Copyright

Monday, January 8, 2018

ပျော်​ရွင်​ဖို့အတွက်


ပျော်​ရွင်​ဖို့အတွက်
   

လူတချို့က အောင်မြင်မှု့ လမ်းကြောင်းစီကိုလိုက်ရင်း
ပျော်ရွှင်မှု့တွေပျောက်ဆုံးလာကြတယ်။
အခမဲ့ရယူလိုက်​တဲ့ အခက်​ခဲ​တွေကို
အောင်​မြင်​မှုအဖြစ်​​ပြောင်းလဲဖို့ ​တော်​ရုံခံစားချက်​​တွေကို
ဘေးဖယ်​စ​တေးလိုက်​တာ မခံစားတတ်​လို့မှမဟုတ်​တာ။

မိသားစုအတွက် နွေးထွေးမှု့တွေ ၊
သူငယ်ချင်းမိတ်ဆွေတွေအတွက် 
အချိန်မပေးနိုင်မှု့တွေက တဖြည်းဖြည်းနဲ့ 
မအားလို့ပါဆိုတဲ့အကြောင်းပြချက်​ပေါင်းများစွာကို
အကြိမ်​ကြိမ်​​ရေရွတ်​ရင်း နာကျင်​ခဲ့တဲ့ဘဝရဲ့
အစိတ်​အပိုင်းကို ဖုံးဖိဖို့ ညစ်​တွန်း တွန်း​နေတာထင်​ရင်
မှားသွားမယ်​ ဘဝရဲ့​ပျော်​ရွင်​မှုဆိုတာ
ကိုယ့်​ဖြစ်​ချင်​တာ ဖြစ်​ရရင်​​ပျော်​ရွင်​ရတာဘ
ဒါ​ကြောင့်​ ကြိုးစား​နေမိတာ။

ဘယ်လောက်ဖြည့်ဖြည့် မပြည့်တဲ့အိုးများလို 
ရလေ လိုလေ အိုတစ္ဆေတွေအများကြီးရှိတယ်။
တကယ်​​တော့မပြည့်​ခဲ့တာမဟုတ်​ဘူး
ပြည့်​တယ်​လို့မထင်​မိတာ။

လိုချင်လောဘအတောမသတ်လို့
ရွှေဥတနေ့တလုံးမှန်မှန်ဥပေးတဲ့ငန်းပုံပြင်လိုပဲ 
အလိုကြီးတော့အရနည်းတတ်တယ်။

အဲ့လိုလူတွေကြောင့်သည်းခံမှု့ဆိုတဲ့
ဘောင်လေးခတ်ခံလိုက်ရတယ်။

တကယ်​​တော့ သည်းခံတယ်​ဆိုတာ
တပါးသူအတွက်​မဟုတ်​ဘူး
ကိုယ့်​အတွက်​ ကိုယ့်​ပန်းတိုင်​အတွက်
ကိုယ့်​ရည်​မှန်​ချက်​​တွေအတွက်​ ကိုယ့်​ကိုယ်​ကို 
သည်းခံလိုက်​တာ။

ဘဝကိုလွယ်​လွယ်​နဲ့အရှုံးမ​ပေးချင်​ဘူး
တိုင်​​ပေါ် အကြိမ်​ကြိမ်​ ပြုတ်​ကျတဲ့ခရု​လေးလို
တစ်​ခါမရင်​နှစ်​ခါ..မ​ရောက်​ခြင်းသွားရမှာက
ကိုယ့်​တာဝန်​..ကိုယ့်​​ဇွဲ ကိုယ့်​ လုံ့ လ ​လေ။

မုန်​လာပင်​စိုက်​ပြီး အရိပ်​ပျိုးခဲ့တာမဟုတ်​ဘူး
ဇွန်​ပန်းစိုက်​ပြီးအရိပ်​ရယူချင်​တာ
မွှေးလည်း​မွှေးရမယ်​ အရိပ်​လည်း ရ ရမယ်
ကြိုးစားခြင်းကအဖိုးအခ များတယ်​ဆိုရင်
ရိုးသားခြင်းကလည်း နှိုင်းတုမရတဲ့တန်​ဖိုး​တွေရှိတယ်​။

ပျော်​ရွင်​ချင်​တယ်​ ဒါ​ကြောင့်​ကြိုးစားတယ်
ပျော်​ရွင်​မှုဆိုတာ ကို​ယ်​ဖြစ်​ချင်​တာဖြစ်​ရရင်​​ပျော်​တယ်
ပျော်​ရွင်​မှုကိုပိုင်​ဆိုင်​မှုစ​တေးထားတဲ့ဝမ်းနည်းခြင်း​တွေ
တချိန်​မှာ ဇွန်​ပန်းရုံလို အရိပ်​လည်းရ ရနံ့  လည်းသင်းဖို့်
ခုချိန်​ ​ရေ​လောင်း​ပေါင်းသင်း​နေတာ
မြက်​ကြမ်း​တွေ စိတ်​မပျက်​ပါနဲ့။

ဘာမထီဘွား...
အ​တွေးစာစု​လေးများ


No comments:

Post a Comment