❌ Work Hard ❌ Vs ✅ Work Smart ✅
အလုပ်လုပ်တာလျှော့ပြီး စဉ်းစားတာတိုးကြည့်ရအောင်
(တနည်းအားဖြင့် ကံကောင်းအောင်လုပ်ကြရအောင်)
………………………………………………

'' အလုပ်အရမ်းလုပ်တာပဲ ဒါပေမယ့် အဆင်မပြေဘူး ''
ဆိုတဲ့ လူတွေကို ပြောချင်တာရှိပါတယ်
အလုပ် တိုးတက်ချင်တယ် ကြီးပွားအောင်မြင်ချင်တယ်ဆိုရင်
လုပ်နေကျအတိုင်း အလုပ်လုပ်နေတာကို နည်းနည်းလျှော့ပါ များများပိုပြီးစဉ်းစားပါ...
အလုပ်လုပ်ရမယ် ကြိုးစားရမယ်ဆိုပြီး အလုပ်ချည်းပဲ လုပ်ရိုးလုပ်စဉ်ပုံစံအတိုင်း ဖိလုပ်နေမယ့်အစား အလုပ်ကိုဘယ်လိုထိရောက်အောင်လုပ်မလဲဆိုတာကို
စဉ်းစားအဖြေရှာတဲ့အချိန်လေး နေ့စဉ်ပိုပေးသင့်ပါတယ်
ဒါကို အချို့သော ''ငါက လက်တွေ့သမားကွ'' လို့ ကြွေးကြော်တတ်သူတွေ ကိုယ့်ကိုယ်ကိုခေါင်းစဉ်တပ်ထားသူတွေ လက်ခံချင်မှ လက်ခံနိုင်ပါလိမ့်မယ်
လေထဲတိုက်အိမ်ဆောက်တယ်တို့ ဘာတို့တွေ ပြောပါလိမ့်မယ်
ဒါပေမယ့် သူတို့ကိုဂရုမစိုက်ပါနဲ့..
သူတို့ကအလုပ်လုပ်ချင်တာပါ အောင်မြင်ကြီးပွားချင်တာမဟုတ်ပါဘူး
လောကကြီးမှာ သူတို့လိုလူတွေလည်းလိုအပ်ပါတယ်
Work Hard သမားတွေရှိမှ Work Smart သမားတွေသက်သာမှာပါ..... ☺☺

ပတ်ဝန်းကျင်မှာကြည့်ပါ
လူတစ်ယောက် အလုပ်အရမ်းလုပ်တာပဲ လို့ အားလုံးကပြောကြပေမယ့်
အချိန်ကြာတဲ့အထိ ဘဝကတိုးတက်လာတာ မြင့်မားလာတာမရှိပဲ ဒုံရင်းကဒုံရင်းအတိုင်းရှိနေတဲ့ အလုပ်ကြိုးစားတဲ့လူတွေကို တွေ့ဖူးမယ်ထင်ပါတယ်....
နောက်တစ်မျိုးကျတော့ သူဘာမှဟုတ်တိပတ်တိလုပ်နေတာမတွေ့ပဲ နှစ်အနည်းငယ်လေးအတွင်းမှာ ဘဝပြောင်းပြီး ကြီးပွားသွားသူတွေကိုလည်း တွေ့ဖူးပါလိမ့်မယ်....

လူတွေက အဲ့ဒီလူနှစ်မျိုးကိုကြည့်ပြီးပြောတတ်ပါတယ်
ဟိုတစ်ယောက်တော့ ကံဆိုးလိုက်တာ သူ့လောက်အလုပ်ကြိုးစားတာသူပဲရှိတယ် အခုထိပင်ပန်းဆင်းရဲလိုက်တာ...
ဟိုတစ်ယောက်များ ကံကောင်းလိုက်တာ ဘာမှဖြင့်လုပ်တာမဟုတ်ပဲ ကြီးပွားသွားတယ် ...ဆိုပြီး
အမှန်တော့ သူတို့နှစ်ယောက်ကို ကွာခြားသွားစေတာက
အလုပ်ဘယ်လောက်လုပ်လဲဆိုတာ မဟုတ်ပါဘူး
ဘယ်လိုအလုပ်မျိုးကို ဘယ်လိုပုံစံနဲ့လုပ်လဲဆိုတာပါ...
အချိန်တိုနဲ့အောင်မြင်သွားတဲ့ တစ်ယောက်က သူအောင်မြင်ဖို့အတွက် ဘယ်လောက်တောင်စဉ်းစားတယ် နည်းလမ်းတွေရှာဖွေတယ်..သူ့အလုပ်အတွက်ဘယ်လောက်တောင် လေ့လာမှတ်သားတယ် ဘယ်လိုနည်းတွေနဲ့ပညာတွေသင်ယူတယ်ဆိုတာ ဘယ်သူမှသတိမထားမိတဲ့အတွက် ကံကောင်းတယ်လို့ထင်နေကြတာပါ...

ဒီနေရာမှာ တစ်ခုပြောချင်တာက
လူတစ်ယောက်ရဲ့အနာဂါတ်ဘဝ ဘယ်လိုဖြစ်လာမလဲဆိုတဲ့မေးခွန်းအတွက်
အတိတ်ကံက အရေးမပါပါဘူး ကျွန်တော်ပြောတာယုံပါ
အတိတ်ကံဟာ လူတစ်ယောက်ကြီးပွားတိုးတက်မှာကို
ဘယ်လိုနည်းနဲ့မှ မတားဆီးမပိတ်ဆို့နိုင်ပါဘူး
ပစ္စုပ္ပန်ကံဖြစ်တဲ့ အလုပ် ကသာ လူတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲစေနိုင်တာပါ..
စဉ်းစားကြည့်ပါ အတိတ်ကံက လူမိုက်တစ်ယောက်ကိုဘဝမပျက်ဖို့ တားဆီးပေးနိုင်ပါသလား
အတိတ်ကံအကျိုးပေးကောင်းလို့ ချမ်းချမ်းသာသာမွေးလာတဲ့ ကုဋေရှစ်ဆယ်သူဋ္ဌေးသားတောင် အလုပ်မကောင်းရင် ဘဝပျက်နိုင်တယ်မဟုတ်ဘူးလား
ဒါဆိုပြောင်းပြန်တွေးကြည့်ပါ ကံကောင်းလှပါတယ်ဆိုတဲ့ ကုဋေရှစ်ဆယ်သူဋ္ဌေးသားတောင် ပေါက်ကရတွေလျှောက်လုပ်ရင် မြောင်းထဲရောက် ဘဝပျက်နိုင်တာပဲ
လောလောဆယ်မြောင်းထဲရောက်ပြီး ကံဆိုးလှပါတယ်ပဲထားဦး..ကုဋေရှစ်ဆယ်သူဋ္ဌေးသားလို ဘဝမျိုးရောက်နိုင်ပါတယ် ရှင်းရှင်းလေးပါ

ဟုတ်ပြီ ပစ္စုပ္ပန်မှာ လုပ်တဲ့ အလုပ် ဆိုတာကရော...? ဘယ်လိုအလုပ်လဲ...?
ကိုယ်လုပ်နေတဲ့အလုပ်အကြောင်း ဘယ်နှခါလောက်သေချာစဉ်းစားဖူးပါသလဲ ?
ကိုယ့်အလုပ်က မြောင်းထဲမရောက်ပေမယ့် မြောင်းနှုတ်ခမ်းလောက်မှာရှိနေရတဲ့ ထမင်းစားရရုံ အလုပ်လား
တစ်လကို တစ်သိန်းလောက်ရမယ့်အလုပ်လား
စားနိင်ရုံသောက်နိုင်ရုံ အလုပ်လား
ကားလေးတစ်စီးလောက် ဝယ်စီးနိုင်ရုံအလုပ်လား
ကိုယ်လက်ရှိလုပ်နေတဲ့ အလုပ်က ကိုယ့်ကိုဘယ်လိုဘဝမျိုးမှာထားမယ့်အလုပ် ဆိုတာကိုရော သေချာတွေးကြည့်ဖူးကြပါရဲ့လား ?
အလုပ်တိုင်းက သူ့အတိုင်းအတာနဲ့သူ အကျိုးပေးပါတယ်...သူအကျိုးပေးသလောက်က ကိုယ်ဒီဘဝမှာရချင်တာနဲ့ကိုက်ညီရဲ့လား ကိုယ်လိုချင်တဲ့ဘဝမျိုးကိုပို့ပေးနိုင်ရဲ့လား ဆိုတာပဲစဉ်းစားရမှာ...ကိုယ်ရောက်ချင်တဲ့နေရာကို ပို့မပေးနိုင်တဲ့အလုပ်ကိုတော့ ဖက်တွယ်မနေသင့်ပါဘူး
ဒါကြောင့် ကိုယ်ရောက်ချင်တဲ့ဘဝမျိုးကို ရောက်အောင်ပို့ပေးနိုင်တယ်လို့ ယုံကြည်တဲ့ အလုပ်မျိုးကိုပဲ သေချာစဉ်းစားရွေးချယ်ပြီး လုပ်ပါ

ကိုယ်ဘယ်အလုပ်လုပ်မှာလဲ ဆိုတာစဉ်းစားပြီးပြီ ရွေးချယ်ပြီးပြီဆိုရင် အဲ့ဒီအလုပ်ကို ဘယ်လိုလုပ်မှာလဲဆိုတာ...အဲ့ဒီအပိုင်းက ပိုအရေးကြီးလာပါပြီ
ဘယ်လိုနည်းလမ်းတွေနဲ့လုပ်မှာလဲဆိုတာ နေ့စဉ်ကောင်းသထက်ကောင်းအောင်စဉ်းစားရမှာပါ
ဒီလ ငါအလုပ်ကြိုးစားရဲ့သားနဲ့ ငါးသိန်းပဲရတယ် လို့မညီးပါနဲ့ ပြီးခဲ့တဲ့လကလည်း ကြိုးစားခဲ့တာပဲ ငါးသိန်းဝန်းကျင်လောက်ပဲ ရခဲ့တာပဲ.... ဒါကို ဒီပုံစံအတိုင်းထပ်ကြိုးစားတဲ့အခါ
ငါးသိန်းပဲ ထပ်ရတာမထူးဆန်းပါဘူး
တကယ်တော့ ငါးသိန်းထက်ပိုရချင်ရင်
ငါးသိန်းထက်ပိုရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပိုစဉ်းစားပြီး နည်းလမ်းတွေတွေ့အောင်ရှာ ကိုယ်လုပ်နေတဲ့ပုံစံကိုပြောင်းပြီးလုပ်ရမှာပါ
ခုဏကပြောခဲ့တဲ့ လူနှစ်ယောက်ရဲ့ကွာခြားချက်က
အဲ့ဒါပါပဲ...မယုံရင် ခဏလေးနဲ့အောင်မြင်သွားတဲ့လူကို အနီးကပ်ပေါင်းသင်းပြီးလေ့လာကြည့် သူ့ဆီမှာ အများနဲ့မတူတဲ့ နည်းလမ်းတွေ ဗဟုသုတတွေ အရမ်းကောင်းတဲ့ အဆက်အသွယ်တွေ ထူးခြားပြောင်မြောက်တဲ့ အစီအစဉ်တွေ ရှိနေတာတွေ့ရပါလိမ့်မယ်
အလုပ်ကို ဘယ်လိုပိုထိရောက်အောင်လုပ်ရမလဲ ?
ဘယ်နေရာတွေ ဘယ်သူတွေဆီက ကိုယ့်အလုပ်နဲ့ပတ်သက်တဲ့အသိပညာ အတတ်ပညာတွေတိုးတက်ဖို့ သင်ယူလေ့လာရမလဲ ?
ဒီအလုပ်ကိုပဲ အခြားအောင်မြင်နေတဲ့လူတွေဘယ်လိုလုပ်ကြလဲ ? ဒီအလုပ်အတွက် အဆက်အသွယ်ကောင်းတွေ ဘယ်နေရာကနေဘယ်လိုရှာရမလဲ ?
မေးခွန်းတွေ မေးပါ
ရေးပြီးမှတ်သားပါ
ပြီးရင် တကယ်ပြောင်းလဲလုပ်ဆောင်ကြည့်ပါ...
မယုံရင် လုပ်ကြည့်ပါ အနည်းဆုံးတော့ ဦးနှောက်မပါပဲ အလုပ်လုပ်နေတာထက်ပိုသက်သာပြီး ကိုယ့်အလုပ်ကလည်း
အရင်ကလို ငြီးငွေ့စရာတစ်ကွက်မှမရှိပဲ ပိုပြီးစိတ်ဝင်စားစရာကာင်းလာတာ ချစ်ဖို့ကောင်းလာတာ
အသေအချာကို သတိထားမိပါလိမ့်မယ်...

တကယ်ပါ....အလုပ်ကြိုးစားတာတစ်ခုတည်းနဲ့တော့
ဘဝမှာ အောင်မြင်ကြီးပွားဖို့ခက်လွန်းပါတယ်...
စက်ပစ္စည်းတွေဟာ အလုပ်တွေပိုထိရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ မစဉ်းစားတတ်ပါဘူး...အလုပ်တော့ အကြာကြီး လုပ်နိုင်ပါတယ်...တနည်းအားဖြင့် စက်ပစ္စည်းတွေလည်း
အလုပ်ကြိုးစားကြပါတယ် 😁
အလုပ်လုပ်နေတဲ့စက်တစ်လုံးနဲ့ အလုပ်လုပ်နေတဲ့လူတစ်ယောက်ရဲ့ အဓိကကွာခြားတာဟာ အဲ့ဒီအချက်ပါပဲခင်ဗျာ....... 😌😌
ဘဝမှာ အောင်မြင်ကြီးပွားဖို့ခက်လွန်းပါတယ်...
စက်ပစ္စည်းတွေဟာ အလုပ်တွေပိုထိရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ မစဉ်းစားတတ်ပါဘူး...အလုပ်တော့ အကြာကြီး လုပ်နိုင်ပါတယ်...တနည်းအားဖြင့် စက်ပစ္စည်းတွေလည်း
အလုပ်ကြိုးစားကြပါတယ် 😁
အလုပ်လုပ်နေတဲ့စက်တစ်လုံးနဲ့ အလုပ်လုပ်နေတဲ့လူတစ်ယောက်ရဲ့ အဓိကကွာခြားတာဟာ အဲ့ဒီအချက်ပါပဲခင်ဗျာ....... 😌😌
အလုပ်လုပ်တာလျှော့ပြီး စဉ်းစားတာတိုးကြည့်ရအောင်
(တနည်းအားဖြင့် ကံကောင်းအောင်လုပ်ကြရအောင်ပါ
☺☺)

Credit..#LEO
#LBC_Group
#LBC_Group
No comments:
Post a Comment