Damodar K. Mavalankar .....
အပိုင်း(၂)
ရှမ်ဘဲလားစေတမန်။ ။
ဒမိုးဒါးသည်သီအိုဆိုဖီအသင်းတော်ကြီး၏ဆောင်ရွက်ချက်များဖြစ်သောအမျိုးဇာတ်၊အယူဝါဒ၊လိင်၊အတန်းအစား၊အသွေးအရောင်မခွဲခြားဘဲ လူသားအားလုံး ညီရင်းအစ်ကိုပမာချစ်ခင်ကြင်နာရေး၊ဘာသာတရား၊ဒဿ နဗေဒ၊သိပ္ပံပညာအထူးတို့ကိုလေ့လာအားပေးရင်းနှင့် သဘာဝအတွင်း၌ရှိနေသော မသိရသေးသည့်နိယာမတရားများကို ဖေါ်ထုတ်ရေး စသည်တို့ကိုယုံကြည်သည်။ ထို့ကြောင့်ပင်မိမိ မိသားစု၏ စိတ်ချမ်းသာရေးကိုကြောခိုင်းကာအသင်းတော်ကြီး၏အသင်းသားတစ်ဦးအဖြစ်ဝင်ရောက်ခဲ့ပြီး နောင်အခါအသင်းကြီးမှလစဉ်ထုတ်ဝေသောသီအိုဆိုဖီအသင်းမဂ္ဂဇင်းကြီးကို
တာဝန်ခံထုတ်ဝေခဲ့သူဖြစ်သည်။
အသင်းတော်ကြီးအား နှစ်ပေါင်း၁၀၀ ကျော်ကျော်တည်တံ့ခိုင်မြဲအောင်အုတ်မြစ်ချခဲ့သူသုံးဦးအနက်ဒမိုးဒါးသည် တစ်ဦးဖြစ်သည်ဟုဆိုသည်။ကျွန်ုပ်တို့ရှင်တော်မြတ်ဗုဒ္ဓက 'နာနာဆန္ဒ'
ဟုဟောကြားတော်မူခဲ့၏။ လူသည်ထူးဆန်းသောသတ္တဝါဖြစ်
သည်။လူနှစ်ဦးရှိလျှင်ဆန္ဒနှစ်မျိုးရှိသည်။တစ်ဦးနှင့်တစ်ဦးသ
ဘောထားမတူ။ထာဝစဉ်သဘောထားကွဲနေတတ်၏။သို့ဖြစ်
၍လူအများစုဝေးထားသည့်အသင်းအဖွဲ့သည်တည်တံ့ခိုင်မြဲ
ရန်မလွယ်။သို့သော်...ဗိုလ်မှူးကြီးအော်လ်ကော့၊မဒမ်ဘလာဘတ်စကီးနှင့်ဒမိုးဒါးတို့၏ကိုယ်ကျိုးစွန့်ဆောင်ရွက်ခဲ့မှုကြောင့် သီအိုဆိုဖီအသင်းတော်ကြီးကားယနေ့ထိတည်တံ့ခိုင်မြဲသည်ဟုဆိုရမည်။
ဗုဒ္ဓဘာသာဝင်သူတော်စဉ်ဒမိုးဒါးအားငယ်စဉ်ကပင်ရှမ်ဘဲလားဟုသူတော်စဉ်ဆရာသခင်များအိပ်မက်ပေး၍ လူသားတို့၏ငြိမ်းခိမ်းရေး၊လူသားအချင်းချင်းညီရင်းအစ်ကိုသဖွယ် ချစ်ခင်အောင်ဆောင်ရွက်နိုင်ရေး၊ကိုပြုလုပ်ရန်တိုက်တွန်းခဲ့သည်။
ထိုသီအိုဆိုဖီအသင်းတော်ကြီး၏ဌာနချုပ်အား အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှ အိန္ဒိယနိုင်ငံသို့ ပြောင်းရွှေ့ခဲ့သူများမှာအသင်းတော်ကြီးအားစတင်တည်ထောင်သူများဖြစ်သည့် ဗိုလ်မှူးကြီးအောလ်ကော့နှင့်မဒမ်ဘလာဘတ်စကီးတို့ဖြစ်ကြသည်။ဤသို့ ပြောင်းရွှေ့လာရန်ရှမ်ဗဲလားမှဆရာသခင်သူတော်စင်တို့ကလမ်းညွှန်ခဲ့ကြသည်။သဝဏ်လွှာများပေးပို့၍လည်းစေခိုင်းခဲ့ကြသည်။
အသင်းကြီး၏တည်နေရာသည်အိန္ဒိယနိုင်ငံသို့ပြောင်းရွှေ့လာသည်နှင့်ဒမိုးဒါးသည်အသင်းဝင်ဖြစ်လာခဲ့ပြီး အသင်းတော်ကြီးတည်တံ့ခိုင်မြဲရေးကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူဖြစ်၏။
သို့ဖြစ်၍ ဗိုလ်မှူးကြီးအော်လကော့သည်"ဗုဒ္ဓ ဘာသာလက်စွဲကျမ်း(The Buddhist Catchism)"ကိုပြုစုခဲ့ပြီးနောက် သီအိုဆိုဖီအသင်းတော်ကြီး၏သမိုင်းဟုကင်ပွန်းတပ်ခံရသော"ဒိုင်ယာရီအဟောင်း၏စာမျက်နှာများ(Old Diary Leaves)"အမည်ရှိသောမှတ်တမ်းကြီးကိုရေးသားထုတ်ဝေခဲ့၏။
ထိုစာအုပ်ကြီးများသည် အတွဲပေါင်း၆တွဲ ရှိပြီးစာမျက်နှာပေါင်း
၃၀၀၀ နီးပါးရှိခဲ့ပါသည်။ယင်းစာအုပ်ကြီးတွင်ဗိုလ်မှူးကြီးအော်လ်ကော့က အသင်းတော်ကြီးကိုအရှည်သဖြင့်တည်တံ့ ခိုင်မြဲရေးမှာ
ပါရမီရှင်မျိုးဆက်သစ်လူငယ်များ မွေးထုတ်ရမည်ဖြစ်သည်ဟုရေးသားခဲ့သည်။ဤပါရမီရှင် လူငယ်များအနက် ဒမိုးဒါးသည် အားအကိုးရဆုံးဖြစ်ပြီးနောင်အခါတွင် အသင်းတော်ကြီး၏အကျိုးဆောင်အတွင်းရေးမှူးဖြစ်သောမဒမ်ဘလာဘတ်စကီးနေရာတွင်ဆက်ခံနိုင်မည့်ပါရမီရှင်တစ်ဦးဖြစ်သည်ဟုတင်ကြိုဟောကိန်းထုတ်ရေးသားခဲ့သည်။
ဒမိုးဒါးသည်ရှမ်ဗဲလားမှဆရာသခင်သူတော်စင်များနှင့်အိပ်မက်အားဖြင့်၎င်း၊သဝဏ်လွှာအားဖြင့်၎င်း...လူကိုယ်တိုင်အားဖြင့်၎င်း ဆက်သွယ်နိုင်ခဲ့သည်ဟုလူအများကယုံကြည်ခဲ့ကြ၏။သို့ဖြစ်၍ လူအများကဒမိုးဒါးအား"ရှမ်ဗဲလားစေတမန်"
ဟုကင်ပွန်းတပ်ခဲ့ကြသည်။

No comments:
Post a Comment