Copyright

Monday, January 8, 2018

ဘဝခွန်အားဖြည့် စာစုလေးများ


ဘဝခွန်အားဖြည့် စာစုလေးများ

ဘဝမှာအောင်မြင်မှုရဖို့ ဆိုရင် အောင်မြင်သူတွေဘယ်လိုတွေးလဲ? သူတို့ ဘယ်လိုလုပ်ဆောင်သလဲဆိုတာကိုသိထားရမယ်။လက်တွေ့  လုပ်ဆောင်မှအောင်မြင်မှာဖြစ်ပေမယ့် စိတ်ခွန်အားကိုရစေပါတယ်။စိတ်ခွန်အားလေးတွေကိုမျှဝေပါရစေခင်ဗြာ

💰အမှားတွေလုပ်ဖို့ အရေးကြီးပါတယ်။အဆိုးဆုံးအမှားတွေက ဘဝမှာအမှတ်ရစရာတွေဖြစ်လာလို့ ပါဘဲ - ဆာရာ့ဘာခ်ကလေ

💰သင်ကျရှုံးသွားခဲ့ရင်ဘယ်တော့မှနောင်တမရပါနဲ့ ။ဒါပေမယ့် သင်မကြိုးစားလိုက်ဘဲ လက်လွှတ်လိုက်ရတဲ့အရာတွေအတွက်နောင်တရနေပါလိမ့်မယ်

💰သင်ရှေ့ မှာမြင်သလောက်ခရီးဆက်ပါ။သင်မျှော်မှန်းထားတဲ့နေရာကိုရောက်ရင် သင်နောက်ထပ်ခရီးတွေကိုမြင်လာပါလိမ့်မယ်

💰သင်အောင်မြင်ချင်တယ်ဆိုရင် လမ်းသစ်ဖောက်ရပါမယ်။အောင်မြင်သူတွေချမှတ်ထားတဲ့လမ်းတွေပေါ်ကနေ လျှောက်မသွားပါနဲ့ 

💰ကျရှုံးမှုတွေများစွာကြုံရလေလေ အခွင့်အရေးတွေများများရလေပါဘဲ

💰စီးပွားရေးလုပ်ပြီဆိုရင် သည်းခံရပါမယ်။တစ်စုံတစ်ခုကိုရဖို့ အောင်မြင်ဖို့ ဆိုရင် အချိန်ကာလတစ်ခုအထိစောင့်ဆိုင်းရပါတယ်

💰သင်မလုပ်နိုင်ဘူးထင်တဲ့အရာတစ်ကိုကြိုးစားပြီးလုပ်ဆောင်ပါ။ကျရှုံးမှာအသေအချာပါဘဲ။ထပ်ပြီးကြိုးစားပါ။ဒုတိယအကြိမ်မှာပိုကောင်းအောင်ကြိုးစားပါ

💰ရည်မှန်းချက်ကြီးကြီးမားမားထားပါ
သင်ချစ်တဲ့အရာကိုလုပ်ဆောင်ပ
ရည်မှန်းချက်တွေသတ်မှတ်ပြီး နေ့ တိုင်းလုပ်ဆောင်ပါ
အမြဲမပြတ် ကြိုးစားသင်ယူနေပါ
အလုပ်ကြိုးစားပါ

💰မီလီယျံနာသူဌေးကြီးတွေများစွာရှိပါတယ်။သူတို့ ရဲ့ပထမဆုံးရည်မှန်းချက်က ငွေရှာဖို့ ပါဘဲ။အဲ့ရည်မှန်းချက်တွေပြည့်မြောက်သွားတဲ့အခါ သူတို့ ဟာ အခြားသူတွေကိုအားပေးကူညီဖို့ ကြိုးစားကြတော့တယ်။ကမ္ဘာကြီးကဒီလိုဘဲဖြစ်သင့်တာပါ

💰သင်လုပ်တဲ့နေရာမှာမပျော်ဘူးဆိုရင် သင်ဘယ်လိုမှအောင်မြင်မှာမဟုတ်ပါဘူး

💰ဘဝမှာ သေးငယ်တဲ့ဆုံးဖြတ်ချက်တွေကိုဦးနှောက်နဲ့ ဆုံးဖြတ်ပါ။ကြီးမားတဲ့ဆုံးဖြတ်ချက်တွေကိုနှလုံးသားနဲ့ ဆုံးဖြတ်ပါ

💰မိမိကိုယ်ကိုနှိမ့်ချတဲ့သူတယောက်က ကျရှုံးမှာကိုမကြောက်ပါဘူး။တကယ်က သူကဘာကိုမှမကြောက်တာပါ။ပြည့်စုံတဲ့လူသားဆန်မှုက အကောင်းဆုံးယုံကြည်မှုကိုရရှိစေတာပါ

💰ဖြောင့်ဖြူးနေတဲ့လမ်းတွေက ကျွမ်းကျင်တဲ့ကားမောင်းသမားတွေကိုမွေးထုတ်ပေးမှာမဟုတ်ပါဘူး

💰လောကမှာ လူအမျိုးအစား ၃ မျိုးရှိပါတယ်
မိမိလိုချင်တဲ့အရာ ဖြစ်ချင်တဲ့အရာကိုဖြစ်အောင်လုပ်တဲ့သူ
သူတပါးလုပ်ဆောင်ကြိုးစားနေတာကိုစောင့်ကြည့်တဲ့သူ
သူတပါးလုပ်ဆောင်နိုင်တာကိုအံသြနေတဲ့သူ

💰လူတယောက်မှာရှိတဲ့အဆိုးဆုံးရန်သူတွေက သံသယတွေနဲ့ ကြောက်ရွံ့ ခြင်းတို့ ပါဘဲ။သူ့ ကိုယ်သူယုံကြည်နေသမျှကာလပတ်လုံး သူဘာမဆိုလုပ်ဆောင်နိုင်ပါတယ

💰အဓိကကတော့ သင့်ရဲ့နှလုံးသားကိုနားထောင်နိုင်ရမယ်။ပြီးတာနဲ့ နှလုံးသားကဖြစ်ချင်တဲ့အရာတွေကို အိမ်မက်တွေဆီကိုပို့ ဆောင်နိုင်ရမယ်

💰သင့်စိတ်မှာတကယ်ဖြစ်ချင်တဲ့အရာတွေ သင့်နှလုံးသားကတကယ်ဖြစ်ချင်တဲ့အရာတွေနောက်ကို လိုက်ဖို့ သတ္တိရှိဖို့ လိုပါတယ်။ဒါကကျွန်တော်တို့ တကယ်လိုချင်တဲ့ဘဝမျိုးဆီကိုခေါ်ဆောင်သွားစေနိုင်ပါတယ်

💰အသက်သာဆုံးလုပ်ဖို့ အလွယ်ဆုံးလုပ်ဖို့ ဘယ်တော့မှမတွေးပါနဲ့ ။ဘယ်လိုအကောင်းဆုံးလုပ်မလဲဆိုတာကိုဘဲတွေးပါ

💰ငွေရဖို့ တစ်ခုထဲဆိုရင်တော့ ဘယ်တော့မှ စီးပွားရေးမလုပ်ပါနဲ့ 

💰ခက်ခဲတဲ့လမ်းမတွေက လှပတဲ့အဆုံးသတ်ဆီကိုဦးတည်နေတာပါ


Credit. To. TopTen


No comments:

Post a Comment