“အလုပ်ချက်ခြင်းရစေတဲ့ မိတ်ဆက်နည်း”ဆိုလို့ ဘယ်သူနဲ့ ဘယ်လို ဆွေမျိုးတော်တယ် ဆို
ပြီး မိတ်ဆက်တာမျိုး လို့ တော့ မထင်လောက်ပါဘူး။ကိုယ့် အရည်အချင်းကြောင့်
ကိုယ့်ကို အထင်ကြီးအောင်၊ ကိုယ့် ကို အလုပ်မခန့် မိရင်တောင် အလုပ်ရှင် အနေနဲ့ 
နှမျောတသ ဖြစ်သွားအောင်…ကိုယ့်ကိုကိုယ် မိတ်ဆက်နည်းပါ…
(ပထမ..ရေးတုန်းကတော့ Cover Letter မိတ်ဆက်စာ ရေးနည်း အကြောင်း ပြောပြချင်တာပါ။
ဒါပေမယ့် .. အခုခေတ်ကျတော့ CV မှာ Cover Letter ကို သိပ် တချို့နေရာတွေ မှာ
ရေးဖို့ မလိုကြတော့ တာတွေ့  ရတယ်။လိုအပ်ရင်တော့ Cover letter ကို ဒီ
အတိုင်းရေးကြပါ။ ဒါပေမယ့်  အီးမေလ် နဲ့ CV ကို ပို့ တဲ့ အခါ မျိုးမှာ အီးမေးလ်
ထဲမှာ မိတ်ဆက်စာအနေနဲ့ ရေးဖို့သိပ် အသုံးဝင်ပါတယ်။
ပို အရေးကြီးတာ က အင်တာဗျုးဖြေရင်..
အလုပ်ခန့် မဲ့ သူက မေးခွန်း တခု အမြဲ မေးတတ်တယ်။ အဲဒီမေးခွန်းက..”ဒီအလုပ်ကို
ဘာကြောင့် လို ချင်တာလဲ” လို့ ။ တို့ ကုမ္ဗဏီ၊ တို့ အဖွဲ့ အစည်းမှာ ဘာကြောင်
့လုပ်ချင်တာလဲ”.. ဆိုတဲ့ မေးခွန်းပါ။ အလုပ်ရှင်ဘက်က အမြဲ လိုလို သိချင်တဲ
့အကြောင်းပါ။ တော်တော်များများ ဘာဖြေရမလဲ မသိဘူး ဖြစ်သွားတတ် ကြတယ်။ ကဲ…အဲဒီလို
ဖြစ်မသွားအောင်၊ အလုပ်ခန့် မဲ့ သူ အထင်ကြီးသွားအောင် ပြင်ဆင်ကြရအောင်။ အရင်ရေးခဲ
့အတိုင်း Cover Letter မိတ်ဆက်စာရေးနည်း အတိုင်းရေးထားတယ်။ ဥာဏ် ရှိသလို
အသုံးပြုပါ..)
တကယ်တော့ Cover Letter ဆိုတာ ကိုယ့်ကို ကိုယ် မိတ်ဆက်တာပါပဲ။ အလုပ်ခန့် မဲ့သူ၊ Scholarship ပေးမဲ့သူကိုလက်တို့ ပြီး”ခင်ဗျားတို့ ကျနော့ CVကိုဖတ်ကြည့်စမ်းပါ ဗျာ။ကျနော့မှာ ခင်ဗျားတို့ အလုပ်နဲ့  ကိုက်ညီမဲ့အရည်အချင်းတွေရှိတယ်။ ခင်ဗျားတို့ သဘောကျ မှာပါ“… ဆိုတဲ့စာမျိုးပေါ့။
အဲဒီလို Cover Letter မိတ်ဆက်စာ မျိုး ဘယ်လိုရေးရင်ကောင်းမလဲ…

ကျနော်တို့ က ဘယ်လိုရေးတတ်သလဲဆိုတော့….”Dear Sir/Madam, I would like to apply
for this position of ……..Please see attached my CV.”…. “ခင်ဗျား ခေါ်တဲ့
အလုပ်ရာထူး၊ နေရာအတွက် ကျနော် လျောက်ထားချင်ပါတယ်။ကျေးဇူးပြု ပြီးကျနော့CV
ကိုကြည့်ပေးပါ”….ဆိုတဲ့ ပုံစံမျိုးပေါ့။ CV မြင်ကထဲက.. အလုပ် (ဒါမှမဟုတ်)
စကော်လာရှစ် လျှောက်တာဆိုတာ လူတိုင်းသိတာပဲ။ ဒီစာ၂ကြောင်းလောက်နဲ့ တော့
ဘယ်သူမှစိတ်ဝင်စားမှာမဟုတ်ဘူး။ အမှိုက်ခြင်းထဲရောက်သွားမဲ့ Cover Letter
မိတ်ဆက်စာ မျိုးပေါ့။
အဲဒီတော့ သူတို့ စိတ်ဝင်စားအောင်၊ကိုယ့်CV ချက်ချင်းဖတ်ချင်စိတ် ပေါက်လာအောင် Cover Letter မိတ်ဆက်စာ ဘယ်လိုရေးမလဲ…

ကျနော်အနေနဲ့  Cover Letter မိတ်ဆက်စာ မှာ Paragraph စာပုဒ် ၃ပုဒ် ရေးပါ လို့ 
အကြံပေးချင်တယ်။ သိပ်မတိုလွန်း၊မရှည်လွန်းတဲ့ စာကြောင်း၃/၄ကြောင်းပါတဲ့
စာပုဒ်တွေပေါ့။
ပထမအပုဒ်က…ကိုယ့်အကြောင်းပြောပြတာပါ။ကိုယ့်မှာ ဘယ်လိုဘွဲ့ ၊ဒီဂရီတွေရှိတယ်။ ကိုယ့်လုပ်ငန်းအတွေ့ အကြုံကဘာတွေ၊ ဘယ်လိုအရည်အချင်း၊ အောင်မြင်မှုမျိုးတွေရှိတယ်.. အစရှိတာတွေရေးပါ။ (ကျနော်ရှေ့ မှာ CV ရေးနည်း မှာ ပြောခဲ့သလို ကိုယ်လျှောက်မဲ့ အလုပ်၊ Scholarship programme နဲ့ ဆီလျှော်မဲ့  အကြောင်းတွေပေါ့။)
ဒုတိယအပုဒ်က…သူ့လုပ်ငန်းအကြောင်း နဲ့ အခု သူ ခန့် မဲ့ အလုပ် အကြောင်း ကိုယ်သိတယ်ဆိုတာ ပြောပြရမှာ။အဲဒါကတော့ အလုပ်တခုလျှောက်တော့မယ်ဆိုရင် ကိုယ်လုပ်ရမယ့်ကုပ္မဏီ ၊လုပ်ငန်းအကြောင်း နဲနဲတော့သိနေရမှာပေါ့။ ဘာလို့ လဲဆိုတော့ အလုပ်ခန့် ရင်အဲဒီအဖွဲ့ အစည်းမှာသွားလုပ်ရမှာလေ။ ကိုယ်နဲ့ ကိုက်မကို်က် လေ့လာထားရမှာပေါ့။ ကိုယ်လုပ်ရမဲ့အလုပ်၊နေရာအတွက် ဆို ပိုသိအောင် လုပ်ထားရအုန်းမယ်။ (ဒါကလဲသိဖို့ လွယ်ပါတယ်၊အလုပ်ခေါ်တဲ့၊Scholarship ခေါ်တဲ့ ကြော်ငြာမှာရေးထားတာပဲ၊ သေချာဖတ်ဖို့ ပဲလိုတာ။) အဲဒီိလို သူ့လုပ်ငန်းအကြောင်း၊အခု သူခန့်မဲ့ အလုပ်၊နေရာအကြောင်း ရေးပြလိုက်ရင်အလုပ်ခန့် မဲ့သူ၊ Scholarship ပေးမဲ့သူက သိပ်သဘောကြတာပေါ့။ ငါတို့ အလုပ်အကြောင်း ကောင်းကောင်းသိတယ်၊အလုပ်လျှောက်ကထဲ က ..ကောင်းကောင်း ပြင်ဆင်ထားတယ် ဆိုပြီးတော့ပေါ့။ CV ကိုတောင် မဖတ်ရသေးဘူး၊ Cover Letter မိတ်ဆက်စာ နဲ့ တင်… ခင်ဗျားကို တော်တော်အထင်ကြီးသွားပြီ။ လူဆိုတာကလဲ ကိုယ့်ကိုစိတ်ဝင်တစား ရှိရင် သိပ်သဘောကျ တတ်တာ မျိုးမဟုတ်လား။
တတိယအပုဒ် ကတော့အရေးကြီးဆုံး အပုဒ်ပဲ။ သူနဲ့ကိုယ်နဲ့ ချိတ်ဆက်ပြတော့မယ့်  အပုဒ်ပေါ့၊ ဘယ်လို ရေးရမလဲ ဆိုတော့…”ခင်ဗျားကလဲ ဒီလို အရည်အချင်း၊ဒီလို အတွေ့ အကြုံရှိတဲ့သူ ရှာနေတယ်။ ကျနော့် မှာ လဲ..ခင်ဗျားလိုချင်တဲ့ အရည်အချင်း၊ အတွေ့ အကြုံတွေရှိတယ်။ ဒါကြောင့်  ကျနော့်ကိုသာခန့်  လိုက်ရင် ခင်ဗျားအားကိုးရမှာပါ။ခင်ဗျား အလုပ်အတွက် သိပ်စိတ်ပူစရာမလိုတော့ဘူးပေါ့ ဗျာ။ကျနော်ကလဲ ကျနော်အရည်အချင်းတွေ အစွမ်းကုန်သုံးနိုင်မဲ့ ခင်ဗျားအလုပ်ကိုအလွန်စိတ်ဝင်စားတယ်။ဒါကြောင့် လျှောက်ဖြစ်တာ၊ CVလေးဖတ်ကြည့်ဘာအုန်း”… ပေါ့။
ကဲ..ဒီထက်ကောင်းတဲ့ မိတ်ဆက်စာရှိအုန်းမလား..

ဒီမှာနဲနဲပြောချင်တာက.. Dear Sir/Madam ဆိုတဲ့နေရာမှာ အလုပ်/scholarship
ခေါ်တဲ့သူရဲ့ နာမည်သိရင်နာမည်ထဲ့ရေး၊ဌာနသိရင်ဌာန နာမည် ထည့်ရေးပါ၊အဲဒါက Dear
Sir/Madam ဆိုတာထက် ပိုကောင်းတယ်။သူတို
့ကိုသိတယ်၊ပိုရင်းနှီးတယ်ဆိုတာကိုပြချင်တာ။ခင်ဗျားတို့ ပဲ
စဉ်းစားကြည့်လေ၊ကိုယ့်ကို ဟိုလူကြီးလို့ ရမ်းအခေါ်ခံရ တာထက်..နံမည်ခေါ်ရင်
ပိုကြိုက်၊ ပိုမရင်းနှီး ဘူးလား။
ကဲ..ကျနော် ကတော့ အလုပ်ခန့်မဲ့သူ၊Scholarship ခေါ်တဲ့သူ သေချာပေါက်ကြိုက်မယ့်၊ အင်တာဗျူး ချက်ချင်းခေါ်ချင်မယ့် CV နဲ့ Cover letter ဘယ်လိုရေး ရမယ်..ဆိုတာပြောပြီးပြီ။

အခု ခင်ဗျားတို့ အလှည့် ပဲ။ စတွေး၊စရေးကြတော့။
ပြီးရင်အလုပ်ခေါ်တာတွေ၊Scholarship ခေါ်တာတွေကို ယုံယုံကြည်ကြည်၊
ရဲရဲဝင့်ဝင့်သာလျှောက်။မကြာခင် အင်တာဗျူး အတွက်လာဖို့  ဖုန်းသံကို
ကြားရလိမ့်မယ်။ အင်တာဗျူး ဖြေ ပြီးရင်လဲ အလုပ်ဝင် ဖို့ ဖုန်းသံ ကြားလိမ့်မယ်။
ဒီလို လူမျိုး ဘယ်သူက လက်လွှတ်ချင်မှာလဲဗျာ..
ပျော်ရွှင်အောင်မြင်ကြပါစေ..
ဒေါက်တာ အောင်မျိုး

No comments:
Post a Comment