Copyright

Friday, January 12, 2018

ပြိဿရာသီဖွားများ

ပြိဿရာသီဖွားများ
(၉၀% မှန်တယ်ဆိုရင် Comments လေးပေးခဲ့ပါ)

(နှစ်စဉ်ကဆုန်လအတွင်း မွေးဖွားသူများသည် ပြိဿရာသီဖွားများဖြစ်သည်။ ထို့အပြင် နှစ်စဉ် ဧပြီ (၂၁)ရက်မှ မေ (၂၁)ရက်အတွင်းမွေးဖွားသူများ သည်လည်းပြိဿရာသီဖွားများပင်ဖြစ်ပေသည်။ 

ထိုရက်အပိုင်းအခြားကိုအတိအကျသိသူများသည်လည်းကောင်း၊ ၄င်းအပိုင်းအခြားကိုအတိအကျမသိဘဲ ကဆုန်လတွင်မွေးဖွားသူများလည်းပြိဿရာသီဖွားများဟုပင် မှတ်ယူပြီး ဘ၀တစ်သက်တာတစ်လျှောက်တွင် အောက်ပါဖြစ်စဉ်များဖြစ်ပွားနိုင်သည်ဟု ယေဘုယျ ခြုံငုံ၍လေ့လာမှတ်သားကာ ဆောင်ခြင်း၊ရှောင်ခြင်းတို့ပြုသင့်ပေသည်။)

ပင်ကိုယ်စရိုက် သဘာဝနှင့် အကျင့်လက္ခဏာများ

ပြိဿရာသီဖွားများသည် တည်ကြည်အေးဆေးသူများဖြစ်သည်
ဖြောင့်မတ်၏။ အလွန်သစ္စာရှိ၏။ ထို့ပြင် အလွန်သံယောဇဉ်ကြီးမားတတ်ကြ၏။ အနုပညာပါရမီဓါတ်ခံကြီး၏။ အလွန် ညှို့ဓါတ်အားကောင်း၏။ တစ်ခုမဟုတ် တစ်ခုဖြင့် လူအများ၏ချစ်ခင်ကြည်ညိုခြင်းကိုခံရတတ်၏။ ဘေးလူတွေကချစ်ခင်၏။ စန်းပွင့်၏။ အလှအပ၊ အသန့်အပြန့်ကြိုက်၏။ စိတ်ကူးယဉ်တတ်၏။

အထူးသဖြင့် ဘ၀တွင်ကြည်နူးလွမ်းဆွတ်ဖွယ်ရာ အနေအထားများကို
များစွာကြုံခဲ့တတ်ကြပေ၏။ အလွမ်းဓါတ်ခံရှိ၏။ လူပေါင်းဆန့်၏။
အကောင်းကြိုက်၏။ ကောင်းပေ့ဆိုသည့် အသုံးအဆောင်များကိုသာသုံးချင်၏။ ငွေအသုံးကြမ်း၏။ဘယ်ကိစ္စမဆို ဆန်းစစ်လေ့လာကာ ဆုံးဖြတ်ချက် ခိုင်ခိုင်ချပြီးမှ စတင်လုပ်ကိုင်တတ်၏။

နူးညံ့သိမ်မွေ့သလောက် ဒေါသထွက်လာကာ ဘာမှ မမြင်တော့လောက်
အောင် ကမူးရှူးထိုးလုပ်တတ်၏။ ရဲရင့်တည်ကြည်၍ ထက်မြက်၏။
နံနက်စော အရုဏ်ဦးအချိန်တွင် အသိညာဏ်အထူးပွင့်တတ်၏။

ထိုအချိန်တွင် စိတ်ကူးကောင်းတွေ ပေါ်တတ်၏။
ပြိဿရာသီဖွားများသည် ခံစားချက်ပြင်းထန်၏။ ဘာမဆို
အလေးအနက်ခံစားတတ်၏။ ကိစ္စတစ်ခုကို ဆုံးဖြတ်ပြီးက
နောက်မတွန့်တမ်းလုပ်တတ်၏။စည်းကမ်းတကျ စနစ်တကျလုပ်တတ်၏။
အချိန်နာရီ၊ ကတိသစ္စာကို အလွန်တန်ဖိုးထား၏။ ဖြောင့်မတ်၏။
ကတိပျက်က စိတ်ဆိုးတတ်၏။ စိတ်ဆိုးခဲသလောကိစိတ်ဆိုးလာက
အသားတွေ တဆတ်ဆတ်တုန်လာကာ မျက်ရည်ပင်ကျလာတတ်၏။

အထူးသဖြင့် မိမိအပေါ်လိမ်လည်လှည့်ဖျားလာက လုံးဝခွင့်မလွှတ်တတ်။
သစ္စာမဲ့ခြင်းကို အလွန်ရွံ့မုန်း၏။ စကားပြောဆိုရာတွင် အေးတိအေးစက်နှင့် ချက်ကျကျပြောဆိုတတ်၏။ စကားလုံးများဖြင့်နာကျင်ခံခက်ဖြစ်အောင် ပြောဆိုနိုင်စွမ်း၏။

တစ်ခါတစ်ရံ ပြောပေါက်ဆိုပေါက် ကတ်တိကတ်ဖဲ့နိုင်၏။ သို့သော်
ပြိဿရာသီဖွားတို့သည် အပေါ်ယံအားဖြင့်
မာကျောသယောင်ရှိသော်လည်း အတွင်းစိတ်နူးညံ့၏။ ကိုယ့်အပေါ်
သိမ်သိမ်မွေ့မွေ့ဆက်ဆံလာက အရာရာကို ခွင့်လွှတ်နိုင်တတ်၏။
အများအတွက်အနစ်နာခံတတ်၏။ အများကောင်းကျိုး ဆောင်ရွက်လို၏။

လောဘမကြီးဘဲ လုပ်စရာတွေကို ဇွဲဖြင့် တွန်းတိုက်လုပ်တတ်၏။
အရာရာအပေါ် ရိုးရိုးရှင်းရှင်းနှင့်နေထိုင်လုပ်ကိုင်တတ်၏။
ရှုပ်ရှုပ်ယှက်ယှက်ဘာမှ မကြိုက်၊ သူတစ်ပါးကိစ္စ ၀င်မစွတ်ဖက်တတ်။
ထို့အတူ ကိုယ့်နေရာကို လာပတ်သက်ခြင်းမျိုးကိုလည်း မကြိုက်တတ်။

သို့သော် မိသားစု သံယောဇဉ်ကြီးမားကြ၏။ သွေးရင်းသားရင်း၊
မိတ်ဆွေရင်းတွေအတွက် အမြဲလိုလို ပေးဆပ်နေတတ်၏။
အနစ်နာခံနေတတ်၏။

သို့သော် ပြိဿရာသီဖွားများသည် တစ်ခါတစ်ရံ ဆင်ခြင်Óဏ်ကင်းစွာ
မာန်မာနနှင့် ပြုမူမိတတ်၏။ ကိုယ့်ကိုယ်ကို အယုံလွန်ပြီး
တဇွတ်ထိုးလုပ်မိတတ်၏။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး
မိုက်ရူးရဲလုပ်မိတတ်၏။ မည်သို့ပင်ဖြစ်စေ ပြိဿရာသီဖွားတို့သည်
ဝီရိယကြီးခြင်း၊ တိုးတက်ကြီးပွားရန်အမြဲကြံစည်နေတတ်ခြင်း၊
လူချစ်လူခင်များခြင်း၊ ကိုယ့်ကိုယ်ကို ရိုသေစွာ သန့်သန့်ခန့်ခန့်
နေတတ်ခြင်းတို့ကြောင့် အမည်ကျော်ကြား အောင်မြင်ချမ်းသာသူများ
ဖြစ်တတ်ပေ၏။

အလုပ်အကိုင်နှင့် စီးပွားရေး

ပြိဿရာသီဖွားတို့သည် ဘ၀ကို သူတစ်ပါးတို့ထက်
ပို၍တန်ဖိုးထားသူများဖြစ်၏။ ဇွဲကောင်းကောင်းနှင့် ကြိုးစားတတ်ကြ၏။
အပင်ပန်းခံ၍ကြိုးစားကြ၏။ ဇွဲကောင်းကောင်းနှင့် ကြိုးစားကြ၏။
ထို့ကြောင့် သူတစ်ပါးတို့က ယုံကြည်ကိုးစားရသော
ဘ၀ကိုပိုင်ဆိုင်တတ်ကြ၏။ စီးပွားလာဘ်မြင်၏။ ငွေရှာကောင်း၏။
ငွေသုံးကြမ်း၏။ မိတ်ကောင်းပေါ၏။ လုပ်ငန်းမရွေး လုပ်ဆောင်တတ်၏။

ဘ၀တွင်သူတစ်ပါးက နှိမ်၍ဆက်ဆံခံရခြင်းကို မခံချင်စိတ်ဖြင့်
ကြိုးစားတတ်၏။ ဘ၀တွင်ထူးခြားစွာ ပြည့်စုံကြွယ်ဝတတ်ကြ၏။
ကတိသစ္စာတည်ကြည်ခြင်းကြောင့် စီးပွားဖက်တို့၏ ယုံကြည်ခြင်းကို
ခံရတတ်၏။ ဘ၀တွင် ဒုတိယအရွယ်နှင့် တတိယအရွယ်တွင်
စီးပွားပြည့်စုံတတ်၏။ အကြံညာဏ်ကောင်းများ ပေါ်ထွက်လာတတ်သလို
လက်တွေ့အကောင်အထည်ဖေါ်မိ၍ကြီးပွားချမ်းသာတတ်၏။

စီးပွားတက်ချိန်တွင် အပျော်အပါးဖက်မိတတ်၏။
ကိုယ်ပိုင်စီးပွားရေးအလုပ်ကိုသာလုပ်ပါ။
သူတစ်ပါးလက်အောက်ခံမလုပ်သင့်ပါ။ ကိုယ့်စိတ်ကူးနှင့်သာ ရဲရဲလုပ်ပါ။
မည်သည့်အလုပ်မဆို စွဲစွဲမြဲမြဲလုပ်ပါ။
အလုပ်အမျိုးမျိုးပြောင်းလုပ်ခြင်းကိုရှောင်ပါ။ ဤအချက်များသည်
ပြိဿရာသီဖွားတို့ အထူးလိုက်နာသင့်သော အချက်များဖြစ်၏။

အထူးသဖြင့် စီးပွားရေးတွင် အားနာခြင်း၊ အာမခံခြင်း၊ ဆွေမျိုးများနှင့်
ဆက်စပ်လုပ်ကိုင်ခြင်းတို့ကို အထူးရှောင်ပါ။
ပြိဿရာသီဖွားတို့သည် စာပေလုပ်ငန်းဖြင့် အထူးကောင်းကျိုးပေး၏။
အနုပညာလုပ်ငန်း၊ စာရေးဆရာ၊ နတ္ခတ်ဗေဒင်ပညာရှင်၊
ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်လုပ်ငန်းများကိ
လုပ်ကိုင်၍ ကြီးပွားနိုင်၏။ ထို့အပြင် စစ်ဘက်၊ သူနာပြု၊
ပန်းအလှစိုက်ပျိုးရောင်းချခြင်းတို့ဖြင့် အကျိုးအထူးပေး၏။ အထူးသဖြင့်

ပြိဿရာသီဖွားတို့သည် အနုပညာလုပ်ငန်း၊
အလှအပဆိုင်ရာလုပ်ငန်းတို့ဖြင့် အထူးအောင်မြင်တတ်ပေသည်။
ပြိဿရာသီဖွားများ၏ အချစ်ရေး အိမ်ထောင်ရေးနှင့်

ဘ၀တည်ဆောက်မှု

ပြိဿရာသီဖွားတို့သည် နှလုံးသားခံစားမှုပြင်းထန်၏။ ကဗျာဆန်၏။
အထူးသဖြင့် အလွမ်းတေးသီချင်း၊ ကဗျာစာပေတို့ကို နှစ်သက်၏။
သံယောဇဉ်ကြီး၏။အထူးသဖြင့် အလွမ်းသမားများဖြစ်၏။ ဘ၀တွင်
သံယောဇဉ်ကြီးမားသူတို့ကို ခွဲခွာပြီး လွမ်းနေတတ်ကြရ၏။

ပထမပိုင်းတွင် ချစ်ကံခေပြီး နောက်ပိုင်းမှကောင်းတတ်၏။တစ်ရွာသူ
တစ်နယ်သားတို့နှင့် ချစ်ကြိုးသွယ်မိတတ်၏။ အရူးအမူးချစ်တတ်ကြ၏။
တသသလွမ်းဆွေးနေတတ်ကြရ၏။

သို့သော်အိမ်ထောင်ပြုပြီးသောအချိန်တွင် စိတ်ချမ်းသာကြရတတ်၏။
ဘ၀တွင်တစိမ့်စိမ့်ပြန်တွေးပြီး တသသ ကြည်နူးမဆုံး၊
လွမ်းမဆုံးအဖြစ်အပျက်လေးများစွာ ကြုံကြရတတ်သူများဖြစ်၏။
အချစ်ရေးတွင် ကြားလူအနှောက်အယှက် အမြဲကြုံရတတ်၏။
ထို့အတူအိမ်ထောင်ရေးတွင်လည်း သွေးဆောင်
ဖြားယောင်းခြင်းခံရတတ်၏။ သို့သော်ပြိဿရာသီဖွားတို့သည
သစ္စာကြီးမားသူများဖြစ်၍ အိမ်ထောင်သာယာတတ်ပါ၏။ ကိုယ်ကိုယ်တိုင်
ရုပ်ဆင်းတင့်တယ်၍ သပ်ရပ်ခန့်ငြားသူဖြစ်သလို အသားလတ်လတ်နှင့်
လှပပြေပြစ်သူနှင့် ဖူးစာဆုံရတတ်၏။ မျက်နှာတွင် ထင်ရှားသော
မှဲ့အမှတ်အသားပါသူနှင့် ဖူးစာဆုံတတ်ပေ၏။

အိမ်ထောင်ဖက်အပေါ်တွင်အစစ ကိုယ်က အနစ်နာခံ၍ အနွံတာခံ၍ ပေါင်းဖော်ရတတ်၏။ အထူးသတိပေးလိုသည်မှာ ချစ်သူဘ၀တွင်ဖြစ်စေ၊
အိမ်ထောင်သည်ဘ၀တွင်ဖြစ်စေ မိမိချစ်သူအပေါ်
မယုံသင်္ကာစိတ်မထားပါနှင့်။ ထို့အတူ မိမိချစ်သူက
မှားယွင်းမှုရှိနေကြောင်း(သစ္စာမဲ့မှုမျိုး) သေချာနေလျှင်
ပွင့်ပွင့်လင်းဖြေရှင်းလိုက်ပါ။ ထို့အပြင် ချစ်သူထားချိန်တွင်လည်းကောင်း၊
အိမ်ထောင်ပြုချိန်တွင်လည်းကောင်း၊ခေါင်းအေးအေးနှင့် စဉ်းစားပြီးမှ
လက်ခံဆုံးဖြတ်ပါ။

အထူးသဖြင့် ပြိဿရာသီဖွား မိန်းကလေးများ
တဇွတ်ထိုးဆုံးဖြတ်ကာ အရှက်တကွဲ အကျိုးနည်းဖြစ်တတ်သည်။
အထူးသတိထားပါ။ ဘာပဲဖြစ်ဖြစ် အစပိုင်းညံ့ပြီး နောက်ပိုင်းတွင်
ကောင်းကျိုးခံစားရပါမည်။ ပြိဿရာသီဖွားများ၏

ကျန်းမာရေး

ပြိဿရာသီဖွားများသည် စိတ်ထက်၍ ဇွဲကောင်းသူများဖြစ်ပြီး
လူအပင်ပန်းခံနိုင်သော်လည်း ခန္ဓာကိုယ်တွင် မကြာခဏ
ဝေဒနာဖြစ်တတ်၏။ အဓိကအားဖြင့် အဆစ်အမြစ်များ
မကြာခဏနာကျင်ကိုက်ခဲတတ်သည်။ လေထိုး၊ လေအောင့်၊
ဝမ်းနာရောပါတို့လည်း မကြာခဏဖြစ်တတ်၏။

လည်ချောင်းနာ၊ အသံဝင်၊
ရင်ကြပ်ရောဂါများမှာ အနည်းဆုံး တစ်နှစ် တစ်ကြိမ်မျှဖြစ်တတ်၏။
ပြိဿရာသီဖွားများသည် တော်ရုံတန်ရုံ ရောဂါလောက်ဖြင့်
ဆရာဝန်ပြခြင်း၊ ဆေးစားခြင်းမပြုဘဲ ဝေဒနာကို
ကြိတ်မှိတ်ခံစားနေတတ်သည်။ ထို့ကြောင့်ပင် မလိုလားအပ်ဘဲ
ရောဂါကြီးမားသွားတတ်သည်။ ပြိဿရာသီဖွားအမျိုးသမီးများ
သားအိမ်အားနည်းတတ်သည်။ အမျိုးသားများ ဆီးကျောက်တည်ခြင်း၊
ဆီးကျိတ်ရောင်ခြင်းဖြစ်တတ်၏

ပြိဿရာသီဖွားများသည် ဘာမှမလုပ်ဘဲ ငြိမ်နေလျှင် ကျန်းမာရေးညံ့တတ်၏။ အငြိမ်မနေဘဲ အလုပ်များကို ဇယ်ဆက်သလို ဆက်တိုက်လုပ်နေက၊ လှုပ်ရှားနေက ပို၍ကျန်းမာတတ်၏။ အသေးအဖွဲအားဖြင့် ဇက်ကြောတက်၊ ခေါင်းမူး၊ခေါင်းကိုက်ရောဂါများဖြစ်တတ်၏။ အသီးအရွက်များများစားပေးပါ။

အသက်(၃၇)၀န်းကျင်တွင်လည်းကောင်း၊ အသက်(၈၀)
တွင်လည်းကောင်း ကျန်းမာရေး အထူးဂရုပြုပေးပါ။ ထို့အပြင်
ပြိဿရာသီဖွား အမျိုးသမီးများသည် ရင်သားတွင် အနာဖြစ်ခြင်းမျိုး
ဖြစ်တတ်သဖြင့် ဂရုပြုသင့်သည်။ပြိဿရာသီဖွားအားလုံးအတွက်
ပဲအမျိုးမျိုး၊ ပန်းသီး၊ ဖရဲသီး၊ သဖန်းသီး၊ သစ်ချသီး၊ ဗာဒံသီးတို့ကို
ဓါတ်စာအဖြစ် မပြတ်စားပေးသင့်သည်။ ထို့အပြင်
ဝက်သားဟင်းစားပေးခြင်း၊ မကြာခဏပျားရည်စားပေးခြင်း ပြုသင့်၏။

ပြိဿရာသီဖွားတို့သည် အခြားသူများထက် အစွဲအလန်း
သံယောဇဉ်ကြီးမားတတ်သဖြင့် အလွမ်းနာထိတတ်၍ သံယောဇဉ်ကို
အတိုင်းအတာထားသင့်ပေတော့၏။

သတိပြုစရာ ဘေးဥပဒ်အန္တရာယ်များ

ပြိဿရာသီဖွားများသည် မျက်နှာတွင် ရုတ်တရက်
ထိခိုက်ဒဏ်ရာရတတ်သည်။ တောင်ပြိုခြင်း၊ မြေပြိုခြင်းစသော
သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ရတတ်၏။ စက်မှု
လက်မှုလုပ်ငန်းလုပ်သူများမှာ မတော်တဆထိခိုက်မှုများဖြစ်တတ်သည်။
အထူးသဖြင့် ပြိဿရာသီဖွားသည် လက်နက်ပေါက်ကွဲခြင်း ဖြစ်တတ်၍
သတိပြုသင့်သည်။ သို့သော် အသက်အိုးအိမ်ထိခိုက်လောက်အောင်
ဘေးအန္တရာယ်မရှိတတ်ပါ။ ပြိဿရာသီဖွားများသည်
ဦးနှောက်သွေးကြောထိခိုက်ခြင်း ရုတ်တရက်ဖြစ်တတ်သောကြောင့်
သတိထားသင့်ပါ၏။ ထို့ပြင် သူတစ်ပါးအတွက် အနစ်နာခံရသော
ဇာတာပါ၏။ ထို့အတွက်သာ အဓိကဆင်ခြင် သတိပြုသင့်ပေသည်။
အထူးသဖြင့် နှစ်စဉ် (၂)လပိုင်း၊ (၄)လပိုင်းတို့တွင် အစစ အရာရာ
သတိဖြင့်လုပ်ဆောင်သင့်ပေ၏။

ဘ၀ကံကြမ္မာ အနိမ့်အမြင့် အနေအထားများ

ပြိဿရာသီဖွားတို့သည် ဘ၀တွင် ဒုတိယအရွယ်နှင့်
တတိယအရွယ်တို့တွင် အထူးကောင်းစားတတ်၏။ ပထမအရွယ်တွင်
အနစ်နာခံခြင်းတို့ဖြင့် ဖြည့်ဆည်းပေးရတတ်၏။ ပြိဿရာသီဖွားတို့သည်
လူအုပ်စုဖြင့်နေရသည်ကို မနှစ်သက်သော်ငြား လူအုပ်စုဖြင့်ပင်
အောင်မြင်တတ်ပြန်၏။ အများ၏ထောက်ခံမှု ကို ရတတ်လေ၏။

အသက်(၁၅)နှစ်၊ (၃၀)နှစ်၊ (၄၅)နှစ်၊ (၆၀)နှစ်တို့တွင် ထူးခြားသော
အပြောင်းအလဲများကို ကြုံတတ်၏။ အသက် (၂၀)၊ (၂၅)နှစ်၊ (၂၈)
နှစ်တို့တွင် ထိခိုက်နစ်နာမှုများ ကြုံတတ်၏။ ပြိဿရာသီဖွားတို့သည်
အနစ်နာခံခြင်း အပင်ပန်းခံခြင်းတို့ပြုပြီးမှသာ
ပြည့်စုံခြင်းဖြစ်တတ်သောသဘာဝရှိ၏။ အထူးသဖြင့် (၁၈၊၂၂၊ ၃၃၊ ၃၅၊
၃၇)နှစ်များတွင် အနှောက်အယှက် အခက်အခဲများ ကြုံတွေ့ရတတ်၏။

ပြိဿရာသီဖွားတို့သည် ကိုယ်ရေးကိုယ်တာအတွက် ဦးစားမပေးဘဲ၊
ငွေကြေးကိစ္စတို့ကို အဓိကထားမဆောင်ရွတ်ဘဲ
အများအတွက်စေတနာထားဆောင်ရွက်လေ ကြီးပွားလေဖြစ်တတ်၏။

အသက်(၃၆)နှစ်နှင့် (၃၈)နှစ်တို့တွင် အမွေရသလိုမျိုး
ရုတ်တရက်ကြီးပွားပြီး အောင်မြင်မှုရတတ်၏။ အကြီးအမှုးနေရာကို
ရတတ်သည်။ အလှူအတန်းများစွာပြုရတတ်၏။ သို့သော်
ပြိဿရာသီဖွားတို့သည် ဆွေမျိုးဝေးနေရတတ်၏။ ရပ်ဝေးတွင်
အောင်မြင်တတ်ကြ၏။ ယခုတွက်စစ်ဟောဆိုခဲ့သော ပြိဿရာသီဖွားတို့
ဖြစ်တတ်သည့် ဘေးအန္တရာယ်များနှင့် ထူးခြားသော
အသက်အပိုင်းအခြားတို့မှာ ယေဘုယျမျှသာဖြစ်၏။
ထိုအန္တရာယ်တို့ကိုလည်းကောင်း၊ ထိုအသက်အပိုင်းအခြား
တို့တွင်လည်းကောင်းသတိပြု ဆင်ခြင်နိုင်ရန်သာဖြစ်၏။

လိုက်နာကျင့်သုံးဖွယ်ရာ အဆောင်၊ အရောင်အချက်အလက်တို့ကိုမူ
အထူး သတိပြုလိုက်နာသင့်ပေ၏။
ပြိဿရာသီဖွားတို့၏ဘ၀ တိုးတက်အောင်မြင်စေရန်
လိုက်နာကျင့်သုံးဖွယ်ရာများနှင့် အဆောင်၊ အရောင်၊ အချက်အလက်များ
ပြိဿရာသီဖွားတို့သည် သံယောဇဉ်ကြီး၍ အနစ်နာခံရသော
ဘ၀ပိုင်ရှင်များဖြစ်လေ၏။ ပေးဆပ်မှု၊ အနစ်နာခံမှု၊
နှောင်ကြိုးတည်းခံရမှု၊ ဖိနှိပ်ချုပ်ချယ်မှုတို့ကို အမြဲခံရတတ်၏။
ဆွေမျိုးများနှင့် ဝေးဝေးနေသင့်၏။ သီးသန့်ခွဲထွက်သင့်၏။ သို့သော်
ပြိဿဖွားတို့သည် မည်သည့်နေရာတွင် နေသည်ဖြစ်စေ ကိုယ်ကျိုးကို
မငဲ့ဘဲ စေတနာ အဓိကထား၍ လုပ်ဆောင်က
သူမတူအောင်ကြီးပွားတတ်၏။

ပြိဿဖွားတို့သည်
စွမ်းအားထည့်၍လုပ်ဆောင်က သူတစ်ပါးထက် ထူးကဲစွာ
အောင်မြင်တတ်၏။ သို့သော် ကိုယ့်ကိုယ်ကိုယုံကြည်စိတ်နည်းက
မယုံမရဲစိတ်ဖြင့် လုပ်တတ်သဖြင့် နစ်နာတတ်၏။ ထို့ကြောင့်
သံယောဇဉ်ကြီးခြင်း၊ အလွန်အမင်း အနစ်နာခံခြင်း၊
မယုံမရဲလုပ်ခြင်းတို့ကိုရှောင်ပါ။ စိတ်မြန်ခြင်း၊ စိတ်ကြီးခြင်း၊
စကားပြောကြမ်းခြင်းကိုရှောင်ပါ။ ထို့ထက် ကိုယ်တိုင်၏ အကြံကောင်း
Óဏ်ကောင်းများကို သူတစ်ပါးအား အကျိုးမဲ့ပြောပြခြင်းကို ရှောင်ပါ။

ပြိဿရာသီဖွားတို့သည် ပင်ကိုယ်ရုပ်ရည်၊
ပင်ကိုယ်ဟန်အမူအရာအထူးကောင်းသလောက် ကိုယ့်ကိုကိုယ်
ထင်ရှားအောင်မနေတတ်၊ မ၀တ်တတ်၊ မလုပ်တတ်ဘဲ ရှိနေတတ်ကြ၏။
ထူးခြားသော ဆွဲဆောင်မှုရှိသူများဖြစ်ကြ၏။ အေးဆေးတည်ငြိမ်စွာ
သွားလာနေထိုင်သင့်၏။ လက်ဝတ်ရတနာတို့ကို ရှိတိုင်းမ၀တ်သင့်။
ခပ်သေးသေးသာ ၀တ်သင့်၏။ အရောင်ရင့်ထက်
အရောင်ဖျော့များကိုသာ ၀တ်သင့်၏။ စကားပြောသောအခါ
ခြေလက်တည်ငြိမ် တည့်မတ်စွာ ပြောသင့်၏။ အကောင်းဆုံးအဆောင်မှာ
(မြ) ကျောက်ဖြစ်၏။ အကောင်းဆုံးအရောင်တို့မှာ အပြာရောင်၊
ပန်းရောင်တို့ဖြစ်၏။ အဖြူရောင်နှင့် အစိမ်းနုရောင်ကိုလည်း သုံးစွဲနိုင်၏။
လက်ခလယ်တွင် စိန်၊ မြတို့ ၀တ်သင့်၏။ လက်သူကြွယ်တွင် ပုလဲ၊
နီလာတို့ကို ၀တ်ဆင်နိုင်၏။လက်သန်းတွင် ငွေလက်စွပ်
သေးသေးမျှင်မျှင်ဝတ်ထားက ငွေလာဘ်ရွှင်၍ ငွေမြဲတတ်၏။ သစ္စာပန်း၊
စံပယ်ပန်းတို့လှူနိုင်၏။ အိမ်တွင် အလှပန်းအိုး အမြဲထိုးသင့်၏။

ဘုရားစင်တွင် ၎င်းင်းပန်းတို့ မပြတ်သင့်။ ရွှေများများဝတ်သင့်၏။ နှစ်စဉ်
သြဂုတ်လ (၂၁)ရက်အတွင်း၊ ဖေဖော်ဝါရီလ (၂၂)မှ မတ်လ (၂၀)
ရက်အတွင်း လုပ်ငန်းစတင် ဆောင်ရွက်ခြင်း၊ ထီထိုးခြင်းတို့ကိုပြုသင့်၏
(၃၊ ၆၊ ၉) ဂဏန်းများကို အမြဲအဆောင်အရွက်ပြုသင့်၏။

ကျန်းမာရေးညံ့ချိန်တွင် အနီရောင်နှင့် ခရမ်းရောင်တို့ကို
အထူးဝတ်ဆင်ဆောင်ထားသင့်ပေ၏။ ကျောက်နီကို
ဝတ်ဆင်ထားလျှင်လည်း ကျန်းမာရေးပြန်ကောင်းလာတတ်သဖြင့်
ပြိဿရာသီဖွားတို့သည် ဘာမှ မျှော်လင့်မနေဘဲ အလုပ်ကို
အလုပ်နှင့်တူအောင် ကျားကုတ်ကျားခဲ ကြိုးစားပြီး
ထိပ်ဆုံးသို့ရောက်သွားတတ်ကြပေသတည်း။

🔊🔊🔊


Thursday, January 11, 2018

ချစ်သူတိုင်း ဂရုစိုက်သင့်တဲ့ ( ၁၁ ) ချက်

ချစ်သူတိုင်း ဂရုစိုက်သင့်တဲ့ ( ၁၁ ) ချက် (ချစ်သူရှိမှ ဖတ်နော် :P )
( ၁ )
မဝေးသွားစေပါနှင့်
အရပ်ဒေသဝေးခြင်းကို မဆိုလိုပါ
သူ့အသိထဲမှာ ကိုယ်အမြဲရှိနေအောင် ကြိုးစားရမှာပါ
message တစ်စောင်ပို့ချိန်က 2 မိနစ်မပေးရပါဘူး
အချစ်မှာ သွေးနွေးနေဖို့လိုပါတယ်
ဓားကောင်းတစ်ချောင်းကို ပစ်ထားလိုက်ရင်
သံချေးကိုက်ပြီးတုံးသွားတက်သလိုပေါ့
__________
( ၂ )
မာနမထားပါနှင့် ( ယုံကြည်မူ့လွန်ကဲခြင်း )
ကိုယ့်ကို သူမချစ်ပဲမနေနိုင်ပါဘူးဆိုပြီးပစ်မထားပါနဲ့
လူဆိုတာ
မြင့်မိုရ်လောက် ပေးဆပ်တယ်ဆိုပေမယ့်
သဲတစ်ပွင့်စာတော့ အနည်းဆုံးမျှော်လင့်ချက်ရှိကြပါတယ်
နောက်ဆုံး ဘယ်လောက်ချစ်ချစ်
ချစ်သူကို ကိုယ်ကဒုက္ခပေးသလိုဖြစ်တယ်အထင်နဲ့ လက်လျော့သွားတက်ကြပါတယ်
ကျောက်ဆောင်တွေတောင် တိုက်စားပါများရင် ပြိုလဲသွားတက်ပါတယ်

_________
( ၃ )
မကြာခဏ ချစ်တယ်ပြောပေးပါ 
ချစ်တယ် " ချစ်သူတွေ ဖြစ်သွားပြီးပဲ ရှက်စရာစကားစုမဟုတ်တော့ပါဘူး
ချစ်သူတိုင်း ဂရုစိုက်သင့်တဲ့ အဓိကအချက်ကလေူပေါ့
ချစ်သူတွေကြား နေ့စဉ်ချစ်တယ်ဆိုတဲ့ စကားလေးက အလှပဆုံးစကားလုံးပါပဲ
သစ်ပင်တစ်ပင်ကို ရှင်ပြီအထင်နဲ့
ရေမလောင်းပဲ ထားလိုက်ရင် သေသွားသလိုမျိုးပေါ့
_____________
( ၄ )
စကားလုံးလေးများ ဂရုစိုက်ပါ
ယောက်ျားလေးကော မိန်းကလေးကော
အချစ်စမ်းတဲ့ အနေနဲ့ နာမ်စားစကားလုံးရိုင်းကြည့်တက်ပါတယ်
တခါ နှစ်ခါ ဘာမှမဖြစ်ပေမယ့် များလာတဲ့အခါ ငါ့ချစ်သူက ငါ့ကို နှိမ်ချင်လို့ သက်သက်ပြောတာပဲ ဆိုပြီး မာနကိုထိပါးသလိုဖြစ်တာကြောင့် လက်တွဲဖြုတ်သွားတက်ပါတယ်
အိမ်ထောင်ကျသွားသူတွေတောင် ကွာရှင်းပြတ်ဆဲကြသေးတာပဲ
ချစ်သူဆိုတာ အချိန်မရွေးပြတ်သွားနိုင်ပါတယ်
တာနောယက္ခတောင် အချစ်နဲ့တွေ့တော့ နူးညံ့သွားတက်ပါတယ်
ကိုယ်တွေက ဘာလို့ မပြောင်းလဲနိုင်ရမှာလဲ !
စကားပြောကြမ်းတဲ့ ကြက်တူရွေးကို
အိမ်ဦးခန်းမှာထားဖို့ ဘယ်သူမှဆုံးဖြတ်မှာမဟုတ်ပါဘူး
______________
( ၅ )
သံသယမထားပါနဲ့
ချစ်သူခြင်း သံသယရှိနေခြင်းက အဆိုးရွားဆုံးဖြစ်ရပ်ပါပဲ
တအားချစ်လွန်းလို့ဖြစ်တာပါ ဒါကြောင့်ဒီအချက်ကြောင့်ပြတ်သွားတဲ့ချစ်သူတွေကို တအားနှမြောမိပါတယ် ။
သံသယကို ပြေလည်အောင်ရှင်းပါ
မာမာထန်ထန်မရှင်းပါနှင့်
အကောင်းဆုံးစကားလုံး အလှပဆုံးနိမိတ်ပုံ
နားလည်တက်ကျွမ်းပြီး ကိုယ်တို့ချစ်သူအကြောင်းကို သိနေသူတွေထံအကူအညီယူပါ
( ခြွင်းချက်အနေနဲ့ အဲ့သည့်လူက ကိုယ်တွေကို တကယ်လက်တွဲစေခြင်တဲ့သူဖြစ်ရပါမယ် )
ပြီးမှ နှစ်ဦးသားပြေလည်သွားတဲ့ အခါ ပြဿနာဟာ တကယ့်သေးသေးလေးဖြစ်သွားမှာပါ ။
ငယ်ငယ်က စက်ဘီးစီးသင်သလိုပေါ့
ဘယ်လို ကိုင်တွယ်ရမလဲ သိတဲ့အခါ အားလုံးဟာ လွယ်ကူသွားပါလိမ့်မယ်
_______________
( ၆ )
နားလည်မူ့ထားပါ
ချစ်သူကို နားလည်ပေးပါ ဖြည့်တွေးပေးပါ
ကိုယ်ဖြစ်စေချင်တာ ပြောပြပါ
သူဖြစ်စေချင်တာလည်း မေးပါ
သွေးသားရင်းတွေတောင် အကြိုက်မတူသေးတာပဲ
ချစ်သူဆိုတာ အရင်းနှီးဆုံး သူစိမ်းပါပဲ
100% မဖြစ်နိုင်ရင်တောင် 98 % တော့ရမှာပါ
အရာရာကိုယ့်ဘက်အမြင်တခုတည်းနဲ့ မဆုံးဖြတ်လိုက်ပါနဲ့
တကယ်တမ်းဆုံးရှုံးလိုက်ရရင် နှစ်ဦးစလုံးခံစားရမှာပါ
လွတ်လပ်ရေးနေ့ သုံးချောင်းထောက်ပြေးရသလို
သူနဲ့ကိုယ် နာလည်မူ့ရှိနေမှ ပန်းတိုင်ရောက်မှာဖြစ်ပါတယ်
____________
( ၇ )
ချစ်သူကို ဦးစားပေးပါ
သူငယ်ချင်းတွေနဲ့ ပေးတယ့်အချိန်ကိုလျော့ခိုင်းတာမဟုတ်ပါဘူး
ချစ်သူနဲ့ တွေ့နေကျအချိန်မှာ
အပြင်ဘက် ချစ်သူတွေဆို ဖုန်းကိုဆိုင်းလန့်လုပ်ထားတာမျိုးပေါ့
online ချစ်သူတွေဆို chat ဝင်တဲ့အခါ ရှိနေပါလျက် တခြားသူနဲ့ စကားဆက်ပြောနေတာမျိုးပေါ့
လူတိုင်းဟာ ကိုယ့်ကိုဦးစားပေးရတာကို နှစ်သက်ပါတယ်
ချစ်သူရဲ့ ဦးစားပေးမူ့ကို ပိုလိုချင်ပါတယ်
သေးငယ်တဲ့ ပြဿနာဆိုပေမယ့် ဂရုမပြုလို့မဖြစ်ပါဘူး
ဆူးလေးသေးသေးလေးပါပဲ
မနူတ်ပဲထားတဲ့အခါကျတော့ ဘဝတစ်ခုလုံးဆုံးရှုံးသွားတက်ပါတယ်
____________
( ၈ )
ချစ်သူခြင်း လေးစားပါ
တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ရိုသေပါ
သဝန်တိုတာ လျော့ပါ
လေးစားမူ့မရှိရင် ယုံကြည်မူ့ပါပျောက်သွားတက်ပါတယ်
ယုံကြည်မူ့ပျက်သွားတဲ့အခါ အထင်သေးသွားတက်ပါတယ်
အထင်သေးသွားတဲ့အခါ လက်တွဲဖို့ဆုံးဖြတ်ချက်တွေ ယိုင်နဲ့သွားတက်ပါတယ်
နှစ်ဖက်စလုံး လေးစားမှဖြစ်မှာပါ
သူ့ကောင်းကွက်ကိုရှာပါ
သူ့ကို နားလည်အောင်ပြောပြပါ
ချစ်သူချင်း လေးစားမူ့က အရမ်းအရေးကြီးပါတယ်
နှစ်ဘက်ဆွဲထားတဲ့ သရေကြိုးတစ်ကြိုးကို အလည်ကဖြတ်လိုက်သလိုပဲ
ထိခိုက်နစ်နာသူက နှစ်ဘက်စလုံးပါ
____________
( ၉ )
အချစ်ကို ရှာဖွေပါ
ချစ်သူဟာ ကိုယ့်ဆီက ဘာလိုချင်သလဲ သိအောင်ရှာဖွေပါ
ငွေကြေးကို ဆိုလိုခြင်းမဟုတ်
စကားလုံးလား ? ဂရုစိုက်မူ့လား ? ပြုစုယုယမူ့လား ?
ချစ်သူက ပေးတဲ့
စာသားလေးတစ်ကြောင်းလေးဖတ်နေရရင်
မာယာကော့စကီး ဆယ်ယောက် ကဗျာလာရွတ်ပြရင်တောင်
သူဂရုစိုက်မှာမဟုတ်ဘူး
_____________
( ၁၀ )
မရောင်ရဲပါနဲ့
အများစုကယောက်ျားလေးတွေပါ ချစ်သူတွေဖြစ်သွားတဲ့အခါ
အဖြေမရခင်ကလောက် ချစ်သူကိုမချစ်ပြပဲ ဖြစ်သွားတက်တယ်
ချစ်သူဘဝရောက်လည်း အချစ်တွေ မရောင်ရဲပါနဲ့
ချစ်သူက သည့်ထက်ပိုချစ်လာအောင် ကြိုးစားပါ
များများချစ်လေ များများကြိုးစားရလေပါ
ဘယ်တော့မှ အချစ်ကို မရပ်ပစ်လိုက်ပါနဲ့
ပင်လယ်ရေက ဘယ်လောက်ခပ်ခပ် ကုန်သွားရိုးမရှိသလို
ချစ်သူက ချစ်လို့ ငြီးငြွေ့သွားတဲ့ချစ်သူဆိုတာ မရှိပါဘူးး
____________
( ၁၁ )
ဒိုင်ယာရီလေးတစ်အုပ်ထားပါ
ချစ်သူ စဖြစ်တဲ့နေ့
အနမ်းစပေးတဲ့နေ့
ချစ်သူ့မွေးနေ့
ချစ်သူနဲ့ ဆုံတဲ့နေ့တိုင်း ဒိုင်ယာရီရေးပါ
သူချစ်တာလည်း ရေးပါ
ကိုယ်ချစ်တာလည်း ရေးပါ
နောင်တချိန် အိမ်ထောင်ကျလို့ ချစ်သူအပေါ် စိတ်ပျက်သလိုများဖြစ်လာတဲ့အခါ
ဒိုင်ယာရီ စာအုပ်ထုတ်လို့ ပြန်စမ်းစစ်ပါ
ချစ်သူဘဝက ပျော်ရွှင်ခဲ့တာတွေ ပြန်ဖတ်ပါ
ကိုယ်ဘက်က ချစ်သူဘဝကလောက် ဘယ်လောက်လျော့သွားသလဲ ပြန်ကြည့်ပါ
သူ့ကိုလည်း ပေးဖတ်ပါ
အတိတ်က ချစ်သူဘဝကို တခါပြန်ခံစားပါ
အိမ်ထောင်ကျသွားလည်း ချစ်သူတွေပါ
ဖေဖေမေမေဖြစ်သွားလည်း ချစ်သူတွေပါ
ဖိုးဖိုးဖွားဖွားတွေဖြစ်သွားလည်း ချစ်သူတွေပါ
သေဆုံးသွားသည့်တိုင် ချစ်သူတွေပါ … … …
အချစ်စစ်ဆိုတာ ပြောင်းလဲသွားခြင်းမရှိသလို
သေဆုံးသွားခြင်းမရှိပါဘူး
အမြဲတမ်းနုပျိုနေတဲ့ ပျော်ရွှင်မူ့ပါပဲ
______________

ချစ်သူတိုင်း ပေါင်းဖက်ရပါစေ…
လမ်းခွဲခြင်းများ ကင်းကြပါစေ…

"အလုပ်ချက်ခြင်းရစေတဲ့ မိတ်ဆက်နည်း(သို့ မဟုတ်)Cover Letter ရေးနည်း"

      “အလုပ်ချက်ခြင်းရစေတဲ့ မိတ်ဆက်နည်း”ဆိုလို့ ဘယ်သူနဲ့ ဘယ်လို ဆွေမျိုးတော်တယ် ဆို ပြီး မိတ်ဆက်တာမျိုး လို့ တော့ မထင်လောက်ပါဘူး။ကိုယ့် အရည်အချင်းကြောင့် ကိုယ့်ကို အထင်ကြီးအောင်၊ ကိုယ့် ကို အလုပ်မခန့် မိရင်တောင် အလုပ်ရှင် အနေနဲ့  နှမျောတသ ဖြစ်သွားအောင်…ကိုယ့်ကိုကိုယ် မိတ်ဆက်နည်းပါ…
(ပထမ..ရေးတုန်းကတော့ Cover Letter မိတ်ဆက်စာ ရေးနည်း အကြောင်း ပြောပြချင်တာပါ။ ဒါပေမယ့် .. အခုခေတ်ကျတော့ CV မှာ Cover Letter ကို သိပ် တချို့နေရာတွေ မှာ ရေးဖို့ မလိုကြတော့ တာတွေ့  ရတယ်။လိုအပ်ရင်တော့ Cover letter ကို ဒီ အတိုင်းရေးကြပါ။ ဒါပေမယ့်  အီးမေလ် နဲ့ CV ကို ပို့ တဲ့ အခါ မျိုးမှာ အီးမေးလ် ထဲမှာ မိတ်ဆက်စာအနေနဲ့ ရေးဖို့သိပ် အသုံးဝင်ပါတယ်။
ပို အရေးကြီးတာ က အင်တာဗျုးဖြေရင်.. အလုပ်ခန့် မဲ့ သူက မေးခွန်း တခု အမြဲ မေးတတ်တယ်။ အဲဒီမေးခွန်းက..”ဒီအလုပ်ကို ဘာကြောင့် လို ချင်တာလဲ” လို့ ။ တို့ ကုမ္ဗဏီ၊ တို့ အဖွဲ့ အစည်းမှာ ဘာကြောင့် လုပ်ချင်တာလဲ”.. ဆိုတဲ့ မေးခွန်းပါ။ အလုပ်ရှင်ဘက်က အမြဲ လိုလို သိချင်တဲ့ အကြောင်းပါ။ တော်တော်များများ ဘာဖြေရမလဲ မသိဘူး ဖြစ်သွားတတ် ကြတယ်။ ကဲ…အဲဒီလို ဖြစ်မသွားအောင်၊ အလုပ်ခန့် မဲ့ သူ အထင်ကြီးသွားအောင် ပြင်ဆင်ကြရအောင်။ အရင်ရေးခဲ့ အတိုင်း Cover Letter မိတ်ဆက်စာရေးနည်း အတိုင်းရေးထားတယ်။ ဥာဏ် ရှိသလို အသုံးပြုပါ..)
      တကယ်တော့ Cover Letter ဆိုတာ ကိုယ့်ကို ကိုယ် မိတ်ဆက်တာပါပဲ။ အလုပ်ခန့် မဲ့သူ၊ Scholarship ပေးမဲ့သူကိုလက်တို့ ပြီး”ခင်ဗျားတို့ ကျနော့ CVကိုဖတ်ကြည့်စမ်းပါ ဗျာ။ကျနော့မှာ ခင်ဗျားတို့ အလုပ်နဲ့  ကိုက်ညီမဲ့အရည်အချင်းတွေရှိတယ်။ ခင်ဗျားတို့ သဘောကျ မှာပါ“… ဆိုတဲ့စာမျိုးပေါ့။
        အဲဒီလို Cover Letter မိတ်ဆက်စာ မျိုး ဘယ်လိုရေးရင်ကောင်းမလဲ…
       ကျနော်တို့ က ဘယ်လိုရေးတတ်သလဲဆိုတော့….”Dear Sir/Madam, I would like to apply for this position of ……..Please see attached my CV.”…. “ခင်ဗျား ခေါ်တဲ့ အလုပ်ရာထူး၊ နေရာအတွက် ကျနော် လျောက်ထားချင်ပါတယ်။ကျေးဇူးပြု ပြီးကျနော့CV ကိုကြည့်ပေးပါ”….ဆိုတဲ့ ပုံစံမျိုးပေါ့။ CV မြင်ကထဲက.. အလုပ် (ဒါမှမဟုတ်) စကော်လာရှစ် လျှောက်တာဆိုတာ လူတိုင်းသိတာပဲ။ ဒီစာ၂ကြောင်းလောက်နဲ့ တော့ ဘယ်သူမှစိတ်ဝင်စားမှာမဟုတ်ဘူး။ အမှိုက်ခြင်းထဲရောက်သွားမဲ့ Cover Letter မိတ်ဆက်စာ မျိုးပေါ့။
      အဲဒီတော့ သူတို့ စိတ်ဝင်စားအောင်၊ကိုယ့်CV ချက်ချင်းဖတ်ချင်စိတ် ပေါက်လာအောင် Cover Letter မိတ်ဆက်စာ ဘယ်လိုရေးမလဲ…
         ကျနော်အနေနဲ့  Cover Letter မိတ်ဆက်စာ မှာ Paragraph စာပုဒ် ၃ပုဒ် ရေးပါ လို့  အကြံပေးချင်တယ်။ သိပ်မတိုလွန်း၊မရှည်လွန်းတဲ့ စာကြောင်း၃/၄ကြောင်းပါတဲ့ စာပုဒ်တွေပေါ့။
          ပထမအပုဒ်က…ကိုယ့်အကြောင်းပြောပြတာပါ။ကိုယ့်မှာ ဘယ်လိုဘွဲ့ ၊ဒီဂရီတွေရှိတယ်။ ကိုယ့်လုပ်ငန်းအတွေ့ အကြုံကဘာတွေ၊ ဘယ်လိုအရည်အချင်း၊ အောင်မြင်မှုမျိုးတွေရှိတယ်.. အစရှိတာတွေရေးပါ။ (ကျနော်ရှေ့ မှာ CV ရေးနည်း မှာ ပြောခဲ့သလို ကိုယ်လျှောက်မဲ့ အလုပ်၊ Scholarship programme နဲ့ ဆီလျှော်မဲ့  အကြောင်းတွေပေါ့။)
        ဒုတိယအပုဒ်က…သူ့လုပ်ငန်းအကြောင်း နဲ့ အခု သူ ခန့် မဲ့ အလုပ် အကြောင်း ကိုယ်သိတယ်ဆိုတာ ပြောပြရမှာ။အဲဒါကတော့ အလုပ်တခုလျှောက်တော့မယ်ဆိုရင် ကိုယ်လုပ်ရမယ့်ကုပ္မဏီ ၊လုပ်ငန်းအကြောင်း နဲနဲတော့သိနေရမှာပေါ့။ ဘာလို့ လဲဆိုတော့ အလုပ်ခန့် ရင်အဲဒီအဖွဲ့ အစည်းမှာသွားလုပ်ရမှာလေ။ ကိုယ်နဲ့ ကိုက်မကို်က် လေ့လာထားရမှာပေါ့။ ကိုယ်လုပ်ရမဲ့အလုပ်၊နေရာအတွက် ဆို ပိုသိအောင် လုပ်ထားရအုန်းမယ်။ (ဒါကလဲသိဖို့ လွယ်ပါတယ်၊အလုပ်ခေါ်တဲ့၊Scholarship ခေါ်တဲ့ ကြော်ငြာမှာရေးထားတာပဲ၊ သေချာဖတ်ဖို့ ပဲလိုတာ။) အဲဒီိလို သူ့လုပ်ငန်းအကြောင်း၊အခု သူခန့်မဲ့ အလုပ်၊နေရာအကြောင်း ရေးပြလိုက်ရင်အလုပ်ခန့် မဲ့သူ၊ Scholarship ပေးမဲ့သူက သိပ်သဘောကြတာပေါ့။ ငါတို့ အလုပ်အကြောင်း ကောင်းကောင်းသိတယ်၊အလုပ်လျှောက်ကထဲ က ..ကောင်းကောင်း ပြင်ဆင်ထားတယ် ဆိုပြီးတော့ပေါ့။ CV ကိုတောင် မဖတ်ရသေးဘူး၊ Cover Letter မိတ်ဆက်စာ နဲ့ တင်… ခင်ဗျားကို တော်တော်အထင်ကြီးသွားပြီ။ လူဆိုတာကလဲ ကိုယ့်ကိုစိတ်ဝင်တစား ရှိရင် သိပ်သဘောကျ တတ်တာ မျိုးမဟုတ်လား။
             တတိယအပုဒ် ကတော့အရေးကြီးဆုံး အပုဒ်ပဲ။ သူနဲ့ကိုယ်နဲ့ ချိတ်ဆက်ပြတော့မယ့်  အပုဒ်ပေါ့၊ ဘယ်လို ရေးရမလဲ ဆိုတော့…”ခင်ဗျားကလဲ ဒီလို အရည်အချင်း၊ဒီလို အတွေ့ အကြုံရှိတဲ့သူ ရှာနေတယ်။ ကျနော့် မှာ လဲ..ခင်ဗျားလိုချင်တဲ့ အရည်အချင်း၊ အတွေ့ အကြုံတွေရှိတယ်။ ဒါကြောင့်  ကျနော့်ကိုသာခန့်  လိုက်ရင် ခင်ဗျားအားကိုးရမှာပါ။ခင်ဗျား အလုပ်အတွက် သိပ်စိတ်ပူစရာမလိုတော့ဘူးပေါ့ ဗျာ။ကျနော်ကလဲ ကျနော်အရည်အချင်းတွေ အစွမ်းကုန်သုံးနိုင်မဲ့ ခင်ဗျားအလုပ်ကိုအလွန်စိတ်ဝင်စားတယ်။ဒါကြောင့် လျှောက်ဖြစ်တာ၊ CVလေးဖတ်ကြည့်ဘာအုန်း”… ပေါ့။
          ကဲ..ဒီထက်ကောင်းတဲ့ မိတ်ဆက်စာရှိအုန်းမလား..
         ဒီမှာနဲနဲပြောချင်တာက.. Dear Sir/Madam ဆိုတဲ့နေရာမှာ အလုပ်/scholarship ခေါ်တဲ့သူရဲ့ နာမည်သိရင်နာမည်ထဲ့ရေး၊ဌာနသိရင်ဌာန နာမည် ထည့်ရေးပါ၊အဲဒါက Dear Sir/Madam ဆိုတာထက် ပိုကောင်းတယ်။သူတို့ ကိုသိတယ်၊ပိုရင်းနှီးတယ်ဆိုတာကိုပြချင်တာ။ခင်ဗျားတို့ ပဲ စဉ်းစားကြည့်လေ၊ကိုယ့်ကို ဟိုလူကြီးလို့ ရမ်းအခေါ်ခံရ တာထက်..နံမည်ခေါ်ရင် ပိုကြိုက်၊ ပိုမရင်းနှီး ဘူးလား။
          ကဲ..ကျနော် ကတော့ အလုပ်ခန့်မဲ့သူ၊Scholarship ခေါ်တဲ့သူ သေချာပေါက်ကြိုက်မယ့်၊ အင်တာဗျူး ချက်ချင်းခေါ်ချင်မယ့် CV နဲ့ Cover letter ဘယ်လိုရေး ရမယ်..ဆိုတာပြောပြီးပြီ။
         အခု ခင်ဗျားတို့ အလှည့် ပဲ။ စတွေး၊စရေးကြတော့။ ပြီးရင်အလုပ်ခေါ်တာတွေ၊Scholarship ခေါ်တာတွေကို ယုံယုံကြည်ကြည်၊ ရဲရဲဝင့်ဝင့်သာလျှောက်။မကြာခင် အင်တာဗျူး အတွက်လာဖို့  ဖုန်းသံကို ကြားရလိမ့်မယ်။ အင်တာဗျူး ဖြေ ပြီးရင်လဲ အလုပ်ဝင် ဖို့ ဖုန်းသံ ကြားလိမ့်မယ်။ ဒီလို လူမျိုး ဘယ်သူက လက်လွှတ်ချင်မှာလဲဗျာ..

ပျော်ရွှင်အောင်မြင်ကြပါစေ..

ဒေါက်တာ အောင်မျိုး


မန်နေဂျာတွေလုပ်ချက်(၉)ချက်ကြောင့် ၀န်ထမ်းကောင်းတွေအလုပ်ထွက်

ယနေ့ဝန်ထမ်းလောကရဲ့ ငြီးငြူသံက တော့ စွမ်းဆောင်ရည်ပြည့်ဝန်ထမ်းရှားပါး ခြင်းပါပဲ။ တစ်ချို့ကတော့ ကိုယ့်သတ်မှတ် ချက်စံရဲ့ တစ်ဝက်ပါပါစေ ခန့်မယ်။ လုပ် ရင်းနဲ့ သင်ပေးမယ်ဆိုတဲ့နည်းလမ်းနှင့် သွားနေကြသလို တစ်ချို့ကစီမံခန့်ခွဲမှုအ ဆင့်တစ်ခုလုပ်တတ်၊ ဦးဆောင်တတ်နေပြီ ကိုယ်လုပ်ချင်တာကိုပြောပြလိုက်ရင် လုပ် တတ်မှာပဲဆိုတဲ့ မျော်လင့်ချက်တွေနှင့် အ လုပ်ခန့်ခဲ့ရတာပါ။ Company အသစ်တွေ ကတော့ သူတို့လုပ်ချင်တာနဲ့ကိုက်ညီ အောင်စွမ်းဆောင်နိုင်မည့် အရည်အချင်း ရှိတယ်။ မိမိအဖွဲ့အစည်းနှင့် ကိုက်ညီနိုင် တယ်ဆိုပြီး အလုပ်ခန့်ခဲ့ကြပါတယ်။ ကျွန် တော်တို့ဆီမှာသာမက အခြားကမ္ဘာတွေ မှာလည်း ဘော့စ်ဆိုးဆိုးတွေရှိတယ်ဆို တာကို Travis Bradberry ဆောင်းပါးဖတ် ကြည့်မှ အတူတူတွေပါလားလို့ ခံစားမိပါ တယ်။ 

ဝန်ထမ်းကောင်းတွေထွက်လွန်းလို့ မန်နေဂျာတွေအမြဲတမ်းညည်းညူမှုတွေ သင်မကြာခဏကြားနေရသည်မှာ အ တော်လေးမယုံနိုင်စရာဖြစ်နေမှာပါ။ သူတို့ တကယ်ကိုတစ်ခုခုကြောင့် ငြီးငြူရခြင်းအ ကြောင်းကတော့ အရာမဟုတ်တဲ့ ကုန်ကျ စရိတ်အသေးအဖွဲ့ကိစ္စ၊ ငြင်းခုံခြင်းကိစ္စ တွေဖြစ်လာလေ လူကောင်းတွေထွက်ကြ လေပါပဲ။
နေ့တဓူဝမန်နေဂျာတွေဟာ အလုပ် ထွက်တဲ့အကြောင်းတွေကိုပဲ အရေးလုပ် အပြစ်တင်နေပြီး ဖြေရှင်းရမည့်ပြဿနာ ကိုလစ်လှူရှုထားခြင်းပါပဲ။ လူတွေဟာ လုပ်ငန်းကြောင့်မဟုတ်ဘဲ မန်နေဂျာတွေ ကြောင့် အလုပ်ထွက်တာပါ။
ဒီလိုစိတ်မကောင်းစရာတွေကို လွယ် လွယ်ရှောင်လို့ရပါတယ်။ အားလုံးလိုအပ် ချက်ကတော့ အမြင်သစ်နှင့် မန်နေဂျာ တွေဘက်ပိုင်းက အချို့အရာတွေကိုပို အားစိုက်ကြိုးပမ်းဖို့လိုပါတယ်။ ပထမဦးဆုံး ကျွန်တော်တို့နားလည်ဖို့လိုတာက အဆို ဆုံးအချက် (၉)ချက်နှင့် မန်နေဂျာတွေ ကောင်းတဲ့သူတွေကိုစုပြီး မောင်းမထုတ်ဖို့ ပါပဲ။                                                                     
၁။ အလုပ်ချိန်ပိုများခြင်း

အလုပ်တွေအချိန်ပိုလုပ်ရလို့ ဝန်ထမ်း ကောင်းတွေထွက်ကုန်တယ်ဆိုတာ ပူပင် လည်း အလကားပါပဲ။ သင့်ရဲ့လူကောင်း တွေအလုပ်ကြိုးစားလုပ်ဖို့ဖြားယောင်းရင် မန်နေဂျာတွေက မကြာခဏဆိုသလို ထောက်ချောက်မိကုန်တာပေါ့။ အလုပ်ချိန် ပိုလုပ်ခြင်းကြောင့် ဝန်ထမ်းကောင်းတွေပို စိတ်ရှုပ်လာတယ်။ သူတို့ရဲ့အရည်အသွေး ကောင်းတွေကိုအပြစ်ပေးသလို ခံစားနေ ကြရတယ်။ ဝန်ထမ်းတွေအလုပ်ချိန်ပိုလုပ် ရခြင်းကြောင့် ဆန့်ကျင်ဘက်ရလဒ်တွေ လည်းပဲဖြစ်လာနိုင်တယ်။ 

Standford သု တေသနအသစ်ပြုလုပ်ချက်အရ အလုပ် လုပ်ရက်တစ်ပတ်နာရီ (၅၀)ကျော်လာပြီး လျှင် တစ်နာရီထုတ်လုပ်မှုတိုင်းဟာ သိသိ သာသာကျဆင်းလာခြင်းပါပဲ။ အလုပ်ချိန်ပို လုပ်လိုက်လို့ ဘာမှရမလာပါဘူး။ (၅၅) နာရီကျော်လာရင် ထုတ်လုပ်မှုပိုပိုကျကျ လာပါတယ်။
အကယ်၍ သင့်ရဲ့စွမ်းရည်ပြည့်ဝန် ထမ်း (Talent Employees) တွေ အလုပ် များများလုပ်ခဲ့ခြင်းကြောင့် သင်တိုးတက် လာနေပြီဆိုလျှင် သူတို့ရဲ့အခြေအနေ ကောင်းတွေကြောင့် သင်ပိုတိုးတက်လာ လေပါပဲ။ စွမ်းရည်ပြည့်ဝန်ထမ်းတွေဟာ ကြီးမားတဲ့အလုပ်ဝန်အားတွေကို ယှဉ်ပြိုင် စွမ်းရှိပါတယ်။ ဒါပေမဲ့ သူတို့လုပ်ငန်းခွင် မှာ အလုပ်တွေနှင့် နစ်မွန်းကြပ်အောင် လုပ်လာရင်တော့ သူတို့မနေကြတော့ပါ ဘူး။

ချီးမွမ်းပေးခြင်း၊ ရာထူးတိုးခြင်းနှင့် ရာထူးခေါင်းစဉ်ပြောင်းလဲမှုတွေကြောင့် အလုပ်တွေများလာတာကို လက်ခံကြပါ တယ်။ အကယ်၍ လူရဲ့အစွမ်းအစအရည် အချင်းကြောင့် အလုပ်တွေများလာပေမဲ့ ပြောင်းမလာတဲ့ရာထူးလစာကြောင့် သူတို့ တွေနောက်အလုပ်တစ်ခုကို ရှာပါလိမ့် မယ်။ တန်ရာတန်ကြေးထိုက်သလောက် တော့ ပေးရမှာပဲ။

၂။ အသိအမှတ်မပြုခြင်းနှင့် ဆုပေး စနစ်မရှိခြင်း

ပေါ့ပေါ့ပါးပါးနှင့် လွယ်လွယ်ချီးမွမ်း ခြင်းသည် အထူးသဖြင့် အရည်အသွေးရှိ တဲ့ လူတွေကိုအလွန်အရေးပါတဲ့ စိတ် ဓာတ်မြှင့်ပေးခြင်းပါ။ လူတိုင်းဟာ ချီးမွမ်း ခြင်းကိုသဘောကျပါတယ်၊ သူတို့ကြိုးစား သလောက် သူတို့ကိုများများချီးမွမ်းပေးရ မှာပါ။ မန်နေဂျာတွေဟာ သူတို့လုပ်ဖော် ကိုင်ဖက်တွေကို သူတို့ဘယ်လိုခံစားနေရ လဲဆိုတာကိုကြည့်ပြီး ချီးမွမ်းပေးခြင်း၊ ကောင်းကြောင်းလေးတွေပြောပေးခြင်း၊ အများရှေ့မှာ ချီးမွမ်းအသိအမှတ်ပြုခြင်း တွေနှင့် ဆက်သွယ်ပေးဖို့လိုပါတယ်။ အ လုပ်ကောင်းကောင်းလုပ်တဲ့ သူတွေကို ဆုလဒ်ချီးမြှင့်ခြင်းတွေလည်း လုပ်ပေးဖို့လို ပါတယ်။ အကယ်၍ သင်ဟာမှန်ကန်တဲ့ လုပ်ဆောင်ချက်တွေကို မကြာခဏပြုလုပ် လေအရည်အသွေးရှိသူတွေ ပျော်ပျော်နေ လေပါပဲ။

၃။လက်အောက်ဝန်ထမ်းကို ဂရုစိုက်လေ့ မရှိခြင်း။

ဘော့စ်ရဲ့ သူတို့အပေါ်ဆက်ဆံရေး ကြောင့် လူတစ်ဝက်လောက်ဟာ သူတို့အ လုပ်ကထွက်ကြတာပါ။ အဆင့်အတန်းရှိ တဲ့ Companies တွေက သူတို့ရဲ့မန်နေဂျာ တွေကို ပြင်ပလူနေထိုင်မှုဘ၀နှင့် အသက် မွေးဝမ်းကြောင်းဘ၀ ဘယ်လိုညီမျှအောင် နေရမယ်ဆိုတာကို သေချာသိအောင်ပြု လုပ်ပေးကြပါတယ်။ သူတို့ဘော့စ်တွေ ဟာ သူတို့ဝန်ထမ်းတွေရဲ့အောင်မြင်မှုကို ချီးမွမ်းဂုဏ်ပြုသလို ခက်ခဲ့တဲ့အချိန်ဖြတ် သန်းမှုတွေ၊ လူတွေရဲ့ယှဉ်ပြိုင်စိန်ခေါ်မှု တွေနှင့် နာကျင်ချိန်တွေကိုလည်း မျှဝေခံ စားတတ်ကြတယ်။ ဘော့စ်တွေ့ဟာ ဝန် ထမ်းထွက်နှုန်းအလွန်မြင့်မားပြီး တကယ် ဂရုစိုက်ရမည့်အချိန်တွေကျဆုံးတာတွေနဲ့ လည်း ကြုံတွေ့ရပါလိမ့်မယ်။ သင့်ထုတ် လုပ်မှုကိုသာမက အခြားဘာကိုမှဂရုမ စိုက်ပါဘူး။ သူတို့ကိုယ်တိုင်ပါဝင်လုပ်ကိုင် ချင်စိတ်မရှိဘူးဆိုလျှင် လူတစ်ဦးကို တစ်နေ့ (၈)နာရီထပ်တိုး တစ်နာရီ (၈+၁) လုပ်ဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။

၎။ ကိုယ်ကတိစကားကို လေးစားမှုမရှိ ခြင်း။

လူတွေကိုအများရှေ့မှာ ကတိစကား လိမ်ညာမှုနှင့် ပျော်ရွှင်မှုပြုလုပ်ပြီး တံခါး အပြင်ထွက်ကြည့်ပါ။ သင်ကတိစကားတစ် ခုတည်နေလျှင် သင်ဝန်ထမ်းတွေရဲ့မျက် လုံးထဲမှာ သင်ကိုယုံကြည်အားထားလာ မယ်။ ဘာကြောင့်လဲဆိုတော့ သင့်ကိုယ် သင်ယုံကြည်အားကိုးမှုနှင့် လေးစားမှုကို သက်သေပြခဲ့လိုပါပဲ။ ဒါပေမဲ့ သင့်ရဲ့ဂတိ စကားကို သင်အလေးမထားခဲ့ရင် သင်ရရှိ လာမည့်အခွင့်အရေးတွေကတော့ မရိုး သားမှုတွေ၊ စာနာစိတ်ကင်းမဲ့မှုတွေ၊ ရိုင်း ပြခြင်းတွေရှိလိမ့်မယ်။ အကယ်၍ ဘော့စ် တစ်ယောက်ဟာ သူ့ရဲ့ကတိစကားကို မလေးစားရင် ဘယ်သူကရောလေးစားနေ မှာလဲ။

၅။ လူမှန်နေရာမှန်မခန့်ထားခြင်း

တော်ပြီး ကြိုစားနေတဲ့ဝန်ထမ်းတွေ ရဲ့ အလုပ်လုပ်ချင်စိတ်ဟာ ပရော်ဖက်ရှင် နယ် (Professional)ဆန်ခြင်းပါ။ မန်နေ ဂျာတွေဟာ အလုပ်မကြိုးစားတဲ့လူကောင်း တစ်ဦးကိုခန့်မိရင် အဲဒီလုပ်ငန်းဝန်းကျင် ရဲ့အကြပ်ရိုက်ခြင်း အဓိကတော့ စိတ်ဓာတ် ကျမှုတွေပါ။ လူမှားပြီး ရာထူးတိုးမိရင် အ ဆိုးဆုံးပဲ။ သင်အလုပ်လုပ်နေတဲ့ အဆင့် တစ်ခုမှ အဆင့်တစ်ခုကိုတက်ဖို့ ရာထူးတိုး ဖို့အတွက် ကြိုးစားနေချိန်မှာ သင့်အထက် ပိုင်းလူတစ်ယောက်က ဝမ်းသာမှုနှင့် လက် ဆွဲနှုတ်ဆက်ခြင်းဟာ အကြီးမားဆုံးစော် ကားခြင်းပါ။ အဲဒီလူကောင်းအလုပ်ထွက် သွားလျှင် မအံ့ဩပါနဲ။

၆။ လူတွေစိတ်အားထက်သန်မှုကို မလေ့ လာခြင်း။

ပင်ကိုစွမ်းရည်ရှိတဲ့ ဝန်ထမ်းတွေဟာ စိတ်အားထက်သန်ပြင်းပြခြင်းပါ။ သူတို့ရဲ့ စိတ်အားထက်မှုတွေကိုလေ့လာပြီး သူတို့ ရဲ့ထုတ်လုပ်မှုစွမ်းရည်နှင့် အလုပ်ခွင်ကျေ နပ်မှုရရှိအောင် သူတို့အခွင့်အလမ်းတွေကို ထောက်ပံ့ကူညီဖို့လိုပါတယ်။ ဒါပေမဲ့ မန် နေဂျာအများစုကတော့ လူတွေကိုသူတို့ သတ်မှတ်ချက်သေတ္တာဘောင်လေးထဲမှာ ပဲ လုပ်စေချင်ကြတယ်။

အဲဒီမန်နေဂျာအများစုက ထုတ်လုပ် မှုစွမ်းရည်ကျဆင်းမှာကိုလည်း ကြောက်ကြ ပါတယ်။ အကယ်၍ သူတို့လူတွေရဲ့စူးစိုက် မှုနှင့် စိတ်အားထက်သန်မှုတွေအား ကောင်းလာခဲ့ရင်တော့ ကြောက်ရွှံ့မှုတွေ အခြေအမြစ်မရှိတော့ပါဘူး။ 

လေ့လာတွေ့ရှိချက်ကတော့ လူတွေ ဟာ အလုပ်အတွေ့ကြုံအရ သူတို့နှစ်သက် တဲ့အလုပ်တွေကို လုပ်နိုင်စွမ်းရှိကြပါတယ်။ စိတ်ထဲကဝမ်းသာပျော်ရွင်နေချိန်မှာ စံ သတ်မှတ်ထားချက်ထက်ငါးကြိမ်မက ပိုမို ထုတ်လုပ်နိုင်လာပါတယ်။

၇။ လူတွေဖွံ့ဖြိုးတိုးတက်မှုစွမ်းရည်ပျက် ကွက်စေခြင်း။

မန်နေဂျာတွေဟာ သူတို့ဝန်ထမ်းအ ကြောင်းတွေမေးဖို့ အလေးမထားခြင်း တွေ၊ သူတို့ကိုယ်သူတို့ ဆင်ခြေတွေပေး မယ်၊ သုံးလေ့သုံးထစကားလုံးတွေကတော့ ယုံကြည်မှု၊ လုပ်ပိုင်ခွင့်နှင့်  လုပ်ပိုင်ခွင့်အာ ဏာ၊ ဒါတွေဟာ လုံးဝအဓိပ္ပာယ်မရှိပါ ဘူး။ မန်နေဂျာကောင်းတွေအုပ်ချုပ်မှုက တော့ ဘယ်သို့သော ပင်ကိုယ်စွမ်းရည်ရှိ ဝန်ထမ်းဖြစ်ပါစေ၊ သူတို့အလေးထားပါ တယ်။ အစဉ်အမြဲနားထောင်တယ်၊ ပြန် လည်တုံ့ပြန်မှုပြုလုပ်ပါတယ်။

စီမံခန့်ခွဲမှုဆိုတာအစရှိပြီး သေချာ တာကတော့ နိဂုံးမရှိပါဘူး။ သင့်မှာ ပင် ကိုယ်စွမ်းရည်ရှိဝန်ထမ်းတွေရှိလျှင်တော့ သူတို့စွမ်းရည်တိုးတက်မည့်နေရာမှန်ရှာ ဖွေပေးခြင်းဟာ သင့်အပေါ်မှာမူတည်နေ ပါတယ်။ 

ပင်ကိုစွမ်းရည်များတဲ့ ဝန်ထမ်းတွေ ဟာ သင့်အလုပ်တွေဆက်လုပ်ဖို့အတွက် ပင်ကိုယ်စွမ်းရည်မရှိသူတွေထက်  တုံ့ပြန် မှု (fနနိဘခေု) လိုချင်ကြပါတယ်။ အကယ် ၍သင်မှာလုပ်စရာမရှိရင်တော့ သင်အ ကောင်းဆုံးလူတွေ၊ ကျေနပ်အားရမှုတွေငြီး ငွေ့လာပါလိမ့်မယ်။

၈။တီထွင်မှုတွေအသုံးချဖို့ ပျက်ကွက် ခြင်း။

ပင်ကိုစွမ်းရည်ရှိတဲ့ ဝန်ထမ်းတွေဟာ သူတို့ထိတွေ့နဲ့အရာမှန်သမျှ တိုးတက်မှု ကိုရှာလေ့ရှိပါတယ်။ အကယ်၍ သင်ဟာ သူတို့ရဲ့ပြောင်းလဲနိုင်မှုစွမ်းရည်နှင့် တိုး တက်မည့်အရာတွေကိုဖယ်ထားပြီး လက်ရှိ အချိန်မှာ သင်ဟာအေးအေးဆေးဆေး လုပ်နေရင်တော့ သူတို့အလုပ်ကို သူတို့ မုန်းလာပါလိမ့်မယ်။ ပင်ကိုယ်ဆန္ဒတွေကို လှောင်ခတ်ပြီး တီထွင်မှုတွေကိုပိတ်ပင် ထားရင် သင့်ကိုယ်သင်လည်း ကန့်သတ် တာပါပဲ။

၉။ ယှဉ်ပြိုင်နှိုင်မှုစွမ်းရည်ပညာတွေကို အသုံးချဖို့ပျက်ကွက်ခြင်း။

ပထမဆုံး အဆင်မပြေတဲ့အလုပ်တွေ ဖြစ်အောင်လုပ်နိုင်မလားဆိုပြီး သူတို့ဝန် ထမ်းတွေကို ဘောစ့်တွေကစိန်ခေါ်လေ့ရှိ     ပါတယ်။ သာမန်လူတွေနှင့် တည်ဆောက် မည့်အစား၊ နှစ်တိုးရည်မှန်းချက်ပန်းတိုင်၊ ရည်မှန်းချက်အမြင့်ပန်းတိုင်ကြီးချမှတ်ပြီး လူတွေကိုအဆင်ပြေနေတဲ့ ဝန်းကျင်ထဲက ဆွဲထုတ်တော့တာပဲ။ 

မန်နေဂျာကောင်းတွေကတော့ သူတို့ လုပ်ပိုင်ခွင့်တွေကို အရာအားလုံးဆောင် ရွက်ဖို့ အသုံးချပြီး လက်အောက်ငယ်သား တွေအောင်မြင်အောင် ကူညီပေးကြတယ်။ ပင်ကိုယ်အစွမ်းအစနှင့် ကျွမ်းကျင်သူတွေ ကတော့ သူတို့ကိုယ်သူတို့လွယ်နေသလား သို့မဟုတ် ငြီးငွေ့ဖွယ်ကောင်းနေလားဆို တဲ့ အရာတွေကိုအလေးအနက်ရှာတယ်၊ သူတို့စွမ်းရည်တွေကို စိန်ခေါ်နိုင်စွမ်းရှိတဲ့ အခြားအလုပ်တွေနှင့် ချိတ်ဆက်တယ်။

အတူတူသွားကြတာပေါ့။

အကယ်၍ သင်ဝန်ထမ်းကောင်းတွေ ကိုဆက်ပြီး လုပ်ငန်းခွင်မှာနေစေချင်လျှင် သူတို့ကိုဘယ်လိုဂရုတစိုက်ပြုမူဆက်ဆံမ လဲဆိုတာကို စဉ်းစားဖို့လိုပါတယ်။ ဝန်ထမ်း ကောင်းတွေဟာ သံလိုခိုင်မာတဲသူတွေဖြစ် တယ်၊ သူတို့ပင်ကိုယ်စွမ်းရည်တွေနှင့် အ ကြံကောင်းတွေများများပေးနိုင်တယ်။ သင့် အတွက် လုပ်ချင်ကိုင်ချင်စိတ်ဖြစ်အောင် တော့ လုပ်ပေးဖို့လိုပါလိမ့်မယ်။




3 Fishes

မိမိတို့ရဲ့ ကလေးတွေကို ဒီငါးသုံးကောင်အကြောင်း ပြောပြပေးပါ..

(ဘ၀အတွက် အလွန်တန်ဖိုးရှိပါတယ်)
✿▬❧▬✿▬❧▬✿▬❧▬✿▬❧▬✿

(၁) Chum salmon ငါး

Chum salmon ငါးအမဟာ ဥ,ဥပြီးတာနဲ့ ဥရဲ့မလှမ်းမကမ်းမှာ စောင့်နေခဲ့တယ်။ ဥကပေါက်လာတဲ့ ငါးကလေးတွေဟာ အစာမရှာတတ်သေးတော့ မိခင်ရဲ့အသားကိုပဲ စားရတော့တယ်။
Chum salmon အမဟာ ငါးကလေးကိုက်တဲ့ဒဏ်ကို အံကြိတ်ပြီး ခံခဲ့ပါတယ်။ ငါးကလေးတွေကြီးပြင်းလာချိန်မှာ ငါးအမဟာ အစားခံရလို့ အရိုးပဲကျန်ခဲ့တော့တယ်။
Chum salmonငါးအမဟာ လောကမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့မိခင်မေတ္တာကို အသံတိတ် ပေးဆပ်နေခဲ့ပါတယ်။
Chum salmon ငါးက မိခင်မေတ္တာပြည့်ဝတဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။

(၂) Northern snakehead

ဒီငါးမျိုးက ဥ,ဥပြီးတာနဲ့ မျက်စိနှစ်လုံးအလင်းကွယ်သွားတယ်လို့ ဆိုပါတယ်။ ငါးဟာ မျက်စိမမြင်တော့ အစာမရှာနိုင်လို့ ဆာလောင်တဲ့ဒဏ်ကိုခံရပါတယ်။
ဥကပေါက်လာတဲ့ ငါးပေါက်ထောင်သောင်းများစွာဟာ မိခင်အစာငတ်သေသွားမှာကို မကြည့်ရက်လို့ တစ်ကောင်ချင်းစီ မိခင်ရဲ့ပါးစပ်ထဲ ကူးခတ်ဝင်ရောက်ပြီး မိခင်ကိုအာရဟာဖြည့်ပေးကြပါတယ်။
မိခင်က အသက်ရှင်ကျန်ရစ်ခဲ့ပေမယ့် ငါးကလေးတွေရဲ့အသက်ရှင်နှုန်းက ၁ဝပုံပုံ ၁ပုံပဲရှိခဲ့ပါတယ်။
မိခင်အတွက် သူတို့ဟာ ငယ်ရွယ်တဲ့အသက်ကို စတေးခဲ့ကြပါတယ်။
Northern snakehead ငါးက မိဘကို ရိုသေကိုင်းရှိုင်းတဲ့ငါးဖြစ်ပါတယ်။

(၃) ဆော်လမွန်ငါး

နှစ်စဉ်နှစ်တိုင်း ဥ,ဥတဲ့ရာသီရောက်တိုင်း ဆော်လမွန်ငါးတို့ဟာ ခရီးမိုင်ထောင်ပေါင်းများစွာကိုဖြတ်သန်းပြီး ပင်လယ်ပြင်ကနေ ကုန်းတွင်းပိုင်းမှာရှိတဲ့ သူတို့ရဲ့မွေးရပ်မြေ မြစ်ချောင်းဆီ အရောက်ပြန်ကြပါတယ်။
ဆော်လမွန်ငါးတို့ရဲ့အပြန်လမ်းဟာ ခက်ခဲကြမ်းတမ်းလွန်းလှတာကို CCTVရုပ်မြင်သံကြားရဲ့ တိရစ္ဆာန်ကမ္ဘာအစီအစဉ်မှာ ရိုက်ကူးတင်ဆက်ခဲ့ဖူးပါတယ်။
အိမ်အပြန်လမ်းမှာ ရေတံခွန်တွေကို ဆန်တက်ရပါတယ်။
ရေတံခွန်ဘေးမှာက ဝက်ဝံတွေအုပ်စုလိုက်စောင့်နေကြပါတယ်။ ရေတံခွန်ကိုမဆန်တက်နိုင်တဲ့
ဆော်လမွန်ငါးတွေဟာ ဝက်ဝံညိုတွေရဲ့အစာဖြစ်ရပါတယ်။ ရေတံခွန်ကိုဖြတ်ကျော်နိုင်တဲ့ ငါးတွေက လက်ပန်းကျနေခဲ့ပေမယ့် လင်းယုန်ငှက်တွေရဲ့ ဖမ်းဆီးတာကို ရင်ဆိုင်ရပါသေးတယ်။
ကံကောင်းတဲ့ငါးလောက်ပဲ ဖမ်းဆီးသတ်ဖြတ်တာကို ရှောင်နိုင်ခဲ့ပါတယ်။
သိုလောင်ထားတဲ့ အင်အားနဲ့အဆီတွေ ကုန်ခမ်းသွားမှ ဆော်လမွန်ငါးတွေဟာ ကိုယ့်နေရပ်ဆီ ပြန်ရောက်ကြပြီး သူတို့တစ်သက်မှာ အရေးပါဆုံးဖြစ်တဲ့ မိတ်လိုက်၊ ဥ, ဥတဲ့ကိစ္စကို လုပ်ဆောင်ကြပါတယ်။
အဲဒီနောက် သူတို့မွေးရပ်ဌာနေမှာပဲ အေးအေးချမ်းချမ်း
သေဆုံးသွားကြပါတယ်။
နောက်တစ်နှစ် နွေဦးရာသီမှာ ဆော်လမွန်ငါးလောင်းလေးတွေ
ပေါက်ဖွားလာကြပါတယ်။
အဲဒီနောက် မြစ်ချောင်းတစ်လျှောက် စီးမျောလိုက်ပါပြီး သူတို့ရဲ့ရှေ့မျိုးဆက်အတိုင်း ခက်ခဲကြမ်းတမ်းတဲ့ဘဝလမ်းကို စတင်ကြပါတယ်။ ဆော်လမွန်ငါးဟာ မွေးရပ်ဇာတိကို မြတ်နိုးတွယ်တာတဲ့ငါးဖြစ်ပါတယ်။
ဒီလောကမှာ အနည်းဆုံး ငါးသုံးကောင်က ကျွန်တော်တို့ကို သက်ဝင်ခံစားနေစေခဲ့ပါပြီ။
ပထမငါးတစ်ကောင်က မိဘဖြစ်ပြီး ကျွန်တော်တို့ကိုဘဝပေးခဲ့သူဖြစ်တယ်။
သူတို့ကိုခွဲခွာပြီး အဝေးကိုထွက်သွားမယ့်ကျွန်တော်တို့ကို မျက်စိတစ်ဆုံးနဲ့ သူတို့ပို့ဆောင်နှုတ်ဆက်ခဲ့ပါတယ်။ နောင်တမရှိ၊ မျှော်လင့်ချက်တစ်စုံတစ်ရာမထားဘဲ သူတို့ပေးဆပ်နိုင်သလောက် ပေးဆပ်နေခဲ့ပါတယ်။
နောက်ငါးတစ်ကောင်က သားသမီးတွေဖြစ်ပါတယ်။ ဝမ်းကကျွတ်တာနဲ့ ကျွန်တော်တို့ရဲ့သွေးသားတော်စပ်သူဖြစ်ခဲ့ပါတယ်။ အဲဒီကစ အိုမင်းတဲ့အထိ အတူတကွနေထိုင်အဖော်ပြုသွားမယ်လို့ ယုံကြည်ခဲ့ပါတယ်။
နောက်တစ်ကောင်က မွေးရပ်ဇာတိဖြစ်ပါတယ်။ ဘယ်လောက်ပဲ အဝေးကိုရောက်ရောက်၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အိမ်အပြန်လမ်းဆိုတဲ့ လမ်းမပေါ်ဆီ ကျွန်တော်တို့
လျှောက်လှမ်းကြရမှာပါ။
ကျွန်တော်တို့က အထီးကျန်တဲ့ငါးတစ်အုပ်ပါ။ ဒီကမ္ဘာလောကထဲ မတော်တဆ ကူးခတ်ရောက်ရှိလာခဲ့ကြပါတယ်။
အဲဒီနောက် ဒီလောကထဲခိုလှုံနေထိုင်ရင်း ကျွန်တော်တို့ဘဝရဲ့ငါးသုံးကောင်ကို မြတ်နိုးတွယ်တာချစ်ခင်နေခဲ့ကြပါတယ်။
Credit.. Maung Naing



(10) Advice for Parents to their Children

ကလေးတွေကို ကာကွယ်နိုင်ဖို့ မိဘများ လုပ်သင့်တဲ့ အချက် (၁၀) ချက်
၁) ကလေးနာမည်တွေ မတပ်ထားပါနဲ့
ကျောပိုးအိတ် ထမင်းဗူးအိတ် ထီး စတာတွေမှာ ကလေးနာမည်ပါတဲ့ ကတ်ပြားလေးတွေ ချိတ်ပေးထားတာမျိုး မိဘတွေ လုပ်လေ့ရှိပါတယ်.. ကျောင်းတွေမှာ အရောရောအနှောနှောနဲ့ ပစ္စည်းမပျောက်အောင် ခွဲခြားနိုင်အောင်လို့လေ.. ဒါပေမယ့် အဲလိုလုပ်လိုက်ခြင်းအားဖြင့် သူစိမ်းတွေကလည်း ကိုယ့်ကလေးနာမည်ကို သိသွားပါတယ်.. ကလေးနားကို ကပ်ပြီး "သားလေးက သူရ မဟုတ်လား သမီးလေးက နွယ်နီ မဟုတ်လား"လို့ ပြောလာရင် ကလေးကလည်း သူ့နာမည်ကို သိနေတဲ့လူတစ်ယောက်အဖြစ် ယုံကြည်မှုအတိုင်းအတာတစ်ခုဖြစ်သွားနိုင်ပါတယ်.. (ကျောပိုးအိတ်ကောက်ရခဲ့ရင် ဒီနံပါတ်ကို ဆက်ပေးပါ) ဆိုပြီး လူကြီးတစ်ဦးရဲ့ ဖုန်းနံပါတ်ကိုသာ ရေးထည့်ပေးထားလိုက်ပါ..
၂) password ထားပါ
မိဘနဲ့ သားသမီးကြားမှာ အချင်းချင်းပဲ သိနိုင်တဲ့ အမှတ်အသား ကုတ်တွေ ထားပါ.. ကလေးတစ်စုံတခု အန္တရာယ်ဖြစ်နေတာမျိုး တစိမ်းတစ်ဦးက ဖမ်းချုပ်ထားတာမျိုးဆိုရင် ကိုယ်နဲ့အဆက်အသွယ်ရချိန်မှာ ဘေးနားမှာရှိတဲ့ တစိမ်းမသိအောင် ပြောနိုင်မယ့် စကားဝှက်တွေကို ကြိုပြီး ထားသင့်ပါတယ်.. (ဥပမာ- ငါးကန် ရေဖြည့်ခဲ့တာ လျှံကုန်တယ်)ဆိုတာမျိုး.. ကလေးက အဲ့လိုပြောတာနဲ့ ကိုယ်ကတန်းပြီး သိသွားနိုင်မယ့် စကားဝှက်တွေ တီထွင်ထားသင့်ပါတယ်.. ပြီးတော့ တစိမ်းတယောက်ယောက်က ကလေးကို ကျောင်းလာကြိုတယ် "ဖေဖေ မေမေက ကြိုခိုင်းလိုက်တာ"လို့ ပြောလာရင် ကလေးက တကယ်ပဲ ကိုယ့်အဖေအမေက ခိုင်းလိုက်တာ ဟုတ်မဟုတ် "ဒါဆို မေမေ့နာမည်က ဘာလဲ ဖေဖေ့နာမည်ကဘာလဲ ပြီးတော့ password က ဘာလဲ"လို့ ပြန်လှန်စစ်ဆေး အတည်ပြုနိုင်မယ့် စကားဝှက်ကို ထားသင့်ပါတယ်.. (ဥပမာ- မွှေးပွပန်းသီး) ဆိုတာမျိုးပေါ့.. ကိုယ်က တကယ်ပဲ တယောက်ယောက်ကို ကြိုခိုင်းချင်တယ်ဆိုလည်း စကားဝှက်ကိုပြောလိုက်လို့ ရတာပေါ့.. ဒါမှမဟုတ် "မေမေ့ကို ခု ဖုန်းဆက်ပေး" ဆိုပြီး အတည်ပြုခိုင်းတာမျိုးဖြစ်ဖြစ် ကလေးကို သင်ထားသင့်ပါတယ်..
၃) ဆန့်ကျင်ဘက်
ကလေးတစ်ယောက်ထဲ သွားလာနေတုန်း ကားတစ်စီးစီးက ကပ်လာတယ် အရှိန်နှေးပြီး အထဲကနေ ကလေးမသိတဲ့ တစ်ယောက်ယောက်က စကားပြောလာတယ်ဆိုရင် ကလေးကို ကားသွားနေတဲ့ဘက်နဲ့ ဆန့်ကျင်ဘက်ကို ထွက်ပြေးဖို့ အကူအညီတောင်းဖို့ သင်ထားပါ..
၎) နည်းပညာ
ခုခေတ်မှာ GPS နည်းပညာတွေ တိုးတက်လာတာ အားသာချက်ပဲ မဟုတ်လား.. ကလေးတွေကို လက်ပတ်နာရီလိုမျိုး ပတ်ပေးထားပြီး GPS ရော အရေးပေါ် အချက်ပေးခလုတ်ပါ ပါဝင်တဲ့ device တွေ ပေါ်နေပါပြီ.. အောက်က လင့်တွေမှာ ရှာပြီး ဝယ်လို့ရပါတယ်.. ကလေး ဂိမ်းဆော့ဖို့ ဂိမ်းစက်တွေ အိုင်ပက်တွေတောင် ဝယ်ပေးမယ်စိတ်ကူးရင် ဒီလို လက်ပတ်မျိုးလေးတွေကို ပိုပြီး ဦးစားပေး ဝယ်ထားသင့်တာပေါ့.. နန်းညီလိုက်ရှာဖတ်ကြည့်သလောက် KOREX Waterproof Babysitter တို့ hereO GPS Watch for Kids တို့က အဆင်ပြေမယ်ထင်တယ်.. ဒီလင့်ကဟာလေးလည်း မဆိုးဘူး ထင်ရတာပဲ..
http://www.mypreciouskid.com/my-buddy-tag-child-safety-locator-device.html
၅) အော်ဖို့ပြော
ကလေးကို မှာထားရမှာ နောက်တစ်ခုက တစ်ယောက်ယောက်ကများ အတင်းအကျပ် ဆွဲခေါ်သွားတယ် ဖမ်းချုပ်သွားတယ်ဆိုရင် အော်ဟစ်အကူအညီတောင်းဖို့ပါ.. ဘယ်သူမှမရှိတုန်း အော်ဟစ်ရုန်းကန်တာမျိုးမလုပ်ဘဲ လူတစ်ဦးဦးတွေ့ရင် ရဲတွေ့ရင် လူထူထူကြားရောက်ရင် "ဒီလူကိုမသိဘူး အတင်းခေါ်လာတာ ဒီလူကိုမသိဘူး"ဆိုတာမျိုး အော်ဟစ်အကူအညီတောင်းဖို့ သေချာမှာထားပါ..
၆) တစ်ယောက်ထဲ ဓာတ်လှေခါးမစီးရန်
ကိုယ့်မိဘဖိုးဖွား မပါဘဲ တစ်ယောက်ထဲ ဓာတ်လှေခါးမစီးဖို့ ဒါမှမဟုတ် တခြားတစိမ်းနဲ့ ဓာတ်လှေခါးမစီးဖို့ သတိထားခိုင်းပါ.. စီးမိရင်လည်း အထပ်တိုင်းက ခလုတ်တွေကို နှိပ်ထားဖို့ သင်ပေးထားလိုက်ပါ.. အထပ်တိုင်းမှာ တံခါးပွင့်နေတဲ့အခါ ဘေးကလူက ရန်ပြုချင်ရင်တောင် သိပ်မလွယ်ကူတော့ပါဘူး..
၇) အိမ်မှာတစ်ယောက်ထဲ
အကြောင်းတစ်စုံတစ်ခုကြောင့် အိမ်မှာ ကလေးတစ်ယောက်ထဲ ကျန်ခဲ့ရရင် အိမ်မှာ လူကြီးမရှိဘူးဆိုတာကို အပြင်ကလူကို မပြောဖို့ သင်ပေးထားပါ.. (ရေပိုက်လာပြင်တာပါ ရေသန့်လာပို့တာပါ) စသဖြင့် ပြောလာတဲ့လူတွေကိုတောင် တံခါးမဖွင့်ပေးဖို့ တံခါး ဟ မကြည့်ဖို့ သေချာပြောထားပါ.. (မေမေ့သူငယ်ချင်းပါ ဖေဖေ့သူငယ်ချင်းပါ)လို့ ပြောလာရင်လည်း (မေမေ ဖေဖေမရှိဘူး)လို့ ပြောမယ့်အစား "ခဏလေးစောင့်ပါ"လို့ သေချာယဉ်ယဉ်ကျေးကျေးပြောပြီး အမေ အဖေဆီ ဖုန်းဆက်ခိုင်းပြီး အတည်ပြုခိုင်းလို့ရပါတယ်.. မိဘတွေက ကလေးတစ်ယောက်ထဲ ဖြစ်နေလို့ အိမ်မှာအတူစောင့်နေပေးဖို့ လွှတ်လိုက်တာပါလို့ ပြောလာရင်လည်း အပေါ်ကပြောသလိုပဲ password ကိုသုံးပြီး အတည်ပြုလို့ ရတာပါပဲ..
၈) အွန်လိုင်း
ကလေးတွေလည်း ခုခေတ်မှာ အွန်လိုင်းက သူငယ်ချင်းတွေ ရှိလာပါပြီ.. တဖက်လူ ပြောသမျှယုံပြီး အပြင်မှာ တစ်ယောက်ထဲတွေ ချိန်းမတွေ့ဖို့ သေချာမှာထားပါ.. ပြီးတော့ ကလေးတွေ အင်တာနက်သုံးနေရင် ဘာတွေသုံးလဲ ဘာတွေကြည့်နေလဲကို အမြဲ သတိထားစောင့်ကြည့်နေရဖို့က မိဘတွေ တာဝန်ပါ.. (မသုံးရဘူးလို့ ကန့်သတ်လို့မဖြစ်နိုင်တဲ့ အခြေအနေ ခေတ်ကာလဆိုတော့ စောင့်ကြည့်ဖို့ ဂရုစိုက်ဖို့ကိုပဲ အာရုံထားရပါတော့မယ်).. ကလေးတွေသုံးတဲ့ ကွန်ပျူတာက web-cam ကို တိတ်နဲ့ ပိတ်ထားတာမျိုး.. ကလေးတွေရဲ့ browser ကို add-ons ထည့်ပြီး ကန့်သတ်ထားတာမျိုးတွေ ကြိုတင်လုပ်ထားနိုင်ပါသေးတယ်..
၉) ဝေးဝေးနေ
မိသားစုမဟုတ်တဲ့ သူစိမ်းတွေနဲ့ စကားပြောရင် ဘယ်လောက်ခွာပြီး နေရမယ်ဆိုတာမျိုး သင်ပေးထားရပါမယ်.. လှမ်းဆွဲလို့ တခုခု လှမ်းလုပ်လို့ မမီနိုင်တဲ့ လက်တစ်ကမ်းအကွာကို ပြောပြထားပြီး အဲလောက်အကွာကနေ နေရမယ်ဆိုတာမျိုးပြောထားရမယ်.. အရွယ်နဲ့ သင့်တော်တဲ့ လိင်ပညာပေးခြင်းတွေ လုပ်ထားပြီးတော့ သူစိမ်းလူကြီးက ပြုမူတဲ့ ပြောဆိုတဲ့ ကိစ္စ တစ်ခုခုဟာ ကလေးစိတ်ထဲမှာ မသက်မသာဖြစ်လာတယ် မကြိုက်ဘူးဆိုရင် အဲ့ဒီလူအနားကနေ အမြန်ခွာခဲ့ဖို့လည်း မှာထားရပါမယ်..
၁၀) ဟင့်အင်း ငြင်းပါ
မသိတဲ့လူ တစိမ်းတွေက ကျွေးလာ ပေးလာတာတွေကို ငြင်းဖို့ သင်ပေးထားပါ.. "မေမေက မစားရဘူး မှာထားတယ်" "ဖေဖေက မယူရဘူးပြောထားတယ်" စသဖြင့် ယဉ်ကျေးစွာ ငြင်းနိုင်ပါတယ်.. ပြီးတော့ ကလေးတွေဟာ သူတို့ မကြိုက်မနှစ်သက်တဲ့လူအနား မနေချင် မနေလို့ရတဲ့ အခွင့်အရေးရှိပါတယ်.. တစ်ဦးတစ်ယောက်က သူတို့ မနှစ်သက်တာ ပြုလုပ်ရင် သူတို့မှာ ငြင်းပိုင်ခွင့်ရှိတယ်ဆိုတာကို သေချာပြောပြထားရပါမယ်..
brightside.me က ဆောင်းပါးကို မှီငြမ်းပြီး ဆီလျော်အောင် ဘာသာပြန်ရေးထားပါတယ်.. ဒီလိုအချက်တွေနဲ့ ကာကွယ်နိုင်တယ်ဆိုပေမယ့် မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေကို အမြဲ မျက်ခြေမပြတ်အကဲခတ်နေရမယ်ဆိုတာလည်း မမေ့ကြပါနဲ့နော်.. ကလေးနဲ့အပြင်သွားတဲ့မိဘတွေကလေးကို အာရုံမထားဘဲ အလုပ်ကိစ္စနဲ့ ဖုန်းနဲ့ မိတ်ဆွေနဲ့ အာရုံများနေလို့ ကလေးတွေကို သူများခေါ်သွားတဲ့အဖြစ်တွေ ခဏခဏပါ.. ဒီဗီဒီယိုကိုပဲ နမူနာကြည့်လိုက်ကြပါဦး.. https://www.facebook.com/JoeySalads/videos/800923456741170/?autoplay_reason=all_page_organic_allowed&video_container_type=0&video_creator_product_type=2&app_id=2392950137&live_video_guests=0
မိဘနဲ့ ကလေး ပွင့်ပွင့်လင်းလင်း ပြောတတ်ဆွေးနွေးတတ်တဲ့ အလေ့အထလေး မွေးမြူထားပါ.. တစ်ခုခုဖြစ်တာနဲ့ မေ့မေ့ကို ပြောပြဆိုတာမျိုး သင်ထားပါ.. ကိုယ်က ကလေးကို အမြဲအပြစ်ရှာနေ စိတ်မရှည်ဖြစ်နေ ဆူပူနေတတ်ရင် ကလေးတွေက သူတို့မှာ တစ်ခုခုဖြစ်လာရင်တောင် မိဘကို အားကိုးတကြီး ပြောပြတော့မှာမဟုတ်တဲ့အတွက် ကိုယ့်ကလေးဘာတွေဖြစ်နေလဲဆိုတာလည်း ကိုယ်မသိတော့ဘဲ ဖြစ်နေပါလိမ့်မယ်.. မိဘများ ကလေးတွေကို ကာကွယ်နိုင်ကြပါစေ ကလေးတွေ လုံခြုံကြပါစေ..
-နန်းညီ


ဖတ်​တိုင်းကြိုက်​တဲ့ ဆရာရဲ့ စာတစ်​ပုဒ်

မောင်စိန်ဝင်း ( ပုတီးကုန်း )
ဖတ်​တိုင်းကြိုက်​တဲ့ ဆရာရဲ့ စာတစ်​ပုဒ်
***************************
လင်းယုန်ငှက်ဟာ ကမ္ဘာပေါ်မှာ
အသက်အရှည်ဆုံး ငှက်တစ်မျိုးဖြစ်ပြီး
အသက် ၇၀ အထိ အသက်ရှင်နေထိုင်နိုင်ပါတယ်။
ဒါပေမဲ့ သူတို့ဟာ အသက်ရှည်ရှည်
်နေနိုင်ဖို့အတွက် သူတို့ရဲ့
အသက် ၄၀ မှာ ခက်ခဲတဲ့ ဖြစ်စဉ်အတွက်
အရေးကြီးတဲ့ ဆုံးဖြတ်
ချက်တခုကို ချကြရပါတယ်။
သူ့အသက် ၄၀ ရောက်တဲ့အခါမှာ သားကောင်ကို ဖမ်းဖို့အတွက်
သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ်
နှုတ်သီးတွေကလည်း ရင်ဘတ်ထိအောင်ရှည်ပြီး ကောက်လာပြီး
အတောင်တွေကလည်း အရမ်းလေးလာပါတယ်
အမွှေးတွေကလည်း အရမ်းထူလာတဲ့အတွက်
ပျံရတာလည်း အရမ်းပင်ပန်းလှပါတယ်။
သူ့မှာရွေးချယ်စရာနှစ်လမ်းပဲရှိပါတယ်။ ဒီအတိုင်းနေပြီးဘာမှမလုပ်
တော့ပဲအသေခံမလား။ နာကျင်ခက်ခဲတဲ့ ဖြစ်စဉ်ကို ဖြတ်သန်းပြီး
အသက်ဆက်ရှင်မလား။ မစွန့်စားပဲသေရတာထက်စာရင်
စွန့်စားပြီးသေရတာက ပိုမြတ်ပါလိမ့်မယ်။
ဒါကြောင့် အလွန်မြင့်တဲ့တောင်တခုဆီ ပျံသန်းသွားပြီး
အသိုက်တခုတည်ဆောက်လိုက်ပါတယ်
ပြီးတော့ ထပ်မပျံသန်းပဲ အဲဒီမှာပဲနားနားနေပါတယ်။
နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကိုကျော်ဖြတ်ဖို့အစကနေအဆုံးထိ
ရက်ပေါင်း ၁၅၀ သို့ နှစ်ဝက်နီးပါးကြာပါတယ်။
ဒီတော့ သူဟာပထမဦးဆုံး သူ့ရဲ့နုတ်သီးကို ကျောက်
ဆောင်နဲ့ရိုက်ပြီးဖြုတ်ပြစ်ရပါတယ်။ပြီးတော့ နှုတ်သီး
အသစ်ထွက်လာတဲ့အထိ တိတ်ဆိတ်စွာနဲ့စောင့်ဆိုင်းနေခဲ့ရပါတယ်။
နှုတ်သီးအသစ်ထွက်လာတော့ အဲဒီ နှုတ်သီးနဲ့ပဲ ခြေသည်းတွေကို
တခုပြီးတခုဆွဲနှုတ်ရပါတယ်။ခြေသည်းအသစ်တွေထွက်လာမှ
သူ့ရဲ့အတောင်တွေကိုတခုပြီးတခု နှုတ်ပြစ်ရပြန်ပါတယ်။
အတောင်ပံအသစ်တွေထွက်လာတော့ သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့
ရက်ပေါင်းက ၁၅၀ ပါပဲ ။အဲဒီနောက်မှာတော့ လင်းယုန်ငှက်ဟာ
သူ့ရဲ့ကျော်ကြားလှတဲ့ ပျံသန်းမှုတွေကို နောက်ထပ် နှစ်ပေါင်း ၃၀ မျှ
ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး အသက် ၇၀ ထိ အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကတော့ (Change) ဆိုတဲ့ ပြောင်းလဲမှုကိုပြောချင်တာပါ။
တခါတရံမှာ ကျွန်တော်တို့ဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်
တွေချကြရပါတယ်။
ဘဝကိုအောင်အောင်မြင်မြင်နဲ့ ဆက်လက်ဖြတ်သန်းချင်ရင်တော့
ကျွန်တော်တို့ရဲ့အကျင့်ဆိုးတွေ။ ထုံးစံတွေကိုလွှင့်ပစ်ရပါလိမ်မယ်
ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကိုလက်ခံချင်စိတ်ရှိတာနဲ့အမျှ
အတွေးခေါ်ဟောင်းတွေကိုစွန့်ပြစ်ရလိမ့်မယ်။ကိုယ့်ရဲ့အစွမ်းအစတွေ
ဖော်ထုတ်နိုင်ပြီး လှပတဲ့အနာဂတ်အသစ်တွေကို တည်ဆောက်နိုင်ရပါမယ်။
တိရိစ္ဆာန်ဖြစ်တဲ့ လင်းယုန်ငှက်တောင်သူ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့
အင်္ဂါအစိတ်အပိုင်းကို နုတ်ပယ်နိုင်သေးရင် အသိဥာဏ်ရှိတဲ့လူသားတွေကရော ကိုယ့်ကိုယ်ကို (Change) မလုပ်နိုင်ကြဘူးလား?
လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲစွာပြောင်းရတာပါ။
လူသားတွေဖြစ်တဲ့ကျွန်တော်တို့က နာကျင်စရာမရှိပဲ
"အတွေးအခေါ်အဟောင်း အမူအကျင့်အဟောင်း မကောင်းတဲ့စရိုက်တွေကို
မစွန့်လွှတ်နိုင်ကြဘူးလား။ မပြောင်းလဲနိုင်ကြဘူးလား။
ဒီအတိုင်းဆက်သွားမလား ဆိုတာ စဉ်းစားစေချင်ပါတယ်။
မောင်စိန်ဝင်း(ပုတီးကုန်း) စာပေဟောပြောပွဲမှ
Creadit
Law Ka Nat

အနေစုတ်ပေမဲ့ ရွှေထုပ်တဲ့ မြပုဝါ

အနေစုတ်ပေမဲ့ ရွှေထုပ်တဲ့ မြပုဝါ
ကျွန်မ နယ်ကနေ ရန်ကုန်ကို ပြောင်းလာတာ ၃ နှစ်ရှိပါပြီ။ မြို့ပတ်ရထားမစီးဖူးလို့ စီးကြည့်ချင်တယ်။ မောင့်ကို မြို့ပတ်ရထား စီးချင်တယ်လို့ ပြောတော့ မောင်က မစီးပါနဲ့၊ သွားချင်တဲ့ နေရာကို အိမ်က ကားနဲ့ ကားမောင်းသမားကို လိုက်ပို့ခိုင်းလိုက်တဲ့။ ဒါပေမဲ့ ကျွန်မပူဆာလွန်းတဲ့အတွက် နောက်ဆုံးမှာ မောင်က ခွင့်ပြုလိုက်ပါတယ်။ ဒါပေမဲ့ အလုပ်ရှိလို့ သူတော့ လိုက်မပို့ပေးနိုင်ဘူး။ ခါးပိုက်နှိုက်ကို သတိထားလို့ မှာလိုက်ပါတယ်။
နောက်တနေ့ မနက် ၈ နာရီလောက်မှာ ကျွန်မနဲ့ ၅ နှစ်သမီးလေးတို့ ငမိုးရိပ်ဘူတာမှာ ရန်ကုန်မြို့ထဲကို သွားမယ့် မြို့ပတ်ရထားပေါ်တက်လိုက်တယ်။ ရထားပေါ်မှာ အလုပ်ဆင်းဖို့ မြို့ထဲကို သွားကြတဲ့ ဝန်ထမ်းတွေ အလုပ်သမားတွေနဲ့ ပြည့်ကျပ်နေတယ်။ ထိုင်စရာ ခုံလွတ်မရှိဘူး။ ဒါကြောင့် ကျွန်မတို့ သားအမိလည်း ရထားတွဲအလယ် လူသွားလမ်း လူတွေကြားမှာ မတ်တတ်ရပ်ရင်း လိုက်သွားကြတယ်။ ကျွန်မက သမီးလေးကို လူတွေကြားမှာ ပျောက်သွားမှာ စိုးလို့ သူ့လက်တစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ထားရတယ်။ စိတ်ထဲမှာ ဒီလို လူကျပ်မယ်ဆိုတာ ကြိုသိရင် ရထားမစီးပါဘူးလို့ ပြောနေမိတယ်။
ရထားဟာ ငမိုးရိပ်ဘူတာက ထွက်လို့ ၅ မိနစ်အကြာမှာ ကျွန်မနောက်ကျောကို လူတစ်ယောက်က တွန်းလိုက်သလို ခံစားရလို့ နောက်လှည့်ကြည့်လိုက်တယ်။ အဝတ်အစား စုတ်စုတ်ပြတ်ပြတ် ပေပေရေရေ ဝတ်ထားတဲ့ ဈေးသည်ယောက်ျားတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူ့လက်ထဲမှာ မုန့်ထုတ်တွေ တင်ထားတဲ့ သစ်သားဘန်းလေးကို ကိုင်ထားတယ်။ ကျွန်မ လှည့်ကြည့်လိုက်တော့ သူက ပြုံးပြပြီး 'မုန့်ဝယ်ပါအုံးလား အမ၊ တစ်ထုတ်မှ တစ်ထောင်ပါ' လို့ ပြောလာတယ်။ ကျွန်မဟာ လမ်းဘေးက မုန့်တွေ ဝယ်စားတတ်သူ မဟုတ်လို့ ခေါင်းခါပြလိုက်ပြီး သူ့ကို မျက်နှာလွှဲနေလိုက်တယ်။ နောက်ပြီး ချိုင်းကြားက လက်ကိုင်အိတ်ကို ပိုပြီး တင်းကျပ်အောင် ညှပ်ထားလိုက်တယ်။
သူဟာ ကျွန်မနောက်နားမှာ ဆက်ရှိနေလို့ သူ့ကို ရှေ့ကို တိုးသွားဖို့ လက်ဟန်နဲ့ ပြလိုက်တယ်။ ဒီအခါမှာ သမီးလေးက ကျွန်မလက်ကို ကိုင်လှုပ်လိုက်ပြီး 'အမေ သမီးကို မုန့်တစ်ထုတ် ဝယ်ပေးနော်' လို့ ကျွန်မကို မော့ကြည့်ပြီး ပြောလာတယ်။ ဈေးသည်ဟာ မုန့်ထုတ်တစ်ထုတ်ကို သမီးလေးကို ပေးဖို့ လုပ်နေတာကို တွေ့လိုက်လို့ ကျွန်မက ဈေးသည်ကို 'မဝယ်ဘူး၊ ခပ်ဝေးဝေးကို သွားစမ်းပါရှင်' လို့ လေသံမာမာနဲ့ ပြောလိုက်ပါတယ်။
ဈေးသည်လည်း လူတွေကြားထဲ တိုးရင်း ကျွန်မအနားက ထွက်သွားတယ်။ သူမသွားခင်လေးမှာ သမီးက သူ့ကို လက်ပြနူတ်ဆက်လိုက်တယ်။ သူကလည်း သမီးကို ပြုံးပြသွားတယ်။ ကျွန်မစိတ်ထဲမှာ အတော်လေး ဒေါသဖြစ်နေမိတယ်။ ရထားကျပ်လို့လား၊ အဝတ်အစားစုတ်စုတ်ပြတ်ပြတ်နဲ့ ဈေးသည်ကိုလား၊ မုန့်ဝယ်ခိုင်းတဲ့ သမီးလေးကိုလား ဘယ်သူ့ကိုမှန်း မသိပါဘူး ဒေါသဖြစ်နေတယ်။ ရထားပေါ်က ဆင်းပြေးချင်စိတ် ပေါ်လာနေတယ်။
ကျွန်မ ရန်ကုန်မြို့ထဲ မရောက်ခင် ဘူတာတစ်ခုမှာ ဆင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဆင်းမယ့် အပေါက်နားမှာ စောစောက ဈေးသည်ယောက်ျားကို တွေ့ရပြန်တယ်။ ကျွန်မ သူ့ကို မကြည့်ဘဲ မျက်နှာကို တင်းတင်းထားပြီး လွှဲနေလိုက်တယ်။ ဘူတာမှာ ရထားရပ်လို့ ဆင်းခါနီးမှာ သမီးလေးက ကျွန်မကို ခုလို ပြောပြန်တယ်။ 'အမေ၊ သူ့ကို ပိုက်ဆံနည်းနည်း ပေးလိုက်ပါလား၊ သူ့ကြည့်ရတာ ဗိုက်ဆာနေတယ် ထင်တယ်'တဲ့။ ကျွန်မ ရထားပေါ်က အရင်ဆင်းလိုက်တယ်။ ပြီးတော့ သမီးကို ရထားပေါ်က အောက်ကို ပွေ့ချရင်းနဲ့ ခုလို ပြောလိုက်တယ်။ 'သမီးလေး၊ အဲဒီလူဟာ လူကောင်း မဟုတ်ဘူး။ သူက ကလေးတွေကို ဖမ်းပြီး ရောင်းစားတတ်တယ်'။ ပြောနေတဲ့ကြားက သမီးဟာ အဲဒီလူကို လက်ပြနူတ်ဆက်လိုက်သေးတယ်။
ကျွန်မတို့ သားအမိ ဘူတာအပြင်ဖက်ကို လျှောက်သွားချိန်မှာ နောက်ကနေ 'အမ၊ အမ' လို့ အော်သံကြားလို့ ကျွန်မ နောက်ကို လှည့်ကြည့်လိုက်တယ်။ ဈေးသည်ယောက်ျားပါပဲ။ သူဟာ ကျွန်မတို့ နောက်ကနေ ပြေးလိုက်လာတယ်။ ကျွန်မလည်း သူ တစ်ခုခု လုပ်မလားဆိုပြီး သမီးကို ပွေ့ချီလိုက်ပြီး ဘူတာအပြင်ဖက်ကို ခပ်သွက်သွက် ပြေးသွားလိုက်တယ်။ အပြင်မှာ ရပ်ထားတဲ့ တက္ကစီတစ်စီးတွေ့လို ကားနောက်ခန်းတံခါးကို ဖွင့်ပြီး သမီးလေးကို ကားထဲ တွန်းထည့်လိုက်တယ်။ ကျွန်မလည်း ကားထဲ ဝင်ထိုင်လိုက်ပြီး ကားတံခါးကို ပိတ်လိုက်တယ်။ ဒီအချိန်မှာ ဈေးသည်ဟာ ကားနားကို ရောက်လာတယ်။ သူက ကားမှန်ကို လက်နဲ့ ခေါက်ပြီး ကားတံခါးကို ဖွင့်ဖို့ လက်ဟန်ပြနေတယ်။ ကျွန်မက ကားမောင်းသမားကို ဒီလူဟာ လူဆိုးမို့ ကားမှန်ကို မဖွင့်ပါနဲ့လို့ ပြောလိုက်တယ်။ ကားမောင်းသမားလည်း ကားမှန်ကို မဖွင့်ဘဲ ကားစက်ကို နိုးလိုက်တယ်။
ကားအပြင်က ဈေးသည်ဟာ ပြောင်ပြောင်လက်လက် ပစ္စည်းတစ်ခုကို ကိုင်မြှောက်ပြနေတာကို ကျွန်မ တွေ့လိုက်လို့ သေချာလှမ်းကြည့်လိုက်တယ်။ ဘုရားရေ၊ အဲဒါ သမီးလေးရဲ့ ရွှေလက်ကောက်ပါလား။ သူ့လက်ထဲ ဘယ်လို ရောက်သွားရတာလဲ။ သူ သမီးဆီက ခါးပိုက်နှိုက် ဖြုတ်ခိုးသွားတာ ဖြစ်မယ်။ ခိုးသွားတာဆိုရင်လည်း ဘာလို့ လာပြနေရတာလဲလို့ စဉ်းစားရင်း ကျွန်မ ကားမှန်ကို ဖွင့်ပေးလိုက်တယ်။ ဈေးသည်ဟာ လက်ကောက်ကို ကားထဲက ကျွန်မကို လှမ်းပေးလိုက်ပြီး ခုလို ပြောလိုက်တယ်။ 'အမရေ၊ အမသမီးလေးက ရထားပေါ်က မဆင်းခင်လေးမှာ ဒီလက်ကောက်ကို ပေးခဲ့လို့ ကျွန်တော် ပြန်လာပေးတာပါ' တဲ့။ ကျွန်မ လက်ကောက်ကို ယူပြီးချိန်မှာ သူဟာ ဘန်းပေါ်က မုန့်ထုတ်တစ်ခုကို ယူပြီး 'ဒါက ကလေးအတွက်ပါ' ဆိုပြီး ကျွန်မကို ပေးလိုက်ပြန်တယ်။ ကျွန်မ အံ့အားသင့်လွန်းလို့ စကားတစ်ခွန်းမှတောင် ပြန်မပြောနိုင်ဘူး။ သူဟာ ဘူတာဘက်ကို ပြန်လှည့်ထွက်သွားပါတယ်။ တက္ကစီကားလည်း အဲဒီနေရာကနေ ထွက်လာခဲ့ပါတယ်။
တက္ကစီကားပေါ်မှာ ကျွန်မဟာ အခုအဖြစ်အပျက်ကို စဉ်းစားနေမိတယ်။ ကျွန်မရဲ့ သမီးလေးဟာ စိတ်ကောင်းနှလုံးကောင်း ရှိတယ်။ ဆင်းရဲသားကို ကူညီချင်တယ်။ ဒါကောင်းတာပဲ။ ဈေးသည်ဟာ ကလေးချစ်တတ်တယ်။ ကလေးပေးတဲ့ ရွှေလက်ကောက်ကို ပြန်လာပေးတယ်။ ရိုးသားတယ်။ စိတ်ထားမြင့်မြတ်လိုက်တာ။ ကျွန်မကတော့ လူတစ်ယောက်ကို အဝတ်အစားကြည့်ပြီး အထင်သေးမိလိုက်တယ်။ ကျွန်မဟာ စုတ်ပြတ်နေတဲ့ ဈေးသည်ရဲ့ စိတ်ထားလောက်တောင်မှ မမြင့်မြတ်ပါလား။ နောင်ဆိုရင် ကျွန်မ လူတစ်ယောက်ကို အဝတ်အစားကို ကြည့်ပြီး သူ့အကျင့်စရိုက်ကို အကဲမဖြတ်တော့ဘူး၊ အဝတ်အစား နွမ်းနွမ်းပါးပါး ဝတ်ထားသူတွေကိုလည်း ချက်ချင်းအထင်မသေးတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
ဒီညနေ အိမ်ပြန်ရောက်ရင် မောင့်ကို ပြန်ပြောပြဖို့ ကိုယ်တွေ့ဇာတ်လမ်းတစ်ပုဒ် ရလိုက်တာကိုတော့ ဝမ်းသာမိလိုက်ပါတယ်။
မှတ်ချက်။ အင်တာနက်မှာ ဖတ်ရတဲ့ အိန္ဒိယဇာတ်လမ်းတစ်ပုဒ်ကို မှီးထားတာပါ။
ဗန်းမော်သိန်းဖေ
၁၀-၀၁-၂၀၁၈


မျောက်နဲ့ မိချောင်း

ဒီပုံပြင်လေးကို လူတော်တော်များများသိကြမှာပါ
အရမ်းကောင်းတဲ့ ပုံပြင်လေးပေါ့.....။
_____

မျောက်နဲ့ မိချောင်း
°°°°°°°°°°°°°°°°°°
တစ်ခါတုန်းက ပါးနပ်ချက်ချာတဲ့ မျောက်တစ်ကောင်ဟာ အရည်ရွှန်းလှတဲ့ နှင်းပန်းပင်တစ်ပင်ပေါ်မှာ နေထိုင်သတဲ့။ သူက နေ့တိုင်း နှင်းပန်းသီးတွေ စားပီး ပျော်ရွှင်နေတာပေါ့။
တစ်နေ့ကျတော့ ပင်ပန်းနွမ်းနယ်နေတဲ့ မိချောင်းတစ်ကောင်က နှင်းပန်းပင်အောက်က ချောင်းထဲမှာ ရေကူးရင်း မျောက်ကိုတွေ့တော့ အလွန်ဆာလောင်ကြော်ငးပြောတယ်။ ကြင်နာတတ်တဲ့ မျောက်လေးက မိချောင်းကို နှင်းပန်းသီးတွေ ကျွေးလိုက်တယ်။ မိချောင်းက အရမ်းပျော်ရွှင်သွားပီး နောက်နေ့ကော သူလာလို့ရမလားလို့ မျောက်ကို မေးတယ်။ သဘောကောင်းတဲ့ မျောက်က ၀မ်းသာအားရလက်ခံလိုက်တယ်။
အဲဒီလိုနဲ့ မိချောင်းက နေ့တိုင်း နှင်းပန်းသီးတွေ လာစားရင်း သူတို့တွေ အရမ်းခင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်။ မိချောင်းက သူ့မှာ မိန်းမရှိတယ်ပြောတော့ မျောက်က မိချောင်းမအတွက် နှင်းပန်းသီးတွေ ပိုထည့်ပေးလိုက်တယ်။ မိချောင်းမကလည်း နှင်းပန်းသီးတွေ ကြိုက်တော့ နေ့တိုင်း ယောက်ျားကို ယူလာခိုင်းတာပေါ့။
အချိန်တွေကြာလာတော့ မျောက်နဲ့ မိချောင်းကြားက သံယောဇဉ်က ပိုခိုင်မြဲလာတော့ မိချောင်းမက မနာလိုဖြစ်လာတယ်။ အဲဒါနဲ့ မိချောင်းမက မျောက်ကိုစားဖို့ကြံတယ်။ ပထမ မျောက်ကို အလည်ခေါ်ဖို့ ယောက်ျားကို ပြောတယ်။ ယောက်ျား ခေါ်မလာချင်ဘူး။ နောက်ဆုံးကျတော့ မိချောင်းမက နေမကောင်းချင်ယောင်ဆောင်ပီး ဆရာဝန်က သူ့ရောဂါပျောက်ဖို့ မျောက်အသည်းနှလုံးကို စားရမယ်လို့ ပြောတယ်လို့ သူ့ယောက်ျားကို ပြောသတဲ့။ အဲဒါမှ မစားရရင် သူ သေရတော့မယ်ပေါ့။
မိချောင်းမှာ တွေဝေသွားတယ်။ တစ်ဖက်ကလည်း သူငယ်ချင်း၊ တခြားတစ်ဖက်မှာလည်း မိန်းမဖြစ်နေတယ်။ မိန်းမကိုလည်း အသေမခံနိုင်ဘူး။ ဒီကြားထဲ မိန်းမက သူသေရတော့မယ်လို့ တကျီကျီလုပ်တယ်။
နောက်ဆုံးတော့ မိချောင်းက နှင်းပန်းပင်ဆီသွားပီး သူ့အိမ်လိုက်လည်ဖို့ ပြောတယ်။ မျောက်ကလည်း ပျော်ပျော်ပဲ မိချောင်းကျောပေါ်တက်ပီး လိုက်လာတယ်။ မြစ်လယ်ရောက်တော့ မိချောင်းက တဖြည်းဖြည်း ရေအောက်ကို ငုံ့တယ်။ မျောက်ကကြောက်လာပီး ဘာလို့ အဲလိုလုပ်တာလဲလို့ မေးတော့ မိချောင်းက ဖြစ်ကြောင်းကုန်စင်ပြောပြတယ်။ သူ မျောက်ကို သတ်မှဖြစ်မယ်ပေါ့။
ပါးနပ်လွန်းတဲ့ မျောက်က သူ့အသည်းနှလုံးကို ပေးပါ့မယ်။ ဒါပေမဲ့ သူ့နှလုံးက နှင်းပန်းပြင်ပေါ် ကျန်ခဲ့တယ်။ သွားယူရမယ်လို့ ပြောတယ်။ မိချောင်းလည်း ၀မ်းသာအားရနဲ့ မျောက်ကို နှင်းပန်းပင်ဆီ ပြန်လိုက်ပို့တယ်။ နှင်းပန်းပင်လည်း ရောက်ရော မျောက်က သစ်ပင်ပေါ်ခုန်တက်သွားပါတယ်။
ဒီပုံပြင်လေးက ပေးချင်တဲ့ သင်ခန်းစာကတေ
့... ကိုယ့်အပေါ် ကျေးဇူးရှိဖူးသူ သို့မဟုတ် သူငယ်ချင်းမိတ်ဆွေတွေကို ဘယ်တော့မှ သစ္စာမဖောက်ပါနဲ့။ ကိုယ်ပိုင်တွေးခေါ်ဥာဏ်နဲ့ စဉ်းစားတတ်ပါစေ။ မဟုတ်ရင်တော့ မိချောင်းလို သူများပြောသမျှ ခေါင်းငုံ့ခံရသူသာလျှင် ဖြစ်ပါလိမ့်မယ်။
မျောက်ကလေးလို ဒုက္ခရောက်ချိန်မှာ
ပြာလောင်မသွားပဲ အန္တရာယ် လွတ်နိုင်မယ့်
နည်းပရိယာယ် တွေကို အသုံးချတတ်ဖို့လဲ
မမေ့နဲ့နော်...... ��
credit...to

Work Hard Vs Work Smart

❌ Work Hard ❌ Vs ✅ Work Smart ✅
အလုပ်လုပ်တာလျှော့ပြီး စဉ်းစားတာတိုးကြည့်ရအောင်
(တနည်းအားဖြင့် ကံကောင်းအောင်လုပ်ကြရအောင်)
………………………………………………
'' အလုပ်အရမ်းလုပ်တာပဲ ဒါပေမယ့် အဆင်မပြေဘူး ''
ဆိုတဲ့ လူတွေကို ပြောချင်တာရှိပါတယ်
အလုပ် တိုးတက်ချင်တယ် ကြီးပွားအောင်မြင်ချင်တယ်ဆိုရင်
လုပ်နေကျအတိုင်း အလုပ်လုပ်နေတာကို နည်းနည်းလျှော့ပါ များများပိုပြီးစဉ်းစားပါ...
အလုပ်လုပ်ရမယ် ကြိုးစားရမယ်ဆိုပြီး အလုပ်ချည်းပဲ လုပ်ရိုးလုပ်စဉ်ပုံစံအတိုင်း ဖိလုပ်နေမယ့်အစား အလုပ်ကိုဘယ်လိုထိရောက်အောင်လုပ်မလဲဆိုတာကို
စဉ်းစားအဖြေရှာတဲ့အချိန်လေး နေ့စဉ်ပိုပေးသင့်ပါတယ်
ဒါကို အချို့သော ''ငါက လက်တွေ့သမားကွ'' လို့ ကြွေးကြော်တတ်သူတွေ ကိုယ့်ကိုယ်ကိုခေါင်းစဉ်တပ်ထားသူတွေ လက်ခံချင်မှ လက်ခံနိုင်ပါလိမ့်မယ်
လေထဲတိုက်အိမ်ဆောက်တယ်တို့ ဘာတို့တွေ ပြောပါလိမ့်မယ်
ဒါပေမယ့် သူတို့ကိုဂရုမစိုက်ပါနဲ့..
သူတို့ကအလုပ်လုပ်ချင်တာပါ အောင်မြင်ကြီးပွားချင်တာမဟုတ်ပါဘူး
လောကကြီးမှာ သူတို့လိုလူတွေလည်းလိုအပ်ပါတယ်
Work Hard သမားတွေရှိမှ Work Smart သမားတွေသက်သာမှာပါ..... ☺☺
ပတ်ဝန်းကျင်မှာကြည့်ပါ
လူတစ်ယောက် အလုပ်အရမ်းလုပ်တာပဲ လို့ အားလုံးကပြောကြပေမယ့်
အချိန်ကြာတဲ့အထိ ဘဝကတိုးတက်လာတာ မြင့်မားလာတာမရှိပဲ ဒုံရင်းကဒုံရင်းအတိုင်းရှိနေတဲ့ အလုပ်ကြိုးစားတဲ့လူတွေကို တွေ့ဖူးမယ်ထင်ပါတယ်....
နောက်တစ်မျိုးကျတော့ သူဘာမှဟုတ်တိပတ်တိလုပ်နေတာမတွေ့ပဲ နှစ်အနည်းငယ်လေးအတွင်းမှာ ဘဝပြောင်းပြီး ကြီးပွားသွားသူတွေကိုလည်း တွေ့ဖူးပါလိမ့်မယ်....
လူတွေက အဲ့ဒီလူနှစ်မျိုးကိုကြည့်ပြီးပြောတတ်ပါတယ်
ဟိုတစ်ယောက်တော့ ကံဆိုးလိုက်တာ သူ့လောက်အလုပ်ကြိုးစားတာသူပဲရှိတယ် အခုထိပင်ပန်းဆင်းရဲလိုက်တာ...
ဟိုတစ်ယောက်များ ကံကောင်းလိုက်တာ ဘာမှဖြင့်လုပ်တာမဟုတ်ပဲ ကြီးပွားသွားတယ် ...ဆိုပြီး
အမှန်တော့ သူတို့နှစ်ယောက်ကို ကွာခြားသွားစေတာက
အလုပ်ဘယ်လောက်လုပ်လဲဆိုတာ မဟုတ်ပါဘူး
ဘယ်လိုအလုပ်မျိုးကို ဘယ်လိုပုံစံနဲ့လုပ်လဲဆိုတာပါ...
အချိန်တိုနဲ့အောင်မြင်သွားတဲ့ တစ်ယောက်က သူအောင်မြင်ဖို့အတွက် ဘယ်လောက်တောင်စဉ်းစားတယ် နည်းလမ်းတွေရှာဖွေတယ်..သူ့အလုပ်အတွက်ဘယ်လောက်တောင် လေ့လာမှတ်သားတယ် ဘယ်လိုနည်းတွေနဲ့ပညာတွေသင်ယူတယ်ဆိုတာ ဘယ်သူမှသတိမထားမိတဲ့အတွက် ကံကောင်းတယ်လို့ထင်နေကြတာပါ...
ဒီနေရာမှာ တစ်ခုပြောချင်တာက
လူတစ်ယောက်ရဲ့အနာဂါတ်ဘဝ ဘယ်လိုဖြစ်လာမလဲဆိုတဲ့မေးခွန်းအတွက်
အတိတ်ကံက အရေးမပါပါဘူး ကျွန်တော်ပြောတာယုံပါ
အတိတ်ကံဟာ လူတစ်ယောက်ကြီးပွားတိုးတက်မှာကို
ဘယ်လိုနည်းနဲ့မှ မတားဆီးမပိတ်ဆို့နိုင်ပါဘူး
ပစ္စုပ္ပန်ကံဖြစ်တဲ့ အလုပ် ကသာ လူတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲစေနိုင်တာပါ..
စဉ်းစားကြည့်ပါ အတိတ်ကံက လူမိုက်တစ်ယောက်ကိုဘဝမပျက်ဖို့ တားဆီးပေးနိုင်ပါသလား
အတိတ်ကံအကျိုးပေးကောင်းလို့ ချမ်းချမ်းသာသာမွေးလာတဲ့  ကုဋေရှစ်ဆယ်သူဋ္ဌေးသားတောင် အလုပ်မကောင်းရင် ဘဝပျက်နိုင်တယ်မဟုတ်ဘူးလား
ဒါဆိုပြောင်းပြန်တွေးကြည့်ပါ ကံကောင်းလှပါတယ်ဆိုတဲ့ ကုဋေရှစ်ဆယ်သူဋ္ဌေးသားတောင် ပေါက်ကရတွေလျှောက်လုပ်ရင် မြောင်းထဲရောက် ဘဝပျက်နိုင်တာပဲ
လောလောဆယ်မြောင်းထဲရောက်ပြီး ကံဆိုးလှပါတယ်ပဲထားဦး..ကုဋေရှစ်ဆယ်သူဋ္ဌေးသားလို ဘဝမျိုးရောက်နိုင်ပါတယ် ရှင်းရှင်းလေးပါ
ဟုတ်ပြီ  ပစ္စုပ္ပန်မှာ လုပ်တဲ့ အလုပ် ဆိုတာကရော...? ဘယ်လိုအလုပ်လဲ...?
ကိုယ်လုပ်နေတဲ့အလုပ်အကြောင်း ဘယ်နှခါလောက်သေချာစဉ်းစားဖူးပါသလဲ ?
ကိုယ့်အလုပ်က မြောင်းထဲမရောက်ပေမယ့် မြောင်းနှုတ်ခမ်းလောက်မှာရှိနေရတဲ့ ထမင်းစားရရုံ အလုပ်လား
တစ်လကို တစ်သိန်းလောက်ရမယ့်အလုပ်လား
စားနိင်ရုံသောက်နိုင်ရုံ အလုပ်လား
ကားလေးတစ်စီးလောက် ဝယ်စီးနိုင်ရုံအလုပ်လား
ကိုယ်လက်ရှိလုပ်နေတဲ့ အလုပ်က ကိုယ့်ကိုဘယ်လိုဘဝမျိုးမှာထားမယ့်အလုပ် ဆိုတာကိုရော သေချာတွေးကြည့်ဖူးကြပါရဲ့လား ?
အလုပ်တိုင်းက သူ့အတိုင်းအတာနဲ့သူ အကျိုးပေးပါတယ်...သူအကျိုးပေးသလောက်က ကိုယ်ဒီဘဝမှာရချင်တာနဲ့ကိုက်ညီရဲ့လား ကိုယ်လိုချင်တဲ့ဘဝမျိုးကိုပို့ပေးနိုင်ရဲ့လား ဆိုတာပဲစဉ်းစားရမှာ...ကိုယ်ရောက်ချင်တဲ့နေရာကို ပို့မပေးနိုင်တဲ့အလုပ်ကိုတော့ ဖက်တွယ်မနေသင့်ပါဘူး
ဒါကြောင့် ကိုယ်ရောက်ချင်တဲ့ဘဝမျိုးကို ရောက်အောင်ပို့ပေးနိုင်တယ်လို့ ယုံကြည်တဲ့ အလုပ်မျိုးကိုပဲ သေချာစဉ်းစားရွေးချယ်ပြီး လုပ်ပါ
ကိုယ်ဘယ်အလုပ်လုပ်မှာလဲ ဆိုတာစဉ်းစားပြီးပြီ ရွေးချယ်ပြီးပြီဆိုရင် အဲ့ဒီအလုပ်ကို ဘယ်လိုလုပ်မှာလဲဆိုတာ...အဲ့ဒီအပိုင်းက ပိုအရေးကြီးလာပါပြီ
ဘယ်လိုနည်းလမ်းတွေနဲ့လုပ်မှာလဲဆိုတာ နေ့စဉ်ကောင်းသထက်ကောင်းအောင်စဉ်းစားရမှာပါ
ဒီလ ငါအလုပ်ကြိုးစားရဲ့သားနဲ့ ငါးသိန်းပဲရတယ် လို့မညီးပါနဲ့ ပြီးခဲ့တဲ့လကလည်း ကြိုးစားခဲ့တာပဲ ငါးသိန်းဝန်းကျင်လောက်ပဲ ရခဲ့တာပဲ.... ဒါကို ဒီပုံစံအတိုင်းထပ်ကြိုးစားတဲ့အခါ
ငါးသိန်းပဲ ထပ်ရတာမထူးဆန်းပါဘူး
တကယ်တော့ ငါးသိန်းထက်ပိုရချင်ရင်
ငါးသိန်းထက်ပိုရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပိုစဉ်းစားပြီး နည်းလမ်းတွေတွေ့အောင်ရှာ ကိုယ်လုပ်နေတဲ့ပုံစံကိုပြောင်းပြီးလုပ်ရမှာပါ
ခုဏကပြောခဲ့တဲ့ လူနှစ်ယောက်ရဲ့ကွာခြားချက်က
အဲ့ဒါပါပဲ...မယုံရင် ခဏလေးနဲ့အောင်မြင်သွားတဲ့လူကို အနီးကပ်ပေါင်းသင်းပြီးလေ့လာကြည့် သူ့ဆီမှာ အများနဲ့မတူတဲ့ နည်းလမ်းတွေ ဗဟုသုတတွေ အရမ်းကောင်းတဲ့ အဆက်အသွယ်တွေ ထူးခြားပြောင်မြောက်တဲ့ အစီအစဉ်တွေ ရှိနေတာတွေ့ရပါလိမ့်မယ်
အလုပ်ကို ဘယ်လိုပိုထိရောက်အောင်လုပ်ရမလဲ ?
ဘယ်နေရာတွေ ဘယ်သူတွေဆီက ကိုယ့်အလုပ်နဲ့ပတ်သက်တဲ့အသိပညာ အတတ်ပညာတွေတိုးတက်ဖို့ သင်ယူလေ့လာရမလဲ ?
ဒီအလုပ်ကိုပဲ အခြားအောင်မြင်နေတဲ့လူတွေဘယ်လိုလုပ်ကြလဲ ? ဒီအလုပ်အတွက် အဆက်အသွယ်ကောင်းတွေ ဘယ်နေရာကနေဘယ်လိုရှာရမလဲ ?
မေးခွန်းတွေ မေးပါ
ရေးပြီးမှတ်သားပါ
ပြီးရင် တကယ်ပြောင်းလဲလုပ်ဆောင်ကြည့်ပါ...
မယုံရင် လုပ်ကြည့်ပါ အနည်းဆုံးတော့ ဦးနှောက်မပါပဲ အလုပ်လုပ်နေတာထက်ပိုသက်သာပြီး ကိုယ့်အလုပ်ကလည်း
အရင်ကလို ငြီးငွေ့စရာတစ်ကွက်မှမရှိပဲ ပိုပြီးစိတ်ဝင်စားစရာကာင်းလာတာ ချစ်ဖို့ကောင်းလာတာ
အသေအချာကို သတိထားမိပါလိမ့်မယ်...
တကယ်ပါ....အလုပ်ကြိုးစားတာတစ်ခုတည်းနဲ့တော့
ဘဝမှာ အောင်မြင်ကြီးပွားဖို့ခက်လွန်းပါတယ်...
စက်ပစ္စည်းတွေဟာ အလုပ်တွေပိုထိရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ မစဉ်းစားတတ်ပါဘူး...အလုပ်တော့ အကြာကြီး လုပ်နိုင်ပါတယ်...တနည်းအားဖြင့် စက်ပစ္စည်းတွေလည်း
အလုပ်ကြိုးစားကြပါတယ် 😁
အလုပ်လုပ်နေတဲ့စက်တစ်လုံးနဲ့ အလုပ်လုပ်နေတဲ့လူတစ်ယောက်ရဲ့ အဓိကကွာခြားတာဟာ အဲ့ဒီအချက်ပါပဲခင်ဗျာ....... 😌😌
အလုပ်လုပ်တာလျှော့ပြီး စဉ်းစားတာတိုးကြည့်ရအောင်
(တနည်းအားဖြင့် ကံကောင်းအောင်လုပ်ကြရအောင်ပါ
☺☺)
Credit..#LEO
#LBC_Group