Copyright

Thursday, January 11, 2018

မျောက်နဲ့ မိချောင်း

ဒီပုံပြင်လေးကို လူတော်တော်များများသိကြမှာပါ
အရမ်းကောင်းတဲ့ ပုံပြင်လေးပေါ့.....။
_____

မျောက်နဲ့ မိချောင်း
°°°°°°°°°°°°°°°°°°
တစ်ခါတုန်းက ပါးနပ်ချက်ချာတဲ့ မျောက်တစ်ကောင်ဟာ အရည်ရွှန်းလှတဲ့ နှင်းပန်းပင်တစ်ပင်ပေါ်မှာ နေထိုင်သတဲ့။ သူက နေ့တိုင်း နှင်းပန်းသီးတွေ စားပီး ပျော်ရွှင်နေတာပေါ့။
တစ်နေ့ကျတော့ ပင်ပန်းနွမ်းနယ်နေတဲ့ မိချောင်းတစ်ကောင်က နှင်းပန်းပင်အောက်က ချောင်းထဲမှာ ရေကူးရင်း မျောက်ကိုတွေ့တော့ အလွန်ဆာလောင်ကြော်ငးပြောတယ်။ ကြင်နာတတ်တဲ့ မျောက်လေးက မိချောင်းကို နှင်းပန်းသီးတွေ ကျွေးလိုက်တယ်။ မိချောင်းက အရမ်းပျော်ရွှင်သွားပီး နောက်နေ့ကော သူလာလို့ရမလားလို့ မျောက်ကို မေးတယ်။ သဘောကောင်းတဲ့ မျောက်က ၀မ်းသာအားရလက်ခံလိုက်တယ်။
အဲဒီလိုနဲ့ မိချောင်းက နေ့တိုင်း နှင်းပန်းသီးတွေ လာစားရင်း သူတို့တွေ အရမ်းခင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်။ မိချောင်းက သူ့မှာ မိန်းမရှိတယ်ပြောတော့ မျောက်က မိချောင်းမအတွက် နှင်းပန်းသီးတွေ ပိုထည့်ပေးလိုက်တယ်။ မိချောင်းမကလည်း နှင်းပန်းသီးတွေ ကြိုက်တော့ နေ့တိုင်း ယောက်ျားကို ယူလာခိုင်းတာပေါ့။
အချိန်တွေကြာလာတော့ မျောက်နဲ့ မိချောင်းကြားက သံယောဇဉ်က ပိုခိုင်မြဲလာတော့ မိချောင်းမက မနာလိုဖြစ်လာတယ်။ အဲဒါနဲ့ မိချောင်းမက မျောက်ကိုစားဖို့ကြံတယ်။ ပထမ မျောက်ကို အလည်ခေါ်ဖို့ ယောက်ျားကို ပြောတယ်။ ယောက်ျား ခေါ်မလာချင်ဘူး။ နောက်ဆုံးကျတော့ မိချောင်းမက နေမကောင်းချင်ယောင်ဆောင်ပီး ဆရာဝန်က သူ့ရောဂါပျောက်ဖို့ မျောက်အသည်းနှလုံးကို စားရမယ်လို့ ပြောတယ်လို့ သူ့ယောက်ျားကို ပြောသတဲ့။ အဲဒါမှ မစားရရင် သူ သေရတော့မယ်ပေါ့။
မိချောင်းမှာ တွေဝေသွားတယ်။ တစ်ဖက်ကလည်း သူငယ်ချင်း၊ တခြားတစ်ဖက်မှာလည်း မိန်းမဖြစ်နေတယ်။ မိန်းမကိုလည်း အသေမခံနိုင်ဘူး။ ဒီကြားထဲ မိန်းမက သူသေရတော့မယ်လို့ တကျီကျီလုပ်တယ်။
နောက်ဆုံးတော့ မိချောင်းက နှင်းပန်းပင်ဆီသွားပီး သူ့အိမ်လိုက်လည်ဖို့ ပြောတယ်။ မျောက်ကလည်း ပျော်ပျော်ပဲ မိချောင်းကျောပေါ်တက်ပီး လိုက်လာတယ်။ မြစ်လယ်ရောက်တော့ မိချောင်းက တဖြည်းဖြည်း ရေအောက်ကို ငုံ့တယ်။ မျောက်ကကြောက်လာပီး ဘာလို့ အဲလိုလုပ်တာလဲလို့ မေးတော့ မိချောင်းက ဖြစ်ကြောင်းကုန်စင်ပြောပြတယ်။ သူ မျောက်ကို သတ်မှဖြစ်မယ်ပေါ့။
ပါးနပ်လွန်းတဲ့ မျောက်က သူ့အသည်းနှလုံးကို ပေးပါ့မယ်။ ဒါပေမဲ့ သူ့နှလုံးက နှင်းပန်းပြင်ပေါ် ကျန်ခဲ့တယ်။ သွားယူရမယ်လို့ ပြောတယ်။ မိချောင်းလည်း ၀မ်းသာအားရနဲ့ မျောက်ကို နှင်းပန်းပင်ဆီ ပြန်လိုက်ပို့တယ်။ နှင်းပန်းပင်လည်း ရောက်ရော မျောက်က သစ်ပင်ပေါ်ခုန်တက်သွားပါတယ်။
ဒီပုံပြင်လေးက ပေးချင်တဲ့ သင်ခန်းစာကတေ
့... ကိုယ့်အပေါ် ကျေးဇူးရှိဖူးသူ သို့မဟုတ် သူငယ်ချင်းမိတ်ဆွေတွေကို ဘယ်တော့မှ သစ္စာမဖောက်ပါနဲ့။ ကိုယ်ပိုင်တွေးခေါ်ဥာဏ်နဲ့ စဉ်းစားတတ်ပါစေ။ မဟုတ်ရင်တော့ မိချောင်းလို သူများပြောသမျှ ခေါင်းငုံ့ခံရသူသာလျှင် ဖြစ်ပါလိမ့်မယ်။
မျောက်ကလေးလို ဒုက္ခရောက်ချိန်မှာ
ပြာလောင်မသွားပဲ အန္တရာယ် လွတ်နိုင်မယ့်
နည်းပရိယာယ် တွေကို အသုံးချတတ်ဖို့လဲ
မမေ့နဲ့နော်...... ��
credit...to

No comments:

Post a Comment