Copyright

Friday, January 5, 2018

ရှမ်​ဘဲလား​စေတမန်​ ၃

Damodar K. Mavalankar .....
အပိုင်း(၃)
ရှမ်​ဗဲလား​စေတမန်​။    ။

ရှမ်​ဗဲလား= ဝိဇ္ဇာများ​ပျော်​စံရာမ​နောမယ
မဟာသိဒ္ဓိစခန်းကြီး
သို့ဖြစ်​၍ဒမိုးဒါးသည်​"ရှ​မ်​ဗဲလား​စေတမန်​"အဖြစ်​လူအများက
ကင်​ပွန်းတပ်​ခဲ့ကြသည်​။
      သီအိုဆိုဖီအသင်း​တော်​ကြီးမှထုတ်​​ဝေသည့်​"The Theosophist"မဂ္ဂဇင်းကြီးကိုထုတ်​​ဝေသူအဖြစ်​၎င်း၊သီအိုဆိုဖီအသင်းမှထုတ်​​ဝေသည့်​စာအုပ်​စာတမ်းများကိုထုတ်​​ဝေသူအဖြစ်​၎င်း၊
သီအိုဆိုဖီအသင်း​တော်​စာ​ပေထုတ်​​ဝေ​ရေးတိုက်​ကြီး၏မန်​​နေဂျာအဖြစ်​​ဆောင်​ရွက်​ခဲ့​သောဗုဒ္ဓဘာသာဝင်​သူ​တော်​စဉ်​ဒမိုးဒါးသည်
ဤလူ့ရပ်​လူ့ရွာမှရုပ်​တရက်​​ပျောက်​ကွယ်​သွားခဲ့​တော့သည်​။
      သူဤကဲ့သို့​ပျောက်​ကွယ်​သွားခဲ့သည့်​အ​ကြောင်းကို မည်​သူမှရှင်းလင်းနိုင်​ခြင်းမရှိခဲ့သလို တစ်​စုံတစ်​ရာသဲလွန်​စလည်းထားခဲ့ခြင်းမရှိ​ပေ။ ဆရာသခင်​တို့၏လမ်းညွှန်​ချက်​အရ သီအိုဆိုဖီအသင်း​တော်​ကြီးတည်​ရာ အဒရာမြို့မှ​ပျောက်​ကွယ်​သွားခဲ့သည်​။
      သို့​သော်​​နောင်​အခါရှမ်​ဗဲလားသို့​ရောက်​ရှိသွားခဲ့ပြီးသီအိုဆိုဖီအသင်း​တော်​ကြီးမှတာဝန်​ရှိသူများထံ သဝဏ်​လွှာများပါးခဲ့သည်​ဟုဆိုသည်​။ ဒမိုးဒါး​ပေးပို့​သော သဝဏ်​လွှာမူရင်းများကို အင်္ဂလန်
နိုင်​ငံ လန်​ဒန်​မြို့ရှိ ဗြိတိသျှ ပြတိုက်​ကြီးတွင်​ ပြသထားခဲ့ပါသည်​။
      အသင်း​တော်​ကြီး ကြီးပွားတိုးတက်​​ရေး၊ကမ္ဘာ့လူသားအား
လုံးငြိမ်းချမ်း​ရေး၊​မေတ္တာတရားထား​ရေးတို့ကိုစွမ်းစွမ်းတမံ​ဆောင်​ရွက်​ခဲ့သူများဖြစ်​​သော ဗိုလ်​မှူးကြီး​အော်​လ်​​ကော့နှင့်​မဒမ်​ဘလာဘတ်​စကီးတို့၏အထိမ်းအမှတ်​​ကျောက်​ရုပ်​များကို အဒရာမြို့ အသင်း​တော်​ကြီးတွင်​ထားရှိခဲ့ပြီး ၁၉၅၆ ခုနှစ်​ ဒီဇင်​ဘာလ ၂၄ ရက်​​နေ့တွင်​ မူ ဤ​ဆောင်းပါးအစတွင်​​ဖေါ်ပြခဲ့သည့်​အတိုင်း ရှမ်​ဗဲလားတမန်
တော်​ဟုကင်​ပွန်းတပ်​ခံရ​သောဒမိုးဒါး၏ ပုံတူ​ကျောက်​ဆစ်​ရုပ်​တုကိုပြုလုပ်​၍ အမှတ်​တရအထိမ်းအမှတ်​အဖြစ်​အသင်း​တော်​ကြီး၏ခန်းမ​ရှေ့တွင်​ထားရှိခဲ့သည်​။
      ဒမိုးဒါး၏ထူးဆန်းအံ့ဩဖွယ်​ရာဖြစ်​စဉ်​ကို​ရေးသားခြင်းမပြုမီ
အလျဉ်းသင့်​သဖြင့်​ "ရှမ်​ဘဲလား"သို့မဟုတ်​...သူ​တော်​စဉ်​အ​ပေါင်း
 တို့တရားဓမ္မရှာမှီးသည့်​စုံ​တောမြိုင်​ အ​ကြောင်းအနည်းငယ်​​ရေးသား ​ဖေါ်ပြရပါမည်​။
ဟိန္ဒူလူမျိုးတို့၏ဘဂဝါတပုရာမ်​" Bhavata purana"ကျမ်းတွင်​ရှန်
ရှမ်​ဗဲလား(Shambha)ဟူသည့်​'ရှမ်​' ဟူ​သော​ဝေဟာရနှင့်
'လား'ဟူ​သော​ဝေါဟာရတို့ကို ​ပေါင်းစပ်​ဖွဲ့စည်းထား​သော စကားလုံးဖြစ်​သည်​။ "sham"ဟူ​သောအဓိပ္ပါယ်​မှာ(ငြိမ်း​အေးခြင်း၊စိတ်
ဓာတ်​တည်​ငြိမ်​ခြင်း)ဟူ​သော သ​ဘောကို​ဆောင်​ပြီး "la"ဟူသည်
မှာ ​တောင်​ကြားဟု အဓိပ္ပါယ်​ရသည်​ဟုဆိုလိုသည်​။ပညာရှင်​အများကမူ ထိုစကားလုံးများမှာ တိဘက်​ဘာသာစကားမှဆင်းသက်​လာသည်​ဟုဆိုကြသည်​။ ဤ"shambhala"ဟူ​သော သု​တော်​စဉ်​သူ​တော်​မြတ်​တို့ တရားဓမ္မရှာမှီးသည့်​မဟာစုံ​တောမြိုင်​​ဝေါဟာရကို
အ​နောက်​တိုင်းသားတို့သိရှိလာ​စေရန်​ပထမဆုံးအဓိပ္ပါယ်​ဖွင့်​ဆိုခဲ့သူများမှာ ၁၇ ရာစုမဟာခရီးသည်​ကြီးဖြစ်​​သော ​ပေါ်တူဂီအမျိုးသားကက်​သလစ်​ဘာသာဝင်​ သာသနာပြု "Stephan Cacella"
(စတက်​ဖန်​ကာဆဲလား) ဖြစ်​သည်​။ ကာဆဲလားသည်​ အိန္ဒိယနိုင်​ငံ​မြောက်​ပိုင်း နီ​ပေါ၊ဘူတန်​၊လာဒက်​နှင့်​ တိဘက်​ပြည်​တနံတလျား
သာသနာပြု ကြွခဲ့၏။ တိဗက်​ကျမ်းစာ၊သက္ကတကျမ်းစာ၊ဗုဒ္ဓဘာသာကျမ်းစာများကိုစနစ်​တကျ​လေ့လာဆည်းပူးခဲ့သည်​။ယင်း​ဒေသတွင်
နေထိုင်​ကြ​သောလူမျိုးနွယ်​စုများမှ ရှမ်​ဗဲလားဟူ​သော သူ​တော်​စင်​ သူ​တော်​မြတ်​တို့ တရားဓမ္မများ​ဆွေး​နွေးသည့်​ စုံ​တောမြိုင်​သည်
ဟိမဝန္တာ​တောင်​စွယ်​ရှိ ​ကေလာသ​တောင်​အနီးတွင်​ရှိသည်​ဟုမှတ်
သားခဲ့ရသည်​။
      အထက်​​ဖေါ်ပြပါမဟာခရီးသည်​ ကက်​သလစ်​ဘုန်း​တော်​ကြီး
စတက်​ဖင်​ကာဆဲလာနှင့်​​ခေတ်​ပြိုင်​ ဆွီဒင်​အမျိုးသားမဟာခရီးသည်
Sven Hedin(​​ဟေဒင်​)ဆိုသူ ကလည်းခိုဇာန်​ပြည်​နယ်​မှတစ်​ဆင့်
ဟိမဝန္တာ ​မြောက်​ပိုင်းသို့​ရောက်​ရှိခဲ့ပြီး 'Shambhala'ဟူ​သောသူ​တော်​စင်​တို့၏ တရားဓမ္မ ရှာမှီးရာ ငြိမ်းချမ်း​သောမဟာမြိုင်​​တောသည်​ ဟိမဝန္တာ ​တောင်​တန်းတစ်​​နေရာတွင်​ ရှိသည့်​အ​ကြောင်းကို
သူ၏ခရီးသွားမှတ်​တမ်းတွင်​ သာဓကအ​ထောက်​အထား ခိုင်​ခိုင်​မာ
မာဖြင့်​​ရေးသား​ဖေါ်ပြခဲ့သည်​။
‌      ကျွန်ုပ်​တို့မြန်​မာစာဖတ်​ပရိတ်​သတ်​ကြီးသည်​ ရှမ်​ဂရီလာ သို့မဟုတ်​ ရှမ်​ဗဲလားအ​ကြောင်းကို ကွယ်​လွန်​သူဆရာကြီးဦးညို မြကအိုး​ဝေဂျာနယ်​တွင်​ ၁၉၇၀ ခုနှစ်​ခန့်​က ​ရေးသား​ဖေါ်ပြခဲ့သဖြင့်​အ​တော်​အသင့်​သိရှိခွင့်​ရခဲ့ကြပါသည်​။ စာ​ရေးဆရာကြီး​မောင်​​ကျောက်​တိုင်​ကလည်းသူ၏  ​အောင်​မြင်​​ပေါက်​​ရောက်​​သော "ကမ္ဘာ့မဟာ ဂန္ဓာရီ"စာအုပ်​နိဒါန်းတွင်​လည်းရှမ်​ဗဲလားဟူ​သော သူ​တော်​စင်​တို့ တရားရှာမှီးသည့်​ စုံ​တောမြိုင်​ရှိသည့်​အ​ကြောင်းကို သာဓကအ​ထောက်​အထားခိုင်​ခိုင်​မာမာနှင့်​​ရေးသားခဲ့ပြီးဖြစ်​ပါသည်​။
‌      ကျွန်ုပ်​သည်​ ရှမ်​ဗဲလားနှင့်​ပတ်​သက်​သည့်​စာအုပ်​စာတမ်းမှန်​သမျှကို လက်​လှမ်းမှီသ​လောက်​ရှာ​ဖွေစု​ဆောင်းထားရှိခဲ့ပြီး
"ရှမ်​ဗဲလားရှာပုံ​တော်​"အမည်​ဖြင့်​ စာအုပ်​တစ်​အုပ်​​ရေးသားပြုစုကာ
၂၀၀၃ခုနှစ်​ကထုတ်​​ဝေခဲ့ပါသည်​။ဤစာအုပ်​ကို"ဝိဇ္ဖာ"မဂ္ဂဇင်းကြီးထုတ်​​ဝေ​သော ​တော်​ဝင်​မြို့မ စာအုပ်​တိုက်​ကထုတ်​​ဝေခဲ့ပါသည်​။
ဤစာအုပ်​အား စာဖတ်​ဖူးသူအများက ​ဝေဖန်​​ဆွေး​နွေးခြင်းအများဆုံးစာအုပ်​တစ်​အုပ်​ဖြစ်​ခဲ့ပါသည်​။
      သို့ဖြစ်​၍ ကျွနု​ပ်​တို့မြန်​မာစာဖတ်​ပရိသတ်​အဖို့ ရှမ်​ဗဲလားသည်​ ကျွနု​ပ်​တို့အ​ရှေ့တိုင်း၏ လျှို့ ဝှက်​ဆန်းကျယ်​​သော​နေရာ၊သူ
တော်​စင်​သူ​တော်​မြတ်​တို့၏ တရားဓမ္မရှာမှီးသည့်​​နေရာဟုယူဆ
လာကြပါသည်​။ ထို့အတူနိုင်​ငံတကာမှ အထူးသဖြင့်​ အင်္ဂလန်​၊ပြင်​သစ်​၊ရုရှား၊အီတလီ၊တရုတ်​၊ဂျပန်​ နိုင်​ငံတို့မှ အ​ရှေ့တိုင်း၏ မဟာဂန္ဓာရီပညာကိုစိတ်​ဝင်​စားကြ​သော မဟာခရီးသည်​များ၊ဗုဒ္ဓဘာသာဝင်​များ၊သု​တေသီစာ​ရေးဆရာများသည်​ အိန္ဒိယ နိုင်​ငံဟိမဝန္တာ
တောင်​တန်း​ဒေသ တိဘက်​နိုင်​ငံအတွင်းဝင်​​ရောက်​၍ ရှမ်​ဗဲလားကိုရှာပုံ​တော်​ဖွင့်​ခဲ့ကြပါသည်​။
      ကမ္ဘာ​ကျော်​မဟာခရီးသည်​နှင့်​သမိုင်းသု​တေသီ ၊ဂမ္ဘီရပညာသု​တေသီ စာ​ရေးဆရာကြီးအင်​ဒရူး​သောမတ်​စ်​ကမူ သူ၏​အောင်​မြင်​​ပေါက်​​ရောက်​ဆုံးနှင့်​​ရောင်းရသွက်​ဆုံးစံချိန်​တင်​ခဲ့ရသည့်​...
"Shambhala Oasis Of Light" စာအုပ်​တွင်​ရှမ်​ဗဲလားအ​ကြောင်း
ရေးသား​ဖေါ်ပြခဲ့​သောကျမ်းစာအုပ်​​ပေါင်း ၆၄ အုပ်​ရှိခဲ့ပြီးဖြစ်​သည်​ဟု အ​ထောက်​အထား ခိုင်​ခိုင်​မာမာနှင့်​ တင်​ပြထားခဲ့ပြီးဖြစ်​ပါသည်​။မည်​သို့ပင်​ဖြစ်​​စေကာမူ ကျွန်ုပ်​တို့အဖို့ရှမ်​ဗဲလားသည်​ အမှန်​တစ်​ကယ်​ရှိသည်​ဟု ယုံကြည်​ထားပါသည်​။
      ဥ​ရောပတိုက်​သားအများအား ရှမ်​ဗဲလားအ​ကြောင်းခ​ရေ​စေ့တွင်းကျသိ​စေခဲ့သူများ၊သီအိုဆိုဖီအသင်း​တော်​ကြီးကိုတည်​​ထောင်​သူနှင့်​ အကျိုး​တော်​​ဆောင်​အတွင်း​ရေးမှူးအဖြစ်​​ဆောင်​ရွက်​ခဲ့သူ
မှာရုရှားနွယ်​ဝင်​ မဒမ်​ဘလာဘတ်​စကီးဖြသ်​ပါသည်​။ရှမ်​ဗဲလား၏သူ​တော်​စင်​အရှင်​သူမြတ်​တို့က လူ့​ဘောင်​ကြီးတစ်​ခုလုံးအားငြိမ်းချမ်း​ရေးရ​စေရန်​ ဘဝအဆက်​ဆက်​မှပါရမီ​ရေစက်​ရှိခဲ့သူ
ဗုဒ္ဓဘာသာဝင်​သူ​တော်​စင်​ မဒမ်​ဘလာဘတ်​စကီး နှင့်​ သဝဏ်​လွှာအားဖြင့်​၎င်း၊​စေတမန်​အားဖြင့်​၎င်း၊သူ​တော်​စင်​ဆရာသခငိတို့ကိုယ်​တိုင်​အားဖြင့်​၎င်း ဆက်​သွယ်​ခဲ့ပါသည်​။ထို့အတူသီအိုဆိုဖီအသင်း​တော်​ကြီး၏ဥက္ကဋ္ဌ ဖြစ်​သည့်​ ဗိုလ်​မှူးကြီး​အော်​လ်​​ကော့အားလည်း
သဝဏ်​လွှာ များ​ပေးပို့၍ တရားဓမ္မဆိုင်​ရာ လမ်းညွှန်​ချက်​များ​ပေးပို့ခဲ့ပါသည်​။
      မဒမ်​ဘလာဘတ်​စကီး ကိုယ်​တိုင်​ အိန္ဒိယနိုင်​ငံ ဟိမဝန္တာ ​တောင်​​ခြေရှိ ဂတ်​ဆီမြို့တွင်​ ရှမ်​ဗဲလားမှ​စေလွှတ်​​သော​စေတမန်​များ၊
ရှမ်​ဗဲလားမှဆရာသခင်​​ကျေးဇူးရှင်​များနှင့်​ကိုယ်​တိုင်​​တွေ့ဆုံခဲ့ရပြီး
ဆရာအရှင်​တို့၏လမ်းညွှန်​ချက်​အရသူ​တော်​​ကောင်းတရားများဖြန့်​ဖြူးခဲ့ရပါသည်​။ယခု ​ရေးသား​ဖေါ်ပြမည့်​ဗုဒ္ဓဘာသာဝင်​သူ​တော်​စင်​ဒမိုးဒါးမှာလည်း မဒမ်​ဘလာဘတ်​စကီး၏တာဝန်​​ပေးချက်​အရရှမ်​ဗဲလားမှ ​စေတမန်​များနှင့်​ အဆက်​အသွယ်​ပြုခဲ့ရသူဖြစ်​ပါသည်​။နောင်​အခါ ဒမိုးဒါးကိုယ်​တိုင်​ဤလူ့​ဘောင်​မှ ရှမ်​ဗဲလားသို့​ရောက်​ရှိသွားခဲ့သည်​ဟု ဗိုလ်​မှူးကြီး​အော်​လ်​​ကော့နှင့်​သူ​တော်​စဉ်​များကယုံကြည်​ထားခဲ့ပါသည်​။
    ဒမိုးဒါးအ​ကြောင်း ​ရေးသားခဲ့သည့်​ ​ဆောင်းပါးများ၊စာအုပ်​စာတမ်းများ လက်​ဆစ်​ချိုး၍​ရေတွက်​မရ​အောင်​ထုတ်​​ဝေခဲ့ပြီးဖြစ်​ပါသည်​။ယခု​ရေးသားသည့်​ဖြစ်​စဉ်​များမှာမူ သီအိုဆိုဖီအသင်း​တော်​ကြီးမှတာဝန်​ရှိသူများ ​ရေးသားထုတ်​​ဝေခဲ့သည့်​"Damodar" စာအုပ်​ကြီးမှ ​ရေးသားထုတ်​နှုတ်​၍ဆီ​လျော်​​အောင်​ မြန်​မာဘာသာပြန်​ဆိုထားခြင်းဖြစ်​ပါသည်​။
      လှမိုး(ပညာ​ရေး)
      ကျမ်းကိုး..."Damodar" by Sven Eec.

No comments:

Post a Comment