Copyright

Monday, January 8, 2018

ကောင်းမှုတော် ဘုရားကြီး ထုံးသင်္ကန်း ပြန်လည် ကပ်လှူနိုင်ရေး

ကောင်းမှုတော် ဘုရားကြီး ထုံးသင်္ကန်း ပြန်လည် ကပ်လှူနိုင်ရေး စစ်ကိုင်းမြို့မိမြို့ဖ အဖွဲ့ဦးဆောင်၍ လက်မှတ်ထိုး ကမ်ပိန်းစတင် ။ ။ စစ်ကိုင်း၊ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ အထင်ကရကောင်းမှုတော်ဘုရား ကြီးရွှေ ဆေးသင်္ကန်းကပ်လှူထားသည့်သက်တမ်းမှာ ယခုအခါကုန်ဆုံး သွားပြီဖြစ်သောကြောင့် စစ်ကိုင်းမြို့သူမြို့သားများ၏တောင်းဆိုချက်အရ မူလတည်စဉ်ကတည်းက ကပ်လှူထားသည့် ထုံးသင်္ကန်းပြန်လည် ကပ်လှူနိုင်ရန် ဇန်နဝါရီ ၆ ရက်မှစတင်၍ စစ်ကိုင်းမြို့မိမြို့ဖ အဖွဲ့ဦးဆောင် မှုဖြင့် ထုံးသင်္ကန်း ပြန်လည်ကပ်လှူရေး သဘောတူ ကြောင်း လက်မှတ်ရေးထိုးမှုကမ်ပိန်းကို စတင်ပြုလုပ်ကြောင်း သိရသည်။

စစ်ကိုင်းကောင်းမှုတော် ဘုရားကြီးကို သာလွန်မင်းတရား ကြီးက မြန်မာသက္ကရာဇ် ၉၉၈ ခုနှစ်တွင်စတင်တည်ထားခဲ့ပြီး ၁ဝ၁ဝ ခုနှစ် သားတော်မင်းရဲရန္ဒ မိတ်(ပင်းတလဲမင်း)လက်ထက်တွင် ထီးတော်အထွတ်တင်လှူခဲ့သည်။ မူလစတင်တည်ထားကိုးကွယ်ချိန် မှစတင်၍ ထုံးသင်္ကန်းကပ်လှူခဲ့သည့် စစ်ကိုင်းမြို့ဂုဏ်ဆောင် ဘုရားကြီးဖြစ်သည်။ မြို့သူမြို့သားများ၏ တင်ပြချက်များအရ စစ်ကိုင်းမြို့ မြို့မိ မြို့ဖအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလွင် ဦးဆောင်သည့်အဖွဲ့သည် ဇန်နဝါရီ ၄ ရက်က ကောင်းမှုတော်ဘုရား ကြီးဂေါပကအဖွဲ့အား ထုံးသင်္ကန်း ပြန်လည်ကပ်လှူရန်ရှိ၊ မရှိတွေ့ဆုံ ဆွေးနွေးမေးမြန်း၍ ဇန်နဝါရီ ၅ ရက်နေ့တွင် စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းနှင့်အတူ မြို့မိ မြို့ဖအဖွဲ့များလိုက်ပါ၍ စစ်ကိုင်းတိုင်းဒေ သကြီး သံဃနာယကဒုတိယ ဥက္ကဋ္ဌ ခေမာသီဝံ ဆရာတော်ကြီးထံ သွားရောက်သြဝါဒခံယူပြီး ကောင်းမှုတော်ဘုရားကြီး ရွှေ ဆေးသင်္ကန်း ကပ်လှူခြင်းနှင့် ထုံးသင်္ကန်းပြန်လည်ကပ်လှူရန်ကိစ္စအား အဖွဲ့မှလျှောက် ထားကြသည်။

''ကောင်းမှုတော်ဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌနဲ့တော့မတွေ့ ခဲ့ရဘူး။ အလှည့်ကျဂေါပကအဖွဲ့ နဲ့ပဲတွေ့ဆုံမေးမြန်းခဲ့တယ်။ ဂေါပကအဖွဲ့အနေနဲ့ စောစောပိုင်းမှာ သဘောထားမှတ်ချက်ပေးဖို့ ဝန် လေးနေတယ်။ ကျွန်တော့်အမြင် ပြောရင် အင်တင်တင်ပဲ။ နောက် ပိုင်းအပြန်အလှန်ဆွေးနွေးကြ တော့မှ ရွှေဆေးဖြစ်ဖြစ်၊ ထုံးသုတ် တာပဲဖြစ်ဖြစ်ကောင်းမယ်ဆိုရင် သဘောတူပါတယ်ဆိုတာမျိုးပြောပါတယ်။ သံဃနာယကဒုတိယ ဥက္ကဋ္ဌ ဆရာတော်ကြီးကတော့ စစ်ကိုင်းမြို့ခံပြည်သူတွေနဲ့ အများ ပြည်သူတွေဆန္ဒနဲ့အညီ ယခင်ထုံး သင်္ကန်းနဲ့ဖူးမြော်ရတာကို ပိုမိုကြည်ညိုမိတာကြောင့် ထုံးသင်္ကန်း ပြန်လည်ကပ်လှူမယ်ဆိုတာကို သဘောတူပါကြောင်းမိန့်ပါတယ်'' ဟု စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့အတွင်းရေးမှူး ဦးဇော်ဝင်းက ပြောကြားသည်။

စစ်ကိုင်းမြို့မိမြို့ဖအနေဖြင့် အများတောင်းဆိုချက်အရ စေတီ တော်ကြီးအား ထုံးသင်္ကန်းကပ်လှူ နိုင်ရေးဆက်လက်ဆောင်ရွက်ရန် လိုအပ်သဖြင့် Signature Campaign လက်မှတ်ထိုးကမ်ပိန်းလုပ် ငန်းကို ဇန်နဝါရီ ၆ ရက်မှ စတင် ဆောင်ရွက်ခဲ့ပြီး ကောက်ခံထား သည့်ဆန္ဒပြုလက်မှတ်များကို စစ် ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဆက်လက်ဆောင်ရွက်ပေးပါရန် ဖေဖော်ဝါရီလတွင် ပေးပို့တင်ပြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့သတင်းစုံ - Myanmar News
Credit to Democracytoday

No comments:

Post a Comment