့ ဇာတ်ရံအနေနဲ့ စဝင်လာခဲ့တဲ့ Irrfan Khan
ဟာ ၂၀၀၀ပြည့်နှစ်နောက်ပိုင်းမှာတော့ခေါင်း
ဆောင်မင်းသားတစ်ဦးဖြစ်လာခဲ့ပါတယ်။Irrfan
Khan ရဲ့ရုပ်ရှင်တွေကတခြား အိန္ဒိယကားတွေနဲ့ 
စာရင်အနည်းငယ်ကွဲနေတတ်တယ်။ခင်ဗျားဟာ
Bollywoodမူနဲ့ ရုပ်ရှင်တွေကိုသာနှစ်သက်သူ
ဖြစ်ပြီး တခြားဂျပန် British ပြင်သစ်ပုံစံရုပ်ရှင်
တွေကိုကြိုက်နှစ်သက်လေ့မရှိသူဆို ထိုနိုင်ကရုပ်
ရှင်တွေကခင်ဗျားအတွက်ပျင်းစရာဖြစ်နေပါလိမ့်
မယ်။ဒီသဘောပါပဲ Irrfan Khanရဲ့သရုပ်ဆောင်
မူနဲ့ dialoguesအပြောအဆိုဟာအိန္ဒိယမူနဲ့ အ
နည်းငယ်ကွာဟနေတတ်ပါတယ်။Irrfan Khan
လို့ ဆိုတာနဲ့ ပြောစရာရုပ်ရှင်တွေကတော့အများ
ကြီးပေါ့။ ဒါပေမယ့်ကျွန်တော်ကြည့်ဖူးတဲ့Irrfan
Khanရဲ့ရုပ်ရှင်တချို့ အကြောင်းသာပြန်ဖောက်
သည်ချပါရစေ။
#Slumdog_Millionaire
……………………………………
၂၀၀၈ခုနှစ်မှာရုံတင်ပြသခဲ့တဲ့Slumdog
Millionaireရုပ်ရှင်ဟာ အိန္ဒိယရုပ်ရှင်သမိုင်းမှာ
အထင်ကရရုပ်ရှင်ဖြစ်စေခဲ့ပါတယ်။စတင်ရွေးချယ်
မူမှာဒါရိုက်တာနဲ့ ထုတ်လုပ်သူတွေရဲ့အစောပိုင်း
ရွေးချယ်မူတွေအပေါ်ဝေဖန်မူများစွာရှိခဲ့ပါတယ်။
ငယ်ဘဝသရုပ်ဖော်မူတွေမှာ ဇာတ်ရံကလေးတွေ
အဖြစ် မွန်ဘိုင်းရဲ့အလေအလွင့်ကလေးတချို့ကို
ခေါ်ယူအသုံးပြုခဲ့မှူဘာသာရေးပဋိပက္ခplotတွေ
မှာတကယ့်အိမ်ယာမဲ့တချို့ ကိုအသုံးပြုခဲ့မှူနဲ့ ရိုက်
ကွင်းတချို့ ကိုလည်းကျူးကျော်လိုနေရာတွေမှာ
ရိုက်ခဲ့မှူတို့ကြောင့်ဒါရိုက်တာအပေါ်ဝေဖန်မူတွေ
ရှိခဲ့ပါတယ်။ငွေကြေးအရဒေါ်လာ၁၅သန်းသာအ
အကုန်ကျခံရိုက်ကူးခဲ့ပြီး ရိုက်ကူးချိန်ကာလအား
လုံးမှာDev Patelဟာသူ့အခန်းမပါလည်းရိုက်
ကွင်းကိုလာဖို့ဒါရိုက်တာကခိုင်းစေခဲ့ပါတယ်။ဗြိ
တိသျှဒါရိုက်တာဖြစ်တဲ့Danny Boyleရဲ့လုပ်
ဆောင်ချက်တွေကရိုက်ကူးနေစဉ်နားမလည်ခဲ့ကြ
ပေမယ့် ရုံတင်လာချိန်မှာတော့ဒီကားဟာထင်
ထားတာထက်အဆများစွာအောင်မြင်ခဲ့ပါတယ်။
ဂျမယ်လ်ရဲ့အကိုဖြစ်သူစလင်းရဲ့ငယ်ဘဝနေရာမှာ
ပါဝင်ခဲ့တဲ့ပီနားဆိုတဲ့ကလေးဟာရိုက်ကူးနေစဉ်
မတော်တဆsettingပြိုကျမူကြောင့်လက်ကျိုးခဲ့
ရသလိုPatelကိုယ်တိုင်လည်းတစ်ရက်၅နာရီမျှ
သာအိပ်ချိန်ရှိခဲ့ပါတယ်။အကျိုးဆက်ကတော့
Slumdog Millionaireဟာအမေရိကန်ဒေါ်
လာ၃၇၇သန်း၉သိန်းကျော်ရခဲ့သလို Oscarဆု
တွေအပြင် ဆုပေါင်းများစွာပါရရှိခဲ့ပါတယ်။ငွေ
ကြေးများများသုံးမှကမ္ဘာကျော်ရုပ်ရှင်ဖြစ်မယ်ဆို
တဲ့ယူဆချက်ရှိလျှင်Slumdog Millionaire
ကိုစံနယူနာယူသင့်ပါတယ်။Slumdog
Millionaireဟာအိန္ဒိယရဲ့အကောင်းဆုံးလူနေ
မူစရိုက်ချပြခဲ့မူရုပ်ရှင် ဘာသာရေး လူမျိုးရေး ပ
ညာရေး နဲ့ messageများစွာကိုချပြနိုင်ခဲ့တဲ့အ
တွက်ရော ငွေအရင်းနည်းနည်းနဲ့အမြတ်အများ
ဆုံးရယူခဲ့တဲ့ကားအဖြစ်ပါနာမည်ကြီးခဲ့ပါတယ်။ဒါ့
အပြင်Slumdog Millionaireဟာကမ္ဘာ့အ
ကောင်းဆုံးရုပ်ရှင်ကား၁၀၀၀စာရင်းမှာပါဝင်ခဲ့သ
လိုအိန္ဒိယရုပ်ရှင်သမိုင်းမှာအကောင်းဆုံးကား၁၀
ကားစာရင်းဝင်ခဲ့ပါတယ်။ဒီကားကြောင့်မွေဘိုင်း
အိမ်ယာမဲ့နဲ့ အလေအလွင့်ကလေးတွေရဲ့ဘဝရပ်
တည်မူကိုပေါ်လွင်ခဲ့ရပြီး အိန္ဒိယလွှတ်တော်မှာ
၂၀၀၉ခုနှစ်မွန်ဘိုင်းအမတ်အဆိုတင်သွင်းရာမှာ
လည်းSlumdog Millionaireရုပ်ရှင်ထဲကက
လေးသူငယ်တွေဘဝရပ်တည်မူထပ်ပိုဆိုးကြောင်း
ထည့်သွင်းထောက်ပြခဲ့ပါတယ်။Slumdog
MillionaireဟာGolden Globes၄ဆုရတဲ့
အိန္ဒိယရုပ်ရှင်ကားအဖြစ်လည်းသမိုင်းဝင်ခဲ့ပါ
တယ်။ အိန္ဒိယရဲ့Mozartဖြစ်တဲ့AR Rahman
ကြီးဟာလည်းဒီကားမှာMusic Directorအဖြစ်
ပါဝင်ခဲ့ပြီးJaihoသီချင်းနဲ့Oscarဆုကိုရခဲ့ပါ
တယ်။Slumdog Millionaireရုပ်ရှင်ဟာအ
ရင်းအရဒေါ်လာ၁၅သန်းသာကုန်ကျခဲ့ပေမယ့်
အမြတ်ငွေဟာဒေါ်လာ၃၇၇သန်း၉သိန်းကျော်ရခဲ့
ပါတယ်။နည်းပညာရော ငွေကြေးအရပါကြီးကြီး
မားမားမလုပ်ပြထားတဲ့အပြင် ပါဝင်တဲ့အဓိကသ
ရုပ်ဆောင်လူငယ်တွေဟာလည်းနာမည်ကြီးသ
ရုပ်ဆောင်တွေမဟုတ်ခဲ့ပါဘူး။ ထူးခြားမူကတော့
Slumdog Millionaireမှာ Irffan Khan
ဟာ ရဲနေရာကပါဝင်ပြီး ဇာတ်ပို့ အဖြစ်အပြည့်အ
ဝပါဝင်အားဖြည့်ခဲ့တာပါပဲ။ Slumdog မှာကျွန်
တော်အကြိုက်နှစ်သက်ဆုံးနေရာက စလင်းရယ်
Host လုပ်တဲ့Anil Kapoorရယ် ရဲမှူးလုပ်တဲ့
Irrfan Khan နေရာတို့ ရယ်ပါပဲ။
"ရွေးချယ်မူတွေအများကြီးရှိတဲ့ကမ္ဘာကြီးမှာ
ခင်ဗျားရဲ့ရည်မှန်းချက်ကို ရွေးချယ်ဖို့ ဘာကြောင့်
ကြောက်ရွံနေရတာလဲ။ ?"
Irrfan Khan
ဒီလိုကမ္ဘာ့ရုပ်ရှင်လောကမှာအထင်ကရ
ဖြစ်စေခဲ့တဲ့ရုပ်ရှင်ကားတွေမှာIrrfan Khanကို
ဘာကြောင့်ရွေးကြသလဲဆိုတဲ့အချက်တွေကစဉ်း
စားစရာဖြစ်နေလိမ့်မယ်။ အိန္ဒိယမှာIrrfan
Khanလို အာရှ British Hollywoodရုပ်ရှင်
နဲ့ အံကျတဲ့သရုပ်ဆောင်မရှိလို့ ပါပဲ။ဥပမာတစ်ခု
အနေနဲ့ Bollywoodကနာမည်ရဇာတ်ပို့ တစ်ဦး
ကို Amazing Spider-ManလိုSuperhero
ရုပ်ရှင်ကားမှာဇာတ်ပို့ အဖြစ်သုံးရင်ဘာတွေဖြစ်
လာမလဲ။ Bollywoodဟာ ဂျပန်လိုပဲသူတို့ မူ
ကိုသာအရိုးစွဲသွားနေတတ်တဲ့ ဓလေ့ဟာယခုထိ
ရှိနေဆဲပါ။ဒီအချက်ဟာ သူ့ ပြည်တွင်းပရိတ်သတ်
ကိုသာဈေးကွက်ဦးစားပေးတည်တဲ့အတွက်ပြသ
နာမရှိပေမယ့် နိုင်ငံတကာမူတွေအရတော့အံဝင်
ဖို့ အနည်းငယ်ကွဲလွဲနေကြဆဲဖြစ်ပါတယ်။ဒီအ
ချက်ကြောင့်လည်း Irrfan Khanအပေါ်ဝေဖန်မူ
တွေရှိကြသလို Hollywood နဲ့ Bollywood
ကြား ခွပြီးနေတဲ့ Irrfan Khanဟာအိန္ဒိယမှာ
တော့ Khan ၃ Khanနဲ့တောင်မတူညီတဲ့လမ်း
နဲ့ ရပ်တည်နေသူတစ်ဦးလည်းဖြစ်လာခဲ့ပါတယ်။
Amazing Spider-Manမှာ Irrfan Khan
ဟာဇာတ်ပို့ နေရာကပါဝင်ခွင့်ရခဲ့တယ်။ ၂၀၁၂ခု
နှစ်ဟာ Irrfan Khanရဲ့နှစ်လို့ တောင်ပြောရမှာ
ပါပဲ။ Amazing Spiderအတွက်ရိုက်ရက်အ
ပြီး ၂ရက်သာနားခဲ့ရကာ ရုပ်ရှင်ကားတစ်ကားအ
တွက်ပြင်ဆင်ဖို့ ဒါရိုက်တာကစတင်ပြောကြားခဲ့
တယ်။ ဒီကားဟာလည်း ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာ
အကောင်းဆုံးရုပ်ရှင်ကား ၁၀၀၀ထဲထိပ်တန်းlist
ကနေပါဝင်ထားတဲ့ Life of Pi ရုပ်ရှင်ကားကြီး
ပါပဲ။
#Life_of_Pi
……………………
"Faith is a house with many rooms."
ရုပ်ရှင်ဆိုတာအပျင်းပြေရုံ
ဖျော်ဖြေမူရရုံသက်သက် အချိန်ကုန်ခံကြည့်ရတဲ့
အနုပညာမဟုတ်မှန်း သက်သေပြနိုင်တဲ့ရုပ်ရှင်
ကားများစွာရှိပါတယ်။ခင်ဗျားဟာ တစ်ပတ်နေလို့ 
စာအုပ်တစ်အုပ်တောင်သေချာကျနစွာဖတ်လေ့
ဖတ်ကျင့်မရှိသူဆိုရင်တောင် သီချင်း၁ပုဒ်ရုပ်ရှင်
၁ကားကြည့်ဖို့ အတွက်တော့စာဖတ်ခြင်းလောက်
လေးလံနေတတ်မယ်မထင်ဘူး။Tom Hanks
ရဲ့Forrest Gump , Cast Away, Bigတို့ ကို
ကြည့်ဖူးရာက ရုပ်ရှင်ဆိုတာကိုတန်ဖိုးထားတတ်
လာခဲ့တယ်။Salaam Bombay, Life Of Pi,
Slumdog Millionaire တို့ လိုကားတွေကြည့်
ဖူးရာက အိန္ဒိယကအနုပညာသမားတွေကိုတအံ့
တသြဖြစ်ခဲ့ရတယ်။ Life Of Piဟာreviewအ
နေနဲ့ ရေးဖို့ အတော်လေးလံတဲ့တာဝန်ကြီးရုပ်ရှင်
တစ်ကားပါပဲ။ဘာကြောင့်လဲဆို သင့်ရဲ့နားလည်
နိုင်စွမ်းနဲ့ တခြားသူရဲ့တွေးမြင်နိုင်စွမ်းဟာLife Of
Piလိုရုပ်ရှင်မှာ သဟဇာတအပြည့်အဝဖြစ်ဖို့ ခက်
ခဲလွန်းလှပါတယ်။ ဒါကြောင့်လည်းဒီLife Of
Pi ကိုကျွန်တော်နားလည်သလောက်ခပ်ပေါပေါ
အမြင်နဲ့သာပြန်ရေးလိုက်ပါတယ်။
၁၆နှစ်အရွယ်ကောင်လေးတစ်ယောက်
ရယ်မြင်းကျားတောခွေး လူဝံမ ကျားစတဲ့တိရစ္ဆာန်
၎ကောင်ရယ် လှေတစ်စင်းရယ် ပစိဖတ်သမုဒ္ဒရာ
ရယ်ပေါ့။ Life Of Piမှာ Piဆိုတဲ့ကောင်လေး
ဟာ သမုဒ္ဒရာထဲ မသေအောင်၂၂၇ရက်လုံးကြိုး
စားရှင်သန်ခဲ့ရမူအပေါ် ၂မျိုးပြန်ပြောပြခဲ့တယ်။
ဒါဟာလက်ရှိလူ့ ဘောင်အသိုင်းအဝိုင်းမှာရှိတဲ့
ပါးစပ်နဲ့ သာဝေဖန်ပိုင်းခြားတတ်သူတွေရယ်
အတွေးအမြင်နဲ့ အလုပ်လုပ်တတ်သူတွေရယ်ကွဲ
ပြားနေမူ၂ပိုင်းကိုထောက်ပြခဲ့မူပါပဲ။Piရဲ့ပထမ
ဇာတ်လမ်းမှာ………မြင်းကျားကိုတောခွေးကစား
ခဲ့သလို တောခွေးနဲ့ တိုက်ခိုက်တဲ့လူဝံမဟာလည်း
သေဆုံးသွားခဲ့ရတယ်။နောက်ဆုံးမှာအင်အားအ
ကြီးဆုံးကျားက တောခွေးကိုစားပစ်ခဲ့တယ်။Pi
နဲ့ ကျားသာကျန်တော့ချိန် လောကသဘာဝအရ
ကျားဟာ Piကိုစားမှာပါပဲ။ ဒါပေမယ့်Piဟာသူ
သတ်စားမခံရအောင် ကျားနဲ့ဘယ်လိုဆက်ခရီးခဲ့
သလဲ? ……………………
…………………ဖွံ့ ဖြိုးဆဲနိုင်ငံတွေမှာ အာဏာနဲ့ ငွေ
ဟာလူတွေရဲ့အင်အားဖြစ်လာခဲ့တယ်။အာဏာကို
ပိုင်တဲ့သူဟာလည်းအာဏာနဲ့ ငွေကြေးရဖို့ လုပ်
တတ်ကြသလို ငွေကြေးကိုပိုင်ဆိုင်ထားသူတွေက
လည်း အာဏာရှိသူနဲ့ ပေါင်းပြီးပိုကြွယ်ဝအောင်
လုပ်လာတတ်ကြတယ်။ ခင်ဗျားဟာ သာမာန်
လယ်သမားတစ်ဦး(ခြေကျိုးနေတဲ့မြင်းကျား)ဖြစ်
ပြီး ခရိုနီတစ်ယောက်ဟာ(တောခွေး)ခင်ဗျားထ
မင်းစားဖို့ နေ့စဉ်လုပ်နေရတဲ့လယ်ကိုသိမ်းလိုက်
တယ်။ဒီတော့ခင်ဗျားဟာ ရဲဒါမှမဟုတ် သက်ဆိုင်
ရာအာဏာပိုင်တစ်ခုခု(လူဝံမ)ကိုတိုင်မယ်။ဒါပေ
မယ့်ခင်ဗျားဟာသက်သေပြစရာအထောက်အ
ထားရော သူတို့ ကိုရင်ဆိုင်ဖို့ အင်အားပါမရှိတဲ့အ
တွက်သူတို့ လုပ်သမျှလည်စင်းခံလိုက်ရမှာပါပဲ။ဒါ
တွေကိုမတရားဘူးထင်လည်း ငြိမ်ခံကြရဦးမယ်။
ဘာကြောင့်လည်းဆို နိုင်ငံခေါင်းဆောင်တွေဖြစ်
တဲ့ (ကျား)တွေကအင်အားအကြီးဆုံးဖြစ်နေလို့ ပါ
ပဲ။ ဒီကျားကိုအသိဥာဏ် အတွေးအခေါ်နဲ့ ရင်ဆိုင်
ဦးချိုး ဖို့ Piဆိုတဲ့ ပြိုင်ဖက်ရဲ့လုပ်ရပ်တွေစောင့်
ကြည့်ရပါမယ်။ Pi ရဲ့ဖြစ်တည်မူ အသက်ရှင်ဖို့ 
နည်းမျိုးစုံနဲ့ ရုန်းကန်ကြိုးစားမူ လောကဓံကဘယ်
လိုလာလာရင်ဆိုင်ရဲမူ လွယ်လွယ်နဲ့ အရှုံးမပေး
တတ်မူ တွေဟာ ကျားရှိလို့ ပါ။ Life Of Piမှာ
Parker ဆိုတဲ့ ပေါင်၄၀၀ကျော်ကျားကြီးကိုသာ
ဖယ်လိုက်ရင် Piဟာသမုဒ္ဒရာထဲ ၂၂၇ရက်မဟုတ်
ပဲ ၂၇ရက်နဲ့ တင်သေခဲ့မှာပါ။
" God ; I give myself to you. I'm your
vessel.Whatever comes, I want to
know, show me"
Life Of Piရုပ်ရှင်ဟာဘာတွေကိုချ
ပြထားလဲမေးရင် လူ့ ဘောင်လောကမှာဖြစ်ပျက်
လာတဲ့ လိုရာစွဲကိုင်အတ္တတွေကိုအမြင်၃မျိုးကနေ
ချပြထားတယ်လို့ ယူဆမိတယ်။ဒါကျွန်တော့်အ
မြင်ပါ။ အထက်ပါ dialoguesဟာLife Of Pi
ထဲကပါ။ ဘာသာရေးဖက်တော့အမြင်တွေလိုရာစွဲ
ကြမှာဖြစ်တဲ့အတွက်မရေးလိုဘူး။ အခက်အခဲဆို
တာ ဘဝရှင်သန်နေထိုင်မူအတွက်မရှိမဖြစ်လို
အပ်တဲ့အရာတွေပါ။ ဒါပေမယ့်အခက်အခဲတွေကြုံ
လာတိုင်း လူတွေကဘုရားတွေကိုတမ်းတပြီးပြေ
လည်ဖို့ ဆုတောင်းကြတယ်။တချို့ ကလည်းဘဝ
မှာအခက်အခဲနည်းနည်းနဲ့နေထိုင်ချင်လို့ ကောင်း
မူတွေလုပ်ပြီး အခက်အခဲတွေမရှိဖို့ ဘုရားထံရည်
စူးပြီးဆုတောင်းတတ်ကြတယ်။ ဒါဆိုရင်တစ်ခု
လောက်မေးချင်တယ်။ ? ………
*ဘုရားဆိုတာအခက်အခဲဖြစ်မှသတိရသင့်တဲ့
သူလား?
*ဘုရားဆိုတာ လူသားတွေရဲ့အခက်အခဲတွေပြေ
လည်ဖို့ ဖြေရှင်းပေးတဲ့သူလား?
*အလှူအတန်းနဲ့ ကူညီမူတွေဟာ
စာနာခြင်းနဲ့ မေတ္တာထားခြင်းတွေဟာ
ကိုယ်ပြေလည်ဖို့ ရည်စူးပြီးလုပ်ရတဲ့
အရာတွေလား?
*အခက်အခဲကြုံတိုင်း ဘုရားဆီသွားပြေလည်ဖို့ 
ဆုတောင်းနေတာ ဘုရားဟာသင့်ထံဘာတွေ
များအကြွေးရှိခဲ့ဖူး သင်ကဘုရားကိုဘာတွေများ
ပြေလည်အောင်ကူညီခဲ့ဖူးလို့ လဲ?
"မင်းဗုဒ္ဓဘာသာမဟုတ်ဘူးလား"တို့ ခပ်ပိန်းပိန်း
ဘာသာမဲ့အတွေးအခေါ်တွေပါလို့ ပြောလည်းရပါ
တယ်။ဒါဆုတောင်းခြင်းကိုအယုံအကြည်မရှိတဲ့
ကျွန်တော့်အမြင်သက်သက်ပါ။ကျွန်တော်ရခိုင်ဗုဒ္ဓ
စစ်စစ်ပါ။ Life Of Piမှာတချို့ ရှူထောင့်တွေဟာ
ဘာသာရေးဖက်ကများစွာထောက်ပြထားခဲ့တယ်။
အိန္ဒိယမှာ ဘာသာကြီး၃ခုနဲ့ ပတ်ချာလည်ရိုက်နေ
ခဲ့တာကြာပါပြီ။Life Of Piရဲ့မူရင်းစာရေးဆရာ
ကနေဒါလူမျိုးYann Martelဟာစာအုပ်၁အုပ်
ထဲနဲ့ ရူထောင့်၃ခုကိုရိုက်ချပစ်ခဲ့တာပါ။
Pi ပြောတဲ့နောက်ထပ်ဇာတ်တစ်ခုမှာသူ
ရယ် သူ့ အမေရယ် ထမင်းချက်ရယ် သင်္ဘောလုပ်
သားတစ်ဦးရယ်ပါ။ ဇာတ်၂ခုလုံးဟာဖြစ်စဉ်တစ်ခု
တည်းပေါ်အခြေခံပြောသွားတာဖြစ်ပေမယ့်တွေး
စရာတွေတပုံတပင်ပေးထားခဲ့တယ်။ဆန်းကြယ်
ခြင်းနဲ့ ရုန်းကန်လွတ်မြောက်ခြင်းမှာ လူတွေက
ရုန်းကန်လွတ်မြောက်ခြင်းကိုယုတ္တိဖြစ်စဉ်လို့ ထင်
တတ်ကြတယ်။ဒါဆိုရင် ဆန်းကြယ်ခြင်းကရော။
ကမ္ဘာကြီးဟာဆန်းကြယ်ခြင်းတွေအတောမသတ်
အောင်ရှိတဲ့ အစိုင်အခဲကြီးပါ။ဆန်းကြယ်ခြင်းတွေ
ကိုအယုံအကြည်မရှိရင် ဘာကြောင့်ဆုတောင်း
ခြင်းတွေကိုအလုပ်တစ်ခုလိုလုပ်နေကြသေးလဲ?
Yann Martelဟာ ဘာသာပေါင်းစုံကိုကိုးကွယ်
ခဲ့ပြီး ဘာသာရေးအမြင်မှာအမြဲခွကျတတ်တဲ့စာ
ရေးဆရာပါ။ ဘယ်လောက်ထိခွကျလဲဆို သူ့ အ
သက်၂၁နှစ်မှာရေးတဲ့GodService လိုEssay
တိုမှာ ဘုရားရှင်ကိုသူ့ အဖေဟာအိမ်သစ်ကိုမခေါ်
လာပဲ အိမ်ဟောင်းဈေးကြီးပေးရာမှာ ရောင်းစားခဲ့
တယ်လို့ တောင်ရေးခဲ့ဖူးသူပါ။ကျွန်တော်တို့ ဟာ
ဘုရားတွေကိုသာကိုးကွယ်နေကြပေမယ့် ဘုရား
တွေနှစ်သက်တဲ့အရာတိုင်းကိုလိုက်လုပ်ဖို့ တော့
မသိကျိုးကျွန်ပြုတတ်ကြသူတွေပါ။Life Of Pi
ရုပ်ရှင်အကြောင်းကိုရေးရင်အရမ်းရှုပ်ထွေးလွန်း
ပါတယ်။ အယူအဆကွဲလွဲနိုင်သလို မြင်ချင်သလို
မြင်နိုင်ပါတယ်။ တချို့ ကသစ်ကိုင်းကိုအရင်မြင်
တတ်ကြပေမယ့် တချို့ ကတော့သစ်ရွက်တွေကို
အရင်မြင်တတ်ကြမှာပါ။ တချို့ ကတော့နားနေတဲ့
ငှက်ကိုမြင်ချင်မြင်ကြလိမ့်မယ်။ဒါဟာ"မင်းဘာမြင်
လဲ"လို့ သစ်ပင်တစ်ပင်ကိုလက်ညှိုးထိုးမေးရင်
တောင်အမြင်မတူကြမယ့် လူတွေရဲ့သဘာဝဖြစ်
နေလို့ ပါပဲ။
" မင်းရဲ့ရူးသွပ်မူဟာ ဘာမဆိုဖြစ်နိုင်ပေမယ့်
မင်းရဲ့မိုက်မဲမူကတော့ ကျရှုံးမူကိုသာဖြစ်နိုင်လိမ့်
မယ်။ "
Irrfan Khan
Life Of Pi မှာ Irrfan Khanဟာ
Piရဲ့ အရွယ်အပိုင်းအခြားတွေထဲကတစ်ခုအဖြစ်
သရုပ်ဆောင်ခဲ့ပါတယ်။ Life Of Piဘာကြောင့်
Oscar ၄ဆုရလဲ ဘာကြောင့်ဆုတွေတသီကြီးရ
ခဲ့လည်း ဘာကြောင့်ကမ္ဘာ့အကောင်းဆုံးရုပ်ရှင်
ကားတွေထဲကတစ်ကားအဖြစ်သမိုင်းဝင်ခဲ့လည်း
ကို ကြည့်ဖူးသူတိုင်းသိကြမှာပါ။၂၀၁၅ခုနှစ်ကပြ
သခဲ့တဲ့ ဒေါ်လာသန်း ၁၆၇၀ကျော်ထိကမ္ဘာ့ရုပ်
ရှင်သမိုင်းရဲ့ စတုတ္ထမြောက်ဝင်ငွေအမြင့်ဆုံးရုပ်
ရှင်ဖြစ်တဲ့Jurassic Worldမှာလည်းIrrfan
Khanဟာ Jurassic Worldကျွန်းကြီးရဲ့CEO
အဖြစ် ဇာတ်လမ်းထဲကဗီလိန်သန္ဓေမျိုးစပ်ဒိုင်နို
ဆောကြီးကိုဖန်တီးဖို့ စတင်ခိုင်းစေခဲ့သူအဖြစ်ပါ
ဝင်သရုပ်ဆောင်ခဲ့ပါတယ်။Jurassic Worldလို
ွှရုပ်ရှင်မှာဒီလောက်ခိုင်မာတဲ့ဇာတ်ကောင်နေရာရ
ဖို့ သိပ်လွယ်လှတယ်မဟုတ်ပါဘူး။ Jurassic
Worldထဲ Irrfan Khanပါမယ်ဆိုတော့မထင်မ
ရှားနေရာကလို့ ပဲထင်ခဲ့တယ်။ဒါပေမယ့်Irrfan
Khanရဲ့နေရာဟာJurassic Worldမှာချန်
ထားလို့ မရတဲ့နေရာတစ်ခုပါပဲ။Jurassic
Worldဟာ စပြတဲ့ပထမအပတ်မှာတင်ဒေါ်လာ
သန်း၅၀၀ကျော်ရပြီးသန်း၁၅၀ကျော်သာရင်းတဲ့
ပမာဏထက်ကျော်လွန်ကာရရှိခဲ့တဲ့ရုပ်ရှင်ဖြစ်ပါ
တယ်။ထူးခြားမူကတော့Irrfan Khanဟာကမ္ဘာ့
ဝင်ငွေအမြင့်ဆုံးရုပ်ရှင်၅ကားစာရင်းမှာပါတဲ့တစ်
ဦးတည်းသော အိန္ဒိယသရုပ်ဆောင်ဖြစ်သလို
၂၀၁၅ရဲ့အနုပညာကြေးအရဆုံးအိန္ဒိယမင်းသား
တစ်ကားတည်းနဲ့ မှတ်တမ်းဝင်ထားခဲ့သူဖြစ်ပါ
တယ်။
"ပုံသွင်းထားတဲ့စီးပွားရေးဆန်ဆန် ရုပ်ရှင်
လုပ်ကွက်တွေမှာ ကျွန်တော်ဘယ်တော့မှသဟ
ဇာတမဖြစ်ဘူး။ "
Irrfan Khan
၂၀၁၆ခုနှစ်မှာတော့ Irrfan Khanဟာ
Hollywoodရဲ့ထိပ်တန်းရုပ်ရှင်ကြီးတွေဖြစ်တဲ့
Jungle Bookမှာလည်းပါဝင်ခဲ့သလို ကမ္ဘာ့အ
ထင်ကရမင်းသားကြီး Tom Hanksရဲ့အမိုက်
စားရုပ်ရှင်Inferno မှာလည်းပါဝင်ခဲ့ပါတယ်။မင်း
သားကြီးTom Hanksရဲ့အနှစ်သက်ဆုံးအာရှ
သရုပ်ဆောင်တစ်ဦးလို့ ချီးကျူးခြင်းခံခဲ့ရသလို
Infernoအပြီးမှာ Irrfan Khanဟာနိုင်ငံတ
ကာရုပ်ရှင်နယ်ပယ်ကိုအဝင်ဆန့် နိုင်ဆုံးအိန္ဒိယ
သရုပ်ဆောင်တစ်ဦးအဖြစ်mediaတွေကဖော်ပြ
ခဲ့ပါတယ်။ ဒီလိုနိုင်ငံတကာကထိပ်တန်းရုပ်ရှင်
တွေမှာကျင်လည်လာတဲ့Irrfan Khanဟာအိန္ဒိ
ယရဲ့ ထိပ်ဆုံးမင်းသားတွေဖြစ်တဲ့Khan၃Khan
ကတောင် လေးစားချီးကျူးခြင်းကိုခံရတဲ့မင်းသား
ဖြစ်သလို ဝေဖန်မူများစွာကိုလည်းကိုယ့်နိုင်ငံပ
ရိတ်သတ်နဲ့ mediaတချို့ ဆီကခံခဲ့ရပါတယ်။
၂၀၁၆ခုနှစ်ထဲမှာပဲ Irrfan Khanကိုယ်တိုင်
ထုတ်လုပ်သူတွေထဲပါဝင်ပြီး သူကိုယ်တိုင်သရုပ်
ဆောင်ခဲ့တဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်တစ်ကားထွက်ခဲ့ပါ
တယ်။ ဒီရုပ်ရှင်ဟာ အိန္ဒိယပြည်သူတွေတင်မကပဲ
ကမ္ဘာ့နိုင်ငံတချို့ ကဖြစ်ပျက်နေမူတွေကိုမီးမောင်း
ထိုးပြခဲ့သလားတောင်ထက်ရပါတယ်။
"နိုင်ငံသားတွေထက် နိုင်ငံ့ခေါင်းဆောင်တွေ
နဲ့ အကျင့်ပျက်ချစားမူတွေဟာပိုအင်အားကြီးနေ
တယ်။ဒါဟာ နိုင်ငံတစ်နိုင်ငံရဲ့အကြီးမားဆုံးကပ်
ဆိုးပါပဲ။ "
Irrfan Khan
#Madaari
………………
အကျင့်ပျက်ချစားမူတွေ ဝန်ကြီးတွေရဲ့
ကိုယ်ကျိုးရှာဗီဇတွေ နိုင်ငံခေါင်းဆောင်တွေရဲ့မ
တရားမူတွေ အစိုးရဝန်ထမ်းအလွှာအသီးသီးမှာ
ခေါင်းပုံဖြတ်ယုတ်မာနေမူတွေကြောင့် သာမာန်
ပြည်သူတွေအကြီးအကျယ်ဒုက္ခရောက်နေမူကို
Madaari ရုပ်ရှင်ကထောက်ပြခဲ့ပါတယ်။သား
သေဆုံးမူကို ရင်ကွဲခံပြီးခံစားခဲ့ရတဲ့ဖခင်တစ်ဦး။
သူကသာမာန်ပြည်သူပေမယ့် တာဝန်မဲ့လွန်းတဲ့
အစိုးရရဲ့လုပ်ရပ်ကြောင့် ဝန်ကြီးသားကိုပြန်ပေး
ဆွဲတဲ့ တရားခံဖြစ်ခဲ့ရတယ်။အစိုးရတာဝန်ရှိသူ
တွေလာဘ်စားမူနဲ့ ပြည်နယ်တံတားဆောက်လုပ်
မူမှာEngrတွေလုပ်စားဖြတ်စားမူက တံတားပြို
ကျစေခဲ့တယ်။ဒီအကျိုးဆက်ကသာမာန်ပြည်သူ
ဖခင်တစ်ဦးရဲ့သားသေဆုံးဖို့ အထိဖြစ်စေခဲ့တယ်။
(တကယ့်ဖြစ်ရပ်မှန်မှာတော့ Nirmal Kumar
ကိုsniperတွေနဲ့ ပစ်သတ်ခိုင်းစေခဲ့ပြီး လူထုဆူ
ပူမူကိုအာရုံလျော့အောင်လုပ်ခဲ့ပါတယ်။)ဒီရုပ်ရှင်
ကိုကြည့်ဖူးသူတိုင်း အစကနေအဆုံးထိဆွဲခေါ်
သွားတဲ့ ဇာတ်လမ်းဇာတ်ညွှန်းရဲ့ပညာသားပါမူ
ဖခင်နေရာက Irrfan Khanရဲ့သရုပ်ဆောင်မူအံ့
သြစရာကောင်းမူ နိုင်ငံရဲ့ဖြစ်ပျက်နေမူတွေကိုမီး
မောင်းထိုးပြရဲမူ စတာတွေမြင်ခဲ့ကြမှာဖြစ်ပါတယ်။
Madaari ဟာရူပီ သန်း၂၈၀ကျော်ရရှိခဲ့ပြီး
Irrfan Khanဟာ ဘာကြောင့်အိန္ဒိယမင်းသား
အများစုနဲ့ ကွဲထွက်နေလဲဆိုတဲ့အချက်ကိုသိသာ
စေခဲ့ပါတယ်။
" အသက်ရှင်ရပ်တည်ဖို့ ခင်ဗျားရည်မှန်းချက်
ဟာခိုင်လုံတဲ့အကြောင်းပြချက်ဖြစ်နေသ၍
ခင်ဗျား မကျရှုံးသေးဘူး။ "
Irrfan Khan
#Talvar
……………
ပြီးခဲ့တဲ့လပိုင်းက တသက်တကျွန်း
ပြစ်ဒဏ်ကနေလွတ်ငြိမ်းချမ်းသာခွင့်ရသွားပြီဖြစ်
တဲ့ လင်မယား၂ယောက်သတင်းကိုmediaတွေ
မှာတက်လာခဲ့တယ်။ကိုယ့်အမျိုးကိုယ့်အသိလည်း
မဟုတ်ပဲ ဒင်းတို့ လွတ်ပြီဆိုတာသိရတော့ပျော်ခဲ့
မိတယ်။အမူရဲ့ ပြစ်ချက်က ၁၃နှစ်အရွယ်ကိုယ့်သ
မီးကို မိဘ၂ပါးကသတ်ဖြတ်မူတဲ့ …
.
.
.
.
မေလ ၁၆ရက်နေ့ ၂၀၀၈ခုနှစ် Noida ;India
.
.
. ၁၃နှစ်အရွယ်Delhi Public အခြေ
ခံပညာကျောင်းက ကျောင်းသူလေးတစ်ဦးဟာ
သူ့ အိပ်ယာပေါ်မှာအသတ်ခံခဲ့ရတယ်။သမီးဖြစ်
သူရဲ့အလောင်းကို စမြင်ခဲ့သူတွေက သွားဆရာ
ဝန်ဖခင်နဲ့ ဇနီးဖြစ်သူ။ ချက်ချင်းဆိုသလိုမိခင်ရဲ့
အော်သံကြောင့် အိမ်ဖော်မပါမြင်သွားခဲ့တယ်။ဒီအ
မူကိုရဲကစစ်ချိန်မှာ အသတ်ခံရချိန်နာရီပိုင်းမှာမရှိ
သူက အိမ်ကအလုပ်သမားKhempal။ဒီတော့
မြန်မာနိုင်ငံရဲတပ်ဖွဲ့ လိုပဲ တရားခံဖြစ်နိုင်မူ%အများ
ဆုံးက Khempalပဲဆိုပြီးကောက်ချက်ချလိုက်
ကြတယ်။ဒါပေမယ့်Khempalရဲ့အလောင်းကို
ထိုအိမ်မှာပဲတွေ့ ခဲ့ကြတယ်။Autopsy ဆေးစာ
ထွက်လာတော့ ကလေးမလေးရောKhempalပါ
သေဆုံးချိန်ဟာသိပ်မကွာကြဘူး။ ဒီတော့ရဲတွေ
က တရားခံပေါ်ရင်ပြီးရောဆိုတဲ့ဗီဇနဲ့ အလောင်း
ကိုအရင်ဆုံးမြင်တဲ့ မိဘ၂ပါးကို လူသတ်မားတွေ
ဆိုပြီးစွဲချက်တင်လိုက်ပါတော့တယ်။CIDကအရာ
ရှိတွေတောင်ဒီCase ကိုဖော်ထုတ်ခဲ့ပေမယ့်ဘာ
မှအဖြစ်မရှိခဲ့ပဲ မိဘ၂ပါးလုံးကိုတရားရုံးကတစ်
သက်တစ်ကျွန်းချခဲ့ပါတယ်။
Talvar နဲ့ 
Murder on the Orient Express
………………………………………………………
Murder on the Orient Expressဟာ
ဆယ်စုနှစ်များစွာရုပ်ရှင်သမိုင်းမှာ မူခင်းစုံထောက်
ဂန္တဝင်ရုပ်ရှင်ကြီးအနေနဲ့ရောAgathaChristie
ကိုအမှတ်ရစေတဲ့ အထင်ကရဝတ္ထုများထဲမှတစ်
အုပ်အနေနဲ့ ပါ ကမ္ဘာ့အနုပညာသမိုင်းမှာထင်ရှား
ခဲ့တဲ့ရုပ်ရှင်နဲ့ ဝတ္ထုဖြစ်ပါတယ်။ မကြာသေးခင်က
ပဲ ၄ကြိမ်မြောက်အနေနဲ့ Remakeပြန်လာတဲ့
Johnny Deppကြီးတောင်ဇာတ်ပို့ အနေနဲ့ ပါ
ပြီး ပြသခဲ့ပါတယ်။ ဒီဝတ္ထုနဲ့ ရုပ်ရှင်အကြောင်းကို
ပြောရရင် အေးချမ်းသာယာစွာနေတဲ့ဗိုလ်မှူးကြီး
တစ်ဦးရဲ့မိသားစုထံကံဆိုးမူတွေကျရောက်လာမူ
နဲ့ စတင်ခဲ့ပြီး ပြန်ပေးသမားတွေကသမီးဖြစ်သူကို
သတ်သွားခဲ့ရာကဇာတ်လမ်းကိုတစ်ဆင့်ချင်းစခဲ့
ပါတယ်။၁၉၇၄ခုနှစ်ကရိုက်ခဲ့တဲ့Murder on
the Orient Expressရုပ်ရှင်ကိုတော့ကျွန်
တော့်အနေနဲ့ အားအရဆုံးပါပဲ။ အိမ်ဖော်မလေး
ကိုကြံရာပါလို့ စွပ်စွဲ အိမ်ဖော်မလေးကလည်း
သတ်သေသွား အမူရဲ့အသွားအလာကိုအစရှာမ
ရ တရားခံကိုသိဖို့ လမ်းစပျောက်ရာကအမှူပိတ်
ခဲ့ရတယ်။ဒီပြသနာတွေဖြစ်ပြီး ၅နှစ်အကြာမှာ
အစ္စတန်ဘူလ် ကနေ လန်ဒန်ကိုပြေးဆွဲတဲ့
Orient Express ရထားပေါ်မှာဇာတ်ရဲ့ဒုတိယ
အချိုးကိုစတင်လာခဲ့ပါတော့တယ်။Orient
Expressဟာသာမာန်ရထားမဟုတ်ပါဘူး။VIP
တွဲဟာ အင်္ဂလန်မင်းမျိုးမင်းနွယ် စစ်မှူထမ်းအ
ကြီးအကဲ မီလျံနာသူဌေး အထင်ကရပုဂ္ဂိုလ်တွေ
ပဲစီးခွင့်ရှိတဲ့ အတွဲပါတဲ့ရထားဖြစ်ပါတယ်။ဒီရထား
ပေါ်မှာပါလာသူကတော့ ခက်ခဲနက်နဲတဲ့အမှူ
တွေ ဖြေရှင်းမရတဲ့အမှူတွေကိုလိုက်ရာမှာနာ
မည်ကြီးလှတဲ့ စုံထောက်ကြီး Hercule Poirot
ပါပဲ။ Hercule Poirot နဲ့ Dining Room
မှာဆုံတာကသူဌေးကြီးSamuel Ratchett။
သူဌေးကြီးSamuel Ratchett ကစုံထောက်
ကြီးကိုလမ်းခရီးမှာ သက်တော်စောင့်အဖြစ်ငှား
ဖို့ ဒေါ်လာတစ်သောင်းခွဲနဲ့ ငှားတယ်။စုံထောက်
ကြီးက သူ့ အလုပ်မဟုတ်တဲ့အတွက်ငွေရလည်း
မလုပ်ခဲ့ဘူး။ ဇာတ်ရဲ့နောက်အချိုးဖြစ်လာတာက
တော့ နောက်တစ်နေ့မနက်မှာသူဌေးကြီးကအ
သတ်ခံခဲ့ရတာပါပဲ။ဓားဒဏ်ရာ၁၂နဲ့အသက်ခံရ
တဲ့သူဌေးကြီးအသတ်ခံရတဲ့အမှူကို စုံထောက်
ကြီးကလိုက်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။တရားခံလို့
ယူဆနိုင်တာ ရထားတွဲမှာ ၁၂ဦးရှိတယ်။ထို၁၂
ဦးလုံးကလည်း ဘယ်သူကတရားခံဆိုတာကိုသိ
ဖို့ မလွယ်လှဘူး။ စုံထောက်ကြီးက ရဲတွေဒီအမှူ
အတွက်ဝင်လာမရှုပ်ခင် တရားခံကိုဖော်ထုတ်ရ
တော့ပါတယ်။ဒါပေမယ့် ဇာတ်ကိုပြောင်းလဲစေ
တာက ဒီလူသတ်မှူဟာ လွန်ခဲ့တဲ့၅နှစ်ကဗိုလ်
မှူးကြီးသမီးပြန်ပေးဆွဲအသတ်ခံရမှူနဲ့ စပ်ဆက်
နေခဲ့တာပါပဲ။ ဒါကယခင်ကကမ္ဘာကျော်ခဲ့တဲ့
Murder on the Orient Expressရုပ်ရှင်
အကြောင်းပါပဲ။
ဒါကကြုံကြိုက်လို့ အကြောင်းအရာ၂ခုစပ်
ဆက်မိတာကိုပြောခြင်းပါ။Talvar တနည်းအား
ဖြင့် 2008 Noida Double Murderတို့ 
Ajay ကြီးရဲ့ Drishyamတို့ ဆိုတာကျွန်တော်အ
ကြွေရဆုံး တွေးစရာလေးတွေရတဲ့ရုပ်ရှင်တွေပါ။
တကယ့်အပြင်က မိဘ၂ယောက်ကတော့တ
လောကပဲကွင်းလုံးကျွတ်လွတ်ခဲ့ပါပြီ။ဒီလိုအယူခံ
ဝင်မူနိုင်ခြင်းဟာ Talvarရုပ်ရှင်ရဲ့ဂယက်တွေက
လည်းတထောင့်တနေရာပေါ့။Talvarထဲလည်း
အိန္ဒိယရဲအသိုင်းအဝိုင်းကို အသေလှော်ထားတာ
တွေမြင်ခဲ့ကြမှာပေါ့။ မြန်မာက ၄လောင်းပြိုင်တို့ 
၅လောင်းပြိုင်တို့ ကိုလည်း ခုလိုရုပ်ရှင်ရိုက်ပြစေ
ချင်တယ်။ပြသနာ မြန်မာမှာSocialပိုင်းတို့ 
Politicalပိုင်းတို့ ကခေါင်းရှောင်နေကြဆဲပါ။ဥပ
မာ- အရင်အစိုးရခေတ်ကဖြစ်ခဲ့တဲ့၅လောင်းပြိုင်
ကိုရုပ်ရှင်ရိုက်ဖို့ သွေးလန့် စရာနောက်ကွယ်က
ထောက်ထားတဲ့သေနတ်တွေကိုကြောက်ရသလို
ဦးထင်ကျော်လက်ထပ် ဖြစ်ပျက်ခဲ့တဲ့အမှူတချို့ 
ကိုလည်းရိုက်ပြဖို့ က မြန်မာအစိုးရဟာသိပ်အထိ
အရှခံနိုင်သေးတဲ့ဝါမဟုတ်သေးဘူး။ Talvarရုပ်
ရှင်ရဲ့အကျိုးဆက်က ဘာပြန်ရသလဲဆိုအိန္ဒိယ
မူခင်းဥပဒေ ၃ချက်ကိုပြန်လည်ပြင်ဆင်ခဲ့ရသလို
ပြည်သူတွေကြား ဒီမိဘ၂ဦးကိုလွတ်ဖို့ ထကြွမူ
တွေဖြစ်ခဲ့ပါတယ်။Talvar ထဲ IPSအဖြစ်
Irrfan Khanကသရုပ်ဆောင်ခဲ့တယ်။ရုပ်ရှင်မှာ
တော့အပြောင်းအလဲနည်းနည်းလုပ်ထားတယ်။
ဒါကလည်းပြသနာတော့မရှိဘူး။ တကယ့်အပြင်
ကဖြစ်ရပ်ကိုအတိအကျရိုက်ပြသွားနိုင်ခဲ့တယ်။
၂၀၁၅ခုနှစ်မှာTalvarက အတော်ပေါက်ခဲ့သလို
ဂျပန်ရုပ်ရှင်ပွဲတော်မှာတောင် မှတ်တမ်းတင်ခံရတဲ့
ဖြစ်ရပ်မှန်အာရှရုပ်ရှင်ကားအဖြစ် သမိုင်းဝင်ထား
ခဲ့ပါတယ်။
" လူတွေဟာ ဥပုသ်စောင့်တဲ့အလုပ်ထက်
ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်သင့်တယ်။"
Irrfan Khan
#Hindi_Medium
…………………………
မိဘဆိုတာ ဘယ်လောက်ဆင်းရဲရဲကိုယ့်
သားသမီးကို ပညာတတ်ကြီးဖြစ်စေချင်တယ်
သူများသားသမီးတွေလိုလူတန်းစေ့နေနိုင်အောင်
ထားချင်ကြတယ်။ ကိုယ်သာငါးပိရည်နဲ့ စားမယ်
သားသမီးကို မဆလာအုပ်ထားတဲ့ကြက်သားတုံး
လေးနဲ့ ထမင်းစားနေတာမြင်ချင်ကြတယ်။မိဘဆို
တာကမ္ဘာပေါ်မှာ အလကားပေးနေတဲ့သားသမီး
တွေရဲ့ဈေးသည်တွေပါ။ ဒါဟာမိဘတွေရဲ့သင်ပေး
စရာမလိုပဲတတ်ကျွမ်းတဲ့ မေတ္တာတရားအစစ်တွေ
ပါပဲ။Hindi Mediumရုပ်ရှင်ဟာဒီလိုမိဘတွေ
အကြောင်းကိုအခြေယူပြီး အိန္ဒိယရဲ့ပညာရေးစနစ်
မှာသောက်တလွဲဖြစ်နေတဲ့အရာတွေ လူတန်းစား
ကွာဟမူကြား ပညာရေးကိုငွေကြေးနဲ့ ပိုင်းခြားနေ
မူတွေ သူဌေးသားသမီးနဲ့ လက်လုပ်လက်စားမိ
ဘရဲ့သားသမီးကြား ကွာဟနေတဲ့ပညာရေးစနစ်
တွေကိုကျကျနနချပြထားတဲ့ရုပ်ရှင်ကားပါပဲ။ဒီနှစ်
ထဲမှထွက်လာတဲ့ရုပ်ရှင်ဆိုတော့ ပြောမနေတော့
ဘူး။Irrfan Khanဟာဘာကြောင့်ကမ္ဘာကျော်ရ
သလဲ Hollywood ရော Bollywoodမှာပါ
ဘာကြောင့်နာမည်ကြီးရသလဲကို ဒီကားမှာလည်း
လုပ်ပြသွားခဲ့တယ်။Irrfan Khanရဲ့ရုပ်ရှင်တွေ
အကြောင်းကိုပြောရင်တော့ပေရှည်လွန်းပါတယ်။
နောက်ပြီး အထက်မှာပြောသွားတဲ့ရုပ်ရှင်ကား
တွေအကြောင်းဟာ လိုရင်းတိုရှင်းပါ။ကျွန်တော်
ရုပ်ရှင်reviewအနေနဲ့ ရေးတာမဟုတ်တဲ့အ
တွက် အပေါ်ယံပဲရေးသွားခဲ့တာပါ။တစ်ကားချင်း
ကို ကျကျနနပေရှည်ရင်တော့ပိုမိုက်မှာပေါ့လေ။
သိပ်မကျေနပ်တာကတော့Hindi Mediumလို
ရုပ်ရှင်ကိုဘာကြောင့်ဆုစာရင်းကနေပယ်လိုက်
တာလဲဆိုတာပါပဲ။
Irrfan Khanရုပ်ရှင်တွေဟာအိန္ဒိယ
အတွက်တော့ ဂုဏ်ယူစရာပါပဲ။D-Dayတို့ The
Lunchbox တို့ လက်တလောPadmavatiနဲ့
အကြီးအကျယ်ဂယက်ထနေတဲ့ Ranveer
Singh ပါတဲ့ကား Gunday(ခိုးဆိုးလုနှိုက်ကြီး)
တို့ လိုအမိုက်စားရုပ်ရှင်တွေကိုတော့ ဘာမှကို
ပေမရှည်ခဲ့ဘူး။အကြောင်းကတော့လိုရင်းတိုရှင်း
ရေးလို့ မရတဲ့Irrfan Khanပါဝင်တဲ့ရုပ်ရှင်တွေ
ဖြစ်နေလို့ ပါ။လက်ရှိမှာ Irrfan Khanဟာအိန္ဒိ
ယရဲ့အထင်ကရရုပ်ရှင်ဆုကြီးတွေအပြင် နိုင်ငံတ
ကာရုပ်ရှင်ဆုတွေပါရရှိထားတဲ့ မင်းသားတစ်ဦး
ဖြစ်လာခဲ့သလို အိန္ဒိယအစိုးရကပေးအပ်တဲ့နိုင်ငံ
ရဲ့ဂုဏ်ထူးဆောင်HonourဆုPadma Shri
ကိုလည်းပေးအပ်ခံထားရသူဖြစ်ပါတယ်။ထူးခြား
မူကတော့ Irrfan Khanဟာအိန္ဒိယရုပ်ရှင်သ
မိုင်းမှာ Hollywoodရုပ်ရှင်နယ်ပယ်ကိုခြေချနိုင်
တဲ့မင်းသားဖြစ်ခဲ့သလို ကမ္ဘာ့အကောင်းဆုံးရုပ်
ရှင်ကားတွေမှာပါဝင်ထားတဲ့ အိန္ဒိယရဲ့တစ်ဦး
တည်းသော မင်းသားဖြစ်ပါတယ်။ဒါတင်မကပါ
ဘူး Irrfan Khanဟာအာရှရုပ်ရှင်နယ်ပယ်မှာ
လည်းကမ္ဘာ့ထိပ်တန်းရုပ်ရှင်၁၀၀ listမှာအများ
ဆုံးပါဝင်ထားတဲ့ No.1 Supporting Actor
အဖြစ်သမိုင်းဝင်ထားပါတယ်။ဒီ့ထက်ထူးခြားတာ
က Irrfan Khanဟာ Hollywoodရုပ်ရှင်ကား
၉ကားမှာပါဝင်ဖို့ စာချုပ်ချုပ်ထားတဲ့တစ်ဦးတည်း
သော အိန္ဒိယသရုပ်ဆောင်လည်းဖြစ်ပါတယ်။မ
သေမချင်းလည်း Hollywoodရဲ့နာမည်ကြီးကား
တွေမှာမြင်ရဦးမယ့် အဘပါပဲ။ဒါ့အပြင်သူ့ မွေးရပ်
ဇာတိRajasthanပြည်နယ်ရဲ့ကိုယ်စားလှယ်အ
ဖြစ်ပေးအပ်ခြင်းခံထားရသူဖြစ်ပြီး အိန္ဒိယရုပ်ရှင်
သံတမန်အဖြစ် အင်္ဂလန်Film Industryကပေး
အပ်ခြင်းခံထားရသူဖြစ်ပါတယ်။၂၀၁၅ခုနှစ်က
LEGO Gameတွေအတွက်ပါဝင်ပေးခဲ့မူက
လည်းဒေါ်လာအတော်ခိုင်ခဲ့သလို Irrfan Khan
ရုပ်ရှင်တွေဟာ Ratingကြောက်စရာကောင်း
လောက်အောင်တခြားနာမည်ကြီးမင်းသားရုပ်ရှင်
တွေထက်သာတတ်တာကလည်းသူ့ ရဲ့သြဇာတစ
်ခုပါပဲ။ဂျိုလီလိုကမ္ဘာကျော်မင်းသမီးနဲ့ A Mighty
Heart မှာတွဲဖက်သရုပ်ဆောင်ခဲ့သလို Tom
Hanksလိုမင်းသားကြီးရဲ့ Infernoမှာလည်းပါ
ဝင်ခဲ့တဲ့ Irrfan Khanဟာလက်ရှိမှာ အိန္ဒိယနဲ့ 
Hollywoodရုပ်ရှင်ကားပေါင်း၇၀ကျော်မှာပါဝင်
ထားတဲ့အထင်ကရမင်းသားတစ်ဦးဖြစ်ပါတယ်။
" ဘာသာရေးမှာ ကောင်းခြင်းဆိုးခြင်းမရှိဘူး။
လူတွေကသာ ဘာသာရေးရဲ့နောက်ဆက်တွဲဝါဒ
တွေကို ပုံဖော်တတ်ကြတာပါ။ "
Irrfan Khan
Life Of Pi မှာဒေါ်လာ၎သန်း၁သိန်း
Jurassic Worldမှာဒေါ်လာ၅သန်း Inferno
မှာဒေါ်လာ၎သန်းခွဲ Amazing Spiderman
နဲ့ Hollywoodရုပ်ရှင်တွေကရတဲ့အနုပညာ
ကြေးစုစုပေါင်း ဒေါ်လာသန်း၃၀နီးပါးရခဲ့တဲ့
Irrfan Khanဟာအိန္ဒိယအတွက်တော့ကမ္ဘာကို
ကျကျနနထိုးဖောက်သွားနိုင်ခဲ့တဲ့ သရုပ်ဆောင်
တစ်ဦးဖြစ်ခဲ့ပါပြီ။ လက်ရှိမှာHollywoodနဲ့ 
Bollywood ရုပ်ရှင်နယ်ပယ်အပြင် ၂၀၂၀မှာ
ပြသဖို့ ရှိနေတဲ့Blade Village(ブレイドビ
レッジ)ဂျပန်ရုပ်ရှင်မှာလည်းပါဝင်ဖို့ သတင်း
တွေကြီးနေခဲ့ပါပြီသူကမင်းသားရုပ်မဟုတ်ဘူး
ဗလမတောင့်ဘူး ရုပ်မချောဘူး ဒါပေမယ့်သူ့ ရဲ့
စိတ်ဓာတ်နဲ့ အနုပညာကတော့ကမ္ဘာကျော်ဖြစ်ဖို့ 
အကြောင်းပြချက်မရှိခဲ့ပါဘူး။
Ref; Irrfan Khan (The Hollywood Reporter)
Irrfan Khan (Twitter)
ထက်ဝန



















No comments:
Post a Comment