'' နွားနဲ့မြည်းပုံပြင် ''
@@@@@@@@
* မာဂဓစကားနားလည်တဲ့ ခြံပိုင်ရှင်
လယ်သမားကြီးဟာ ညနေပိုင်းရောက်ရင်
အိမ်ခြံထဲထိုင်ပြီး သူမွေးထားတဲ့ တိရစ္ဆာန်တွေ
ပြောကြဆိုကြတာတွေကို နားစွင့်လေ့ရှိတယ်။
တနေ့ညမှာတော့ နွားက သူ့ဘဝဒုက္ခကြီးမားလှပုံ
အကြောင်း မြည်းကို ညည်းညည်းညူညူ နဲ့
ပြောပြနေသံ သူကြားရတယ်။
နွားက '' ငါ့မှာတနေကုန် တနေခန်း ပင်ပန်းကြီးစွာ
ထွန်းတုံးကို ဆွဲရတယ်။နေပူလို့လည်း မနားရ။
ခြေကုန်လက်ပန်းကျလို့လည်း ခဏအမောမဖြေရ။
လည်ကုတ်တွေဆိုတာ ပေါက်ပြဲနေပြီ။
ဒါလည်း အလုပ် အလုပ်ပဲ။မင်းကျတော့ သက်သာလိုက်
တာကွာ။သခင်သွားစရာလာစရာရှိမှ ရောင်စုံခြုံလွှာ
လှလှလေး ကျောပေါ်ခင်းပြီ ကြော့ကြော့မော့မော့
သွားရတယ်။သခင်ဘယ်မှမသွားဘူးဆိုရင်
မြက်စိမ်းနုနုတွေစားပြီး အားအားယားယား
နားပေတော့ပဲ''တဲ့။
အဲဒီတော့ မြည်းကလည်း စိတ်တိုတဲ့အခါသာ
ခွာနဲ့ပေါက်တတ်ပင်မဲ့ ပင်ကိုယ်က သဘောကောင်းတဲ့
သူဖြစ်လေတော့ နွားကြီးကိုသနားသွားတယ်။
''အေးဗျာ ခင်ဗျားတော်တော်ပင်ပန်းတာပဲ။ခင်ဗျားသက်သာသွားအောင် ကျွန်တော်ကူညီမှဖြစ်မယ်။
ဒီလိုလုပ်ဗျာ''ဆိုပြီ နွားကြီးကို တနေကုန်အနားရအောင်
ဥာဏ်ဆင်ဖို့ နည်းလမ်းပေးတယ်။
မြည်းက ''နောက်နေ့မနက် ခင်ဗျားကို လယ်ထွန်းဖို့
လာခေါ်တဲ့အချိန် ခင်ဗျားမြေကြီးပေါ် လှဲအိပ်ပြီ အော်နေဗျာ။အဲဒါဆို လယ်ထွန်သားက ခင်ဗျားနေမကောင်းဘူး။
လယ်ထွန်နိုင်မှာ မဟုတ်ဘူးလို့ ဆိုလိမ့်မယ်။''
ဒါနဲ့နွားကြီးလည်း မြည်းအကြံပေးတဲ့အတိုင်း
မနက်အိပ်ယာထ လယ်လုပ်သားလာတဲ့အချိန်
နေမကောင်းချင်ယောင်ဆောင်နေတော့ လုပ်သားက
ခြံပိုင်ရှင် လယ်သမားကြီးကို အကျိုးအကြောင်း
သွားပြောတယ်။
အဲဒီအခါ လယ်သမားကြီးက ဘာပြန်ပြောသလဲ
ဆိုတော့ '' လယ်က နားထားလို့ မဖြစ်ဘူးကွ။နွားနေမကောင်းလို့ မထွန်နိုင်ရင် မြည်းကို တပ်ပြီ ထွန်ကွာ''တဲ့။
ဒါနဲ့မြည်းလည်း တနေ့လုံး လယ်ထွန်ရတယ်။
သူ့မိတ်ဆွေသက်သာစေချင်တဲ့ ဆန္ဒနဲ့ ကူညီလိုက်တာ
နောက်ဆုံးတော့ နွားအလုပ် သူဝင်လုပ်လိုက်ရတဲ့
ကိန်း ဆိုက်သွားတာပဲ။ညဘက် ထွန်ကဖြုတ်လို့
အိမ်ပြန်ရတဲ့အချိန် တကိုယ်လုံး ညောင်းညာကိုက်ခဲပြီး
လယ်ကုတ်ကလည်း ကြိုး 'စား'လို့ပြဲနေပြီ။စိတ်လည်း
အတော်တိုနေပြီပေါ့။
အဲဒီညဘက် သူတို့ဘာတွေပြောကြသလဲ
လယ်သမားကြီးက အသာ နားစွင့်ပြန်တယ်။
နွားက အရင်ပြောတယ် '' သူငယ်ချင်း မင်းက
မိတ်ဆွေကောင်း ပီသပါပေတယ်ကွာ။ မင်းအကြံဥာဏ်
ကောင်းတဲ့အတွက် ငါတနေ့လုံး အားအားယားယား
သက်သောင့်သက်သာနေရတယ်ကွ''။
ဒီလိုဆိုတော့ မြည်းက လေသံပြတ်ပြတ်နဲ့ ပြန်ပြောတယ်။ '' အေး ခင်ဗျားက သက်သာတယ်။ကျုပ်က မသက်သာဘူးဗျ။မိတ်ဆွေမို့ ကူညီပါတယ်။နောက်ဆုံးတော့
သူများဝန်ထုပ် ကိုယ့်ဝန်ထုပ်ဖြစ်ရတယ်။တော်ပြီ
နောက်ကို ခင်ဗျားထွန်တုံ ခင်ဗျားပဲဆွဲတော့။မဆွဲလို့လည်း မဖြစ်ဘူး။ သူရင်းဋ္ဌားတယောက်ကို သခင်ပြောနေတာ ကျု ပ်ကြားတယ်။အဲဒီနွား နောက်တခါ နေမကောင်းဖြစ်ရင် သားသတ်ရုံပို့လိုက်တဲ့။ဟုတ်လည်း ဟုတ်တယ်။ ခင်ဗျားက အလုပ်လုပ်ချင်စိတ်မှ မရှိတာဘဲ''တဲ့
အဲဒီနောက်မှာမြည်းနဲ့နွားဟာ စကားမပြောဘဲ တစ်ချီတည်း ဇာတ်လမ်းပြတ်တာပါပဲ။
ဒီပုံပြင်လေးကနေ ကျွန်တော်တို့ကို ပေးတဲ့ သင်ခန်းစာကတော့
'' မင်းမိတ်ဆွေအပေါင်းအသင်းကို ကူညီချင်တယ်ဆို ကူညီပါ။ သို့သော် သူ့ကျောပေါ်က ဝန်ထုပ်
ကိုယ့်ကျောပေါ် ပြောင်းတင်တာမျိုးတော့
မဖြစ်စေနဲ့''ဆိုတဲ့ သင်ခန်းစားလေးပါပဲ။
Credit
သန့်ဇော်
မှတ်ချက်=ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်မှ
ကိုးကားဖော်ပြပါသည်။
No comments:
Post a Comment