● ထူးခြားသော မှဲ့ (၇)မျိုး ●
❝ လူတိုင်းရဲ့ ခန္ဓ္ဓာကိုယ် နေရာ အနှံ့ မှာ မှဲ့တွေ
ရှိ တတ်ပါတယ်။
တချို့ မှဲ့ တွေက သေးပြီး တချို့ မှဲ့ တွေက အသားပို
ထွက်နေသလို အကြီးကြီးတွေ ဖြစ်ပါတယ်။
မှဲ့ တွေမှာ လူတစ်ယောက် ရဲ့ကျန်းမာရေး၊ စီးပွားရေး ကိစ္စမျိုးတွေ နဲ့ လည်း ဆက်စပ် နေတတ် တဲ့ ထူးခြား တဲ့ မှဲ့တွေ ရှိပါတယ်။
ကိုယ့်မှာ အဲ့ဒီလို မှဲ့မျိုး ရှိသလား ဆိုတာ သိချင်
ကြပါသလား။ အဲဒီ မှဲ့တွေ ကတော့ ..... ❞
➠ နားထင်ပေါ်မှာ ရှိတဲ့ မှဲ့
ဒီ မှဲ့ က ခရီးသွားဖို့ အခွင့်အလမ်းတွေ နဲ့ ဆက်စပ်
နေပါတယ်။ ခရီးသွားခြင်း နဲ့ ဆိုင်တဲ့ ပျော်ရွှင်မှုတွေ
၊အလုပ်အကိုင်တွေ ရရှိမှာ ဖြစ်ပါတယ်။
➠ မျက်ခုံးနှစ်ခုကြား က မှဲ့
အလုပ် တိုးတက်မှု ကို ပြပါတယ်။ မကြာခဏ
ရာထူးတိုးတာ၊ လစာတိုးတာတွေ ကြုံတွေ့ရတာ
ကို ပြပါတယ်။
➠ မျက်လုံး နဲ့ မျက်ခုံး ကြား က မှဲ့
စွယ်စုံ ရတဲ့ သူ၊ ဘက်စုံ ထူးချွန် တဲ့ သူ တစ်ဦး
ဆိုတာ ကို ပြပါတယ်။ လူတွေ နဲ့ ဆက်ဆံရေး
ကောင်းပြီး ဦးဆောင်ရမဲ့ ရာထူးမျိုးရရှိနိုင်ပါတယ်။
➠ အပေါ် နှုတ်ခမ်း ရှိ မှဲ့
အစားအသောက်၊ အ၀တ်အထည်တို့ကြောင့်
မကြာခဏ ပူပန်ရတတ်ပါတယ်။ ကိုယ်ရည်
ကိုယ်သွေး မြင့်မားပြီး အပေါင်းအသင်း
တွေကြားမှာ ကျော်ကြားတဲ့သူမျိုးဖြစ်ပါတယ်။
➠ ပါးရိုး ပေါ် ရှိ မှဲ့
အလုပ် မှာ လုပ်ပိုင်ခွင့် ရှိတဲ့ ရာထူးမျိုး ရရှိနိုင်ပြီး
စည်းစိမ် ဥစ္စာ ကြွယ်ဝမယ့်သူ ဖြစ်ပါတယ်။
➠ လက်ဝါးပြင်ပေါ် ရှိ မှဲ့
ဘယ်တော့မှ ငွေကြေး ပြတ်လပ်မှု မျိုး ကြုံရမှာ
မဟုတ်ပါဘူး။ ရည်မှန်းချက် ကြီးတဲ့ သူ တစ်ယောက်
ဖြစ်ပြီး အလွယ်တကူ ဦးဆောင် နိုင်မယ့် သူလည်း
ဖြစ်ပါတယ်။
➠ ခြေဖ၀ါးပြင် ရှိ မှဲ့
မကြာခဏ ခရီး သွားရပြီး လုပ်ငန်းခွင် မှာ
ခေါင်းဆောင်ကောင်း တစ်ဦး အဖြစ် ကျော်ကြားသူ
တစ်ဦး ဖြစ်နိုင်ပါတယ်။
⚘C⚘R⚘D⚘
✍ ဝေဒင်္ဂ ✍
No comments:
Post a Comment